Friday, September 28, 2012
စိန်မြေဧကပေါင်းများစွာ
စိန်မြေဧကပေါင်းများစွာ
တစ်ခါတုန်းက အာဖရိက မှာ လယ်သမားတစ်ယောက်ရှိတယ် ။ အဲဒီလယ်သမားဟာ လယ်ယာအလုပ်လုပ်ရင်း ပျော်ရွှင်ခြင်းနဲ့ ကျေနပ်ရောင့်ရဲခြင်းကို ပိုင်ဆိုင်ထားတယ် ။ သူဟာ ရောင့်ရဲမှုရှိတဲ့အတွက်ပျော်ရွှင်ရတယ် ။ အဲဒီလိုပဲ သူဟာပျော်ရွှင်မှုရှိတဲ့အတွက် ရောင့်ရဲတင်းတိမ်နိုင်တယ် ။
တစ်နေ့မှာတော့ ပညာရှိ အဖိုးအိုတစ်ဦးက လယ်သမားဆီရောက်လာပြီး စိန် တွေရဲ့ ကျော်ကြားမှု ဂုဏ်သရေရှိမှုနဲ့ စွမ်းအားတွေအကြောင်းကို ပြောတယ် ။
“ သင်ဟာ သင့်လက်မအရွယ်အစားလောက် စိန်တစ်လုံးကို ပိုင်ဆိုင်ရရင် သင့်မှာ ကိုယ်ပိုင်မြို့ တစ်ခုရှိလာလိမ့်မယ် သင်ဟာ သင့် လက်သီးဆုပ်အရွယ်အစားလောက်စိန်တစ်လုံးပိုင်ဆိုင်ရရင် သင့်မှာ ကိုယ်ပိုင်နိုင်ငံရှိလာလိမ့်မယ် ” အဲဒီလိုပြောပြီး ပညာရှိ အဖိုးအိုဟာ လယ်သမားဆီကနေ ထွက်ခွာသွားခဲ့တယ် ။
အဲဒီညမှာ လယ်သမားဟာ ကောင်းကောင်းအိပ်မပျော်နိုင်ခဲ့ဘူး ။ သူဟာ မပျော်ရွှင်တော့ဘူး ပြီးတော့ ရောင့်ရဲတင်းတိမ်ခြင်းတွေဟာလည်းသူ့ဆီကနေအဝေးကိုထွက်ပြေးသွားတော့တယ် ။ သူဟာ မရောင့်ရဲနိုင်တော့တဲ့အတွက် မပျော်ရွှင်တော့ဘူး ..အဲဒီလိုပဲ သူဟာ မပျော်ရွှင်တော့တဲ့အတွက် မရောင့်ရဲနိုင်တော့ဘူး ။
နောက်တစ်နေ့မနက်မှာ သူဟာ သူ့လယ်တွေကို အငှားချထားဖို့သဘောတူညီမှုလုပ်ခဲ့ပြီး သူ့မိသားစုကိုခေါ်ဆောင်လို့ စိန်တွေရှာဖို့သူဟာ ထွက်ခွာခဲ့တယ် ။ အာဖရိက နယ်ပယ်ဒေသ အားလုံးကို သူ လိုက်ရှာပါတယ် ဒါပေမယ့် သူ ရှာမတွေ့ခဲ့ဘူး ။ ဒီလိုနဲ့လယ်သမားဟာ ဥရောပဒေသတွေအထိပါရောက်လာပြီး ရှာပေမယ့် မတွေ့ခဲ့ပြန်ဘူး ။ သူ စပိန်နိုင်ငံကိုရောက်လာတဲ့အခါ သူ့မှာ စိတ်ပိုင်းဆိုင်ရာရော ရုပ်ပိုင်းဆိုင်ရာရော ငွေကြေး အခြေအနေရော အတော်လေးကို ချို့တဲ့နေခဲ့ပါပြီ ။
သူဟာ စိတ်ဓါတ်တွေအကြီးအကျယ် ကျပြီး သူ့ကိုယ်သူ မြစ်ထဲခုန်ဆင်းပြီး သတ်သေဖို့လောက်အထိ အတွေးတွေဝင်လာခဲ့တယ် ။ ဒီလိုနဲ့ သူဟာ သူ့နဂိုနေရာလေးကို ပြန်ရောက်လာတဲ့အချိန်မှာတော့ သူ့လယ်တွေကို အငှားလုပ်နေတဲ့သူဟာ လယ်တွေအလယ်ကနေ ဖြတ်စီးနေတဲ့စမ်းချောင်းလေးဆီကနေ ရေတွေကို ပုံးနဲ့ယူပြီး လယ်တွေကို ရေ လောင်းနေတာတွေ့လိုက်ရတယ် ။ အဲဒီအချိန်စမ်းချောင်းလေးကိုဖြတ်ပြီးတော့ နံနက်ခင်းရဲ့နေရောင်ဟာ ကျောက်တုံးတွေပေါ် ဖြာကျ နေလျှက်ရှိပြီး ရောင်စဉ်တွေဟာ သက်တံ တစ်စင်းလိုဖြစ်ပေါ်နေတာကိုတွေ့လိုက်ရတယ် ။
လယ်သမားက ဒီမြင်ကွင်းလေးဟာ အရမ်းကိုကြည်နူးဖို့ကောင်းတယ်လို့ တွေးလိုက်မိတယ် ။ ဒီလိုနဲ့လယ်သမားဟာ သက်တံလေးကျဆင်းနေတဲ့ ကျောက်တုံးလေးကို ကောက်ယူပြီး အိပ်ခန်းထဲမှာ ထည့်ထားလိုက်တယ် ။ နေ့လည်ရောက်လာတဲ့အခါ ပညာရှိအဖိုးအိုပြန်ရောက်လာပြီး အရောင်တောက်ပနေတဲ့ကျောက်တုံးလေးကိုတွေ့မြင်ခဲ့တယ် ။ သူက အငှားလယ်သမားကိုမေးလိုက်တယ် “ အရင်လယ်သမား Hafiz ပြန်ရောက်ပြီလား ” အငှားလယ်သမားကပြန်ဖြေတယ် “ ဟင့်အင်းမတွေ့မိပါဘူးဘာလို့မေးတာလဲ ”
အဖိုးအိုကပြန်ဖြေတယ် “ ဘာကြောင့်လည်းဆိုတော့ ဒါဟာ စိန်တစ်ပွင့်ပဲလေငါ လူတစ်ယောက်ကို မြင်လိုက်တဲ့အခါ အဲဒီလူကို အမြဲမှတ်မိနေတတ်တယ် ” အဲဒီအချိန်မှာ ပိုင်ရှင်လယ်သမားဟာ အိမ်ထဲကထွက်လာပြီး အဖိုးအိုကတွေ့သွားခဲ့တယ် ။ အဖိုးအိုက လယ်သမားကိုပြုံးပြလိုက်ပြီး “ မင်း စိန်တွေရှာတွေ့ခဲ့ပြီလား ” လယ်သမားက ဖြည်းညှင်းစွာ ခေါင်းခါလိုက်တယ် ။
အဖိုးအိုကပြုံးလိုက်ပြီး “ ဒါဟာ စိန်ပွင့်တွေလေ ” ကျောက်တုံးကို လက်ညှိုးထိုးပြလိုက်တယ် ။ အဲဒီအခါ ဘေးက ရပ်ကြည့်နေတဲ့အငှားလယ်သမားက ၀င်ပြောလိုက်တယ် “ ဟင့်အင်းမဖြစ်နိုင်ပါဘူးအဖိုး ဒီကျောက်တုံးက ကျွန်တော်စမ်းချောင်းထဲကနေ ဆယ်ထားတဲ့ကျောက်တုံးလေးပါ စိန်မဟုတ်ပါဘူး ” “ ကဲဒါဆိုလာ ငါပြမယ် ” ဆိုပြီး သူတို့ဟာစမ်းချောင်းလေးဆီထွက်ခွာသွားကြတယ် ။ ပြီးတော့ စမ်းချောင်းထဲက ကျောက်တုံးအနည်းငယ်ကို နမူနာအဖြစ်ယူပြီး စိန်အစစ်တွေဟုတ်မဟုတ် သုတေသနတွေလုပ်ခဲ့ကြတယ် ။
အံ့သြစရာ ကောင်းတဲ့ဖြစ်ရပ်က အဲဒီကျောက်တုံးလေးတွေဟာ စိန်ပွင့်တွေဖြစ်နေခဲ့တယ် ။ လယ်သမားဟာ ဒီလယ် ဧက တစ်ခုလုံးကို စိန်တွေနဲ့ ဖုံးအုပ်ထားတယ်ဆိုတာ နားလည်သွားတယ် ။ အဖိုးအိုက လယ်သမားကို ကြည့်ပြီး စကားတစ်ခွန်းပြောတယ် ။
“ သင်ဟာ စိန်တွေရှိရဲ့သားနဲ့ဘ၀ရဲ့ ပျော်ရွှင်မှုအစစ် ဘ၀ရဲ့အနှစ်သာရ သင်ပိုင်ဆိုင်ရတဲ့ တိုင်းပြည်လေးကို သင်မမြင်ရသေးပဲကိုး ” ဆိုပြီး ထွက်ခွာသွားပါတော့တယ် ။
---------------------------------------------
ကျွန်တော်တို့အားလုံး သင်အပါအ၀င် စိန်တွေခင်းတဲ့စိန်တွေပြည့်နေတဲ့မြေပြင်ဧကပေါင်းများစွာမှာ လမ်းလျှောက်နေကြတာပါ ။ အခွင့်အရေးနဲ့အခွင့်အလမ်းမှန်သမျှဟာ ကျွန်တော်တို့ခြေထောက်တွေအောက်မှာရှိကြတယ် ။ တကယ်တော့ ကျွန်တော်တို့ ဘယ်ကိုမှ ထူးထူးထွေထွေသွားနေစရာမလိုပါဘူး ကျွန်တော်တို့ လိုအပ်တာက အဲဒီသဘောတရားကိုနားလည်ထားဖို့ပဲ ။
“ တခြားဖက်မှာ မြင်ရတဲ့မြက်ခင်းပြင်တွေဟာ အမြဲစိမ်းလန်းနေလိမ့်မယ် ” ကျွန်တော်တို့ ဒီဖက်မှာ မြက်ခင်းတွေ စိမ်းလန်းအောင်လုပ်နေချိန်မှာ တခြားဖက်မှာလည်း တခြားသူတွေက မြက်ခင်းပြင်တွေကို စိမ်းလန်းအောင်လုပ်နေကြလိမ့်မယ် ။ သူတို့ဟာ ကျွန်တော်တို့နဲ့ အတူတကွပူးပေါင်းလုပ်ဆောင်ခြင်းအားဖြင့် ပျော်ရွှင်ကြလိမ့်မယ် ။
လူတွေဟာ အခွင့်အရေးကို ဘယ်လို လက်ခံတတ်ရမယ်ဆိုတာ မသိခဲ့ကြဘူး သူတို့ဟာ အခွင့်အရေးက တံခါး လာခေါက်တဲ့အခါ ဆူဆူညံညံလုပ်ပြီး ပြန်လွှတ်တတ်ကြတယ် ။
တူညီတဲ့အခွင့်အရေးဆိုတာ ဘယ်တော့မှ နှစ်ခါတံခါးလာခေါက်လေ့မရှိဘူး ။ နောက်တစ်ကြိမ်ဆိုတာ ပိုကောင်းတာလည်းဖြစ်နိုင်သလို ပိုဆိုးတာလည်းဖြစ်နိုင်တယ် ဒါပေမယ့် ပထမတစ်ကြိမ်လောက်တော့ဘယ်တော့မှ တူညီမှာမဟုတ်တော့ဘူး ။
သက်တန့်ချို
Acres of Diamond အားခံစားဘာသာပြန်သည် ။
Subscribe to:
Post Comments (Atom)
very good???????
ReplyDeleteသား သက် တန့် ရေ အာ ဖ ရိ က မှာ စိန် တွေ ပေါ နေ တာ အန် တီ လေး မေ ခင် လည်း အီ သီ ယို ပီး ယား သွား ပြီး စိန် ရှာ ဦး မယ် အန် တီ မ ကြာ ခင် သွား တော့ မှာ လေ သား ဘာ မှာ ဦး မ လဲ အန် တီ စိန် ရ မှ ပဲ အီ သီ ယို ပီး ယား က ပြန် ခဲ့ တော့ မယ်။ သက် တန့် ချို ကို အား ပေး နေ တဲ့
ReplyDeleteအန် တီ လေး မေ ခင်(အီ သီ ယို ပီး ယား မ သွား ခင်)
အရမ်းကောင်းပါတယ်
ReplyDelete