Thursday, June 7, 2012

ကျဉ်းမြောင်းတဲ့ အမြင်တွေကို စွန့်ပစ်ကြဖို့အချိန်တန်ပြီ

ကျဉ်းမြောင်းတဲ့ အမြင်တွေကို စွန့်ပစ်ကြဖို့အချိန်တန်ပြီ



ဒီဆောင်းပါးလေးကို ကျွန်တော်သေချာ ဆုံးဖြတ်ချက်ချပြီးမှ ရေးခဲ့တာဖြစ်ပါတယ် ။ ဒီဆောင်းပါးကြောင် လူ၂သောင်းကျော်ထဲက လူတစ်သောင်းလောက်မုန်းချင်မုန်းသွားနိုင်ပေမယ့် မတတ်နိုင်ပါဘူး ။ လူဆိုတာ ရင်ထဲ က ယုံကြည်ချက်အတိုင်း ချပြရဲရမယ်မဟုတ်လား ။ ဆောင်းပါးလေးကို သေသေချာချာဖတ်ပြီး စာဖတ်သူတွေရဲ့ ထင်မြင်ချက်လေးတွေကိုလည်း ရေးသွားစေချင်တယ် ။

ကမ္ဘာနှင့် လူမျိုး

ကျယ်ပြောလှတဲ့စကြ၀ဌာအတွင်းမှာ ကျွန်တော်တို့ဟာ လူသားတွေအဖြစ်နဲ့ ဒီကမ္ဘာမြေကြီးအပေါ် မှီတင်းနေ ထိုင်ကြရတယ် ။ ရေမြေဒေသအလိုက် လူမျိုးအလိုက် အသားအရောင်ကွဲပြား ဘာသာကွဲပြား မှုတွေရှိခဲ့တယ် ။ လူဆိုတာ အတ္တနဲ့ လောဘမာန်မာနနဲ့မကင်းတဲ့အတွက်ကြောင့် ကမ္ဘာပေါ်မှာ ဘယ်လူမျိုးကဖြင့် မြင့်မြတ်ပါတယ် ဘယ်လူမျိုးက နိမ့်ကျပါတယ်စဖြင့် ခွဲခြားဆက်ဆံမှုတွေရှိခဲ့တဲ့အတွက်ကြောင့် လူတွေရဲ့စိတ်တွေမှာ ဒါဏ်ရာ အနာတရတွေရလာခဲ့ကြတယ် ။

ကျွန်တော်တို့ဟာ ဘယ်လူမျိုးဖြစ်ချင်ပါတယ် ဘယ်လူမျိုးမဖြစ်ချင် ပါဘူးစ သဖြင့် ရွေးချယ် ခွင့်ရှိပါသ လားဆိုတဲ့ မေးခွန်းကို ကျွန်တော် အကြိမ်ကြိမ်စဉ်းစားမိတယ် ။ ဘ၀မှာ ဘာမှ ရွေးချယ်ခွင့်မရှိဘူး - There is no choice in life ဆိုတဲ့စကားက အတော်မှန်တယ်ဆိုတာ ကျွန်တော်တွေ့လာရတယ် ။ အသားဖြူချင်တဲ့လူက အသားမည်းကြပြီး အသားညိုချင်တဲ့လူက အသားဖြူတွေဖြစ်လာကြတယ် ။ မြန်မာဖြစ်နေတဲ့လူက ကိုရီးယားဖြစ်ချင်တဲ့သူရှိသလို အင်္ဂလိပ်ဖြစ်နေတဲ့လူက မြန်မာဖြစ်ချင်တာတွေလည်းရှိခဲ့တယ် ။ ကျွန်တော်တို့ ဘာတွေ ကို ပိုင်ကြသလဲ ။ တကယ်တော့ ကျွန်တော်တို့ပိုင်တာ ကျွန်တော်တို့ ခဏငှားထားတဲ့ ခန္ဓာကိုယ်နဲ့ ကျွန်တော် တို့ရဲ့ စိတ် တွေပဲမဟုတ်ပါလား ။

ဘာသာတရားနှင့်လူမျိုး

ဒီနေရာမှာ လူတွေဟာ ရေမြေဒေသအလိုက်ကွဲပြားကုန်ကြတဲ့အတွက် ဘာသာတရား ကွဲပြားမှုကလည်း ကျယ်ပြန့်လာခဲ့တယ် ။ ဗုဒ္ဓဘာသာ ၊ ခရစ်ယာန် ၊ အစ္စလာမ် ၊ ဟိန္ဒူ အစရှိသဖြင့် ယုံကြည်ရာကိုးကွယ် မှုတွေရှိခဲ့ တယ် ။ ဘယ်ဘာသာရေးမဆို ငြိမ်းချမ်းမှုကို ဖော်ဆောင်ရင် ကျွန်တော်တို့အနေနဲ့ လေးစား ရမယ် အသိအ မှတ်ပြုရမယ် ရိုင်းစိုင်းယုတ်မာမှုကို ဖော်ကြူးရင် ရှုတ်ချရမယ် ၀ိုင်းပယ်ရမယ်မဟုတ်ပါလား ။ ကျွန်တော်က ဗုဒ္ဓဘာသာဖြစ်တဲ့အတွက် တခြားဘာသာရေးအကြောင်းကိုမပြောပဲ ဗုဒ္ဓဘာသာ အကြောင်း နည်း နည်းပြော ချင်တယ် ။ ကျွန်တော်တို့ဘာသာထဲမှာ အဖေက ဗုဒ္ဓဘာသာ အမေကဗုဒ္ဓဘာသာဖြစ်လို့ သားသမီးပါလိုက်ပြီး ဗုဒ္ဓဘာသာဖြစ်တာအများကြီးရှိတယ်ဆိုတာ စာဖတ်သူများလက်ခံပါသလား ။ ဆိုလိုတာက အခြေအနေ အကြောင်းကြောင်း အမျိုးမျိုးကြောင့် အဖေအမေမိဘမျိုးရိုးကြောင့် ဘာသာ ကွဲသွားတာတွေ အများကြီး တာကို ပြောချင်တာပါ ။

လူဆိုတဲ့အမြင်နဲ့ကြည့်ရမယ်



အခု လတ်တလောဖြစ်ပေါ်ခဲ့တဲ့ အဖြစ်အပျက် တွေကို ခြုံပြီးလေ့လာသုံးသပ်ကြည့်ရအောင် ။ ကျွန်တော်တို့ ဟာ မြန်မာပြည်မှာနေတဲ့အတွက် မြန်မာနိုင်ငံသားတွေဖြစ်ကြတယ် ။ အင်္ဂလိပ်လူမျိုးတစ်ယောက် အဖေ အင်္ဂလိပ် အမေအင်္ဂလိပ် မြန်မာပြည်မှာ အပြီးလာနေတယ် ။ သားသမီးက လည်းအင်္ဂလိပ်မျိုးရိုးပဲ ဒါပေမယ့် မြန် မာပြည်မှာနေတယ် မြန်မာပြည်အကျိုးသယ်ပိုးတယ် မြန်မာတွေနဲ့အလုပ်တွဲလုပ်တယ် မြန်မာသူငယ်ချင်းတွေရှိတယ် ကဲ ဒါဆို သူ မြန်မာမဟုတ်ဘူးလို့ ကျွန်တော်တို့ငြင်းနိုင်မလား ။ လူမျိုးဟာ လူမျိုးဖြစ်ပြီး သူတို့တွဲနေတဲ့ ဘာသာတရားကို တွဲမြင်ပြီး ကျွန်တော်တို့အနေနဲ့ လူအမြင်နဲ့မမြင်မိကြတော့ဘူး ။ တရုတ်ဖြစ်စေ အင်္ဂလိပ်ဖြစ်စေ အစ္စလာမ်ဖြစ်စေ ခရစ်ယန်ဖြစ်စေ မြန်မာဖြစ်စေ ကောင်းတာကိုလုပ်ရင်လူကောင်း လို့သတ် မှတ်ပြီးဆိုး တာကိုလုပ်ရင် လူဆိုးလို့သတ်မှတ်ရမယ် ။ ကျွန်တော်တို့ဟာ လူကို လူလို့မြင်ရမယ် ။ လူအချင်းချင်း နှိမ့်ချ မဆက်ဆံရ ဘူး အားနည်းသူကို ၀ါးကူမထိုးရဘူး လူ့ယဉ်ကျေးဆိုတဲ့ဝေါဟာရဟာ အမည်ခံသက် သက်မဟုတ် သလို လက်တွေ့နဲ့ သက်သေပြရမယ်မဟုတ်လား ။ ။

စော်ကားတာကိုငုံ့ခံနေတာလား

ဒီလိုပြောလိုက်ရင် ခင်ဗျားက ကိုယ့်လူမျိုးကို စော်ကားတာကို လက်ခံတာလားလို့ စာဖတ်သူတွေ က မေးစရာ ရှိလိမ့်မယ် ။ ဒီနေရာမှာ ကျွန်တော် ရှင်းပြရပါလိမ့်မယ် ။ ကျွန်တော့်မှာ အစ္စလာမ် ဘာသာဝင် သူငယ်ချင်းတွေ အများကြီးရှိတယ် ။ တရုတ်သူငယ်ချင်းတွေအများကြီးရှိတယ် ။ ဟိန္ဒူသူငယ်ချင်းတွေအများကြီးရှိတယ် ။ အစ္စလာမ်တွေဟာ သူတို့ယုံကြည်မှု သူတို့ကိုးကွယ်မှု နဲ့ဖြစ်တဲ့အတွက် ကျွန်တော့်အနေနဲ့ သူတို့ဘာသာ ကို ဝေဖန်စရာအကြောင်းမရှိသလို ထောက်ပြစရာအကြောင်းလည်းမရှိပါဘူး ။ လူဆိုတာ ကိုယ့်ယုံကြည်မှုနဲ့ ကိုယ်လွတ်လပ်စွာ ကိုးကွယ်ပိုင်ခွင့်ရှိတယ်မဟုတ်လား ။ ဆက်ပြောပါမယ် ။ အစ္စလာမ်ဘာသာဝင် သုံးဦးက ကျွန်တော်တို့ မြန်မာအမျိုးသမီးကို အဓ္ဓမကျင့်သတ်ဖြတ်တဲ့အပေါ် ဘယ်လိုမြင်သလဲဆိုရင် “ ယုတ်မာပက်စက် လွန်းတယ် ” ဆိုပြီး ကျွန်တော်မှတ်ချက်ချပါတယ် ။ ဒါဆို အစ္စလာမ် ဘာသာဝင် ဆယ်ဦးကို လူ ၃၀၀ လောက်က သတ်ဖြတ်တဲ့အပေါ်ပျော်ရွှင်သလားဆိုတဲ့မေးခွန်းမေးရင် မပျော်ရွှင်ပါဘူး စိတ်ပျက်ပါတယ်လို့ ကျွန်တော်ဖြေရပါ လိမ့်မယ် ။ ယုတ်မာပက်စက်တာကို လက်ခံရမှာမဟုတ်ပေမယ့် လက်စားချေတယ်ဆိုတာကို ဘယ်ဥပဒေ ကမှခွင့် မပြုထားခဲ့ဘူး ။ ဟိုးအရင်က ကိုဓဥပေဒေ ဆိုတာ ကြားဖူးတယ် ။ မျက်လုံးတစ်လုံးဖောက်မိရင် မျက်လုံး တစ်လုံးပြန်အလျှော်ပေးရမယ်တဲ ။

ဒီတော့ ဂန္ဓီက ဘာပြောသလဲဆိုရင် ဒီလိုသာ လက်စားချေနေကြရင် ကမ္ဘာပေါ်မှာ အကုန်လုံးမျက်ကန်းတွေ ချည်းဖြစ်သွားလိမ့်မယ်တဲ့ ။ သိပ်မှန်ပါတယ် ။ လက်စားချေတာတွေမဖြစ်စေဖို့ ဥပဒေဆိုတာ ပေါ်ပေါက် လာရတယ်မဟုတ်လား ။ ဒေါ်အောင်ဆန်းစုကြည်ပြောသလိုပဲ အခုဖြစ်ရပ်ပထ မဖြစ်စဉ်မှာ သက်ဆိုင်သူတွေ က မြန်မြန်ဆန်ဆန် အရေးယူဆောင်ရွက်ပြခဲ့ရင် ဒုတိယ ဖြစ်စဉ်မဖြစ်မလာနိုင်ဘူး ။ ငွေနဲ့ပဲ လိုက်ပြီး လွတ်အောင်လုပ်ကြမလား တရားခံတွေအပစ်တွေကို ကျေနပ်လောက်တဲ့ ပစ်ဒါဏ်ပေးနိုင်ပါ့မလားဆိုတဲ့ စိတ်တွေ ပြည်သူတွေမှာ ၀င်နေကြတယ်ဆိုတာလည်းသိသာပါတယ် ။ ဒါဟာလည်း ခေတ် အဆက် ဆက် ဟောာင်းနွမ်းနေတဲ့ ဥပေဒေတွေကြောင့်လို့ ကျွန်တော်ဆိုချင်တယ် ။ တလောကတောင် ဖြစ် ပျက်ခဲ့သေး တာ စာဖတ်သူတွေမှတ်မိကြမှာပါ ။ “ ပါးတစ်ချက်ရိုက်တာ ငွေတစ်ထောင် ဒါဏ်ရိုက်ခံရတယ် ” ဆိုတာပေါ့ ။ ဒီတော့ခေတ်နဲ့လျှော်ညီမှုမရှိတဲ့ ဥပဒေတွေကို ပြန်လည်ပြင်ဆင်ဖိုလိုနေပါပြီ ။

အမြင်ကျဉ်းတွေစွန့်ပြစ်ကြရမယ်

မုန်းတီးရေးတရားတွေဟာ ငြိမ်းချမ်းမှုကို ဘယ်လိုမှ မဖော်ဆောင်နိုင်ဘူးဆိုတာ ကျွန်တော်တို့အားလုံးသိပါတယ် ။ လောကမှာ ကျွန်တော်အမုန်းဆုံးက ၀ါးလုံးရှည်နဲ့ ရမ်းပြီး ရိုက်တာပါပဲ ။ မြန်မာမှာလည်း လူကောင်းတွေရှိသလို လူဆိုးတွေရှိတယ် ထို့အတူ အစ္စလာမ်သည်လည်းကောင်း တရုတ်သည်လည်းကောင်း လူကောင်းတွေရှိသလို လူဆိုးတွေလည်း ရှိပါတယ် ။ ကဲ ဒီလိုဆို အရေပြားတွေ ဖယ်ထုတ်လိုက်ကြစို့ ။ လူတွေပဲမ ဟုတ်လား နောက် တစ်ခု ကျွန်တော် ပြုံးမိတာလေးတစ်ခုရှိတယ် ။ အင်္ဂလိပ်က လည်း နေမ၀င် အင်ပါယာဆိုပြီးနယ်တွေချဲ့ ကိုယ့်နယ်သူ့နယ်လုပ်ကြတယ် တရုတ်ကလည်း လူဦးရေချယ် အစ္စလာမ်တွေ ကလည်းနေရာအနှံ့မှာ ပျံ့နှ့ရောက်ရှိနေကြတယ် ။ ကဲထားပါဦး ကတယ်ပဲ တရုတ် နယ်မြေကို တရုတ်တွေ ပိုင်ကြသ လား မြန်မာနိုင်ငံကို မြန်မာတွေပိုင်ကြသလား ။ နယ်မြေကန့်သတ်မှုတွေကို ဖယ်ထုတ်လိုက်ရင် ကျွန်တော်တို့ အား လုံးဟာ ကမ္ဘာမြေအပေါ်မှာ အတူတကွမှီတင်းနေထိုင်ကြတဲ့ သာမန်လူသားတွေ ချည်းမဟုတ်ပါလား ။ ဒီမြေဒီရေဟာ သဘာဝတရားက လူသားတွေကို လက်ဆောင်ပေးထားတဲ့ သယံဇာတဖြစ် တယ် ။ ဒါကို ကျွန်တော်တို့က သူပိုင်တယ် ငါပိုင်တယ် သူ့နယ်မြေငါ့နယ်မြေစသဖြင့်လုယူနေခဲ့ကြတယ် ။

လူဆိုးလူကောင်း

အဆုံးသတ်အနေနဲ့ပြောရရင်တော့ ကျွန်တော် ခဏခဏ ပြောလေ့ ရှိ ရေးလေ့ရှိတဲ့စကား ကိုပဲပြန်ရေးရ မှာဖြစ်တယ် ။ ဘယ်ဘာသာပဲကိုးကွယ်နေပါစေ ဘယ်လူမျိုးပဲဖြစ်နေပါစေ ကောင်းတဲ့အလုပ်ကို လုပ်နေကြရင် ကျွန်တော် တို့ လူကောင်းလို့ သတ်မှတ်ပြီး ခင်ခင်မင်မင် ရင်းရင်းနှီးနှီးမိတ်ဆွေဖွဲ့နိုင်ရမယ် ။ မကောင်တဲ့အ လုပ်ကို လုပ်နေရင် ဘယ်လူမျိုးပဲဖြစ်နေပါစေ ရှုံ့ချရမယ် မိတ်ဆွေမဖွဲ့ရဘူး ။ ၀ါးလုံရှည်နဲ့ မောင်နီမကောင်း လို့ မောင်နီ့တစ်မျိုးလုံးဆွေ၇ ဆက် မျိုး ၇ ဆက်သတ်လို့ဆိုတဲ့ ကျဉ်းမြောင်တဲ့အမြင်တွေကို ၂၁ ရာစုအထိ သယ်ဆောင်မလာ သင့်တော့ဘူး ။ အရာရာကို အကျိုးအကြောင်းချိန်ဆလို့ ကျွန်တော်တို့ ဝေဖန် ပိုင်းခြားနိုင်စွမ်းရှိရ မယ် ။ လူအများစု ဟေးး လို့အော်လို့ လိုက်အော်စရာမလိုဘူး ။ ဘာကြောင့်အော်သလဲဆိုတာ အရင်စဉ်းစားဥာဏ်နဲ့နှိုင်းယှဉ်ပြီးမှ ကိုယ်လိုက်အော်သင့်မအော်သင့်ဆုံးဖြတ်ရမယ်မဟုတ်လား ။ နောက်တစ်ခု က အခုလို သွားနေတဲ့ ဒီမိုကရေစီလမ်းကြောင်းမှာ မလိုလားအပ်တဲ့ လှုံဆော်မှု သွေးထိုးမှု နဲ့ ဆူပူအုံကြွမှုကို ဖန်တီးစေ တဲ့ ဘယ်လို အပြုအမူမျိုးမဆို ရှုံ့ချရပါမယ် ။ ကျွန်တော်တို့ဟာ လူတွေပါ ။ လူကို လူလို့ပဲမြင်ပြီး ကျဉ်းမြောင်းတဲ့အမြင်တွေကို ဖယ်ထုတ်ကြဖို့တော့လိုပါတယ် ။

အခုဖြစ်ရပ်တွေကြောင့် အစ္စလာမ်ဘာသာဝင် ငြိမ်းချမ်းရေးကို လိုလားသူ မွေးက တည်းက မြန်မာပြည် မှာနေမြန်မာ့ရေကိုသောက်နေရတဲ့ သူငယ်ချင်းတွေလည်း စိတ်မကောင်းဖြစ် နေရတာတွေလည်းမလိုလားပါဘူး ။ တစ်ခုခုဆို ညာသံပေးပြီး ဘာမှန်းမသိညာမှန်းမသိ လိုက်ဝေဖန် ပြီး ရောယောင်လုပ်တတ်တဲ့ လူတွေကလည်း ဒုနဲ့ဒေးပါပဲ ။

နောက်ဆုံးပြောချင်တဲ့အချုပ်ကတော့

လူတစ်ယောက်ကို ကြည့်တဲ့အခါ ဆက်ဆံတဲ့အခါ အဲဒီလူရဲ့ သတ်မှတ်ချက် ဘောင်တွေကို ဖယ်ခွာချလို့ လူတစ်ယောက်အဖြစ်မြင်လိုက်ပါ ။ သူ ဘာတွေလုပ်နေသလဲ ။

ကောင်းတာလုပ်နေရင် - မိတ်တွေ
ဆိုးတာလုပ်နေရင် - ရန်သူ

ဆောင်းပါးလည်းအတော်ရှည်သွားပြီမို့ ဒီမှာတင်ရပ်နားခွင့်ပြုပါ ။ တစ်ခု တောင်းဆိုချင်တာက ဆောင်းပါးကို နားမလည်သေးရင်သေသေချာချာဖတ်ပါ အကျိုးသင့်အကြောင်းသင့် ဝေဖန်ပါ ထောက်ပြပါ စာရဲ့ဆိုလိုရင်းကို နားလည်အောင် လုပ်ပါ တစ်လုံးစ နှစ်လုံးစဖတ်ပြီး ဆူပူအောင်အော်တာမျိုးမလုပ်စေချင်ပါဘူး ။ ခင်ဗျားလည်းလူ ကျွန်တော်လ ည်းလူ သူလည်းလူ လူတွေထဲက လူတွေ အချိန်တန်ရင်ခင်ဗျား ၊ ကျွန်တော် ၊ သူ အားလုံး ပြာ ပုံဘ၀ရောက်ကြရမှာ အသေအချာ ပါပဲ ။

သက်တန့်ချို
6/6/2012 9:10 PM

စာဖတ်ပရိတ်သတ်သူငယ်ချင်းများကို အစဉ်လေးစားသောအားဖြင့်.......................

19 comments:

  1. Totally agree to ur idea.

    ReplyDelete
  2. ဟုတ်တယ်။ဘုရားဟောတရားနဲ့ကိုနည်း၂မှမညီကြဘူး။ဘုရားစကားမှနားမထောင်မလိုက်နာနိုင်ပဲနဲ့ဗုဒ္ဓဘာသာဝင်လို့ဘယ်လိုသတ်မှတ်ကြမလဲ။ခြေမမကောင်းခြေမလက်မမကောင်းလက်မပေါ့။မဆိုင်သူတွေကိုဒုက္ခပေးတာတော့အဓိပ္ပာယ်လုံးဝမရှိပါ။

    ReplyDelete
  3. သာယာလှပတဲ့ တောင်ကုတ်မြို.လေးမှာ ဖြစ်ပျက်သွားတဲ့အဖြစ်အပျက်မှာ သေဆုံးသူတွေအတွက် တကယ်ဘဲစိတ်မကောင်းဖြစ်မိတယ်။ ဒါပေမယ့် ဆရာ အနေနဲ.သိစေချင်တာကတော့ လူသတ်သမားတိုင်းက အစီအစဉ်တကျ နဲ. လုပ်ခဲ့ကြတဲ့ လူယုတ်မာတွေမဟုတ်တာဘဲ။ ဒီလိုပြောလို. တောင်ကုတ်က ဖြစ်ရပ်ကို လက်ခံအားပေးနေတာမဟုတ်ဘူးနော်။ ဒါပေမယ့် ရခိုင်ပြည်သူတွေရဲ. ရင်ထဲကို လည်း တစ်ချက်လောက်ဝင်ခံစားကြည့်ပါ။ မူဆလင်ကုလားတွေက ရခိုင်ရွာလုံးကျွတ်သတ်ပြီး မီးရှို. ဖျက်ဆီး ခံခဲ့ရတဲ့ အဖြစ်အပျက်တွေ။ ကိုယ့်တိုင်းပြည် ကိုယ့် ရေမြေမှာနေပြီး လုံခြုံမှုမရှိတဲ့ တိုင်းရင်းသားတွေရဲ. ဘ၀တွေ ၊ ရခိုင်ပြည်မြေပုံမှာ တိုင်းရင်းသားကို ရိုဟင်ဂျာလို. ရေးတဲ့အခါခံစားရတာတွေ ကျွန်တော်က စာကို စိတ်ဝင်စားအောင်မရေးတတ်ဘူး။ ဒါပေမယ့် ဒေါသကြီးပြီး အမှားလုပ်လိုက်တဲ့ ကိုယ့်ရဲ. ညီအစ်ကို မောင်နှမတွေကို လျစ်လျူရှု အပြစ်တင် နေရအောင် ပစ်မထားပါနဲ. ။ အပြစ်တင်နေမယ့် အစား ဘယ်လိုကူညီပြီးဆက်လျှောက် မလဲ။ အခြေခံပြည်သူတွေက ဘ၀ကို ဘေးကင်းလုံခြုံပြီး အေးအေးချမ်းချမ်းနေချင်ကြတာပါ။ ဒါက ကျွန်တော့် တစ်ယောက်တည်းရဲ. အမြင်လေးပါ။
    ဒါကတော့ ငယ်ရွယ်တဲ့ ရခိုင်သူလေးတစ်ယောက်ရဲ. ခံစားချက်အမြင်ပါ။
    http://simpleviewsonmyland.blogspot.sg/2012/06/blog-post.html#more

    ReplyDelete
  4. ဒီလို မျှမျှတတမြင်တတ်တဲ့ ပုဂ္ဂိုလ်တွေ များများပေါ်ထွက်လာပါစေလို့ ဆုတောင်းပါတယ်ခင်ဗျာ။

    ReplyDelete
  5. ကိုသက်တန့်ရေ...ပိုစ့်ကောင်းလေးမို့ ဖတ်သွားတယ်။


    အားပေးလျှက်
    အလွမ်း

    ReplyDelete
  6. Anonymous ပြောတာလေးကိုခံစားနိုင်ပါတယ်။ မြန်မာတိုင်းရင်းသားတွေက
    မောက်မာရိုင်းစိုင်းတဲ.အခြေခံမရှိပါဘူး။ ဘယ်လူမျိုးဘယ်ဘာသာဝင်နဲ.မဆို
    အလိုက်သင်.ပေါင်းလိုက်သင်းလိုက်နေလိုက်ပါ။ ကောင်းမွန်တဲ.အစ္စလာမ်
    လူမျိုးတွေစိတ်ရင်းမှန်နဲ.ပေါင်သင်းမည်.မိတ်ဆွေတွေကိုမျှော်လင်.ထားကြ
    တာပါ။ ကျောင်းသားခေါင်းဆောင်ကိုမြအေးကျွန်တော်တို.မြို.လာစဉ်
    အစ္စလာမ်အသင်းတခုခုလုပ်ဘို.မြို.ခံတွေအကြံတောင်းရာမှာသမာသမတ်
    ကျကျရှင်းပြသွားတာကြိုက်တယ်။ comment တခုမှာသူ.လူမျိုးတစ်ဦး
    မှားရေးတာကိုထောက်ပြတဲ.အစ္စလာမ်၁ဦး၊ ဒီ၂ဦးလိုအားလုံးနီးနီးကောင်း
    ကြလျှင်နာကျင်စရာမရှိပါဘူး။ နှစ်၅၀နီးပါးနှိပ်ကွပ်ခံထားလို.အကြောက်
    တရားနဲ.ကြီးရတဲ.တိုင်းရင်သားတွေမှာ၊မွတ်စလင်လူမျိုးတရုတ်လူမျိုး
    သူတို.မကောင်းလဲငြိမ်ခံမြဲပါ။ ရင်ထဲမှာနာကျင်ခဲ.ရပေါင်းများတာပြောတာပါ
    "နောက်ဆုံးကောက်ရိုးတမြှင်ကြောင်.ကုလားအုပ်ကြောကွဲရ"ဆိုတဲ.
    စကားပုံလိုနောက်ဆုံးပေါက်ကွဲတာပါ။ အပြစ်မဲ.မဆိုင်သူတွေသေရတာ
    တော.ဆိုးပါတယ်။ ဒီနောက်မှာအစ္စလာမ်လဲအမြင်မကျဉ်းရဘူးတိုင်းရင်းသား
    လဲအမြင်မကျဉ်းရဘူး။ မမြင်ရတဲ.နောက်ကွယ်ကစီမံကိန်းတွေမရှိဘူးဆိုလျှင်
    ကိုသက်သန်.ပြောသလိုဖြစ်လာမှာပါ။ ကိုသက်သန်.မြန်မာတစ်ယောက်
    ကပြောတာမို.မမုန်းပါဘူးခံသာပါတယ်။ လူမျိုးခြားတစ်ဦးကကိုယ်ချင်း
    မစာဘဲရေးသွားတာဖတ်ဖူးတုန်းကစိတ်မကောင်းဖြစ်ရပါတယ်။
    မြန်မာတိုင်းရင်းသားတွေကမေ.လွယ်ပျောက်လွယ်ခွင်.လွတ်လွယ်ပါတယ်။
    "သူမကောင်းလျှင်ကျွန်ုပ်မကောင်းပါ" ထက်သာတဲ. "သူမကောင်းလျှင်လည်းကျွန်ုပ်တို.ကောင်းအောင်ကြိုးစားပါမည်"
    ဆိုတဲ.လူတွေပါခင်ဗျား။

    ReplyDelete
  7. အရမ်းကောင်းတဲ့ ပို့စ်တစ်ခုလို့ပဲ ကွန်မန့်ပေးပါရစေ။

    ReplyDelete
  8. ဟုတ်တယ် လမင်းထောက်ခံတယ်..

    ReplyDelete
  9. တန`င်္လာကိုကို
    ပြောတာကို ထောက်ခံပါတယ်။ ကျမမြင်တွေ့ခဲ့ရသလောက်ဆိုရင် မြန်မာ မိုစ်လင်မ် တွေဟာ အမြဲတမ်း ဖိနိမ့်မှုတွေကိုခံစားနေရတာကိုပါဘဲ။
    မိမိနိုင်ငံမဟုတ်တဲ့အတွက် တိုင်းတပါးမှာနေရတဲ့ခံစားချက်က သူတို့အတွက်
    အမြဲတမ်းရှုံးနိမ့်နေရတာပါ။ မြန်မာနိုင်ငံကမွေးလာတဲ့ လူတွေဟာ ဘာနိုင်ငံသားဖြစ်မလဲ။ တကယ်လို့ သူတို့တွေကို မြန်မာနိုင်ငံကနေ ထွက်သွားပါလို့ပြောခဲ့ရင် သူတို့ ဘယ်နိုင်ငံကိုထွက်ပြေးရမလဲ။ ရိုဟင်ဂျာမဟုတ်တဲ့ မြန်မာ မိုစ်လင်တွေကိုရည်ရွယ်ပြီးပြောတာပါ။ မြန်မာမိုစ်လင်မ်တွေ ဘယ်လောက်ထိဖိနိမ့်ခံခဲ့ရသလဲဆိုရင် မျက်မြင်ကိုယ်တွေ့လေးတခုပြောပြချင်ပါတယ်။ ဘာသာခြားကုလား လုံးဝလုံးဝ မဝင်ရဆိုတဲ့ဆိုင်းဘုတ်ကို ကရင်ပြည်နယ် မြိုင်ကြီးငူရွာထိပ်မှာတင်ထားတာ အားလုံးသိမယ်လို့ထင်ပါတယ်။ တကယ်လို့ မတော်တဆ မိုစ်လင်မ်တစ်ဦးဦးက ဝင်သွားမိခဲ့ရင် တိရိတ်ဆန်တစ်ကောင်လို ရိုက်နက်ပြုမူကြပါတယ်။ အခုလိုပြုလုတ်သူတွေက ဗုဒဘာသာတွေပါ။ ဒါကိုဘယ်လိုပြောကြမလဲ။ ဒီနေ့ဒီအချိန်ထိ ဒီလိုမပြုအမူမျိုးတွေကရှိနေသင့်ပါသလား။ မေးချင်ပါတယ်။ မိုစ်လင်တိုင်း အုကမ်းဖက်တွေမဟုတ်ဘူးလို့ပြောခဲ့တဲ့ ကိုသက်တန့်ကို ကျေးဇူးတင်ပါတယ်။ အုကမ်းဖက်သူတိုင်း မိုစ်လင်မ်လို့ပြောသွားတာကိုတော့ စိတ်မကောင်းပါဘူး။ ကမ္ဘာအနှံ့မှာ အုကမ်းဖက်နေုကတဲ့ သူတိုင်းဟာ မိုစ်လင်မ်တွေကြီးဘဲလား။ အုကမ်းဖက်သူတိုင်း မိုစ်လင်မ်တွေဘဲ ဆိုတဲ့စကားကို လုံးဝကန့်ကွက်ပါတယ်။ မြန်မာ မိုစ်လင်မ် တစ်ဦး

    ReplyDelete
  10. အရမ်းကောင်းတဲ့ ပိုစ့်လေးပါ..ကိုသက်တန့်ရဲ့ အမြင်ကိုထောက်ခံပါတယ်..

    ReplyDelete
  11. အရမ်းကောင်းတဲ့ ဆောင်းပါလေးပါ ကိုသက်တန့်ချို ရဲ့ စိတ်ဓာတ်ကို ချီးကျူးတယ်ဗျ

    ReplyDelete
  12. အရမ်းကောင်းတဲ့ ဆောင်းပါလေးပါ ကိုသက်တန့်ချို ရဲ့ စိတ်ဓာတ်ကို ချီးကျူးတယ်ဗျ

    ReplyDelete
  13. အတွေးတွေ ထပ်တူညီပါတယ် I like this POST !

    ReplyDelete
  14. အမြင်ချင်း ထပ်တူပါပဲ ဆရာသက်တန့်ချိုရေ

    ReplyDelete
  15. နေရာတကာမှာ ကြီးစိုးလာတဲ့ တရုတ်စီးပွားရေး လုပ်ငန်းရှင်တွေနဲ့ နေရာတကာပျံ့ပွားလာတဲ့အစ္စလာမ်ကိုးကွယ်မှုတွေကြောင့်တော့ ကျွန်တော့်စိတ်တွေမှာ အရောင်တွေစွန်းထင်းခဲ့တာတော့သေချာတယ်

    ReplyDelete
  16. ကဲဗျာ ... ကျွန်တော့်ထင်မြင်ချက်ယူဆချက် ရင်ထဲမှာ တနုံ့နုံ့ ဖြစ်နေတာတွေအတွက် ပြောမပြတတ်တာတွေ အတွက် ကျေနပ်လောက်တဲ့ အဖြေရသွားပါပြီ။ ရင်ဖွင့်ခဲ့ပါရစေ ကျွန်တော်အသက် (၂၇) နှစ်ရှိပါပြီ အခုကျွန်တော် မလေးရှားမှာ အရမ်းကောင်းတဲ့ အစ္စလာမ် ဘာသာဝင် မိသားစု အိမ်လေးမှာ (၂) နှစ်လောက်နေခဲ့ဖူး ပါတယ်။ စိတ်ထားကောင်းတဲ့ အစ္စလာမ် ဘော်ဒါတွေနဲ့ အခု အတူ အလုပ်လုပ်ပါတယ်။ ပြီးတော့ ကျွန်တော့် အမေဘက် က မြန်မာဗုဒ္ဓဘာသာ၊ အဖေဘက်က ကရင် ခရစ်ယာန်ပါ။ ငယ်ငယ်ထဲက ဘာသာနှစ်မျိုးလုံးနဲ့ မစိမ်းပါဘူး။ အမေ့ဖက်ကိုလိုက်ပြီ ဗုဒ္ဓဘာသာဖြစ်ခဲ့ပါတယ်။ ဒါပေမယ့် တစ်ကယ့် လမ်းကြောင်းပေါ်ကို လျှောက် ဖို့ လွန်ခဲ့ တဲ့ (၃) နှစ်လောက်ကမှ ဓမ္မာစရိယ ဦးဌေးလှိုင်ရဲ့ ရဟန္တာနှင့် ပုဂ္ဂိုလ်ထူးများ စာအုပ်ကို မထင်မှတ်ပဲ ဖတ်ပြီး အသိအမြင်တွေ တော်တော် ပြောင်းလဲသွားခဲ့ပါတယ်။ အစက ဗုဒ္ဓဘာသာဝင်လို့ ကိုယ့်ကိုယ် ကို မာနကြီးခဲ့တာတွေ အခြားဘာသာဝင် တွေ ပေါ် အထင်သေးခဲ့တာတွေ တစ်စ တစ်စ ပျောက်လာလိုက်တာ ... အခုတော့ အရာရာအားလုံးကို မခံချင်လဲ တရားနဲ့ ဖြေတတ်တဲ့ အကျင့်ရသွားပါပြီ ငြိမ်းချမ်းပါတယ်။ ဗုဒ္ဓဘာသာ ၀င်အဖြစ်နဲ့ အယူလွဲနေ တိမ်းနေတာတွေကိုလဲ တစ်စ တစ်စ ပိုသိလာပါတယ်။ တကယ် အဖိုးတန်တဲ့ ဗုဒ္ဓဘာသာ ဟာ လူမျိုးဘာသာ မရွေး သတ္တ၀ါမရွေးတဲ့ စင်္ကြာဝဋ္ဌာရဲ့ အမှန်တရားဖြစ် ပါတယ်။ ဘယ်သူ့ကိုမှ အပြစ်မပြောပါဘူး ရုပ်၊နာမ် နှစ်ပါး ကိလေသာတရားများကိုသာ (အပြစ်မတင်ပဲ) သတိပဌန်မြဲ ဖြစ်စဉ်၊ ပျက်စဉ်ကို ရှုရမှာပါ။ ဒါကလွဲရင် ဘာအယူဝါဒ ကောင်းမှူ*၊ မကောင်းမှု၊ ရယူခြင်း၊ ပေးဆပ်ခြင်း၊ လက်စားချေခြင်း၊ အမျိုးဂုဏ်မောက်ခြင်း ဘာမှမမြဲ သံသရာမလွတ်နိုင်သော အကြောင်း တရားများပဲ။ သို့သော် ၀ိနည်းကိုဂရုမစိုက် လောကီကိစ္စများကို ပါဝင်ဆောင်ရွက်နေကြသော အချို့ အချို့သော အကြောင်းများရှိတဲ့ အခုကာလကြီးမှာ လူစစ်စစ်တွေ အနေဖြင့် လောဘ၊ဒေါသ၊မောဟ အင်မတန်ကြီးထွားနေတာ .... အပြစ် တင်စရာမဟုတ် သံဝေဂ ယူစရာ ကြောက်တတ်စရာ တရားဖြင့်ဥပေက္ခာပြုစရာ ကိုယ်တိုင်လဲ မမှားခင် မပါခင် လေ့လာကြိုးစားအားထုတ်စရာဖြစ်ပါတယ်။ အားလုံးရဲ့ အားထားရာ "၀ိပ္ပဿနာ" ပါ။ အဲဒါလေးသာ လူမျိုးဘာသာမ ရွေး အားထုတ်နိုင်ကြမယ် လေ့လာနိုင်ကြမယ်ဆိုရင် ကျွန်တော်တို့ လိုချင်နေတဲ့ ငြိမ်းချမ်းရေး ညီညွတ်ရေး တရားမျှတရေးဟာ မတောင်းပဲ ရမှာ သစ္စာပါ။ ........ လေးစားစွာဖြင့်။ ( ကျွန်တော်ဒီလိုမျိုး Facebook က Islam Virus page မှာ ကွန်မန့် ၀င်ရေးခဲ့ဖူးပါတယ်။ အစ္စလာမ် များက မနေနိုင်လို့ ၀င်ရေးထားတဲ့ comment များကို အများ ပြည်သူ ဆဲနိုင်ဖို့ မဖျက်ပါဘူး။ ကျွန်တော် မျှတစွာရေးထားတဲ့ ကွန်မန့် နှစ်ခုကိုတော့ တစ်ရက်တောင်မခံ ဖျက်ပစ် လိုက်ပါတယ် ဘယ်သူများLikeလုပ်ထားမလဲ လို့ ၀င်ကြည့်တော့မရှိတော့ပါဘူး :D) (ပြီးတော့လက်တွေ့အနေနဲ့ အခု လို မျှတတဲ့ အမြင်များကို သူငယ်ချင်းဗုဒ္ဓဘာသာဝင် များကို ရင်ဖွင့်မိရင် ဆယ်ယောက်မှာ ၅ ယောက် လက်မခံ ၄ယောက် မငြင်း ၁ယောက် ထောက်ခံပါကြောင်း သတင်းပါးအပ်ပါတယ် လေရှည်သွားရင်တောင်းပန်ပါတယ်နော်။)

    ReplyDelete
  17. ကဲဗျာ ... ကျွန်တော့်ထင်မြင်ချက်ယူဆချက် ရင်ထဲမှာ တနုံ့နုံ့ ဖြစ်နေတာတွေအတွက် ပြောမပြတတ်တာတွေ အတွက် ကျေနပ်လောက်တဲ့ အဖြေရသွားပါပြီ။ ရင်ဖွင့်ခဲ့ပါရစေ ကျွန်တော်အသက် (၂၇) နှစ်ရှိပါပြီ အခုကျွန်တော် မလေးရှားမှာ အရမ်းကောင်းတဲ့ အစ္စလာမ် ဘာသာဝင် မိသားစု အိမ်လေးမှာ (၂) နှစ်လောက်နေခဲ့ဖူး ပါတယ်။ စိတ်ထားကောင်းတဲ့ အစ္စလာမ် ဘော်ဒါတွေနဲ့ အခု အတူ အလုပ်လုပ်ပါတယ်။ ပြီးတော့ ကျွန်တော့် အမေဘက် က မြန်မာဗုဒ္ဓဘာသာ၊ အဖေဘက်က ကရင် ခရစ်ယာန်ပါ။ ငယ်ငယ်ထဲက ဘာသာနှစ်မျိုးလုံးနဲ့ မစိမ်းပါဘူး။ အမေ့ဖက်ကိုလိုက်ပြီ ဗုဒ္ဓဘာသာဖြစ်ခဲ့ပါတယ်။ ဒါပေမယ့် တစ်ကယ့် လမ်းကြောင်းပေါ်ကို လျှောက် ဖို့ လွန်ခဲ့ တဲ့ (၃) နှစ်လောက်ကမှ ဓမ္မာစရိယ ဦးဌေးလှိုင်ရဲ့ ရဟန္တာနှင့် ပုဂ္ဂိုလ်ထူးများ စာအုပ်ကို မထင်မှတ်ပဲ ဖတ်ပြီး အသိအမြင်တွေ တော်တော် ပြောင်းလဲသွားခဲ့ပါတယ်။ အစက ဗုဒ္ဓဘာသာဝင်လို့ ကိုယ့်ကိုယ် ကို မာနကြီးခဲ့တာတွေ အခြားဘာသာဝင် တွေ ပေါ် အထင်သေးခဲ့တာတွေ တစ်စ တစ်စ ပျောက်လာလိုက်တာ ... အခုတော့ အရာရာအားလုံးကို မခံချင်လဲ တရားနဲ့ ဖြေတတ်တဲ့ အကျင့်ရသွားပါပြီ ငြိမ်းချမ်းပါတယ်။ ဗုဒ္ဓဘာသာ ၀င်အဖြစ်နဲ့ အယူလွဲနေ တိမ်းနေတာတွေကိုလဲ တစ်စ တစ်စ ပိုသိလာပါတယ်။ တကယ် အဖိုးတန်တဲ့ ဗုဒ္ဓဘာသာ ဟာ လူမျိုးဘာသာ မရွေး သတ္တ၀ါမရွေးတဲ့ စင်္ကြာဝဋ္ဌာရဲ့ အမှန်တရားဖြစ် ပါတယ်။ ဘယ်သူ့ကိုမှ အပြစ်မပြောပါဘူး ရုပ်၊နာမ် နှစ်ပါး ကိလေသာတရားများကိုသာ (အပြစ်မတင်ပဲ) သတိပဌန်မြဲ ဖြစ်စဉ်၊ ပျက်စဉ်ကို ရှုရမှာပါ။ ဒါကလွဲရင် ဘာအယူဝါဒ ကောင်းမှူ*၊ မကောင်းမှု၊ ရယူခြင်း၊ ပေးဆပ်ခြင်း၊ လက်စားချေခြင်း၊ အမျိုးဂုဏ်မောက်ခြင်း ဘာမှမမြဲ သံသရာမလွတ်နိုင်သော အကြောင်း တရားများပဲ။ သို့သော် ၀ိနည်းကိုဂရုမစိုက် လောကီကိစ္စများကို ပါဝင်ဆောင်ရွက်နေကြသော အချို့ အချို့သော အကြောင်းများရှိတဲ့ အခုကာလကြီးမှာ လူစစ်စစ်တွေ အနေဖြင့် လောဘ၊ဒေါသ၊မောဟ အင်မတန်ကြီးထွားနေတာ .... အပြစ် တင်စရာမဟုတ် သံဝေဂ ယူစရာ ကြောက်တတ်စရာ တရားဖြင့်ဥပေက္ခာပြုစရာ ကိုယ်တိုင်လဲ မမှားခင် မပါခင် လေ့လာကြိုးစားအားထုတ်စရာဖြစ်ပါတယ်။ အားလုံးရဲ့ အားထားရာ "၀ိပ္ပဿနာ" ပါ။ အဲဒါလေးသာ လူမျိုးဘာသာမ ရွေး အားထုတ်နိုင်ကြမယ် လေ့လာနိုင်ကြမယ်ဆိုရင် ကျွန်တော်တို့ လိုချင်နေတဲ့ ငြိမ်းချမ်းရေး ညီညွတ်ရေး တရားမျှတရေးဟာ မတောင်းပဲ ရမှာ သစ္စာပါ။ ........ လေးစားစွာဖြင့်။ ( ကျွန်တော်ဒီလိုမျိုး Facebook က Islam Virus page မှာ ကွန်မန့် ၀င်ရေးခဲ့ဖူးပါတယ်။ အစ္စလာမ် များက မနေနိုင်လို့ ၀င်ရေးထားတဲ့ comment များကို အများ ပြည်သူ ဆဲနိုင်ဖို့ မဖျက်ပါဘူး။ ကျွန်တော် မျှတစွာရေးထားတဲ့ ကွန်မန့် နှစ်ခုကိုတော့ တစ်ရက်တောင်မခံ ဖျက်ပစ် လိုက်ပါတယ် ဘယ်သူများLikeလုပ်ထားမလဲ လို့ ၀င်ကြည့်တော့မရှိတော့ပါဘူး :D) (ပြီးတော့လက်တွေ့အနေနဲ့ အခု လို မျှတတဲ့ အမြင်များကို သူငယ်ချင်းဗုဒ္ဓဘာသာဝင် များကို ရင်ဖွင့်မိရင် ဆယ်ယောက်မှာ ၅ ယောက် လက်မခံ ၄ယောက် မငြင်း ၁ယောက် ထောက်ခံပါကြောင်း သတင်းပါးအပ်ပါတယ် လေရှည်သွားရင်တောင်းပန်ပါတယ်နော်။)

    ReplyDelete
  18. လောကကြီးမှာ အကောင်းနဲ့ အဆိုး နေ့နဲ့ည အနိမ့်အမြင့် ရှိပါတယ်။ ဘယ်တော့မှ အကောင်းချည်းပဲ မလာသလို အဆိုးချည်းပဲ လဲ မလာပါဘူး၊ နေ့ချည်းပဲ မရှိသလို ညချည်းပဲလဲ မရှိပါဘူး။ ဒါဟာ လောကပါလ တရားပါပဲ။ နေ့ကြောင့် ညဖြစ်ပြီး ညကြောင့်နေ့ဖြစ်လာတာပါ။ ကောင်းမှုကြောင့် မကောင်းမှုဖြစ်ပြီး မကောင်းမှုကြောင့် ကောင်းမှုဖြစ်ပါတယ်။ ဒီလို ပြောရင်ရှုပ်မယ်ထင်ပါတယ် ကိုယ်တိုင်အားထုတ်ကြည့်စေချင်ပါတယ်။ "၀ိပ္ပဿနာ" ပါ။ ကောင်းမှု မကောင်းမှု အား လုံးကို လွှတ်ပြီး စပ်ကြားမှ သံသရာ ကနေ လွတ်အောင် အားထုတ်ကြရမှာ အားလုံးတာဝန်ပါ။ လေးစားစွာဖြင့် ....။

    ReplyDelete