Monday, June 25, 2012

အဆိပ်သင့် -- ကောင်းကင်

အဆိပ်သင့် -- ကောင်းကင်



တစ်ခါတုန်းက သိပ်ချစ်ကြတဲ့ ကောင်လေးနဲ့ ကောင်မလေး စုံတွဲတစ်တွဲရှိတယ် ။ သူတို့ နှစ်ယောက်စလုံး မနက် ဆိုရင် “ Good Morning My Honey ” လို့ မက်ဆေ့တွေအပြန်အလှန်ပို့ကြသလို တစ်ဦးကိုတစ်ဦး သိပ်ချစ် လို့ ညရောက်တဲ့အခါဆိုလည်း ကိုယ်စီအိပ်ရာထဲကနေ “ Good Night My dear ...Have a sweet dream ” ဆိုပြီး အပြန်အလှန်မက်ဆေ့ပို့ပြီးမှ အိပ်လေ့ရှိကြတယ် ။

အခက်အခဲတွေကိုယ်စီရှိကြပေမယ့် ၀မ်းသာစရာဆို အတူဝမ်းသာလို့ ၀မ်းနည်းစရာဆို ဝေမျှခံစားတတ်ကြတယ် ။ ဒီလိုနဲ့ သူတို့ချစ်လာခဲ့တာ ၁ နှစ် တိတိပြည့်တဲ့တစ်ရက်ကို ရောက်လာခဲ့တယ် ။ အဲဒီတစ်ရက် က ကောင်း ကင်တစ်ခုလုံးမဲမှောင်လို့ မိုးဟာ သည်းသည်းမည်းမည်းရွာနေခဲ့တယ် ။ ဒါပေမယ့် သိပ်ချစ်ကြတဲ့ သူတို့ ၂ယောက်ဟာ ချိန်းထားပြီဆိုရင်ဘယ်တော့မှ မပျက်ကွက်ပဲ ကတိတည်ခဲ့ကြတဲ့အတိုင်း အဲဒီတစ်ရက်မှာလည်း သူတို့ အိမ်တွေကနေ အသီးသီးထွက်လာခဲ့ကြတယ် ။

မနက် ၁၀ နာရီ ထိုးဖို့ နာရီဝက်အလို 9;30 AM

သူ့စိတ်ဟာ ချစ်သူကိုတွေ့ရဖို့အတွက်နဲ့ ကြည်လင်ရွှင်ပျနေတယ် ။ ဒီနေ့ သူ့ကောင်မလေးအတွက် သူတစ်နှစ်အတွင်းစုထားတဲ့လက်စွပ်လေးကို Suprise အဖြစ်ပေးဖို့လည်းသူရည်ရွယ်ထားတယ် ။ ကားတွေက လည်း ဒီနေ့မှ ကျပ်လိုက်တာ သူ့ချစ်သူလေးလည်း ကားစီးရတာ အဆင်မှပြေပါ့မလား ။ အင်း နောက်ပိုင်းအတူ လက်ထပ်ပြီးသွားရင်တော့ ကားတစ်စီးဝယ်နိုင်အောင်ကြိုးစားရမယ် ။ ပြီးတော့ ချစ်သူကို ဘေးမှာ တင်ပြီး သူတို့ ကမ္ဘာအနှံ့လျှောက်လည်ကြမယ် ။ သူ့အတွေးသူ သဘောကျရင်းကောင်လေးတစ်ချက်ပြုံးလိုက်တယ် ။ပြီးတော့ သူ့လက် ထဲက လက်စွပ်ဘူးလေးကို တယုတယကိုင်လို့ ကားဂိတ်မှာရပ်စောင့်နေတယ် ။

9: 40 AM - အင်းဒီလိုဆိုမဖြစ်သေးဘူး တော်ကြားအရမ်းနောက်ကျနေရင် ချစ်သူ ( စိတ်မကောက်တတ်ပေမယ့် ) အားငယ်နေရှာမယ် ။ ဒီလိုနဲ့ကောင်လေး တက်စီတစ်စီးငှားလိုက်တယ် ။ ပြီးတော့ ဈေးမဆစ်တော့ပဲ ချစ်သူ ဆီသွား လိုဇောနဲ့ မောင်းရမယ့်နေရာကိုပြောလိုက်တယ် ။ ရုတ်တရက်ရလိုက်တဲ့ အနံ့တစ်ခုကြောင့် သူပျို့အန် ချင်သလို ဖြစ်သွားတယ် ။ ဟင် ကားမောင်းတဲ့သူ မနက်စောစောစီးစီး အရက်တွေသောက်ထားပါလား ။ သူ တစ်ချက်တော့စိုးရိမ်သွားတယ် ။ ဒါပေမယ့် အခုအချိန်ကားကိုရပ်ပြီး တခြားတက်စီ ငှားစီးရင် လည်းခရီးက နှောင့်နှေးဦးမယ် ။ ဘာမှမဖြစ်တန်ကောင်းပါဘူးလေ ။ သူ့ကိုယ်သူဖြေ သိမ့်ရင်း ကောင်လေး သူ့ချစ်သူအကြောင်းပဲတွေးနေလိုက်တယ် ။ ဒီလိုနဲ့ ----

9: 55 AM - ချိန်းထားတဲ့နေရာကိုရောက်တော့မယ် ။ တစ်နေ့မပျက်တွေ့ဖြစ်ခဲ့ကြပေမယ့် မနက်ခင်းတိုင်းတွေ့ရ မယ့်အချိန်ဆို သူ့ ရင်တွေခုန်နေတုန်းပဲ ။ မိုးကလည်း ဒီနေ့မှ သည်းနေလိုက်တာ ရှေ့မှာ သည်းသည်းကွဲကွဲ ဘာကိုမှ မမြင်ရဘူး ။ ကားကလည်း ရောက်ခါနီးမှ ပိုပိုပြီးလမ်းတွေကြပ်လာသလိုပဲ ။ ကားမောင်းတဲ့သူဆီက ဆဲရေးတိုင်းထွာသံတချို့ကိုသူကြားလိုက်ရတယ် ။ သူ့ချစ်သူလေး နှုတ်ခမ်းများစူနေပြီလား ဒါမှမဟုတ် မိုးရေထဲ သူ့ကိုများ စိတ်ပူနေမလား တွေးရင်း သူ အမြန် ရောက်ချင်စိတ်တွေများလာတယ် ။ “ နည်း နည်းမြန်မြန်လေးမောင်းပေး ပါ ဦးလေး ” ကားမောင်းတဲ့သူကို သူပြောလိုက်တယ် ။ ကားမောင်းတဲ့ သူက ခေါင်းတစ် ချက်ညှိတ်ရင်း သူ့ရှေ့မှာ ပိတ်နေတဲ့ကားကို ကျော်တက်ဖို့အရှိန်မြှင့်ပြီးဆွဲချလိုက်တယ် ။ ရုတ်တ ရက် သူ့မျက်စိရှေ့ဝင်လာတဲ့ မီးရောင်စူးစူးကြောင့် သူ ပြာကနဲဖြစ်သွားတယ် ။ နောက်မှ သူသိလိုက်ရတာ က ရှေ့မှာ ကုန်တင်ကားတစ်စီး ။ သတိရရခြင်း သူအော်လိုက်တယ် ။ “ ရှေ.ရှေ့မှာကား ကား ကွေ့ကွေ့ ဦးလေး ” သူ့စကားသံတွေက ကျယ်လောင်တဲ့ ဆူညံသံတွေကြားမှာ နစ်မြှုပ်သွားခဲ့ရတယ် ။ “ ၀ုန်း ”ကနဲ အသံတစ်ချက်နဲ့အတူ သူ ဘာကိုမှ မသိတော့ဘူး ။ ရုတ်တရက် ကမ္ဘာလော ကကြီးတစ် ခုလုံးအမှောင်ကျသွားသလို ။

---------------------------------------------------------------

ဒီနေ့ ချစ်သူအတွက် သူ အမှတ်တရလက်ဆောင်လေးပေးဖို့ရည်၇ွယ်ထားတယ် ။ အဲဒါကတော့ သိပ်လှတဲ့ ဟော်လိုဂစ်တာလေးတစ်လုံးပေါ့ ။ မိုးကလည်း ဒီနေ့မှ သည်းနေလိုက်တာ ။ ချိန်းထားတဲ့နေရာက မိုးသိပ်မလုံတော့ တခါတခါ မိုးရေစက်တွေက မျက်နှာကို လာလာ ရိုက်ခတ်နေတယ် ။ အင်း သူလည်း အခုချိန်ဆို ရင်ထွက်လာနေလောက်ပြီ ။ တွေးရင်းကောင်မလေးရင်ထဲ သိမ့်ကနဲတစ်ချက်ခုန်သွားတယ် ။ ဒီနေ့ဟာ ချစ်သူသက်တမ်း တစ်နှစ်ပြည့်တဲ့နေ့ -- သူ့ကို အနမ်းလေး တစ်ချက်ပေးမယ်လို့လည်းရည်ရွယ်ထားတယ် ။ သူ့ဘာသာသူတွေးရင်းကောင်မလေးတစ်ချက် သဘောကျသွားလို့ ခစ်ကနဲရီလိုက်တယ် ။ ပြီးမှ ပတ်ဝန်းကျင်ကို သတိထားမိပြီး ရှက်ကိုးရှက်ကန်းဖြစ်သွားတယ် ။ ရင်ခုန်သံတွေဆူညံနေတာကတော့ စက္ကန့်မလပ်ပါပဲ ။

9 :40 AM - အခုချိန်ဆို သူ ကားပေါ် ရောက်နေရောပေါ့ ။ ဂစ်တာလေးကို ကိုင်ပြီး မတ်တပ်ရပ်နေတဲ့ကောင်မလေးဟာ မိုးတွေသည်းသည်းမည်းမည်းရွာနေတဲ့ ကောင်းကင်ကြီးအောက်မှာ ချစ်စဖွယ်ကောင်းနေ တယ် ။ ဒီနေ့ မိုးလေးနည်းနည်းစဲသွားရင်ကောင်းမယ် ။ သူနဲ့အတူ ရုပ်ရှင်ကြည့်မယ် သီချင်း သွား ဆိုမယ် သူ့လက်ကိုတွဲလို့ လမ်းတွေ လျှောက်မယ် ။ အင်း ..တစ်သက်လုံး ဒီလိုအတူနေ ရရင် သိပ်ကောင်း မှာပဲချစ်သူလေးရယ် ။ ဒီလိုနဲ့အတွေးတွေက တောင်ရောက်မြောက်ရောက်နဲ့ ပျံ့လွင့် လို့နေတယ် ။

9 : 55 AM - သူ ရောက်လာတော့မယ် အမြဲအချိန်တိကျတတ်တဲ့ သူ့ကို စတွေ့ကတည်းကလေးစားခဲ့ရတယ် ။ တွေ့ဆုံချိန်တိုင်းလိုလို သူ့မျက်နှာဟာ ကြင်နာခြင်းတွေနဲ့ ငေးကြည့်နေတတ်တယ် ။ သိပ်ချစ်ရတာပဲ ချစ်သူရယ် ။ ငါ နင်နဲ့အတူ ဒီလို လေးအမြဲနေသွားချင်လိုက်တာ --- ။ ကောင်မလေး ကောင်းကင်ကိုငေးကြည့်ရင်း မိုးစက်တွေကြား မှာ သူတို့ ချစ်သူ နှစ်ဦးရဲ့ အနာဂါတ်ကိုပုံဖော်ကြည့်နေတယ် ။ မိုးကလည်း သည်းသ ထက်သည်းလာတယ် ။တ ချက်ချက် လျှပ်စီးတွေလက်ပြီးမိုးတွေခြိမ်းနေပုံက မိစ္ဆာကောင်တွေ ကမ္ဘာမြေပေါ် ၀င်ရောက်လာသလိုပေါ့ ။ ငါ ကြောက်လိုက်တာကွယ် နင်မြန်မြန်လာပါတော့နော် --- ။

10 : 10 AM - ချိန်းထားချိန်ထက် ဆယ်မိနစ်နောက်ကျနေခဲ့ရပြီ ။ သူ တစ်ခုခု ဖြစ်နေပြီဆိုတာလည်း ရင်ထဲက အလိုလိုသိနေခဲ့တယ် ။ ကောင်မလေး စိတ်တွေ ဆောက်တည်ရာမရတော့သလို စိုးရိမ်ပူပန်မှုတွေက အမြင့်ဆုံးအ မှတ်အထိ တက်လာခဲ့တယ် ။ မဖြစ်သေးဘူး -- ဒီလိုရပ်စောင့်နေလို့မဖြစ်သေးဘူး ။ ဒီနေရာကနေ ကားငှား လို့ လည်း မဖြစ်နိုင်ဘူး လမ်းပေါ်ထွက်ငှားမှပဲ ။ သားရေနဲ့ချုပ်ထားတဲ့ ဂစ်တာကို လွယ်ပြီးဂျင်းပန် နဲ့ကောင်မလေး ၀ုန်းဒိုင်းကျဲပြီး သည်းသည်းမည်းမည်းရွာနေတဲ့ ကားလမ်းမပေါ် ထွက်လိုက်တယ် ။ ရုတ်တရက်လမ်းချိုးကထွက်လာတဲ့ စူးရှတဲ့မီးရောင်ကြောင့် ပြာကနဲဖြစ်သွားတယ် ။ ပြီးတော့ သူမ တကိုယ်လုံး “၀ုန်း ” ကနဲ လေဟာနယ်ထဲ မြောက်တက်သွားသလိုဖြစ်နေတယ် ။ နောက်ဆုံးမြင်လိုက်ရတာက အစိတ်စိတ် အမွှာမွှာကွဲနေတဲ့ ဂစ်တာ အပိုင်းအစအချို့ ။

------------------------------------------------------------------

တစ်နေ့တည်းတစ်ရက်တည်းအချိန်အပိုင်းအခြားလေးမှာ ကံကြမ္မာက ချစ်သူနှစ်ဦးကို ရက်ရက်စက် စက်ခွဲပြသွား တယ် ။ ဘယ်လို ဆုတောင်းတွေမှားခဲ့ကြသလဲ ကောင်လေးနဲ့ကောင်မလေးရယ် ။ မင်းတို့ ၀ိဥာဉ်အချင်းချင်း ဘ၀အသစ်တွေမှာ ဆက်လက်ပေါင်းစည်းနိုင်ကြပါစေလို့ ကိုယ်ဆုတောင်းပေးပါတယ်ကွာ ။ မင်း တို့ နှစ်ယောက်စ လုံးမသိတဲ့ အရာတစ်ခုရှိသေးတယ် ။ အဲဒါကတော့

“ ကောင်လေးစီးလာတဲ့ကားကို တိုက်ပြီး ထွက်ပြေးလာတဲ့ ကားကြီးဟာ လမ်းအချိုးမှာ ကောင်မလေးကို ၀င်တိုက် သွားတယ် ဆိုတာပါပဲ ”

အတူပေါင်းစည်းခွင့်မရခဲ့ကြပေမယ့် အကြောင်းအရာတစ်ခုတည်းနဲ့ အတူ သေခွင့်ရခဲ့ကြတယ် ။ စိတ် မကောင်းပါဘူး -- နောက်နောင် ဘ၀ ဆက်တိုင်းဆုတောင်းတွေမမှားကြပါစေနဲ့ ချစ်သောသူ တိုင်း ပေါင်း စည်းနိုင်ကြပါစေလို့ ဆုတောင်းပေးရင် ။

သက်တန့်ချို
(ကိုယ်တိုင်ရေး ၀ထ္ထု တို )

စာဖတ်ပရိတ်သတ်သူငယ်ချင်းများကို အစဉ်လေးစားသောအားဖြင့်.......................

14 comments:

  1. အင်း...ဇာတ်လမ်းလေး အလွန်ကောင်းပါတယ်...ရသတစ်ခုကို ရင်ထဲရောက်အောင် ပို့နိုင်တဲ့ အရေးအသားလေးပါ...

    ReplyDelete
  2. ဖတ်ပြီးစိတ်မကောင်းလိုက်တာရှင်ခွဲထက်သေခွဲကပိုကောင်းမယ်ထင်တယ်
    တစ်ယောက်ကကျန်ခဲ့နေရင်စိတ်ဆင်း၇ဲနေမယ်လေ..

    ReplyDelete
  3. ရက်စက်လိုက်တာ.......

    ReplyDelete
  4. ဇာတ်သိမ်းက ၀မ်းနည်းဖို့ကောင်းတယ်

    ReplyDelete
  5. အရမ်းကောင်းပါတယ်

    ReplyDelete
  6. မျောလွင့်သွားတဲ့စိတ် ရင်မှာထိတ်ကနဲပဲ..မိုက်တယ်

    ReplyDelete
  7. စိတ်မကောင်းပါရှင်
    အရမ်း ၀မ်းနဲတာပဲ

    ReplyDelete
  8. စိတ်မကောင်းပါရှင်

    ReplyDelete
  9. စိတ်မကာင်းပါရှင်

    ReplyDelete
  10. စိတ်မကောင်းပါရှင်

    ReplyDelete
  11. စိတ်မကောင်းပါရှင်

    ReplyDelete
  12. စိတ်မကောင်းပါရှင်

    ReplyDelete
  13. ဏျွှီ်ျွဗ့ှာုွး့၇ျှု

    ReplyDelete