Tuesday, October 2, 2012
ကျုပ်တို့ဟာ သိပ်သနားဖို့ကောင်းတဲ့ကောင်တွေ
ကျုပ်တို့ဟာ သိပ်သနားဖို့ကောင်းတဲ့ကောင်တွေ
ခင်ဗျားတို့သိလား . . ကျုပ်တို့ဟာ သိပ်သနားဖို့ကောင်းတဲ့ကောင်တွေ
ဒေါ်လာ ၂၀၀၀ တန်လောက်ကားတစ်စီးကို ဒေါ်လာ တစ်သောင်းကျော်ပေးဝယ်ရ
တူးသောင်ဇင်န် ဆဲဗန်း အထက် -- ကညန/ CIF / ( ခေါင်းတွေ မူး )
ဒီကြားထဲ ဖြတ်သန်းရတဲ့အဆင့်ကများ---လှော်သင့်တာလှော် --ကြော်သင့်တာကြော်
ကျုပ်တို့ဟာသိပ်သနားဖို့ကောင်းတဲ့ကောင်တွေ
ဒေါ်လာ ငါးကျပ်တန် ဆင်းန်ကဒ်တွေကို ဒေါ်လာ ၂၀၀ ကျော်ပေးဝယ်ရ
ပုရွှက်ဆိတ်တွေအစာငတ်လို့ တန်းစီနေကြသလိုမျိုး -- အဆူအငေါက်ခံခဲ့ရ
ကျုပ်တို့ဟာ သိပ်သနားဖို့ကောင်းတဲ့ကောင်တွေ
ခင်ဗျားတို့သိလား ....
ရန်ကုန်ဟာ Crisis ဖြစ်နေပြီ -- ကမ္ဘာအေးလမ်းကြောဟာ Crisis ဖြစ်နေပြီ
ကျုပ်တို့ ဟာ သိပ်သနားဖို့ကောင်းတဲ့ကောင်တွေ -- ကိုယ့်အားကိုယ်ကိုး
တိုးတိုးပြီး တန်းစီ --- ရှေ့ကမထွက်နိုင်သေး နောက်မှာ စုပုံပေး
ကျုပ်တို့ဟာ သိပ်သနားဖို့ကောင်းတဲ့ကောင်တွေ
လှည်းတန်းဟာ Crisis ဖြစ်နေပြီ ဂုံးကျော်တံတားတွေ Crisis ဖြစ်နေပြီ
ပြွတ်သိပ်ကြပ်ညပ်သော ရထားတွဲတွေဟာ ရန်ကုန်ထဲမှာ ဟုတ်ရဲ့လား
ဘယ်ကို ခရီးဆက်နေကြ -- ဘယ်ဘူတာမှာ အဆုံးသတ်ရပါ့
ကျုပ်တို့ဟာ သိပ်သနားဖို့ကောင်းတဲ့ကောင်တွေ
ဆယ်မိနစ်စာ အကွာအဝေးကို မိနစ်လေးဆယ်လောက် Crisis ဖြစ်တယ်
ရန်ကုန်မှာ Action မရှိတော့ဘူး ရန်ကုန်မှာ Plan မရှိတော့ဘူး
ကျုပ်တို့ဟာ Crisis တွေကို သယ်ပိုက်ထားရတဲ့ကောင်တွေ
အေးဂျင့်တွေက အမြဲတမ်းအားဂျန့် --အလျှင်လိုလို --
ဘယိလိုခေတ်ကြီးထဲများ ရောက်နေရသလဲ
ခင်ဗျားတို့သိလား ..ကျုပ်တို့လည်းသိပ်အားကျတယ်
ဒီကထွက်သွားသူတွေကို အပစ်မဆိုနဲ့ ဒီကိုပြန်မလာကြသူတွေကို အပစ်မဆိုနဲ့
ခင်ဗျားတို့သိလား ကျုပ်တို့လည်း သိပ်လိုချင်တပ်မက်ကြတယ်
ဒေါ်လာ ၂၀၀၀ တန်ကား -- ဒေါ်လာ ၅ ကျပ်တန် ဆင်းန်ကဒ်
ဒေါ်လာ ၅၀၀ တန် အကြွေးဝယ်ကဒ် -- အိုင်ဖုန်းဖိုက် နဲ့စက်ရုပ်နံပတ် သရီး
ကျုပ်တို့ဟာ သိပ်သနားဖို့ကောင်းတဲ့ကောင်တွေ ...
Down Payment တွေ ခေတ်စားလာ --- HP တွေခေတ်စားလာ
ဘဏ်တွေခေတ်စားလာ --- သံသရာဟာ ထဲထဲဝင်ဝင်မလွတ်ကင်းသေး
သံသရာဟာ ဖြူဖြူစင်စင် မလည်ပတ်နိုင်သေး
ကျုပ်တို့ဟာ ကိုယ့်အမိုးအကာလေးထဲ မျက်စိသူငယ်နားသူငယ်
ခင်ဗျားတို့သိလား
ကျုပ်တို့ဟာ သိပ်သနားဖို့ကောင်းတဲ့ကောင်တွေ ...။
သက်တန့်ချို
(Crisis - သေရေးရှင်ရေးကာလ ၊ ဘေးကျပ်နံကျပ်ကာလ ၊ အရေးအခင်း ကပ်ဆိုက်ကာလ
အေးဂျင့် - Agent
အားဂျန့် - Urgent)
စာဖတ်ပရိတ်သတ်သူငယ်ချင်းများကို အစဉ်လေးစားသောအားဖြင့်.......................
Subscribe to:
Post Comments (Atom)
ကား တစ် စီး ကိုေ ဒါ် လာ ၂၀၀၀၀ ပေး ဝ ယ် စီး လည်း ဘာ ဖြစ် လဲ ကွယ် အန် တီ တို့ မြန် မာ ပြည် က ကိုယ် ပိုင် ငွေ နဲ့ ဝယ် တာ ကွယ် တိုင်း တစ် ပါး လို အ ရစ် ကျ ငွေ နဲ့ ဝ ယ် တာ မ ဟုတ် ဘူး ကွဲ့။ဖုန်း ကျ တော လည်း g တွေ စ ပေါ် က တည်း က အန် တီ တို့ က ကိုင် တာ လေ။အ ခု ပေါ် တဲ့ ၂ သိန်း တန် ဆို တာ အန် တီ ရဲ့ နိုင် ငံ ခြား နှုတ် ခမ်း နီ ထောင့် ရဲ့ အ ခွန် ဖိုး လောက် ရှိ တာ ပါ ။
ReplyDeleteကောင်း လိုက် တဲ့ ပိုစ် လေး ပါ ကွယ် ။ သက် တန့် ကို အား ပေး နေ တဲ့
Aunty lay may khin(အီသီယိုပီယားခေတ္တ)
dollor 2000တန်ကို20000ဝယ် ဆီရတာ ဘယ်လိုအရသာလဲမသိဘူးနော်သက်တန့်ရေ။
ReplyDeleteရန်ကုန်ဟာတကယ်သနားစရာကောင်းတဲ့မြို့ဖြစ်နေပါပြီ။
ReplyDeleteကားတွေကများ၊ လမ်းတွေက မချဲ့၊ ခရီးကမတွင်။
လှည်းတန်းက ဂုံးကျော်တံတားကလဲ ဘယ်တော့ပြီးမလဲ မသိနိုင်။
မှန်လိုက်တာနော် ပြောကိုမပြောချင်တော့ပါဘူး တခါလမ်းထွက်ဖို့အရေးတော်တော်စဉ်းစားရတယ် မထွက်မဖြစ်ထွက်ရရင်ကားကကျပ် လမ်းကဆိုး အပေါက်အပြဲကများ ရွာမှာလှည်းစီးနေသလိုဘဲ ကယ်ဘဲ
ReplyDeleteမှန်တာပေါ့
ReplyDeleteမှန်ပေါ့
ReplyDeleteall are not right. see from positive view!!!
ReplyDeleteကောင်းလိုက်တာ အမှန်ကို ကဗျာနဲ့ ပြသွားတာ
ReplyDelete