Friday, June 22, 2012

ဘယ်တော့မှ စကားတစ်ခွန်းကို Copy and Paste မလုပ်မိစေနဲ့ :P

ဘယ်တော့မှ စကားတစ်ခွန်းကို Copy and Paste မလုပ်မိစေနဲ့ :P



“ ကျွန်တော့်ဘ၀ရဲ့အကောင်းဆုံးအချိန်တွေကတော့ ကျွန်တော့်ဇနီးမဟုတ်တဲ့ အမျိုးသမီးတစ်ယောက် ရဲ့လက်မောင်းပေါ် မှာ အိပ်စက်ခဲ့ရတဲ့အချိန်တွေပါပဲ ။

နားထောင်တဲ့သူတွေ အကုန်လုံးတိတ်ဆိတ်ပြီး လန့်သွားကြတယ် ။ ဟောပြောသူကဆက်ပြောတယ် “ အဲဒီအမျိုး သမီးကတော့ ကျွန်တော့် အမေပါပဲ ”

နားထောင်သူတွေက အားလုံးရယ်မောကြပြီးလက်ခုပ်တွေတီးကြတယ် ။

တစ်ပတ်လောက်ကြာပြီးတဲ့အခါ ဒီဟောပြောသူ ရဲ့ ပွဲတွေတက်ထားတဲ့ ထိပ်တန်းမန်နေဂျာတစ်ယောက် အိမ်မှာ ဒီဟာကို ပြောပြဖို့ကြိုးစားတယ် ။ ညနေစာ စားဖို့ စားပွဲဝိုင်းမှာထိုင်ပြီး အရင်ဆုံးသူရေ တစ်ခွက်သောက် လိုက်တယ် ။ ပြီးတော့ မီးဖိုချောင်ထဲမှာ စားစရာပြင်ဆင်နေတဲ့ ဇနီးဖြစ်သူကိုလှမ်းပြောလိုက်တယ် ။

“ မိန်းမရေ ငါ့ဘ၀ရဲ့အကောင်းဆုံးအချိန်တွေကတော့ ကျွန်တော့်ဇနီးမဟုတ်တဲ့ အမျိုးသမီးတစ်ယောက် ရဲ့လက်မောင်းပေါ် မှာ အိပ်စက်ခဲ့ရတဲ့အချိန်တွေပါပဲ ”

ဇနီးဖြစ်သူက အဲဒီစကားကိုကြားကြားရင် အံ့သြတုန်လှုပ်ပြီး ဒေါသတကြီး ထမင်းစားပွဲဆီလျှောက်လာတယ် ။ အဲဒီအချိန် မှာပဲ ဒီထိပ်တန်းမန်နေဂျာကြီးဟာ နောက်ဆက်ပြောရမယ့် စကားကိုမေ့သွားပြီး အိုးတိုးအ တဖြစ်သွား တယ် ။ ပြီးတော့ သူဆက်ပြောလိုက်တယ်က

“ အဲအဲ...အဲဒီအမျိုးသမီးကို ငါမမှတ်မိတော့ဘူး ”

ပြီးတော့ -- ထိပ်တန်းမန်နေဂျာကြီး အဲဒီအမျိုးသမီးကို မှတ်မိတဲ့အချိန်ကျတော့ သူ ဆေးရုံကိုရောက်နေပါပြီ ။ နာ့စ် တစ်ယောက်က သူ့မျက်နှာပေါ်က ရေနွေးနဲ့အပက်ခံရတဲ့ ဒါဏ်ရာတွေကို ဆေးထည့်ပေးနေတယ်လေ ။

@@@@@@@@@@@@@@@@@@@@@@@@

မှတ်ချက် ။ ။ ဘယ်တော့မှ စကားတစ်ခွန်းကို Copy and Paste မလုပ်မိစေနဲ့ ။ ပြောနေရင်းမေ့ သွားတဲ့အခါ ပြဿနာတက်တက်တယ် ။

သက်တန့်ချို
တိုတိုထွာထွာဘာသာပြန် ။

စာဖတ်ပရိတ်သတ်သူငယ်ချင်းများကို အစဉ်လေးစားသောအားဖြင့်.......................

4 comments:

  1. အဖြူရောင်နတ်သမီးJune 22, 2012 at 5:42 PM

    ဟားဟား..
    အဲဒါ နာ့ကိုပြောတာထင်တယ်..
    ပို့စ်တွေဖတ်ပြီးရင် copy paste လုပ်ပြီး ကောမန့်ပေးနေကျ..း)

    ReplyDelete
  2. ကျွန်တော်တော့ G.Talk မှာ စကားတစ်ခွန်းကို

    ခဏ ခဏ copy & paste လုပ်လုပ်ပြီး ပြောနေရတယ်

    ကိုသက်တန့်ရေ ...။ လိုင်းကျကျသွားတာနဲ့ တခြားဘက်ကို

    message အကုန် မရောက်လို့ ... :)

    ReplyDelete
  3. ၀င်ဖတ်ပြီး ပညာယူသွားပါတယ်နော်။

    ReplyDelete
  4. စကားတစ်ခွန်းကို copy and paste လုပ်တိုင်း တစ်ကယ်ကို အဆင်မပြေဘူးနော်..။ တစ်ခါတစ်လေ တော့လည်း အဆင်ပြေနိုင်တယ်လို့ ထင်တယ်..။

    ReplyDelete