Thursday, December 20, 2012
သေလွန်သွားမှ နောင်တမရစေချင်
Santa Rosa De Temuco - နံနက်ခင်းတစ်ခုမှာ အိမ်တစ်အောင်မှာ မီးလောင်နေပါတယ် ။ မီးသတ်သမားတွေ လာရောက်ငြှိမ်းသတ်နေစဉ်မှာ အံ့သြဖွယ်ရာမယုံနိုင်ဖွယ်ရာအဖြစ်တွေကိုတွေ့ခဲ့ရတယ် ။ ကားဗုံးပေါက်ကွဲမှုကြောင့်စဖြစ်ခဲ့တဲ့ ဒီမီးလောင်မှုအတွင်းကို မိခင်ခွေးမကြီးက သူ့ကလေးတွေကိုကယ်ဖို့အတွက် အသက်စွန့်ပြီးပြေးဝင်သွားခဲ့တယ် ။
အေမန်ဒါလို့ခေါ်တဲ့ဒီခွေးမကြီးဟာ တဟုန်ထိုး မီးလောင်အိမ်ထဲပြေးဝင်သွားပြီး မီးတောက်တွေကြားထဲမှာ သားငယ်ကိုရှာဖွေပါတယ် ။ ပူလောင်ပြင်းပြတဲ့မီးတောက်တွေရဲ့ လောင်ကျွမ်းမှုက သူ့ကိုမမှုစေခဲ့ဘူး သူ့ရဲ့ သားသမီးဇောကို မတားဆီးစေနိုင်ခဲ့ဘူး ။ ပြီးတော့ ဆယ်ရက်သားအရွယ်ရှိသေးတဲ့ သားငယ်ကိုတွေ့တဲ့အခါ အလျှင်အမြန်ကိုက်ချီပြီး မီးတောက်တွေထဲက တဟုန်ထိုးပြန်ထွက်လာခဲ့ပါတယ် ။ ဟော နောက်ထပ် သူ့သားသမီးလေးတွေကျန်နေသေးတယ် သူရပ်လို့မဖြစ်သေးဘူး ။
အေမန်ဒါ နောက်ထပ်တစ်ခေါက်ထပ်ဝင်သွားပြန်တယ် ဒီလိုနဲ့ သူ့ကလေးတွေ မကုန်မချင်း အထဲကိုဝင်သွားလိုက် ပြန်ထွက်လာလိုက်နဲ့ မိခင်ခွေးမရဲ့ သတ္တိတွေ မျက်ရည်ကျရလောက်အောင် ထက်မြစူးရှနေခဲ့တယ် ။ မီးသတ်သမားတွေ သူတို့မျက်စိသူတို့မယုံနိုင်ဖြစ်ခဲ့ရတယ် ။ အများစုက ဒီလောက်ရဲရင့်သတ္တိကောင်းတဲ့ခွေးကိုမမြင်ဖူးလို့ပဲဖြစ်တယ် ။
ခွေးကလေးတွေအကုန်လုံးကို အန္တရာယ်ကင်းတဲ့နေရာသယ်ဆောင်ပြီးတဲ့အခါ အေမန်ဒါဟာသူတို့ဘေးမှာ လှဲချလိုက်ပြီး ( လူတွေမှာဆို အရေးပေါ်အသက်ကယ်နည်း လို့ပြောလို့ရတဲ့ ) ခွေးကလေးတွေ့ကိုလျှာနဲ့ရက်ပေးခြင်း ချော့မြူခြင်းတွေကိုပြုလုပ်နေခဲ့တယ် ။ မျက်မြင်တွေ့သူတွေဟာ အရေးပေါ် တိရိစ္ဆာန်ကုသရေးတွေကို အမြန်ခေါ်ပြီး ခွေးမကြီးနဲ့ခွေးသားပေါက်ကလေးတွေကို ဆေးရုံကိုအမြန်ပို့ဆောင်ခဲ့ကြတယ် ။ ခွေးပေါက်လေးတစ်ကောင်ပြင်းပြင်းထန်ထန် မီးလောင်ဒါဏ်ရာရခဲ့တာကလွဲလို့ ခွေးတွေအကုန်လုံးအသက်ရှင်ခဲ့ကြပါတယ် ။
ကျေးဇူးပါတယ်တယ် ရဲရင့်တဲ့မိခင်အေမန်ဒါရေ !!!!!!!
------------------------------------------------------
ကမ္ဘာပေါ်မှာ သားသမီး အသက်အန္တရာယ်ကို မိမိအသက်ပေးပြီး ကယ်ဝံ့တာ မိဘတွေပဲဖြစ်တယ်
ကမ္ဘာပေါ်မှာ သားသမီး ဒုက္ခရောက်နေချိန်မှာ အမြဲအားပေးအဖော်ရှိနေပေးတတ်တာ မိဘတွေပဲဖြစ်တယ်
ကမ္ဘာပေါ်မှာသားသမီး အတွက် အရာအားလုံကို စွန့်လွှတ်စွန့်စားဝံ့သူဟာ မိဘတွေပဲဖြစ်တယ်
အချိန်ရခိုက်လေး မိဘကျေးဇူးကိုမမေ့ကြပါနဲ့ ဘ၀ဆိုတာ တိုတိုလေးပါ သေလွန်သွားမှာ နောင်တတွေရ ပန်းစည်းတွေအုတ်ဂူမှာသွားပေးနေကြမယ့်အစား မသေသေးခင် မိဘတွေဆန္ဒကိုတတ်နိုင်သလောက်ဖြည့်ဆည်းပေးကြခြင်းအားဖြင့်မိဘကျေးဇူးဆပ်နိုင်ကြပါစေ ။
သက်တန့်ချို
စာဖတ်ပရိတ်သတ်သူငယ်ချင်းများကို အစဉ်လေးစားသောအားဖြင့်.......................
Subscribe to:
Post Comments (Atom)
အချိန်ရခိုက်လေး မိဘကျေးဇူးကိုမမေ့ကြပါနဲ့ ဘ၀ဆိုတာ တိုတိုလေးပါ သေလွန်သွားမှာ နောင်တတွေရ ပန်းစည်းတွေအုတ်ဂူမှာသွားပေးနေကြမယ့်အစား မသေသေးခင် မိဘတွေဆန္ဒကိုတတ်နိုင်သလောက်ဖြည့်ဆည်းပေးကြခြင်းအားဖြင့်မိဘကျေးဇူးဆပ်နိုင်ကြပါစေ ။ကောင်းသောပို.စ်လေးဖတ်ရှု.သွားပါတယ်
ReplyDeleteခင်တဲ.အန်တီလေးမေခင်
အာဂမိခင်ပါပဲဗျာ............။
ReplyDeleteအမေ အမေ အမေ အမေ:-) :-) :-) :-)
ReplyDeleteအဲလို အော်လဲ အမေ မကြားတော့ဘူး။