Monday, September 24, 2012

ပြင်ညာရေး စနစ်

ပြင်ညာရေး စနစ်

 

တစ်ခါတုန်းက တောအုပ်ထဲမှာရှိတဲ့တိရိစ္ဆာန်တွေဟာ ကျောင်းတစ်ခု စဖို့ ဆုံးဖြတ်လိုက်ကြတယ် ။ ကျောင်း သားတွေ ထဲမှာ ငှက်တစ်ကောင်ရယ် ၊ ရှဉ့်တစ်ကောင်ရယ် ၊ ငါးတစ်ကောင်ရယ် ၊ ခွေးတစ်ကောင် ရယ် ၊ ယုန်တစ်ကောင်ရယ် ၊ စိတ်ချို့ယွင်းနေရှာတဲ့ ငါးရှဉ့်တစ်ကောင်ရယ်ပါဝင်ပါတယ် ။

ဒီလိုနဲ့ တောတွင်းပညာရေး အဖွဲ့ကနေပြီး သင်ရိုးညွှန်းတမ်းတစ်ခုပြုစုဖို့ဆုံးဖြတ်လိုက်ကြတယ် ။ အဲဒီသင်ရိုး ညွှန်းတမ်းထဲမှာ ပျံသန်းခြင်း ၊ သစ်ပင်တက်ခြင်း ၊ ရေကူးခြင်း ၊ မြေတူးဆွခြင်းတွေပါဝင်ပြီး အဲဒါတွေက ပညာရေးအခြေခံတွေဖြစ်တယ်လို့ယူဆထားကြတယ် ။ တိရိစ္ဆာန်အားလုံးဟာ ဘာသာရပ်အားလုံးကို သင်ကြား ရမှာဖြစ်တယ် ။

ငှက်ဟာ ပျံသန်းခြင်းမှာ အတော်ဆုံးဖြစ်ပြီး A အဆင့်ရသွးတယ် ဒါပေမယ့် မြေတူးဆွခြင်းမှာတော့ အဆင်မပြေခဲ့ ဘူး ။ သူ့အတောင်ပံတွေနဲ့ မြေတူးဆွဖို့ရာ သူ့နှတ်သီးနဲ့လှိုဏ်ခေါင်းတစ်ခုစာရဖို့ တူးဆွဖို့ရာ မှာ အဆင်မပြေတဲ့အတွက် အဲဒီဘာသာရပ်ရှုံးနိမ့်ခဲ့ရတယ် ။ သစ်ပင်တက်ခြင်းမှာ C အဆင့်ရခဲ့ တယ် ရေကူးတဲ့နေရာမှာတော့ F အဆင့်ပဲရခဲ့တယ် ။ ရှဥ့်ကတော့ သစ်ပင်တက်တဲ့နေရာမှာ ဆရာကြီးပါပဲ ဒါပေမယ့် ရေကူးတဲ့နေရာမှာတော့ ရှုံးနိမ့်ခဲ့ရတယ် ။ ငါးဟာလည်းရေကူးတဲ့နေရာမှာ အတော်ဆုံးဖြစ်ပေ မယ့် ရေအပြင်ကိုမထွက်နိုင်ခဲ့ဘူး တခြားအရာတွေမှာ F အဆင့်ပဲရခဲ့တယ် ။ ခွေး ဟာ ကျောင်း ဆက်မတက်တော့ပဲ ကျောင်းအတွက်လခပေးတာကိုလည်းရပ်ခဲ့တယ် ။ ပြီးတော့ ပညာရေး အဖွဲ့ကို သင်ရိုးညွှန်း တမ်းမှာ “ ခွေးဟောင်နည်း ” ပါ ထည့် သင်ဖို့ အတွက် ဆန္ဒပြခဲ့တယ် ။ ယုန် ကတော့ မြေ တူးဆွတဲ့နေရာမှာ A အဆင့်ရပါတယ် ။ ဒါပေမယ့် သစ်ပင်တွေတက်ဖို့ကတော့ သူ့အတွက်ပြဿ နာတစ်ခုဖြစ်နေခဲ့ရတယ် ။ မြေပြင်ပေါ် ခဏခဏပြန်ပြုတ်ကျပြီး ဦးနှောက်ကိုပါ ထိခိုက်ခဲ့ရ တယ် ။ မကြာခင်မှာ မြေတူးဆွခြင်းကိုပါ သိပ်မလုပ်နိုင်တော့ပဲ အဆင့် C ပဲရခဲ့တယ် ။

စိတ်အာရုံချို့ယွင်းနေတဲ့ငါးရှဉ့်ကတော့ အရာရာကို တစ်ဝက်လောက်ပဲလုပ်နိုင်ပြီး သူဟာ တစ်တန်းလုံးမှာ အမှတ်အရဆုံး သတ္တ၀ါဖြစ်ခဲ့တယ် ။ သူ့စိတ်ထဲမှာ ပျံသန်းခြင်းလည်းမရှိ တူးဆွခြင်းလည်းမရှိ ၊ သစ်ပင် တက်ခြင်းလဲမရှိ ခဲ့ဘူး ။

တောတွင်းပညာရေးအဖွဲ့ကတော့ သူတို့ရဲ့ သင်ရိုးညွှန်းတမ်းကို သတ္တ၀ါတိုင်းသင်ယူကြတယ် သူတို့အောင်မြင် တယ်ဆိုပြီးပျော်နေခဲ့ကြတယ် ။

------------------------------------------------

တကယ့်ပညာရေးစနစ်ဆိုတာဟာ ကျောင်းသားတွေရဲ့ တစ်ဘ၀စာ ရေရှည်အ တွက်ပြင် ဆင်ပေးခြင်းဖြစ်တယ် ။ အထူးသဖြင့် ကျောင်းသားတစ်ဦးချင်းစီရဲ့ အရည်အသွေးနဲ့ ၊ မွေးရာပါ ထူးချွန်တဲ့ ဗီဇ အစွမ်းအစတွေကို ထိခိုက်စေခြင်းမရှိပဲနဲ့ပေါ့ ။

အားလုံးနဲ့လိုက်လျောညီထွေဖြစ်မယ့်သင်ရိုးညွှန်းတမ်းတစ်ခုကိုပြုစုဖို့ဆိုတာ လွယ်ကူတဲ့အလုပ်တစ် ခုတော့မ ဟုတ် ပါဘူး ။ဒါပေမယ့်မလိုအပ်တဲ့ အရာတွေ ( ကျောင်းသားတစ်ဦးချင်းစီရဲ့ အရည်အသွေးနဲ့ ၊ မွေးရာ ပါ ထူးချွန်တဲ့ဗီဇ အစွမ်းအစတွေကို ထိခိုက်စေတဲ့အရာတွေ ) ကို ဖယ်ထုတ်ပြီး အားလုံးနဲ့လိုက်လျောညီထွေဖြစ်မယ့် အားလုံးကို အကောင်ဆုံး ကျောင်းပညာရေးသာမက ဘ၀ပညာရေးပါ တတ်စွမ်းအောင်သင်ပေးနိုင်တဲ့ သင်ရိုးညွှန်းတမ်း ကျောင်းပညာရေးဖြစ်ဖို့လိုပါတယ် ။

သက်တန့်ချို
Broad Based Education? အားခံစားဘာသာပြန်သည် ။

စာဖတ်ပရိတ်သတ်သူငယ်ချင်းများကို အစဉ်လေးစားသောအားဖြင့်.......................

1 comment:

  1. အန်တီလေးမေခင်September 26, 2012 at 10:04 PM

    တကယ့်ပညာရေးစနစ်ဆိုတာဟာ ကျောင်းသားတွေရဲ့ တစ်ဘ၀စာ ရေရှည်အ တွက်ပြင် ဆင်ပေးခြင်းဖြစ်တယ် ။ အထူးသဖြင့် ကျောင်းသားတစ်ဦးချင်းစီရဲ့ အရည်အသွေးနဲ့ ၊ မွေးရာပါ ထူးချွန်တဲ့ ဗီဇ အစွမ်းအစတွေကို ထိခိုက်စေခြင်းမရှိပဲနဲ့ပေါ့ ။
    ကောင်းသောပိုစ်.လေးအားပေးသွားပါတယ်ကွယ်။

    ReplyDelete