တစ်ခါတုန်းက လမ်းဘေးဆိုင်လေးမှာ ဟော့ဒေါ့ရောင်းတဲ့လူတစ်ဦးရှိခဲ့တယ် ။ သူဟာ စာမတတ်တဲ့ အတွက်ကြောင့်ဘယ်တော့မှသတင်းစာတွေမဖတ်ဘူး ။ သူဟာ နားသိပ်မကြားတဲ့အတွက် ဘယ်တော့ မှ ရေဒီယိုနားမထောင်ဘူး ။ သူဟာ အမြင်အာရုံမွဲတဲ့အတွက်ကြောင့် ဘယ်တော့မှ ရုပ်မြင်သံကြား မကြည့်ဘူး ။ ဒါပေမယ့်သူ့ဝါသနာနဲ့စိတ်ထက်သန်မှုအရ သူဟာ ဟော့ဒေါ့တွေအများကြီးရောင်းရတယ် ။
သူ့ရဲ့အကျိုးအမြတ်နဲ့ ရောင်းအားဟာ တဖြည်းဖြည်းမြင့်တက်လာခဲ့တယ် ။ သူဟာ အသားတွေများ များပိုမှာတယ် ပြီါ်တော့ သူ့လုပ်ငန်းသူ ကြီးထွားအောင် ပိုကြီးပြီးပိုကောင်းတဲ့မီးဖိုတစ်ခုလည်း ၀ယ်ယူခဲ့ တယ် ။ သူ့လုပ်ငန်းဟာ အောင်မြင်လာတဲ့အတွက် သူ့သားဖြစ်သူ တက္ကသိုလ်ကျောင်းဆင်းဟာ သူနဲ့အလုပ် အတူတွဲလုပ်ဖို့ ရောက်လာခဲ့တယ် ။
အဲဒီမှာ ထူးထူးဆန်းဆန်းပါပဲ ။ သားဖြစ်သူကမေးတယ် ။ “ အဖေ ..ကျွန်တော်တို့ အခု စီးပွားရေး ကျဆင်းလာနိုင်တာ အဖေ သတိမပြုမိဘူးလား ”
ဖခင်ဖြစ်သူကပြန်ဖြေတယ် “ ဟင့်အင်း ဒါပေမယ့် ငါ့ကို အဲဒီအကြောင်းပြောပြပါဦး ” သားဖြစ်သူက ဆက်ပြောတယ် “ အခုအပြည်ပြည်ဆိုင်ရာအခြေအနေတွေက အရမ်းကြောက်ဖို့ကောင်းအောင် ဆိုးရွားနေ တယ် ပြည်တွင်းစီးပွားရေးအခြေအနေဆိုပိုတောင်ဆိုးသေးတယ် ကျွန်တော်တို့လာမယ့် ဆိုးရွားတဲ့အ ချိန်တွေအတွက်ကြိုတင်ပြင်ဆင်ထားသင့်တယ် ”
အဲဒီအချိန် ဟော့ဒေါ့ရောင်းတဲ့လူက စဉ်းစားတယ် ။ သူ့သားဟာ တက္ကသိုလ်ကျောင်းဆင်းလည်းဖြစ်တယ် သတင်းစာလည်း ဖတ်တယ် ရေဒီယိုလည်းနားထောင်တယ် ဒီတော့ သူအရာရာကို သိနိုင်တယ် သူ့အကြံဥာဏ်ကို အပြင်းအထန်လိုက်နာသင့်တယ် လို့တွေးလိုက်တယ် ။ ဒါကြောင့်နောက် တစ်နေ့မှာ ဖခင်ဖြစ်သူက အသားမှာတာကို ရပ်ဆိုင်းလိုက်ပြီး အော်ဒါတွေကိုလည်းဖယ်ဖျက်လိုက်တယ် ။ အလုပ်ကို လည်း အရင်လို စိတ်ဝင်တစားမလုပ်ခဲ့တော့ဘူး ။ သိပ်မကြာခင်မှာပဲ လူတွေဟာ နည်းသထက်နည်း လာခဲ့ပြီး သူ့ဟော့ဒေါ့ဆိုင်လေးဟာ မရောင်းရသလောက်ဖြစ်လာခဲ့တယ် ။ ရောင်းအားဟာ လျှင်မြန်စွာ ကျဆင်းလာခဲ့တယ် ။ ဖခင်ဖြစ်သူကသားဖြစ်သူကိုပြောတယ် ။
“ သား မင်းမှန်တယ် ငါတို့အခု အခြေအနေဆိုးတွေအလယ်ကိုရောက်နေပြီမင်းငါ့ကို အချိန်မီသတိပေးတာ ငါအရမ်း ၀မ်းသာတယ် ”
-----------------------------------------------------
အကြိမ်ပေါင်းများစွာ ကျွန်တော်တို့ဟာ ဥာဏ်ရည်ဥာဏ်သွေးနဲ့ ကောင်းမွန်သော ဦးဆောင်ခြင်းကို လွဲမှား ရှုပ်ထွေးစေလေ့ရှိကြတယ်
ဥာဏ်ရည်ဥာဏ်သွေးကောင်းတဲ့သူတစ်ယောက်မှာလည်း ခေါင်းဆောင်မှု ညံ့ဖျင်းခြင်းဆိုတာရှိနိုင်တယ် ။ ဥာဏ်ရည် ဥာဏ်သွေးကောင်းတိုင်း ဦးဆောင်နိုင်တယ်လို့ သင်မယုံကြည်ပါနဲ့ ။
သင့်ကို အကြံပေးသူတွေရဲ့ အကြံဥာဏ်တွေကို သေချာစွာ ရွေးချယ်ပါ ဒါပေမယ့် ဆုံးဖြတ်တဲ့အခါ သင့်ကိုယ် ပိုင် ဦးဆောင်မှုနဲ့သာဆုံးဖြတ်ပါ ။
အခြေအနေဆိုးတွေဆိုတာ သေသေချာချာပြန်စဉ်းစားကြည့်ရင်ကိုယ်ကိုယ်တိုင်ပဲ ဖန်တီးခဲ့တာ ဖြစ်နေ တာများတယ် ။
သက်တန့်ချို
Education and Good Judgement. အားခံစားဘာသာပြန်သည် ။
ဥာဏ်ရည်ဥာဏ်သွေးကောင်းတဲ့သူတစ်ယောက်မှာလည်း ခေါင်းဆောင်မှု ညံ့ဖျင်းခြင်းဆိုတာရှိနိုင်တယ် ။ ဥာဏ်ရည် ဥာဏ်သွေးကောင်းတိုင်း ဦးဆောင်နိုင်တယ်လို့ သင်မယုံကြည်ပါနဲ့ ။
ReplyDeleteသင့်ကို အကြံပေးသူတွေရဲ့ အကြံဥာဏ်တွေကို သေချာစွာ ရွေးချယ်ပါ ဒါပေမယ့် ဆုံးဖြတ်တဲ့အခါ သင့်ကိုယ် ပိုင် ဦးဆောင်မှုနဲ့သာဆုံးဖြတ်ပါ ။
အားပေးသွားပါတယ်ကွယ်ခင်တဲ့အန်တီလေးမေခင်
အခြေအနေဆိုးတွေဆိုတာ သေသေချာချာပြန်စဉ်းစားကြည့်ရင်ကိုယ်ကိုယ်တိုင်ပဲ ဖန်တီးခဲ့တာ ဖြစ်နေ တာများတယ် ။
ReplyDeleteမှတ်သားစ၇ာပိုစ့်ကောင်းလေးအားပေးသွားပါတယ်အကို
ကိုသက်တန့်ချို
ReplyDeleteအခုလိုဆောင်ပါးလေးတွေ ရေးတင်ပေးတဲ့အတွက် ကျေးဇူးပါ။
ညီမမှာ ပြဿနာတစ်ခု၇ှိတယ်။
အဲဒါက ကိုယ့်ကိုကိုယ်မယုံကြည်ဘူး။ ဆုံးဖြတ်ချက်မှန်မှန်မချနိုင်ဘူး။
မတွေးတောတတ်ဘူး ဖြစ်နေတယ်။
အဲဒါတွေပျောက်အောင် ဘယ်လိုလုပ်ရမလဲ။
သေချာလေးဖြေပေးပါနော်