ခါးကုန်းကြီးနှင့် ပေါင်မုန့်တစ်လုံး
တစ်ခါတုန်းက
အမျိုးသမီးတစ်ဦးဟာ သူ့အိမ်မိသားစုဝင်တွေနဲ့ စားဖို့အတွက်ရယ်
အရမ်းကို ဆာလောင်နေ တဲ့ ခရီးသွားတွေ စားဖို့ရယ် အတွက် ပေါင်မုန့်တွေ
အမြဲဖုတ်နေခဲ့တယ် ။ အဲဒီအမျိုးသမီး ဟာ ပေါင်မုန့်အပို တစ်လုံးကို အမြဲ ပဲ
ပြတင်းပေါက်တံခါးဘောင်မှာ တင်ထားခဲ့ပြီး မည်သူမဆို ဆာလောင်နေခဲ့ရင်အဝေးကို
ယူသွားနိုင်အောင် စီစဉ်ထားခဲ့တယ် ။ နေ့တိုင်းနေ့တိုင်းမှာ ကျောကုန်းမှာ
ဘုကြီး တစ်လုံးရှိနေ တဲ့ခါး ကုန်းကြီးတစ်ယောက်က လာလာပြီး အဲဒီပေါင်မုန့် ကို အဝေးယူယူသွားလေ့ရှိတယ် ။ ကျေးဇူး တင်စကားတွေနဲ့ဖော်ပြရမယ့် အစားသူဟာ အောက်ပါစကားတွေကိုပဲ တတွတ် တွတ်ပြောနေလေ့ ရှိတယ် ။
“ သင်လုပ်ခဲ့သမျှဟာ သင့်ထံ ပြန်လာလိမ့်မယ် သင်ကောင်းတာလုပ်ရင် သင့်ဆီပြန်လာမှာပါပဲ ”
ဒီလိုနဲ့ရက်တွေ တစ်ရက်ပြီးတစ်ရက်ကုန်ဆုံးလာ ခဲ့တယ်
။ နေ့တိုင်းနေ့တိုင်းမှာ ခါးကုန်းကြီးက ရောက် လာပြီး ပေါင်မုန့်ကို
ယူသွားတယ်ပြီးတော့ လည်းအဲဒီစကားကို ထပ်ခါထပ်ခါညည်းတွားပြောဆိုေ နခဲ့တယ် ။ “ သင်လုပ်ခဲ့သမျှဟာ သင့်ထံ ပြန်လာလိမ့်မယ် သင်ကောင်းတာလုပ်ရင် သင့်ဆီပြန်လာမှာပါပဲ ”
အမျိုးသမီးဟာ စိတ်ထဲမှာ စနိုးစနောင့်ဖြစ်လာခဲ့တယ် ။ “ အတော် ယဉ်ကျေးမှုမရှိတဲ့လူ . .ကျေးဇူးတင်စကားတော့မဟုတ်လောက်ဘူး ” လို့ သူမကိုယ်ကိုယ်ညည်းတွားပြောဆိုလိုက်တယ် ။ “ နေ့တိုင်း ဒီခါးကုန်းကြီးဟာ ဒီစကားကို ပဲ ထပ်ခါထပ်ခါပြောနေတယ် သူဘာကိုဆိုလိုတာပါလိမ့် ”
ပြီးတော့ အမျိုးသမီးဟာ ဘာလုပ်တယ်ထင်ပါသလဲ ။ အမျိုးသမီးဟာ
သူ့အတွက်ပြင်ဆင်ထားမယ့် ပေါင်မုန့် ထဲမှာ အဆိပ်တွေခပ်ထားခဲ့တယ် ပြီးတော့
ပြတင်းပေါက်ဘောင်ပေါ်မှာ တင်ထားခဲ့တယ် ။ သူ့လက်တွေ ကတော့ တုန်ယင်နေခဲ့ပါတယ် ။
“ ငါ ဘာတွေများလုပ်မိပါလိမ့် ” သူ့ဘာသာသူတွေးမိလိုက်တယ် ။
ရုတ်တရက်ချက်ခြင်းပဲ သူဟာ အဲဒီပေါင်မုန့်ကို ကောက်ယူပြီး မီးဖိုထဲ ပစ်ထည့်လိုက်တယ် ပြီးတော့ တခြားပေါင်မုန့်တစ်လုံးထပ်ဖုတ်ပြီး ပြတင်းပေါက်ဘောင်ပေါ်တင်ထားခဲ့တယ် ။
ထုံးစံအတိုင်းပါပဲ ခါးကုန်းကြီးရောက်လာပြန်တယ်
ပြီးတော့ ပေါင်မုန့်ကို ယူလိုက်ပြီး ပြောနေကျ စကားတွေကိုပြောဆိုခဲ့တယ် ။ “
သင်လုပ်ခဲ့သမျှဟာ သင့်ထံ ပြန်လာလိမ့်မယ် သင်ကောင်းတာလုပ်ရင်
သင့်ဆီပြန်လာမှာပါပဲ ”
ခါးကုန်းကြီးက သူ့ခရီးသူဆက်တယ် ။
အမျိုးသမီးရဲ့စိတ်ထဲမှာ ခုနက လတ်တလောဖြစ်ပျက်ခဲ့တဲ့ အပြုအမူ
အဖြစ်အပျက်တွေကို သတိမမူမိပဲ ချမ်းမြေ့စွာ ရှေ့ဆက်သွားခဲ့တယ် ။
နေ့တိုင်းနေ့တိုင်းမှာ အမျိုးသမီး ဟာ ပြတင်းဘောင်ပေါ်မှာ ပေါင်မုန့်ကို
တင်ပေးထားခဲ့ပြီး အဝေးမှာ ရောက်နေတဲ့ သားဖြစ်သူ အတွက် ဘေးအန္တရာယ်ကင်းဖို့
ဆုတောင်းနေခဲ့တယ် ။ လပေါင်းများစွာကြာတဲ့အခါ သူဟာ သားဖြစ်သူ ရဲ့သတင်းကို
မကြားရတော့ပဲ အဆက်အသွယ်ပြတ်သွားပါတော့တယ် ။ ဒါကြောင့် သားဖြစ် သူ ဘေးအန္တရာယ်ကင်းစွာပြန်လာနို င်ဖို့အတွက်ဆုတောင်းနေခဲ့တယ် ။
ညနေခင်းတစ်ခုမှာတော့ အိမ်တံခါးကို လာခေါက်သံကြားလိုက်ရတယ် ။ ဒါကြောင့်
အမျိုးသမီးက တံခါးကို ဖွင့်လိုက်တဲ့အခါ အရမ်းကို အံ့သြသွားခဲ့ရတယ် ။ သူဟာ
သူ့သားကို တံခါးဝမှာ တွေ့လိုက်ရလို့ပဲဖြစ်ပါတယ် ။ သားဖြစ်သူဟာ
အရွယ်ရောက်လာပြီး ပိန်ချုံးသွားပါတယ် ။ အ၀တ်အစားတွေက စုတ်ပြတ်နေပြီး
တွန့်ကြေနေခဲ့တယ် ။ သားဖြစ်သူဟာ ဆာလောင်နေပုံရပြီး အားလည်းနည်းနေနေခဲ့တယ် ။
သားဖြစ်သူက အမျိုးသမီးကိုမြင်တဲ့အခါ ပြောတယ် “ အမေ
ကျွန်တော်ဒီမှာရောက်နေတာ အရမ်းကို အံ့သြဖို့ကောင်းလှပါတယ် ကျွန်တော်
ဒီနေရာရောက်ဖို့ တစ်မိုင်လောက်အလိုမှာ အရမ်းကို ဆာလောင်ပြီး
မေ့လဲသွားခဲ့ရတယ် ကျွန်တော် သေမယ်လို့ ကိုယ့်ကိုယ်ကိုတွက်လိုက်တယ် ဒါပေမယ့် အဲဒီအချိန်မှာပဲ အသက်ကြီးကြီးခါးကုန်းကြီးတစ်ယောက်ရောက်လာခဲ့တယ်
။ ကျွန်တော်သူ့ဆီက အစာအနည်း ငယ်ကျွေးးဖို့ အသနားခံခဲ့တယ် သူက ကျွန်တော့်ကို
ကြင်နာစွာနဲ့ ပေါင်မုန့်တစ်လုံးလုံးကျွေး ခဲ့တယ်အမေ သူက ကျွန်တော့်အသက်ကိုကယ်လိုက်တာပါပဲ ” သူက ဆက်ပြောတယ် “ ကျွန်တော်နေ့တိုင်း ဒီကိုမလာခင်စားနေရတာတွေခါးကုန်းကြီးရဲ့စေတနာတွေပါပဲ ”
အဲဒီစကားကြားတဲ့အခါ အမျိုးသမီးရဲ့မျက်နှာဟာ ပန်းရောင်ပြောင်းပြီးနီရဲသွားတယ် ။ သူ အမှားအကြီးကြီး လုပ်မိမလို့ လက်တစ်ကမ်းပဲ လိုတော့တယ်မဟုတ်လား ။ ခါးကုန်းကြီးရဲ့စကားကိုအမြင်ကပ်လို့ တစ်မနက် မှာပေါင်မုန့်ထဲအဆိပ်တွေ ခပ်ဖို့ ကြံစည်ခဲ့ဖူးတယ် ။ နောက်မှ အမြင်မှန်ရပြီးပေါင်မုန့်ကို မီးဖိုထဲ ပစ်ထည့်လိုက်ခြင်းဟာ အခုတော့ သူ့ရဲ့ချစ်လှစွာသောသားဖြစ်သူရဲ့အသက်ကိုကယ်တင်လိုက်နိုင်ခြင်းဖြစ်တယ်လို့ အံ့သြတုန်လှုပ်စွာတွေးနေမိတယ် ။ အဲဒီနောက်မှာ အမျိုးသမီးဟာ ခါးကုန်းကြီးပြော တဲ့စကားအနက်အဓိပ္ပါယ်ကိုနားလည်လာခဲ့တယ် ။
“ သင်လုပ်ခဲ့သမျှဟာ သင့်ထံ ပြန်လာလိမ့်မယ် သင်ကောင်းတာလုပ်ရင် သင့်ဆီပြန်လာမှာပါပဲ ”
-------------------------- ----------------------
သိပ်မှန်တဲ့ အဖြစ်အပျက်လေးတစ်ခုပါပဲ ။ လူတွေဟာ သူတပါးကို
မကောင်းကြံစည်ကြမယ် ကုန်းချောကြမယ် တိုက်ခိုက်ကြမယ် အနိုင်ယူကြမယ် စတဲ့
လောဘ ဒေါသ မောဟတွေ နဲ့ပူကျွမ်းလောင်မြိုက်နေလေ့ ရှိကြတယ် ။ တကယ်တော့ ကိုယ်သွားလေရာကိုယ့်အရိပ်ကလိုက်ပါနေသလို
ကိုယ်လုပ်နေသမျှ အလုပ်တွေရဲ့ အကျိုးအပစ်တွေကို တာဝန်ယူ ရမှာ
ကိုယ်ကိုယ်တိုင်ပဲဖြစ်တယ် ။ သင်သာ သူတပါးကိုမကောင်းကြံစည်ရင် အဲဒီ ဒဏ်ကို
သင် ဟာ မလွဲမသေ ပြန်ခံစားရမှာပါပဲ ။ ဘယ်သူမပြုမိမိမှုဆိုတဲ့အတိုင်း ကိုယ်ချင်းစာတရားလက်ကိုင်ထားလို့ စာနာနားလည်ခွင့်လွှတ်နိုင်ကြ ရင် လူသားအချင်းချင်း မနာလို မုန်းတီး စိတ်တွေမထားကြဘူးဆိုရင်တော့ ကမ္ဘာလောကကြီးဟာ သာယာချမ်းမြေ့နေမှာ အမှန်ပါပဲ ။
သက်တန့်ချို
[The Woman and the Bread] အားခံစားဘာသာပြန်သည် ။
စာဖတ်ပရိတ်သတ်သူငယ်ချင်းများကို အစဉ်လေးစားသောအားဖြင့်.......................
ဖတ်ဘူးခဲ့တဲ့ ဇာတ်လမ်းလေးတစ်ပုဒ် ပြန်ဖတ်သွားတယ် မောင်သက်တန့်ရေ။
ReplyDeleteစိတ်ဓာတ်အစဉ်ကြည်လင်အေးမြပါစေကွယ်။
မေတ္တာဖြင့်
အန်တီတင့်
ကိုယ့်ရဲ့ အပြုအမူအတိုင်းဟာ ကိုယ်နဲ့ကပ်လျက်ပါနေတဲ့ အရိပ်ပါပဲ ..
ReplyDeleteကိုသက်တန့်ရေ
ReplyDeleteကြိုက်လို့ FACEBOOKမှာရှယ်ပြီးပြီ။
“ သင်လုပ်ခဲ့သမျှဟာ သင့်ထံ ပြန်လာလိမ့်မယ် သင်ကောင်းတာလုပ်ရင် သင့်ဆီပြန်လာမှာပါပဲ ”
ReplyDeleteမောင်သက်တန်.ရေကောင်းသောပိုစ်.လေးဖတ်ရှု.အားပေးသွားပါတယ်ကွယ်။
ခင်တဲ.အန်တီလေးမေခင်။
that's right:)
ReplyDeleteအရမ်းကောင်းတယ်ဗျာ
ReplyDeleteကောင်းပါပေတယ်သက်တန်ရယ်နောက်လည်းတင်အုန်းကွယ်
ReplyDeleteထခ်ာ
ReplyDelete