Thursday, April 26, 2012

အိပ်မက်မက်ခြင်းနဲ့ ပတ်သတ်လို့ ဗဟုသုတရစရာ ဆယ်ချက်

အိပ်မက်မက်ခြင်းနဲ့ ပတ်သတ်လို့ ဗဟုသုတရစရာ ဆယ်ချက်



အိပ်မက်မက်ခြင်းနဲ့ ပတ်သတ်လို့ ဗဟုသုတရစရာ ဆယ်ချက်ကို ဖော်ပြပေးလိုက်ပါတယ် ။

၁ ။ လေ့လာစမ်းသပ်မှု Result တွေအရ အသက်ငါးနှစ်အောက်အရွယ် (Preschool children ) တွေမှာ အိပ်မက်မက်လေ့မရှိပါဘူး ။ အိပ်မက်မက်တဲ့အခါ အဓိကအရေးပါတဲ့ ဦးခေါင်းထိပ်မှာရှိတဲ့ Parietal lobe ဦးနှောက် ရဲ့အစိတ်အပိုင်းဟာ ငါးနှစ်ကျော်မှ ဖွံ့ဖြိုးတာဖြစ်တယ်လို့ ပညာရှင် Dr.Roberstsan က ဖော်ပြခဲ့ ပါတယ် ။

၂ ။ အိပ်နေစဉ် မျက်ခွံလှုပ်ရှားနေတဲ့အချိန်ကို (REM Sleep ) လို့ခေါ်ပြီး မျက်ခွံလှုပ်ရှားမှုမရှိတဲ့အချိန် ကို (Non-REM Sleep ) လို့ခေါ်ပါတယ် ။ ညတစ်ညမှာ မျက်ခွံ့လှုပ်ရှားတဲ့အချိန်ဟာ ၄-၅ ခါလောက်ဖြစ်တတ်ပြီး တစ်ကြိမ် ကို ၄၅ မိနစ်လောက်ကြာမြင့်ပါတယ် ။ အိပ်မက်ဟာ မျက်ခွံ့လှုပ်ရှားနေတဲ့အချိန်မှာ မက်လေ့ရှိတာမို့ ၄-၅ ခါ မက်နိုင်ပါတယ် ။ နေ့တိုင်းလည်းအကြောင်းအရာ တူချင်မှ တူပါလိမ့်မယ် ။

၃ ။ အိပ်မက်မမက်နိုင်တဲ့သူတွေကတော့ - ငါးနှစ်မတိုင်မီ မျက်စိကွယ်သောသူများ ၊ ဦးနှောက်ရဲ့ အိပ်မက်မက်တဲ့နေရာဖြစ်တဲ့ ခေါင်းထိပ် ( Parietal lobe ) ကို ထိခိုက်ဒါဏ်ရာရသူတွေဖြစ်ပါတယ် ။

၎ ။ အိပ်မက်မက်ဖို့အတွက် မျက်စိ နှစ်လုံးထဲက တစ်လုံးတော့အနည်းဆုံးကောင်းဖို့လိုပါတယ် ။ ငါးနှစ်မပြည့် ခင်မှာ Visual Imagery လို့ခေါ်တဲ့ ပုံရိပ်ကိုဖမ်းပြီး ဦးနှောက်ရဲ့ Parietal lobe အပြင်ဖက် အကာသား Myelination ပြည့်စုံအောင်မဖွံ့ဖြိုးသေးလို့ အိပ်မက်မက်လို့မရသေးပါဘူး ။ ၇ နှစ်ကျော် မှဖွံ့ဖြိုးလာပြီး မျက်စိ လည်းမြင်ပါမှ ဦးနှောက်ကိုသတင်းပို့ပြီး အိပ်မက်အဖြစ်မက်နိုင်တာဖြစ်ပါတယ် ။ ၅ နှစ်မတိုင် ခင်မျက်စိ ကွယ်ခဲ့ ရင်တော့ ဦးနှောက်က ဖွံ့ဖြိုးလာတဲ့တိုင်အောင် အမြင်အာရုံမရှိတဲ့အတွက် အိပ်မက်မက်နိုင်ခြင်းမရှိပါဘူး ။ လေ့လာ တင်ပြသူကတော့ Hurovitz ဖြစ်ပြီး ၁၉၉၉ မှာ တွေ့ရှိခဲ့တာဖြစ်ပါတယ် ။

၅ ။ အသက် ၇ နှစ် ၈ နှစ်အရွယ်အထိဟာ Blind Image လို့ခေါ်တဲ့ကျားကြီးတွေ ဆင်ကြီးတွေ လိုမျိုးတွေ သာမက်လေ့ ရှိတယ် ။ ၉ နှစ် ၁၀ နှစ်လောက်မှစပြီး အစီစဉ်တကျဖြစ်တဲ့အိပ်မျက်မျိုး (Sequence of Event ) တွေစ မက်ပါတယ် ။ ၁၁ နှစ်ကနေ ၁၃ နှစ်အထိလူကြီးဘ၀မှာ မက်တဲ့အိပ်မက်မျိုးမက်လေ့ရှိတာတွေ့ရတယ် ။ လူလတ်ပိုင်းအရွယ်မှာတော့ ထိတ်လန့်စရာ ၊ ကြောက်လန့်စရာတွေ (Negative emotion ) တွေမက်လေ့ရှိပြီး လူကြီးပိုင်းရောက်လာတာနဲ့အမျှ ဒီလို အိပ်မက်မျိုးတွေလျော့နည်းသွားပြီး (Positive emotion ) တွေ မက်လေ့ ရှိတာများပါတယ် ။

၆ ။ တချို့ဟာ ညဖက်မက်တဲ့အိပ်မက်ကို အသေးစိတ်ပြန်ပြောနိုင်တဲ့သူရှိသလို ဘာမှပြန်မ မှတ်မိတဲ့ သူတွေ လည်းရှိပါတယ် တချို့ကတော့အိပ်ရာနိုးခါစ မှတ်မိတတ်ကြပေမယ့် ၂ ရက် ၃ ရက်ကြာရင်မေ့သွားတာမျိုးလည်း ရှိပါတယ် ။ တကယ်တော့ တွေ့ကြုံဖြတ်သန်းခဲ့ရတာမဟုတ်တဲ့အတွက် အိပ်ရာနိုးနိုးချင်းရေးမှတ်ထားရင်တော့ အိပ်မက် မှတ်တမ်းရေးလို့ရနိုင်ပါတယ် ။

၇ ။ အချို့သောဆေးဝါးတွေဟာ အိပ်မက်ကောင်းကောင်းမက်အောင်စွမ်းဆောင်နိုင်သလို တချို့ကျတော့လည်း ကယောင်ချောက်ချားဖြစ်အောင်လုပ်တာတွေရှိပါတယ် ။ ဥပမာ အတက်ရောဂါ Epilepsy မှာအသုံးပြုတဲ့ အတက်ကျဆေးတွေဟာ အိပ်မက်ဆိုးမမက်အောင် ဟန့်တားပေးပါတယ် ။ အသက်ကြီးရင်ဖြစ်တတ်တဲ့ ပါကင် ဆန်ရောဂါ (Parkinson's disease ) မှာ အသုံးပြုတဲ့ L-levodopa ဆိုရင်လည်းအိပ်မက်ကောင်းမက်ဖို့ အထောက် အကူပေးပါတယ် ။ အချို့ဆေးတွေကတော့ သောက်နေတုန်းဘာမှမဖြစ်ပဲ ဘာပြဿနာ မှမရှိ ပဲ ဆေးရပ်လိုက်တော့မှ အိပ်မက်ထဲမှာ ကယောင်ချောက်ချား ( Nightmares ) ဖြစ်တာတွေရှိပါတယ် ။ ဆေး ၀ါးတွေ သာမကပဲ မူးယစ်ဆေးဝါး အရက်စတာတွေကလည်း အိပ်မက်အပေါ်သက်ရောက်မှုရှိပါတယ် ။

၈ ။ အိပ်မက်ဆိုတာ မက်သူရဲ့ခံစားချက် ၊ စိတ်နေသဘောထား ၊ ကျန်းမာရေး ၊ ရည်ရွယ်ချက်စတာတွေနဲ့ ဆက်နွယ်နေလေ့ရှိတယ် ။ အပြင်မှာ ဖြစ်ချင်တဲ့အကြောင်းအရာတွေနဲ့ အိပ်မက်တွေကို ဆက်စပ်လေ့ လာကြည့်ရင် ဆက်စပ်မှု သိပ်မရှိတာတွေ့ရတယ် ။ အိပ်မက်ထဲက အကြောင်းအ ရာကို နှစ် သက် လို့ကြိုးစားရင်းအပြင်မှာ တကယ်ဖြစ်သွားတာတွေလည်းရှိတယ် ။ ဒါကြောင့် Dream comes true လို့ခေါ်ကြ တာပေါ့ ။

၉ ။ လူတစ်ယောက်အိပ်ပျော်နေတုန်း အိပ်မက်မက်အောင်အပြင်ကနေ လှုံ့ဆော်ပေးလို့မရပါဘူး ။ ဥပမာ အပြင်ကနေ စကားပြောတာ ကတ်ဆက်နဲ့အသံဖွင့်ပြတာ ၊ ရေနဲ့ပက်ဖျန်းပေးတာ စတဲ့ ပြုလုပ်ချက်တွေက အိပ်ရာ က နိုးစေတာကလွဲလို့ အိပ်မက်မက်စေဖို့ ဘယ်လိုမှ မစွမ်းဆောင်နိုင်ပါဘူး ။

၁၀ ။ အိပ်မက်မက်ခြင်းဟာ အနာဂါတ်အတွက် ရှေ့ပြေးနိမိတ်အဖြစ်ယူဆခြင်းနဲ့ပတ်သတ်လို့ လူအများစုက အိပ်မက်ထဲကအကြောင်းအရာတွေကိုရေးမှတ်ပြီး နောင်တကယ်ဖြစ်မဖြစ် လေ့လာကြတဲ့အခါ အချို့လည်းဖြစ်တာရှိသလို အချို့လည်း ဘယ်လိုမှ ဆက်စပ်လို့မရတာတွေလည်းရှိပါတယ် ။ ဆေးပညာရပ်ထက်စာရင် တခြား ပညာရပ်တွေနဲ့အများကြီး ပိုမိုသက်ဆိုင်ပါတယ် ။

အိပ်မက်မက်ခြင်းဟာ ဆေးပညာရှုထောင့်ကနေကြည့်ရင် ကောင်းတယ်လို့ပြောလို့ရပါတယ် ။ အိပ် မက်ကောင်းကောင်း ဒါမှမဟုတ် ပုံမှန်အကြောင်းအရာတွေကို မက်ခြင်းက စိတ်ကျန်း မာေ၇းကောင်းနေ တယ်ဆိုတာ ပြသနေပါတယ် ။ လူတိုင်းလူတိုင်းအိပ်မက်လှလှကလေးတွေ မက်နိုင်ကြပါစေ ။

သက်တန့်ချို
Ref : Internet , About dreams by Dr.Khin Mg Lwin (FAME)

စာဖတ်ပရိတ်သတ်သူငယ်ချင်းများကို အစဉ်လေးစားသောအားဖြင့်.......................

7 comments:

  1. တို့ရဲ့ သားလေးက တစ်နှစ်နဲ့ ဆယ်လ ရှိပြီ။
    နေ့ခင်းဆိုရင် သူက Tom & Jerry ကိုအမြဲတမ်းကြည့်တယ်။ ပြီးတော့ သူက ရှူးရှူး ကားဆိုပြီး မြွေ နဲ့ မိချောင်းတွေပါတဲ့ Discovery ခွေကိုလည်း ဖွင့်ခိုင်းတတ်တယ်။ မဖွင့်ပေးရင် ငိုပြီး ဂျီကျတယ်လေ။
    ညကျရင် တစ်ရေးနိုးမှာ ညောင်ညောင်၊ ရှူးရှူး ဆိုပြီး မျက်လုံးမဖွင့်ဘဲ လက်ညှိုးတွေလျောက်ထိုးပြီး ငိုတယ်လေ။
    တို့ဆိုရင် အမြဲတမ်းချော့ရတယ်။ အဲဒါ အိပ်မက်မက်ပြီး ယောင်တာပေါ့။
    ၅ နှစ်အောက် အိပ်မက် မမက်ဘူးဆိုတာကိုတော့ ငြင်းချင်သလိုဘဲ။

    ReplyDelete
  2. ဆရာလေ....တကယ်ဖတ်ချင် သိချင်နေတာလေး ဖတ်ရလို့ အတိုင်းမသိ
    ကျေးဇူးတင်တယ်။ အိမ်မက်ခဏခဏ မက်ဖူးသလို ထူးဆန်းအိမ်မက်ထက်
    ဖြစ်လာမဲ့ အနာဂါတ်တွေ ကြိုကြိုမက်တတ်လို့ အိမ်မက်မက်ရမှာကိုတောင် အတော်လေး လန့်နေရသူပါ။ ခုလို မျှဝေပေးတာ ကျေးဇူးပါ


    ခင်မင်တဲ့
    အလွမ်းမြို့

    ReplyDelete
  3. Will Smit ရဲ့ ကားတစ်ကားတောင် သွားပြီး သတိရမိသေးတယ်... နောက်ဆုံးမှာ စက်ရုပ်က အိမ်မက်မက်နိုင်သွားတာလေ...

    ReplyDelete
  4. အချက် 10 ချက်မှာ နံပါတ် 9 အချက်ကိုတော့ တစ်မျိုးပဲ ဘာလို့လဲဆိုတော့ ကျွန်တော်က မနက်စောစောနိုးဆက်အသံမှီတဲ့အချိန်ဆိုရင်လေ
    တစ်ခါတစ်လေအိမ်မက်ထဲကနိုးဆက်ကိုပိတ်လိုက်ပေမဲ့
    နိုးဆက်ကခြင်ထောင် အပြင်မှာသူ့ဘာသာသူမြည်နေတာမျိုးတော့ဖြစ်ဖူးတယ်
    ကိုသက်တန့်ချိုကိုအမြဲတမ်းအားပေးနေပါတယ်

    ReplyDelete
  5. အခုတလောအိပ်မက်ခဏခဏမက်နေလို့
    သိချင်နေတာအတော်ပါဆရာကျေးဇူးတင်ပါတယ်

    ReplyDelete
  6. အိပ်လိုက်ရင် မိုးလင်းမှနိုးတတ်တော့ အိပ်မက်ဆိုတာ အိပ်မက်မှန်းသိရုံလေးပါဗျား)
    ဗဟုသုတရအောင်ဖတ်သွားပါတယ်ဗျို့း)

    ReplyDelete
  7. အာဂျီးမားApril 28, 2012 at 10:48 PM

    အိပ်မက်အကြောင်းစိတ်ပါဝင်စားစွာနဲ့ဖတ်သွားပါတယ်။

    ReplyDelete