Tuesday, October 2, 2012

တူးသောင်ဇင်ဆဲဗန်းအထက် ၊ Hire Purchase စနစ် နှင့် ကားအိပ်မက်များ

တူးသောင်ဇင်ဆဲဗန်းအထက် ၊ Hire Purchase စနစ် နှင့် ကားအိပ်မက်များ


ဒီတစ်ခါတော့ထူးထူးခြားခြားကိုယ်တစ်ခါမှမရေးဖူးတဲ့ ပို့စ်လေးတစ်ခု ရေးကြည့်ချင်စိတ်ပေါ်လာခဲ့တယ် ။ အဲဒါကတော့ ခေါင်းစဉ်မှာ တပ်ထားတဲ့အတိုင်း “ံတူးသောင်ဇင်ဆဲဗန်းအထက် ၊ Hire Purchase စနစ် နှင့် ကားအိပ်မက်များ ” ဆိုတဲ့အကြောင်းပဲဖြစ်ပါတယ် ။ ကျွန်တော်ရှည်ရှည်ဝေးဝေး ဇာမချဲ့တော့ပါဘူး ။ သူများနိုင်ငံတွေမှာ ကားတွေ နဲ့တကွ တန်ဖိုးမြင့်ပစ္စည်းတွေကို Down Payment ကို ၂၀ % သို့မဟုတ် ၃၀% ပေးပြီး တစ်နှစ်ဖြစ်စေ နှစ်နှစ်ဖြစ်စေ အရစ်ကျ ဘဏ်တွေနဲ့ချိတ်ဆက်ဝယ်ယူနိုင်တဲ့စနစ်ကြောင့် ငွေ တစ်လုံးတစ်ခဲတည်းပေးစရာမလိုသလို လိုချင်တဲ့ တန်ဖိုးမြင့်ပစ္စည်းတွေလည်း လက်ဝယ်ပိုင်ဆိုင်မှုရခဲ့ကြတယ် ။

Hire Purchase ကို ဘယ်သူတွေ စိတ်ဝင်စားကြသလဲ ?

ဒီမေးခွန်းဟာ သိပ်ကို ကောင်းတဲ့မေးခွန်းတစ်ခုဖြစ်တယ် ။ HP ကို စိတ်ဝင်စားကြသူတွေဟာ ငွေအလုံးအရင်း အများကြီးကို တစ်ခါတည်းပေးဖို့မတတ်နိုင်တဲ့သူတွေဖြစ်ပြီး ကိုယ်ပိုင်လစာလေးနဲ့ လစဉ်အရစ်ကျ ပေးသွင်းဖို့အဆင်ပြေတဲ့သူတွေဖြစ်ပါလိမ့်မယ် ။ ဒါဟာ ရှင်းလင်းတဲ့အဖြေတစ်ခုပါ ။ ကိုယ့်ဆီမှာ အလုံးအရင်းရှိရဲ့နဲ့ HP ကို အတိုးတွေပေးပြီး ၀ယ်မဲ့သူတွေကတော့နည်းမယ်ထင်ပါတယ် ရှိကောင်းရှိပါလိမ့်မယ် ငွေအလုံးအရင်းကိုမပြိုပျက်ချင်လို့ လစဉ်လေးပေးတော့မသိသာဘူးဆိုပြီး စိတ်ဝင်စားသူတွေလည်းရှိကောင်းရှိပါလိမ့်မယ် ။

AGD Bank ၏ HP စနစ်အား လေ့လာကြည့်မိခြင်း




အမှန်တော့ ဒီဆောင်းပါးစရေးဖြစ်တာ AGD ရဲ့ ပထမ ဆောင်းပါးဖြစ်တဲ့ ငွေကြေးအာမခံ နဲ့ အာမခံ ပုဂ္ဂိုလ်နှစ်ဦး ထားရှိပေးရမယ်ဆိုတဲ့အချက်ပေါ် ရေးချင်လို့ ဖြစ်တယ် ။ ဒါပေမယ့် ဒီမနက်ရောက်မှ စာတွေလိုက်ဖတ်ကြည့် တော့ “ ကား အရစ်ကျဝယ်ယူခြင်း အတွက် စနစ်အသစ် ” ဆိုတဲ့လင့်လေးကို ဖတ်ကြည့်လိုက်မိတယ် ။

“ ယခင်က ငွေကြေးအာမခံဖြင့်သာ ဝယ်ယူနိုင်ကြသည့်စနစ်အစား၊ ယခုအခါတွင် ငွေကြေးအာမခံမလိုဘဲ မည်သူမဆို ဝယ်ယူနိုင်ပြီဖြစ်ပါကြောင်း သတင်းကောင်း ပေးအပ်ပါသည် ”

၁။ ရောင်းချသည့်မော်တော်ယာဉ်အား မြန်မာ့အာမခံလုပ်ငန်းတွင် အလုံးစုံ အာမခံထားရှိပေးရမည်။

၂။ သက်တမ်းမပြည့်မီ ပြန်လည်ပေးဆပ်သော ချေးငွေများအတွက် ငှားရမ်းခ ပြန်လည်ထုတ်ပေးခြင်း (Refund) နှင့် အရစ်ကျ ပေးသွင်းရန် ပျက်ကွက်ခြင်းများအတွက် ပျက်ကွက်ကြေး (Penalty) စနစ်များလည်း ရှိပါသည်။

၃ ။  သက်တမ်းနှင့် နှုန်းထားများ -

သက်တမ်း ၁နှစ် ကနဦး ပေးသွင်းငွေ ၂၀% သတ်မှတ်ပါက -

ငှားရမ်းခ (Rental Fees)                 ၈%
ဝန်ဆောင်ခ (Service Charges)      ၁%

သက်တမ်း ၁နှစ် ကနဦး ပေးသွင်းငွေ ၃၀% သတ်မှတ်ပါက -

ငှားရမ်းခ (Rental Fees)                 ၇%
ဝန်ဆောင်ခ (Service Charges)      ၁%

သက်တမ်း ၁နှစ် ကနဦး ပေးသွင်းငွေ ၄၀% သတ်မှတ်ပါက -

ငှားရမ်းခ (Rental Fees)                 ၅%
ဝန်ဆောင်ခ (Service Charges)      ၁%

သက်တမ်း ၂နှစ် ကနဦး ပေးသွင်းငွေ ၂၀% သတ်မှတ်ပါက -

ငှားရမ်းခ (Rental Fees)                 ၁၂%
ဝန်ဆောင်ခ (Service Charges)      ၁%

သက်တမ်း ၂နှစ် ကနဦး ပေးသွင်းငွေ ၃၀% သတ်မှတ်ပါက -

ငှားရမ်းခ (Rental Fees)                 ၁၁%
ဝန်ဆောင်ခ (Service Charges)      ၁%

ရေးထားတာ ဒီအထိ တော့ရှင်းရှင်းလင်းလင်းပါပဲ ဒါပေမယ့် နုတ်စ်အောက်မှာ ရေးထားတဲ့ ကွန်းမန့်တွေကို စိတ်ဝင်စားလို့ ဖတ်ကြည့်ပြီး မေးခွန်းနဲ့အဖြေအဖြစ် ကျွန်တော် စိတ်ဝင်စားတဲ့ အချက်လေးတွေကို ထုတ်နုတ်ကြည့်လိုက်ပါတယ် ။

မေး - ငှားရမ်းခ နှင့် ၀န်ဆောင်ခ ကို လတိုင်းပေးရမှာလား
ဖြေ -  ငှားရမ်းခနှင့် ၀န်ဆောင်ခ သည် ကနဦး ပေးချေသော ငွေအဖြစ် ပေးချေရမည် ဖြစ်ပြီး လစဉ်လတိုင်း ပေးချေစရာ မလိုအပ်ပါ။

မေး - နားမရှင်းပါ။ ဥပမာပေးပြီး ရှင်းပြစေလိုပါသည်။ သိန်း ၁၀၀ တန်ကား ၁နှစ် အရစ်ကျပေးဝယ်လျှင် ဘဏ်သို့ မည်မျှ လစဉ် ပေးသွင်းရမယ် ဆိုတာမျိုး။
ဖြေ - သိန်းတစ်ရာတန် ကားအတွက် သက်တမ်း ၁နှစ် ကနဦး ပေးသွင်းငွေ ၂၀% ဖြင့် သတ်မှတ်ပါက - ကနဦးပေးသွင်းငွေ ၂၀% + ဝန်ဆောင်ခ ၁%+ ငှားရမ်းခ ၈% ကို ပထမဦးဆုံး ပေးသွင်းရပါမည်။ ကျန်ငွေ ၈၀% ကို ၁၂လ ခွဲ သွင်းပေးရပါမည်။

မေး - AGD မေးပါရစေ။  ပြုလုပ်ပုံ အဆင့်ဆင့်ကို နားလည်ပါသည်။ သို့သော် ငှားရမ်းခကို ဘာကြောင့် ၁၀၀% ပေါ်မှာ ယူရတာလဲ?။ ဝယ်သူဘက်မှ ၂၀%ကို Down Payment ပေးထားသောကြောင့် ငှားရမ်းခကို ၈၀%ပေါ်တွင်ယူမှသာ တရားမျှတမှု ရှိမှာပေါ့။ သေချာပြန် သုံးသပ်ပေးပါဦး။ဝယ်သူမှ ကိုယ့်ငွေ ၂၀%ပေါ် ကိုယ်ငှားရမ်းခ ပြန်ပေးနေသလို ဖြစ်နေပါတယ်။
ဖြေ - အာရှစိမ်းလန်းမှုဖွံ့ဖြိုးရေးဘဏ်အပါအဝင် မြန်မာနိုင်ငံအတွင်းရှိ ဘဏ်လုပ်ငန်းနှင့် ငွေရေးကြေးရေးအဖွဲ့အစည်းများအားလုံးသည် မြန်မာနိုင်ငံတော်ဗဟိုဘဏ်သတ်
မှတ်ထားသည့် လမ်းစဉ်များ၊ စည်းမျဉ်းဘောင်များ၊ ကန့်သတ်ချက်များအတွင်း၌သာ ဆောင်ရွက်နေရပြီး ထိုစည်းမျဉ်း ကန့်သတ်ချက်မူဝါဒများအတွင်းမှ ဝန်ဆောင်မှုကိုအတတ်နိုင်ဆုံးပေးရပါသည်။ AGD ဘဏ်အနေဖြင့် rental fees များ တွက်ချက်ကောက်ခံရခြင်းမှာလည်း ထိုနည်းလည်းကောင်းပင်ဖြစ်ပါသည်။ ဘဏ်လုပ်ငန်းများ၊ ငွေရေးကြေးရေးဆိုင်ရာ အဖွဲ့အစည်းများသည် သတ်မှတ်ထားသည့် ကန့်သတ်ချက်များကို ကျော်လွန်ဆောင်ရွက်ခွင့် မရှိပါ။ ငှားရမ်းကာလသတ်မှတ်ချက်များသည် ဘဏ်နှင့်ဆက်သွယ်ဆောင်ရွက်သည့် ကုမ္ပဏီများ၏လုပ်ထုံးလုပ်နည်းနှင့် သဘောတူညီချက်ပဋိဥာဉ်များဖြင့် သက်ဆိုင်ပါသည်။ အာရှစိမ်းလန်းမှုဖွံ့ဖြိုးရေးဘဏ်လီမိတက် အနေဖြင့် မြန်မာတစ်မျိုးသားလုံးဖွံ့ဖြိုးတိုးတက်စေရန်ရည်သန်၍ အကောင်းဆုံး ဝန်ဆောင်မှုများကို အဆင်ပြေဆုံးဖြစ်အောင်ပေးသွားမည်ဖြစ်ပါသည်။

မေး - အရင်ကလို အာမခံ၂ဦးထားပေးစရာမလိုတော့ဘူးပေါ့....ဘာအရင်စလုပ်ရမလဲ
ဖြေ - (၁) ပထမဦးစွာ သက်ဆိုင်ရာ အရောင်းဆိုင်သို့ သွားရောက်ပြီး ၀ယ်ယူလိုသည့် ပစ္စည်း အမျိုးအစားနှင့်ဈေးနှုန်းအား ရွေးချယ် ရပါမည်။
(၂) ပစ္စည်းရွေးချယ်ပြီးပါက ပစ္စည်းရောင်းချသူထံမှ Hire Purchase စနစ်ဖြင့် ပစ္စည်းဝယ်ယူခွင့်ပြုစာနှင့် စာရွက်စာတမ်းများအား ယူဆောင်၍ အောက်ဖော်ပြပါ အချက်အလက်များနှင့်အတူ ဘဏ်သို့ လာရောက်ဆက်သွယ်ရပါမည်။ ၀ယ်ယူသူနှင့် ပတ်သတ်သော -
ပုဂ္ဂလိကဖြစ်ပါက
- မှတ်ပုံတင်မိတ္တူ။
- အိမ်ထောင်စုစာရင်းမိတ္တူ။
- လိပ်စာပါ ရပ်ကွက်နေအိမ်တွင်နေထိုင်ကြောင်း ရပ်ကွက်/ကျေးရွာ၏ထောက်ခံစာ။
(၃) ပစ္စည်းဝယ်ယူသူသည် ဘဏ်တွင် Account ဖွင့်ပြီး သတ်မှတ်သည့် ကနဦးပေးသွင်းရမည့် ငွေများ ပေးသွင်းပြီး ပါက ဘဏ်မှ ထုတ်ပေးသော ပစ္စည်းထုတ်ယူခွင့် အကြောင်းကြားစာနှင့် အတူ သက်ဆိုင်ရာဆိုင်တွင် မိမိဝယ်ယူလိုသည့် ပစ္စည်းကို ရယူနိုင်ပြီ ဖြစ်ပါသည်။
(၄) ၀ယ်သူသည် အရစ်ကျပေးသွင်းရန် ရှိသည့်ငွေကို သတ်မှတ်ထားသည့် သက်တမ်းအလိုက် ဘဏ်သို့ ဆက်လက်ပေးသွင်းရပါမည်။

မေး - ငှားရမ်ခ အပြင် ဘဏ်စိုက်ထုတ်သောငွေအတွတ် အတိုးရောပေချေးရမည်လား။
ဖြေ - ငှားရမ်းခ သာ ပေးစရာ လိုပါမည်။

မေး - ကနဦးပေးသွင်းငွေ၂၀% သက်တမ်းတစ်နှစ် ကားတန်ဖိုးသိန်း(၁၀၀)ဆိုပါကစုစုပေါင်းဘယ်လောက်ပေးသွင်းရမလဲ ဆိုတာသိချင်ပါတယ်
ဖြေ - သိန်းတစ်ရာတန် ကားအတွက် သက်တမ်း ၁နှစ် ကနဦး ပေးသွင်းငွေ ၂၀% ဖြင့် သတ်မှတ်ပါက - ကနဦးပေးသွင်းငွေ ၂၀% (သိန်း၂၀) + ဝန်ဆောင်ခ ၁%(၁သိန်း) + ငှားရမ်းခ ၈%(၈သိန်း) စုစုပေါင်း ၂၉သိန်း ကို ပထမဦးဆုံး ပေးသွင်းရပါမည်။ ကျန်ငွေ ၈၀% (သိန်း၈၀) ကို ၁၂လ ခွဲပြီး တစ်လလျှင် ၆သိန်း၆သောင်း၆ထောင် ခန့် သွင်းပေးရပါမည်။

မေး-ပိုင်ဆိုင်မှုပြရပါသလားပြရတယ်ဆိုရင်အဲဒီပိုင်ဆိုင်မှုစာရွက်စာတမ်းကိုAGDမှာအပ်ရတာလား
ကားရောင်းတဲ့ကုမ္မဏီမှာအပ်ရတာလား
ဖြေ - ယခင်က ငွေကြေးအာမခံဖြင့်သာ ဝယ်ယူနိုင်ကြသည့်စနစ်အစား၊ ယခုအခါတွင် ငွေကြေးအာမခံမလိုဘဲ မည်သူမဆို ဝယ်ယူနိုင်ပြီဖြစ်ပါသည်။မော်တော်ကားပိုင်ဆိုင်မှု စာရွက်စာတမ်းကို ဘဏ်တွင် အပ်နှံထားရမှာဖြစ်ပါတယ်။

အသေးစိတ် အကုန်လုံးဖတ်ချင်ရင် “ ဒီနေရာလေးမှာ ” သွားဖတ်ကြပါ ။ မေးခွန်းတွေလည်းသွားမေးနိုင်ပါတယ် ။ ကျွန်တော်လည်းအကုန်လုံးရှင်းပါတယ် ။ ကျွန်တော်မရှင်းတာ ၂ ချက်ပဲရှိပါတယ်း)))

၁ ။ ငှားရမ်းခကို ဘာကြောင့် ၁၀၀% ပေါ်မှာ ယူရတာလဲ?။ ဝယ်သူဘက်မှ ၂၀%ကို Down Payment ပေးထားသောကြောင့် ငှားရမ်းခကို ၈၀%ပေါ်တွင်ယူမှသာ တရားမျှတမှု ရှိမှာပေါ့။ သေချာပြန် သုံးသပ်ပေးပါဦး။ဝယ်သူမှ ကိုယ့်ငွေ ၂၀%ပေါ် ကိုယ်ငှားရမ်းခ ပြန်ပေးနေသလို ဖြစ်နေပါတယ်။

၂ ။ car company တွေက agd bank နဲ့ညျိနှိုင်းဆဲလို့သိရတယ်။ ဘယ်တော့လောက် လုပ်ငန်းစနှိုင်မယ်ထင်ပါသလဲ ။

ခေါင်းစဉ်မှာရေးထားသလိုပဲ ကားတွေက တူးသောင်ဇန် ဆဲဗန်းအထက်မှ စလစ်မလိုတာမဟုတ်လား ။ စလစ်ရှိပြီးသားသူတွေအတွက် ဘယ်မော်ဒယ် ရွေးဝယ်ဝယ်ပြဿနာမရှိပေမယ့် အခုမှ အသစ်ဝယ်မယ့်သူတွေ စလစ်မရှိတဲ့သူတွေအတွက် တော့ ဒါဟာ အခက်အခဲရှိနိုင်တယ် ။

နောက်ဆုံး အချက် စိတ်ထဲမရှင်းလို့ ဖူဂျီရာမ ကိုဖုန်းဆက်ကြည့်တော့ ၂၀၀၆ အောက်ပဲရှိတယ်တဲ့ ( အဆင်မပြေပြန်ဘူး စလစ်ဖိုးထပ်စိုက်ရမယ်ဆိုတော့ ဟုတ်တယ်ဟုတ် )
 ဂါမဏိကို ဖုန်းဆက်ကြည့်လိုက်တယ် ( ၂၀၀၇ အထက်က Probox နဲ့ Adivan ပဲရှိတယ်တဲ့ ၁၅၀ ၀န်းကျင်လို့ပြောတယ် မဆိုးဘူးး)) စလစ်ဖိုးမလိုတော့ဘူး )



ဒီလိုပါပဲ ကျွန်တော်လည်း ဗဟုသုတအနေနဲ့ “ံတူးသောင်ဇင်ဆဲဗန်းအထက် ၊ Hire Purchase စနစ် နှင့် ကားအိပ်မက်များ  ” ကိုရေးကြည့်လိုက်ပါတယ် ။ ဘာပဲပြောပြော အိပ်မက်ဆိုတာ တကယ်မဖြစ်လာနိုင်ဘူးမပြောနိုင်ဘူးမဟုတ်လား ။ အိပ်မက်တွေမျှော်လင့်ချက်တွေရှိနေမှသာ တစ်နေ့ကြရင်အရာရာဟာ အကောင်အထည်ပေါ်လာကြမှာပါ ။

သက်တန့်ချို
မှတ်ချက် - AGD bank ၏ HP ကိုတွက်ကြည့်ချင်ပါက “ ဒီနေရာလေးမှာ ” တွက်ကြည့်နိုင်ပါတယ် ။

 

3 comments:

  1. အန်တီလေးမေခင်October 2, 2012 at 10:19 PM

    သက် တန့် ရေ အန် တီ အ တွက် ပြည် ထောင် စု ဗ ဟိုဘဏ် ကနေမာစီးဒီးတစ်စီးလောက်ဝယ်ပေးပါကွယ်။

    ReplyDelete
  2. 2007 အထက် Hire Purchase နဲ့ပတ်သက်ပြီး အသေးစိတ် ရေးပြသွားတာ ကျေးဇူးပါနော်။
    စွဲလန်းတဲ့ အိပ်မက်ဟာ လက်တွေ့အကောင်အထည် ပေါ်လာတတ်တယ် မောင်သက်တန့်ရေ။ တိုက်တိုက်ဆိုင်ဆိုင် ဒီမနက်တင်ထားတဲ့ တဂ်ပို့စ်လေးသွားဖတ်ကြည့်နော်။
    စိတ်ဓာတ်အစဉ်ကြည်လင်အေးမြပါစေကွယ်။

    မေတ္တာဖြင့်
    အန်တီတင့်

    ReplyDelete