Tuesday, September 24, 2013
ဗွက်တောလမ်းနှင့် ပီတိတရား
ဗွက်တောလမ်းနှင့် ပီတိတရား
မနက် ၂ နာရီအချိန်မို့ ပတ်ဝန်းကျင်တစ်ခုလုံးက အပ်ကျသံမျှပင်ကြားရလောက်အောင် တိတ်ဆိတ်နေသည် ။ တခါတရံ ကြောင်တွေအိမ်ခေါင်မိုးအပေါ် ဆော့ကစားသံကလွဲလို့ဘာသံဆို ဘာမှမကြားရ ။ “ ဆရာ ..ဆရာ ” “ ဒုန်း ..ဒုန်း ..ဒုန်း ” ခြံတံခါးကို ဖွင့်သံတွေကြားနေရည် ။ အိပ်မက်လာ ဘာလားမသိတော့ ဆက်ပြီးမှိန်းနေလိုက်သည် ။ သို့သော်မရ အိမ်ရှေ့မှ ခေါ်သံတွေက ပိုပို ကျယ်လောင်လာသည် ။
“ ဆရာ ..ဆရာ လူနာပင့်ချင်လို့ ဆရာ ” အင်း မဖြစ်ချေတော့ဘူး မိုးကလည်းအေးစိမ့်စိမ့်မို့ အိပ်ယာကနေ တကယ်ပင်မထချင် ။ သို့သော် ထမှဖြစ်တော့မည်ဟူသော အသိကြောင့် အိပ်ယာထဲကလူးလဲထပြီး အိမ်ရှေ့ထွက်ကြည့်မိသည် ။
“ ဟုတ် .. ဆိုပါဦးခင်ဗျ ”
“ လူနာ ပင့်ချင်လို့ဆရာ တစ်ခါက ဆရာရောက်ဖူးပါတယ် ကန်ဇွန်းကွင်းထဲမှာလေ အဲဒီဦးလေး အခု အရမ်းမောပြီးရင်ဘတ်တွေအောင့်နေလို့ ”
“ ဟုတ်ကဲ့ ဆေးခန်းမှာ ဆေးသတ္တာယူရအောင်လိုက်ခဲ့ကြပါ ”
“ ဟုတ်ကဲ့ဆရာ ”
လူနာလာပင့်လာခေါ်တာက လူသုံးယောက် အမျိုးသား နှစ်ယောက်နှင့်အမျိုးသမီး ၁ ယောက် ။ သုံးယောက်စလုံးဖိနပ်မစီးထားကြတာ မြင်တော့ အရေးပေါ်ပဲ ဘာများဖြစ်နေပြီလဲဟူသော စိုး၇ိမ်စိတ်က၀င်လာသည် ။ ခြေလှမ်းတို့ကိုမြှင့်ပြီး နားကြပ် သွေးပေါင်ချိန်တိုင်းကိရိယာနှင့် ဆေးသေတ္တာတို့ကိုယူပြီး လိုက်လာခဲ့လိုက်သည် ။ ဒီလိုနှင့် အမြန်လျှောက်လာကြရင်း ၂ လမ်းကျော်လောက်ရောက်တော့ လမ်းချိုးတစ်ခုထဲဝင်ရသည် ။အိမ် နှစ်အိမ်ကြားက လမ်းကြားလေးဟု ခေါ်လျှင်ပိုမှန်မည် ။ ထို လမ်းကြားလေးဆုံးလျှင် ကန်ဇွန်းရွက်တွေ စိုက်ထားသော လယ်ကွင်းပြင်ကြီးရှိသည်ဟု ကျွန်တော်သိထားသည် ။
“ ဆရာ ပုဆိုးတိုတို ၀တ်လိုက်ပါလား ”
“ ဟင် ဘာဖြစ်လို့လဲ ”
“ ဟို ..လေ အားတော့နာပါတယ်ဆရာရယ် ဖိနပ်လေးပါချွတ်လိုက်ပါ ”
“ ဗျာ .. ဘာ ..ဘာဖြစ်လို့လဲဟင် ”
“ ဗွက်ပေမှာစိုးလို့ပါဆရာ ဖိနပ်နဲ့သွားလို့မရပါဘူး ”
မတတ်သာတော့ဘူး ဒီနေရာရောက်မှ ကျွန်တော်မလိုက်တော့ဘူးဟု၍ ပြောလို့လည်းမရတော့ ရှေ့မှာ လူနာကအရေးကြီးနေပြီ ပေါက်တဲ့နှဖူးမထူးတော့ပြီ မို့ ဆေးကျောင်းတုန်းက ဆရာကြီးများသင်ပေးထားသော “ ၀က်ဖြစ်မှတော့မစင်မကြောက်နှင့် ” ဟူသော စကားပုံကို ရင်ဝယ်ပိုက်ပြီး ပုဆိုးကို ဒူးအထက်နားအထိပြင်ဝတ်လိုက်သည် ။ဖိနပ်ကိုချွတ်ပြီး မြေသားမာမာပေါ်တင်ထားခဲ့သည် ။ ဒီအချိန်ကြီးပျောက်တော့မပျောက်လောက်ပါဘူး ။ သို့နှင့် ကျွန်တော်၏ ဗွက်တောခရီးကားစတင်ခဲ့ပေသည် ။ လူနာလာပင့်သော လူများက ကျွန်တော့်အားတွဲရှာသည် ။ ကျွန်တော်လည်းမလျှောက်တတ် ။ တစ်လှမ်းလှမ်းလိုက်တိုင်း ခြေမျက်စိအထက်နားအထိ ဗွက်များက နစ်ဝင်သွားသည် ။ ၅ မိနစ်ခဲ့လျှောက်ပြီးတော့ ၀ါးလုံး လေးလုံးလောက်စီထားသော ၀ါးတံတားလေးတစ်ခုကိုတွေ့ရသည် ။
ခနော်နီခနော်နဲ့တံတားလေးမို့ ကျွန်တော်ဖြစ်ပါ့မလားတွေးမိသေးသည် ။ မထူးတော့ပြီမို့ ၀ါးတံတားအပေါ် ခြေတစ်ဖက်လှမ်းတင်လိုက်သည် ။ ဟန်ချက်ပျက်ကာ ချော်ထွက်သွားသော်လည်း ဘေးမှ လူက အချိန်မှီလက်လှမ်းကိုင်လိုက်သောကြောင့် လဲတော့မကျသွား ။ ညကလည်းတိတ်ဆိတ်စွာ မှောင်ရီလျှက်ရှိသည် ။ လယ်ကန်သင်းရိုးတလျှောက်ဖြတ်သန်းတိုက်ခတ်လာသော လေပြေများအား ခံစားမကြည်နူးနိုင်အား ။ ခြေတစ်လှမ်းပျက်လျှင် ဗွမ်းကနဲ မြောင်းထဲကျမည့်ကိန်းမို့ ဘုရားတကာ လျှောက်လှမ်းနေရသည် ။ ကျွန်တော်ကအလယ်မှာ ရှေ့မှာ လူတစ်ဦး နောက်မှာ လူနှစ်ဦးကျွန်တော့်ကို ညှပ်ကာ ဖြည်းဖြည်းချင်းလာခဲ့ကြသည် ။ တစ်ချက်တစ်ချက် မလှမ်းရဲလောက်အောင်ဖြစ်နေတာကလွဲလို့ ချော်ချော်ထွက်သွားတာကလွဲလို့ အဆင်ပြေစွာပင်တစ်ဖက်တံတားထိပ်သို့ရောက်လာခဲ့သည် ။ လူနာအိမ်ကိုတော့လှမ်းမြင်နေရပြီ သို့သော် ဖြတ်သွား၇မည့် ဗွက်တောကြီးကား တမျှော်တခေါ်ပင် ။
ကျွန်တော်အခုချိန်တွေးနေတာတစ်ခုပဲရှိသည် ။ လူနာဆီအမြန်ရောက်ဖို့အမြန်သွားရမည် ။ ဗွက်များထဲတွင်ပုလင်းကွဲများ ဖန်ကွဲစများရှိနိုင်သည် ။ ခြေထောက်လည်း အခန့်မသင့်လျှင်ဟက်တက်ကွဲသွားနိုင်သည် ။ မတော်တဆ ဘေးနားလယ်ကန်သင်းရိုးများမှ မြွေများလည်း ကျွန်တော့်ခြေထောက်ကို ကိုက်နိုင်သည် ။ မျှော့များလည်းရှိနိုင်သည် ။ကျွန်တော်အလွန်ကြောက်တတ်ပါသည် ။ သို့သော် ကျွန်တော့်မှာ ထိုအရာများအတွက် ကြောက်လန့်နေချိန်မပေးနိုင်ပါ ။ နှလုံးအောင့်သော လူနာဖြစ်ပါက အချိန်မရွေး အသက်ဆုံးနိုင်သောကြောင့် အမြန်ဆုံးရောက်ဖို့သာလိုသည် ။ ကျွန်တော့်ရှေ့တွင်ပင် နှလုံးနှင့်ပတ်သတ်သော လူနားများ ဆုံးပါးသွားကြတာမြင်ဖူးသည် ။ နှလုံးသွေားကြောပိတ်ရာမှာ နှလုံးပုပ်သော အဆင့်ထိရောက်သွားလျှင် လူနာအတွက်အခြေအနေမကောင်းနိုင်ပါ ။ ကြိုးစားပမ်းစား လျှောက်သွားလိုက်တာ မိနစ် ၂၀ လောက်ကြာတော့ လယ်ကန်သင်းအလယ်က တဲအိမ်ကလေးသို့ရောက်လာသည် ။ အရှေ့တွင်စည်ပိုင်းကြီးချထားပေးတာမြင်ရသည် ။
အိမ်ရှင်မိန်းကလေးများ ဦးကြီးများက ခြေထောက်ကို အတင်းဆေးပေးနေသောကြောင့်အမြန်တားမြစ်ရသည် ကိုယ့်ဘာသာရေတွေဆေးရင်း ပြောင်အောင်တော့မဆေးနိုင်ပါ ရွံ့ဗွက်အနံ့များကလှိုင်လှိုင်ထနေပါသည် ။ တဲ ပေါ်အမြန် တက်မိတော့ ဒုန်း ..ဆို နှဖူးနှင့်တဲ အမိုးတိုက်မိကာ အီစလံဝေသွားသည် ။ ကြယ်တွေလတွေမြင်သွားသလားမပြောတတ် ။
“ ဟာ ဆရာရယ် အားနာလိုက်တာ ဗျာ ကျွန်တော်တို့တဲက အရမ်းနိမ့်တယ် ဆရာ့ကိုသတိပေးဖို့မေ့သွားတာ ” တဲ့ အင်း မတတ်နိုင်ပါလေ လူနာကို ကြည့်တော့ထိုင်နေသည် ။ အောက်ဆီဂျင်ပြတ်လတ်သော လက္ခဏာရှိသည် ။ နှုတ်ခမ်းများက ပြာနှမ်းနှမ်း ။ အသက်ရှူနှုန်းက နည်းနည်းမြန်နေသည် ။ သွေးပေါင်ချိန်ကတော့ပုံမှန်ပင် ။ ပြီးခဲ့သော အပတ်ကစစ်ထားသော အဖြေများရှိသည်ဟုပြောသည် ။ ကျွန်တော်လူနာကိုစမ်းသပ်ရင်းယူကြည့်လိုက်တော့ ECG အဖြေက ပုံမှန်ဖြစ်သည် ။ ဓါတ်မှန်မှာတော့ နှလုံးကြီးပြီး လေပြွန်ယောင်သည်ဟုရေးထားသည် ။
“ လူနာကို အောက်ဆီဂျင်ပေးဖို့လိုတယ် လိုအပ်တဲ့ဆေးထိုးဆေးသောက်တွေ ကျွန်တော်လုပ်ပေးခဲ့မယ် ဆေးရုံတင်နိုင်ပါသလား ”
“ မတင်နိုင်ပါဘူး ဆေးရံတက်ဖို့ အဆင်မပြေပါဘူး ဆရာ ဆရာကြည့်ပြီးတော့ကောင်းသလိုသာစီမံပေးပါ ဒီနေရာကို ဘယ်လိုဆရာဝန်မျိုးကိုမှ ပင့်လို့မရပါဘူး ဆရာကိုလည်းအရမ်းအားနာလှပါတယ် ဆရာခိုင်းသမျှ ကျွန်တော်တို့လုပ်ပါ့မယ် ”
“ အောက်ဆီဂျင်အရင်ပေးဖို့လိုပါတယ် ရင်ဘတ်က အရင်ကတည်းကအောင့်နေကြလား အခုမှ အောင့်တာလား ဘယ်ကစပြီးအောင့်တာလဲ ”
“ အရင်ကတော့သိပ်အောင့်လေ့မရှိဘူးဆရာ ၄ ရက်လောက်ရှိပြီချေင်းအရမ်းဆိုးပြီး အခု ဒီညနေလေးမှ ချောင်းဆိုးလိုက်တာ ရင်ဘတ်ကအောင့်သွားတာပါ ”
“ တစ်ယောက်က အောက်ဆီဂျင်သွားငှားပါ ဆေးရုံမျက်စောင်းထိုးလေးက ဆိုင်မှာ အောက်ဆီဂျင်ဘူးငှားတယ် မှတ်ပုတင်ယူသွား မယူသွား၇င် စပေါ်ငွေ တစ်သောင်းပေးခဲံရမယ် ဘူးကြီးသားငှားလာခဲ့ပါ ”
“ ဟုတ်ကဲ့ဆရာ ”
“ ရပ်ကွက်ထဲမှာအသိရှိလား လူနာကို ရပ်ကွက်ထဲကအိမ်တစ်အိမ်မှာထားပါလား အရေးအကြောင်းဆို လွယ်အောင်လို့ ”
“ ရှိပါတယ်ဆရာ အခု လူနာက ဘယ်လိုမှမထနိုင်လို့ပါ သူသက်သာလာတာနဲ့ကျွန်တော်တို့ရွေ့ပါ့မယ် ”
“ ဒီနေရာက လေသိပ်တိုက်တယ် နွေးနွေးထွေးထွေးထားပါ ကျွန်တော်ဆေးထိုးပေးပြီးသောက်ဆေးတွေလည်းပေးခဲ့မယ် လိုအပ်တဲ့ကုသမှုတွေလုပ်ပေးခဲ့မယ် ကျွန်တော့်ဖုန်းနံပါတ်လည်းပေးခဲ့မယ် အရေးအကြောင်းဆို ဖုန်းဆက်ပါ အောက်ဆီဂျင်ပေးမယ့်ဝန်ထမ်းတစ်ဦးအိမ်ကိုလိုက်လုပ်ပေးပါတယ် တစ်ခါတည်းခေါ်ခဲ့ပါ အဆင်မပြေရင် ကျွန်တော့်ဖုန်းကိုဆက်ပါ ကျွန်တော်ပြောပေးပါ့မယ် ”
ဒီလိုနဲ့လူနာကို လိုအပ်သော ကုသမှုများပေးခဲ့သည် ။ “ ကျေးဇူးတင်ပါတယ် ဆရာ ရယ် ” အထပ်ထပ်ပြောနေသည် ။ သောက်ဆေးများလည်းပေးပြီးနောက် အပြန်ခရီးကိုကျွန်တော်တွေးကြည့်မိသည် ။ အော် .. အလာတုန်းက ဗွက်တောကြီးကိုပြန်ဖြတ်ရဦးမှာပါလား ။ ကမ္ဘာသူကမ္ဘာသားများကတော့အေးချမ်းစွာအိပ်ပျော်နေပြီထင်သည် ။ မအိပ်ပျော်နိုင်သော လူတစ်စုထဲမှာ ကျွန်တော်ရယ်လူနာရှင်နဲ့လူနာရယ် အပြန်ခရီးအတွက် စတင်ခဲ့ကြသည် ။ အပြန်ခရီကတော့ သိပ်လောစရာမရှိတော့ မြွေမကိုက်ပါစေနဲ့မျော့မတွယ်ပါစေနဲ့ ပုလင်းကွဲမရှပါစေနဲ့လူနာ သက်သာပါစေ ဟူသော ဆုကြီးလေးခုကို တတွတ်တွတ်ရွတ်ပြီးသကာလ ဗွက်ခရီးလမ်းကိုစတင်ခဲ့ပါတော့သည် ။ သတိထားနေ၍လားမသိ ဒူးလည်းလည်းလဲကျသည် ။ ဘိုင်းကနဲလည်းချောကြသည် ။ တစ်ကိုယ်လုံးလည်းဗွက်တွေနဲ့မြင်မကောင်း ။ ကံကောင်း၍သာ ၀ါးလုံးတန်း တံတားပေါ်မှ ပြုတ်မကျခြင်းပင်ပြုတ်ကျရင်တော့ရေလည်းမကူးတတ် ။ ကိုယ့်ကိုယ်ကိုပြန်ကြည့်လိုက်တော့ဗွက်အလိမ်းလိမ်း ဗွက်တွေက တစ်ကိုယ်လုံးပင် ။
အိမ်ပြန်ရောက်တဲ့အထိ “ အားနာပါတယ်ဆရာရယ် ဟုသာ အထပ်ထပ်ပြောနေသော လူနာရှင်များအား ” “ ရပါတယ်ခင်ဗျ အားနာစရာမလိုပါဘူး ” ဟုသာ ပြောပြီး အိမ်ရှေ့အုတ်ကန်တွင်ရေဆေးသည် ။ တစ်ခါတည်းရေချိုးမှဖြစ်မည်ဟုတွေးပြီးမနက် ၂ နာရီခွဲ နဲ့ ၃ နာရီကြား ခန့်မှန်းခြေ ၃ နာရီလောက်ရှိပြီထင်သည် ရေချိုးလိုက်သည် ။ဗွက်နံ့များကမပျောက်ချင် လူနာသက်သာပါစေဟုသာဆုတောင်းနေမိသည် ။
မနေ့က တော်တော်နှင့်အိပ်မပျော် ခြေထောက်တွေက အားစိုက်ရ၍လားမသိ ကျင်သလိုလို ထုံသလိုလိုနှင့်ပူရှိန်းရှိန်းဖြစ်နေသည်။
===================================
ဒီနေ့ မနက် တော့ ကျွန်တော့်ဆီ ဖုန်းဝင်လာပါသည် ။
“ ဆရာ ..ညက လူနာလာပင့်တဲ့ကန်ဇွန်းခင်းက အိမ်ကပါ ညက ဆရာကုပေးတဲ့လူနာ ကောင်းသွားပြီဆရာ အခုသက်သာနေပြီ ရပ်ကွက်ထဲလည်း ချီမပြီးရွေ့ထားလိုက်ပါပြီ ကျေးဇူးတင်ပါတယ်ဆရာ ဒီညနေဆရာဆေးခန်းပြန်ခေါ်လာခဲ့ပါ့မယ် ကျေးဇူးအရမ်းတင်ပါတယ်ဆရာ ” တဲ့ ။ ဖုန်းနံပါတ်ကတော့ PCO ဖုန်းဖြစ်သည် ။
ဟုတ်ကဲ့ ကျွန်တော် ဗွက်တောဖြတ်ရကျိုးနပ်ခဲ့ပါသည် ။ ကြည်နူးမိသော ပီတိနှင့်ဒီစာကိုရေးလိုက်ပါသည် ။ ဘ၀တူများကိုလည်းမှာချင်ပါသည် ။
“ ၀က်ဖြစ်မှတော့မစင်မကြောက်ကြပါနဲ့စားသာစားလိုက်ပါလေ ”
သက်တန့်ချို
24.9.2013
စာဖတ်ပရိတ်သတ်သူငယ်ချင်းများကို အစဉ်လေးစားသောအားဖြင့်.......................
Friday, June 28, 2013
ညီမလေးဖတ်ဖို့ ( အပိုင်း ၁၁ - စောင့်လေမျိုးနွယ် )
ညီမလေးဖတ်ဖို့ ( အပိုင်း ၁၁ - စောင့်လေမျိုးနွယ် )
သို့
ညီမလေးရေ ဇွန်လရဲ့နောက်ဆုံးရက်သတ္တပါတ်မှာ ကောင်းကင်မှာ မိုးတိမ်တွေအုံ့ဆိုင်းလို့နေတယ် ။ အခါအားလျော်စွာ ညီမလေးဆီ စာတွေရေးရေးပို့နေတတ်တဲ့အကိုဟာ ဒီတစ်ခါလည်း ညီမလေးဆီကို စာတစ်စောင်ရေးပို့လိုက်ပါတယ် ။ ဒီတစ်ခါစာလေးရဲ့ခေါင်းစဉ်ကိုတော့အကိုက စောင့်လေမျိုးနွယ်လို့ပေးထားပါတယ် ။
ညီမလေးဟာ လူတွေဟာ အသွေးအရောင်ပေါင်းစုံ ဘာသာတရားပေါင်းစုံ နဲ့ စီးဆင်းနေကြတာအလျောက် ယဉ်ကျေးမှုပေါင်းစုံကလည်း ကူးလူးယှက်သွယ်နေကြတာ ညီမလေးအမြင်ပါပဲ ။
ယဉ်ကျေးမှုဆိုတဲ့နေရာမှာ ကိုယ်ရောစိတ်ရောယဉ်ကျေးသိမ်မွေ့ခြင်းကိုဆိုလိုပါတယ် ။ ကိုယ်စိတ်နှစ်ပါးလုံးယဉ်ကျေးသိမ်မွေ့နေပါမှ ယဉ်ကျေးမှုလို့ဖွင့်ဆိုရာရောက်တယ် ။ အကိုတို့မြန်မာလူမျိုးတွေဟာ အရှေ့တောင်အာရှမှာဆိုရင်ယဉ်ကျေးမှုကို အထိအခိုက်မခံအောင် အမျိုးဘာသာသာသနာကိုအထိအခိုက်မခံအောင် ထိမ်းသိမ်းကြတဲ့ နိုင်ငံတစ်နိုင်ငံဖြစ်တယ် ။ ဒါပေမယ့် ယဉ်ကျေးမှုကို ထိမ်းသိမ်းတယ်ဆိုပြီးအချိန်တိုင်း ထိုင်မသိမ်းရင်ဖုံးနဲ့ နေဖို့လည်းမဟုတ်ပြန်ပေဘူး ။ လူဆိုတာ သူ့နေရာနဲ့သူ ဒူးနေရာနဲ့ဒူးတော်နေရာတဲ့တော်နေရတယ် ။ ဥပမာ ညီမလေးဟ ဘုရားစေတီဖူးမျှော်ဖို့ သွားတဲ့အခါ စကတ်တိုဘောင်းဘီတိုနဲ့မသင့်လျော်ဘူး ။ ဒါပေမယ့် ကမ်းခြေသွားတဲ့အခါကျတော့ ကမ်းခြေကအ၀တ်အစားဖြစ်တဲ့ ဘောင်းဘီတိုစကတ်တိုက သင့်တော်နေပြန်တယ် ။ ညီမလေးရေ .. ယဉ်ကျေးမှုကို ထိမ်းသိမ်းဖို့ဆိုတာ ယဉ်ကျေးမှုကိုချစ်မြတ်နိုးတတ်မှဖြစ်နိုင်မှာပါ ။ ဖရီးစတိုင်ဆိုတာနဲ့ အမြင်မတင့်တယ်တာနဲ့မတူပါဘူး ။ စကက်တိုခြင်းဘောင်းဘီတိုခြင်းဝတ်တာတောင် မိန်းကလေးတစ်ဦးနဲ့တစ်ဦးမတူညီပြန်ဘူး ။ အကိုတို့ နိုင်ငံဟာ အရင်ကတည်းက ထဘီဦးစားပေးဝတ်ဆင်ကြတဲ့အလျောက်အခု လိုယဉ်ကျေးမှုတွေစီးဝင်လာကြတဲ့ခေတ်ထဲမှာ ညီမလေးဝတ်တဲ့ စကတ်တို ဘောင်းဘီတိုဟာ လူတွေမျက်လုံးထဲအဖို့ အမြင်မတင့်တယ်ဘူးဆိုတဲ့အတွေးကိုရောက်စေတတ်တယ် ။
အ၀တ်အစားဟာ တကယ်တမ်းအရေးကြီးသလိုလိုနဲ့တကယ်တမ်းတော့ အ၀တ်အစားထက်ပိုအရေးကြီးတာ အနေအထိုင်ပါညီမလေးရေ ။ ညီမလေးဟာ စကတ်တိုဝတ်ခွင့်ရှိတယ် ဒါပေမယ့်အနေအထိုင်တော့ သိုသိုသိပ်သိပ်နေရမယ် မိန်းကလေးကိုး ။ မြင်ဖူးနေကြပန်းပွင့်လေးတွေကို လူတွေက တန်ဖိုးမထားတတ်ကြပေမယ့် မမြင်ဖူးသေးတဲ့ရှားပါးပန်းပွင့်လေးတွေကိုတော့လူတွေက တန်ဖိုးထားတတ်ကြတယ် ။ ဒီသဘောပါပဲညီမလေး ရေ ။ လူဆိုတာ ရှေ့မှာမြင်နေရတဲ့အကောင်းအဆိုးထဲက ကိုယ်ဘာကိုယူမလဲဆိုတဲ့အပေါ်မှာပဲမူတည်ပါတယ် ။ ဥပမာ ညီမလေးကိုရီးယားကားတစ်ကားကြည့်တယ်ဆိုပါစို့ ။ ကိုရီးယားတွေရဲ့အလုပ်ကြိုးစားမှု အပြိုင်အဆိုင်ရှိမှု သန့ှ်ရှင်းသပ်ရပ်မှု နည်းစနစ်စတာတွေကို အတုယူရမှာဖြစ်ပြီးမိန်းကလေးတွေအရက်သောက်ခန်းတွေ အချင်းချင်းယောက်ျားလုနေတဲ့အခန်းတွေကိုတော့ အတုမယူရဘူးညီမလေး ။ ဒါဟာ လောကကြီးအပေါ် ကိုယ်မြင်တဲ့ရှူထောင့်အပေါ်မူတည်ပါတယ် ။ အခုဆိုညီမလေးလည်း အရွယ်ရောက်လာပြီဆိုတော့ အချိန်တန်ရင် ချစ်တဲ့သူပေါ်လာမယ် ပြီးရင်အိမ်ထောင်တွေဘာတွေကျမယ် သားသမီးတွေမွေးလို့ ညီမလေး၇ဲ့မျိုးရိုးကိုဆက်ပြီးစောင့်ထိမ်းရတော့မယ် ။ ပထမဦးဆုံး လွတ်လပ်ခွင့်ဆိုတဲ့ Freedom အကြောင်းညီမလေးကိုပြောပြချင်ပါတယ် ။
Freedom
အကိုနားလည်ထားတဲ့လွတ်လပ်ခွင့်ဆိုတာသည် လွတ်လွတ်လပ်လပ်ကြီးလုပ်ချင်တာလုပ် မယ်ဖြစ်ချင်တာဖြစ်ဆိုပြီး စိတ်လွတ်ကိုယ်လွတ်နေတာကို မဟုတ်ဘူးညီမလေး ။ လွတ်လပ်ခွင့်ဆိုတာသည် အပေါ်ယံကြည့်လိုက်ရင်ပေါ့ပါးတယ်ဆိုပေမယ့် အနောက်ကနေ တာဝန်ယူမှုဆိုတဲ့အပိုင်း ပါလာတဲ့အခါ အရမ်းကိုလေးနက်သွားရပါပြီ ။ ညီမလေးဟာ လွတ်လပ်မှုကို မြတ်နိုးတယ်ဆိုရင် ကိုယ့်ကိုယ်ကို နဲ့ကိုယ့်အကျိုးဆက်ကို တာဝန်ယူနိုင်တဲ့သူဖြစ်၇မယ် ။ ညီမလေးရဲ့လွတ်လပ်စွာ လုပ်ဆောင်နိုင်ခွင့်ဟာ တပါးသူရဲ့လွတ်လပ်စွာ လုပ်ဆောင်နိုင်ခွင့်အပေါ် ထိခိုက်စေခြင်းမရှိရဘူး ။ လွတ်ပြီးလပ်နေတာမျိုးမဖြစ်ရဘူးညီမလေး ။ လွတ်လပ်တယ်ဆိုတာ ကိုယ့်ကိုယ်ကို တာဝန်ယူပြီး ကိုယ့်ရည်မှန်းချက်ကို အမှီအခိုကင်းကင်းအကောင်အထည်ဖော်လုပ်ဆောင်တာကိုဆိုလိုပါတယ် ။ ဒီလိုပဲညီမလေးးလူတွေအားလုံးမှာ အခုတလောလူပြောများနေတဲ့ Human Right ဆိုတဲ့ လူ့အခွင့်အရေးကိုယ်စီရှိကြတယ် ။ လူမှမဟုတ်ပါဘူး ခွေးမှာရော ကြောင်မှာရော အရာရာမှာ အခွင့်အရေးနဲ့သူ့ လုပ်ပိုင်ခွင့်သူရှိကြတယ် ။ လူတစ်ယောက်ကို ဒါလုပ်ကို လုပ်ရမယ်လို့အတင်းယုံကြည်ခိုင်းလို့မရဘူး ။ လူတစ်ယောက်ကို ဒါယုံရမယ် ဒါမယုံရင် နှိပ်စက်မယ် သတ်ဖြတ်မယ်ဆိုတာဟာလည်း လူ့အခွင့်အရေးနဲ့မညီပြန်ဘူး ။ လူဆိုတာကိုယ့်စိတ်သဘောထားအတိုင်းကိုယ်ယုံကြည်ရာကိုယ်ရွေးချယ်လျှောက်လှမ်းနိုင်ခွင့်ရှိရမယ် ။
ညီမလေးရေ သူများတွေလုပ်လို့လိုက်လုပ်တယ်ဆိုတာ ညီမလေးရဲ့ပင်ကိုယ်အရည်အသွေးညံ့ဖျင်းရာကျပါတယ် ။ ညီမလေးစဉ်းစားကြည့် မွေးလာကတည်းက ဆင်တစ်ကောင်ကိုပြပြီး ဒါဆိတ်ပါလို့ယုံကြည်ခိုင်းရင် အသက်ကြီးလာတဲ့အခါ အဲဒီလူဟာဆင်ကို ဆိတ်လို့ပဲမြင်နေတာမဆန်းပါဘူး ။ အဲဒီလူမှာအပြစ်မရှိပါဘူး ယုံကြည်ခိုင်းတဲ့လူမှာသာအပြစ်ရှိပါတယ် ။ ယုံကြည်မှုကို တည်ဆောက်ချင်ရင်တော့ လေ့လာခြင်း + ဝေဖန်ခြင်း + ဆန်းစစ်ခြင်း + သုံးသပ်ခြင်း = အဖြေထုတ်ခြင်း စတဲ့ညီမျှခြင်းနဲ့သွားရတယ်ညီမလေး ။ ဘာသာတရားဖြစ်စေ လူမှုရေးဖြစ်စေ နိုင်ငံရေးဖြစ်စေ ဘာကိုပဲ ဖြစ်ဖြစ် ယုံမယုံကြည့်ရတော့မယ့်အခါ ညီမလေး အရာရာကိုလေ့လာပါ ယှဉ်တွဲသုံးသပ်ပါ အကောင်းဆုံးကိုရွေးချယ်ဖို့လိုပါတယ် ။ ညီမလေးရေ လူ့အခွင့်အရေးအရပြောမယ်ဆိုရင် အကိုဟာညီမလေးကို ဘယ်လူနဲ့ယူရမယ် ဘယ်လူနဲ့မယူရဘူးပြောခွင့်မရှိတော့ဘူး ။ ညီမလေးမှာ လုပ်ပိုင်ခွင့် ( Right ) အပြည့်ရှိပြီကိုး ။ ကိုယ်ဖြစ်ကိုယ်ခံဆိုတဲ့စိတ်ကလေးကိန်းဝပ်လာတဲ့အခါ လူဟာ တဇွတ်ထိုးဆန်လာတတ်တယ် ။ မှားနေမှန်းသိရင်တောင်နောက်မဆုတ်ချင်တော့ဘူး ။ ညီမလေးကို အင်္ဂလိပ်ကြီးနဲ့မယူပါနဲ့ တရုတ်ကြီးနဲ့မယူပါနဲ့ အကို့မှာ တားပိုင်ခွင့်မရှိတော့ပါဘူး ။ ဒါပေမယ့်ညီမလေးရေ အကိုတို့ တစ်ချက်ကလေးပြန်စဉ်းစားကြည့်ရအောင်လား ။
စောင့်လေမျိုးနွယ်
ဘယ်လိုပဲ အသားအရောင်ညီတူညီမျှ လူ့အခွင့်အရေးညီတူညီမျှ လို့ဆိုပေမယ့် ဘင်လာဒင်လည်း အမေရိကကို တိုက်ခိုက်ခဲ့တာပါပဲ ။ အိုဘားမားလည်းငြိမ်းချမ်းရေးနိုဘယ်ဆုကိုင်ပြီး ဘင်လာဒင်ကို နှိမ်နှင်းခဲ့တာပါပဲ ။ တို့ကမ္ဘာကြီးဟာ သိပ်ကြောက်ဖို့ကောင်းတယ်ညီမလေး ။ လူ့အခွင့်အရေးလို့ တစာစာအော်နေပြီး အတွင်းမှာ သတ်ဖြတ်နေတာတွေ ဆာလောင်နေတာတွေ မြင်ရတဲ့အခါ အကိုဟာ တဖြည်းဖြည်း လူ့လောကကို မျက်နှာလွှဲချင်နေမိတော့တယ် ။ ညီမလေးရေ .. အကိုတို့မြန်မာလူမျိုးတွေဟာ သိပ်ကို အားနာတတ်တယ် ။ ခင်မင်တတ်တယ် ။ ယုံပြီဆိုရင်အိမ်ပေါင်ပေးရလည်းဝန်မလေးဘူးဆိုတဲ့ လူမျိုးထဲ တို့တွေပါတယ် ။ ဒီလိုအားနာမှု ယုံကြည်မှုတွေနဲ့အတူ တို့နိုင်ငံမှာ လူမျိုးခြားစိမ့်ဝင်မှုအန္တရာယ်ဟာသိသိသာသာကြီးကြီးမားလာခဲ့ရတာ ညီမလေးအမြင်ပါပဲ ။ ညီမလေးရေ ကိုယ်ချစ်တဲ့သူကို လူတိုငူ်းကတော့ လွတ်လပ်စွာ ရွေးချယ်ပိုင်ခွင့်ရှိတာပါပဲ ။ ဒါပေမယ့်ညီမလေးအနေနဲ့ ရေရှည်တွေးလို့ အိမ်ထောင်ဖက်အထိစဉ်းစားရတော့မယ့်အခါ စောင့်လေမျိုးနွယ်ဆိုတဲ့ စကားလေးလုံးကိုထည့်သွင်းစဉ်းစားပေးပါလို့အကိုကတောင်းဆိုချင်ပါတယ် ။ မျိုးဆက်ပွားတာဝန်ကို ယူထားရတဲ့ညီမလေးဟာ အင်္ဂလိပ်ကြီးယူလိုက်တဲ့အခါ အင်္ဂလိပ်မြန်မာ မျိုးစပ်လေးရလာမယ် ဂျပန်ကြီယူလိုက်တဲ့အခါ ဂျပန်မြန်မာမျိုးစပ်လေးရလာမယ် ။
ဒီလိုတွေအဖြစ်များလာတဲ့အခါ တို့တွေမှာ မြန်မာဆိုတာ နောက်ဆိုကျန်ပါတော့ဦးမလားလို့ တွေးနေမိတယ် ။ မဖြစ်သေးပါဘူး အဝေးကြီးလိုပါသေးတယ်လို့ညီမလေးပြောချင်တာလား ။ အရှည်ကိုတွေးမိရင်တော့ စောင့်လေမျိုးနွယ်ဆိုတဲ့ စကားကို လေးလေးနက်နက် ဆင်ခြင်သုံးသပ်သင့်ပြီဆိုတဲ့အကြောင်းညီမလေးကိုသိစေချင်ပါတယ် ။
မြန်မာညီမလေးကမွေးလာတဲ့ရင်သွေးလေးကို အကိုက မြန်မာကလေးငယ်လေးပဲဖြစ်စေချင်တာ အကိုအတ္တကြီးမိတာဆိုလည်းဝန်ခံပါတယ် ။ အကိုက လူ့အခွင်းအရေးချိုးဖောက်မိတယ်ဆိုရင်လည်းအကို ခံပါ့မယ် ။ ဒါက အကိုမြင်ချင်တဲ့ဆန္ဒကိုး ။
မြန်မာညီမလေးက လက်ချိတ်ပြီးလမ်းလျောက်သွားတဲ့ဘေးကောင်လေးနေရာမှာ အကိုက မြန်မာကောင်လေးပဲဖြစ်စေချင်မိတယ် ။ မင်္ဂလာဆောင်တဲ့အခါ ရင်ဖုံးထိုင်မသိမ်းနဲ့သတို့သားကကျက်သရေခေါင်းပေါင်းနဲ့အခါတော်ပေးနေတဲ့မြင်ကွင်းလေး အကို မြင်ချင်မိလှတယ် ။
အကို့အတွေးအမြင်တွေ တစ်ဖက်စွန်းရောက်နေပြီလားတော့မပြောတတ်ပါဘူးညီမလေး ။ အများစုပြောနေကြတဲ့ လူ့အခွင့်အရေးဆိုတာ အကို့အနေနဲ့ စည်းဝါးလွတ် ဖြစ်ပြီး အကိုတို့တမျိုးသားလုံးကိုထိခိုက်မယ့်အရာမျိုးကိုတော့အကိုလက်မခံချင်ပါဘူး ။ မှန်တာပေါ့ ညီမလေးတို့လို မြန်မာအမျိုးသမီးလေးတွေ ရဲ့စိတ်ထဲမှာ အမျိုးကို ချစ်တဲ့စိတ် ဘာသာသာသနာကို ချစ်တဲ့စိတ်လေးရှိပြီး ကိုယ့်အသိလေးနဲ့ကိုယ် စောင့်လေးမျိုးနွယ်ကို ချစ်မြတ်နိုးရင်ဖြင့် အကို့ပူပင်မှုတွေ အေးချမ်းသွားလိမ့်မယ်လို့အကိုမျှော်လင့်မိပါတယ် ။
ဘယ်သူကမှ လာပြင်ပေးလို့မရပါဘူးညီမလေး ။ ဘယ်လိုကန့်သတ်ချက် တွေနဲ့မှလည်း လူတွေကိုပိတ်ပင်လို့မရပါဘူး ။
ကိုယ့်အသိစိတ်နဲ့ခံယူချက်မှာ အမျိုး ဘာသာ သာသနာကို ချစ်မြတ်နိုးတဲ့စိတ်ကလေးကိန်းအောင်းပြီး စောင့်လေမျိုးနွယ်ကို အသီးသီး လက်ခံကျင့်သုံးကြရင်ဖြင့် မြန်မာဆိုတာ ကမ္ဘာတည်သရွေ့တည်တံ့နေဦးမှာပါပဲ ။
ှညီမလေးရေ .. ရေလိုအေးလို့ ပန်းလိုမွှေးပါစေ ... ယုံကြည်ရာကို ရဲဝံ့ပြတ်သားစွာ လျှောက်လှမ်းနိုင်တဲ့ မြန်မာအမျိုးသမီးလေး စောင့်လေမျိုးနွယ်ကို ချစ်ခင်ဦးထိပ်ထားတဲ့ အမျိုးသမီးလေးတစ်ဦးဖြစ်ပါစေကွယ် ။
အကို
သက်တန့်ချို
28.6.2013
စာဖတ်ပရိတ်သတ်သူငယ်ချင်းများကို အစဉ်လေးစားသောအားဖြင့်.......................
Friday, June 21, 2013
မပြောမပြီး မတီးမမြည်
ဒီမနက် မှတင်မဟုတ် အခုတလော Mood လည်းသိပ်မကောင်းလှတာကြောင့် စာကိုလည်းထဲထဲဝင်ဝင်မရေးဖြစ်ခဲ့တာကြာပါပြီ ။ ပုံမှန် ဖတ်နေကြ စာဖတ်သူတွေသတိထားမိကြမှာပါ ။ နိုင်ငံရေးအပြောင်းအလဲ အကွက်အကွင်းမှာ ဇာတ်ခုံပေါ်က စစ်တုရင်နယ်ရုပ်ကလေးတွေကို စိတ်ဝင်တစားစောင့်ကြည့်နေမိတယ် ။ ၂၀၁၅ သမ္မတဘယ်သူဖြစ်လာမလဲဆိုတဲ့အတွေးတွေနဲ့ စိတ်ထဲမှာ ဦးသိန်းစိန် ၊ ဒေါ်အောင်ဆန်းစုကြည် ၊ ဦးရွှေမန်းတို့က နေရာယူထားတယ် ။ နိုင်ငံရေးကစားကွက်တွေဟာ သိပ်ကို ကြည့်လို့ကောင်းသလို ဆက်ဖြစ်လာမယ့် အပြောင်းအလဲကာလတွေမှာ ဒီ ၃ယောက် ဘယ်လို အားပြိုင်ကြမလဲဆိုတာ စိတ်ဝင်စားဖို့ကောင်းလှပါတယ် ။
နိုင်ငံရေးတင်မကပဲ စီးပွားရေး လူမှုရေးနဲ့နောက်ဆုံး ဘာသာရေး အထိပါ မြန်မာနိုင်ငံအတွင်းမှာ မသိမသာဖြစ်စေ သိသိသာသာဖြစ်စေ အပြောင်းအလဲတွေဖြစ်နေကြတာ တွေ့မြင်မိကြမှာပါ ။ ဗုဒ္ဓဘာသာ အများစုနေထိုင်တဲ့ မြန်မာနိုင်ငံအတွင်းမှာ အဓိကအားဖြင့် ဗုဒ္ဓဘာသာ ၊ ခရစ္စယာန် ၊ အစ္စလာမ်ဘာသာနဲ့ ဟိန္ဒူဘာသာဝင်တို့ နေထိုင်ကြပါတယ် ။ ထားပါတော့ အခုပြောချင်တဲ့အကြောင်းအရာက ဘာသာရေးနဲ့ပတ်သတ်ပြီး Time မဂ္ဂဇင်း မျက်နှာဖုံးမှာ ဂျူလိုင်လအတွက် တင်ထားတဲ့ ဦးဇင်း ၀ီရသူရယ် ကာဗာအပေါ်မှာ ထိုးထားတဲ့စာတမ်း THE FACE OF BUDDHIST TERROR ဆိုတာလေးပါ ။ ရေးသားသူက Hannah Beech ဖြစ်ပြီး သူတည်ထားတဲ့ခေါင်းစဉ်က “ How Mulitant Monks Are Fueling Anti-Muslin Violence In Asia ” ဆိုပြီးဖြစ်ပါတယ် ။
Terror ဆိုတာ အကြမ်းဖက်မှု အထိတ်တလန့်ဖြစ်စေမှု စသည်တို့ကို ရည်ညွှန်းပြီး Terroist ဆိုတာကတော့အကြမ်းဖက်သမားကို ရည်ညွှန်းပါတယ် ။ ဒီတော့ ဇာတ်လမ်းကိုပြန်ကောက်ကြည့်ရအောင် အတိုချုံးပေါ့ ။
၁ ။ ရခိုင်အရေးအခင်း ဘယ်သူကစ ဘာတွေဖြစ် ဘယ်လို အဆုံးသတ်သွား
၂ ။ မိတ္ထီလာအရေးအခင်း ဘယ်သူကစ ဘာတွေဖြစ် ဘယ်လို အဆုံးသတ်သွား
၃ ။ လားရှိုးအရေးအခင်း ဘယ်သူကစ ဘာတွေဖြစ် ဘယ်လို အဆုံးသတ်သွား
ကြားထဲမှာ တချို့မြို့တွေက ဖြစ်စဉ်တွေအများကြီးကျန်ပါသေးတယ် ။ ဘာသာရေး ပြဿနာတွေလို့ အပေါ်ယံပြောလို့ရပေမယ့် သေသေချာချာ ထဲထဲ ၀င်ဝင်တွေးကြည့်ရင်တော့ ဒါဟာ လူမျိုးစု ပြဿနာတွေလို့ မြင်လို့ရသလို ဖိနှိပ်ခံရမှု အနိုင်ကျင့်စော်ကားမှုတွေကြားဖြစ်ပေါ်လာတဲ့အမုန်းမီးတောက်သံသယ နဲ့ တကွ အငြိုးအတေးနာကျင်မှုတွေကဖြစ်ပေါ်လာတဲ့ နောက်ဆက်တွဲဆိုးကျိုး ( complication ) တွေလို့မြင်မိတယ် ။
ဦးဇင်းဝီရသူဟာ ကောင်းတာလားဆိုတားလား တော်တာလား ညံ့တာလားဆိုတာ ကျွန်တော့်အနေနဲ့ ဝေဖန်နေစရာအကြောင်းမရှိပါ ။ ဒီနေရာမှာ ဦးဇင်းကို ကြည့်တဲ့နေရာမှာ ကျွန်တော်တို့ဟာ နည်း ၂ နည်းနဲ့မြင်ရတော့မှာပါ ။
၁ ။ Human Right လူ့အခွင့်အရေးဖက်ကနေကြည့်ကြမလား
၂ ။ လူမျိုးခြားစိမ့်ဝင်မှုအန္တရာယ်ဆိုးကို ကာကွယ်ပေးနေတဲ့ အမျိုးသားရေးစိတ်ဓါတ်ပြင်းထန်သူအဖြစ်ကြည့်ရမလား ဆိုတာပါပဲ ။
မကြာသေးခင်က ထွက်ပေါ်လာတဲ့ ( အတည်မပြုရသေးတဲ့ အစိုးရဖက်က ဘာမှမပြောသေးတဲ့ ) အမျိုးစောင့်ဥပဒေ မူကြမ်း ဆိုတာနဲ့ပတ်သတ်ပြီး လက်ခံသူတွေ လက်မခံသူတွေ ကွဲကြပြန်တယ် ။ ထူးတော့လည်းမထူးဆန်းပါဘူး ၉၆၉ ဆိုပြီး အမျိုးဘာသာ သာသနာဆိုင်တွေမှာ အားပေးကြဖို့ ဖြစ်ပေါ်လာတဲ့အခြေအနေတုန်းကလည်း လက်ခံတဲ့သူနဲ့လက်မခံတဲ့သူဆိုပြီးကွဲကြသေးတာပဲမဟုတ်လား ။ ကျွန်တော်တို့ မြန်မာတွေဟာ စည်းလုံးစရာရှိရင်သိပ်ကိုစည်းလုံးသလို မစည်းလုံးကြဘူးဆိုရင်လည်း ဘယ်သူကမှတောင် အင်တိုက်အားတိုက်ဖြိုခွဲနေစရာမလို ကိုယ့်ဘာသာ အချင်းချင်း လွတ်လပ်စွာ ပျော်ပျော်ကြီး သဘောထားကွဲလွဲကြပြီးသားပဲ ။ ဒီနေရာမှာ အိုစမာ ဘင်လာ ဒင်ကို သတိရနေမိတယ် ။ ဝေါထရိတ်စင်တာကို ဖြိုခွဲ လိုက်တဲ့အချိန်မှာ ကမ္ဘာတ၀ှမ်းက ဘင်လာဒင်ထောက်ခံသူတွေဟာ အောင်ပွဲခံခဲ့ကြသလို သူ့လုပ်ရပ်ကို မှားတယ်လို့ ဘင်လာဒင်ဖက်ကလူတွေမမြင်ခဲ့ကြဘူး ။
ဒါဟာမှန်တယ် သူရဲကောင်းဆိုတဲ့ဘွဲ့တပ်လိုက်ကြတယ် ။ ကျွန်တော်ကိုယ်တိုင်ဗုဒ္ဓဘာသာဝင်တစ်ယောက်ဖြစ်တဲ့အလျောက် ကိုယ့်ဘာသာကိုယ်ပဲ ဝေဖန်ကြည့်ချင်တယ် ။
- ဗုဒ္ဓဘာသာဟာ အချင်းချင်း စည်းလုံးသယောင်ရှိနေကြပေမယ့် တကယ်တမ်းစ သာသနာ ကွယ်ပျောက်မှာစိုးလို့ နည်းလမ်းတချို့ထွက်ပေါ်လာတဲ့အပေါ်မှာ သဘောထားကွဲလွဲမှုများစွာရှိနေတဲ့အခါ စည်းလုံးမှု အားနည်းနေသေးတယ်ဆိုတာ တွေ့ရတယ် ။
- သူများ ဘာသာတွေဟာ အချင်းချင်း အပြစ်ပြောသူ သိပ်မတွေ့ ရှိကိုမရှိသလို အချင်းချင်း ဆဲဆိုနေကြတာလည်း လူမှုကွန်ယက်တွေပေါ်မှာ မတွေ့ဖူးပါ ။ ကျွန်တော်တို့ဆီမှာတော့မိုးမွှန်နေအောင်ဆဲကြသည် ။ ဦးဇင်း ၀ီရသူလည်း လည်းအဆဲခံရပါသည် ။
- ဘာသာရေးကိုင်းရှိုင်းမှုကိုကြည့်မယ်ဆိုရင်လည်း ခရစ္စယာန်တွေ တနင်္ဂနွေတိုင်း ဘုရားကျောင်းတက်တယ် အစ္စလာမ်တွေ တစ်နေ့ဘုရားငါးကြိမ်ရှိခိုးတယ် ကျွန်တော်တို့မှာ ရင်ထဲကဘုရားရှိတယ်ဟုအကြောင်းပြချက်ဖြင့် ဘုရားပုံမှန်ရှိခိုးသူရှိပါသလားဟုမေးစရာရှိသည် ။ ရှိသည့်သူတွေလည်းရှိမည် အများစုကတော့ ပုံမှန် လုပ်လေ့မရှိ ဘုရားကိုတောင် တစ်လ ဘယ်နှစ်ကြိမ် သွားသလဲဟုမေးစရာရှိသည် ။ ပျော်ပွဲရွှင်ပွဲဆို အကုန်ပါသည် နောက်ဆုံးမီးနင်းပွဲတောင် ပါသည် ။
ဆိုလိုတာက ကျွန်တော်တို့ငယ်ငယ်တုန်းကလို ဗုဒ္ဓဘာသာ ယဉ်ကျေးမှု သင်တန်းကျောင်းလို ကျောင်းပိတ်ရက်တွေမှာဖွင့်သည့်သင်တန်းတွေ မရှိသလောက်နည်းပါးနေသည်ကို ပြန်လည်ထောက်ပြလိုခြင်းဖြစ်သည် ။ ရင်ထဲ နှလုံးသားထဲကနေ ဘာသာတရားကိုကိုင်းရှိုင်းအောင်သင်ပေးတာသည် တခြားဘာသာတွေမှာ Perfect ဖြစ်သည် ။ ကျွန်တော်တို့မှာ သင်ပေးမှု အားနည်းနေသည် ။ မြတ်စွာဘုရားကိုယ်တိုင်ကလည်း ငါဘုရားသည် ဖန်ဆင်းရှင်မဟုတ် လမ်းညွှန်ပေးသူသာဖြစ်သည် ငါဘုရား၏ တရားတော်များကို ယုံကြည်ရမည်ဟုအတင်းအကြပ်မဆို ကိုယ်ကိုယ်တိုင်လိုက်နာကျင့်သုံးလို့ ယုံကြည်လက်ခံမှ လိုက်နာကြပါဟူသော သဘော မျိုး တရားတော်များပါ ပါသည့်အတွက် ယေဘူယျ ဆန်သည် ကျွန်တော်နှစ်သက်သည်ဟု ၀န်ခံပါသည် ။
ဦးဇင်းဝီရသူ လုပ်နေတဲ့ဘာသာရေးတရား ( အထူးသဖြင့် ၉၆၉ နှင့် လူမျိုးခြားစိမ့်ဝင်မှုအန္တရာယ် ကို မီးမောင်းထိုးပြသည့်တ ရားများ ) ကို ထောက်ခံသူတွေနဲ့မထောက်ခံသူတွေဆိုပြီးကွဲကြသည် ။ အရင်းစစ်တော့ ဗုဒ္ဓဘာသာတစ်ခုတည်းပင်ဖြစ်သည် ။ အဘယ်ကြောင့်နည်း ။ အိုစမာဘင်လာဒင်ကို အကြမ်းဖက်သည်ဟု သူတို့မမြင်ကြသူရဲကောင်းတံဆိပ်သာကပ်သည် ။ အမျိုးစောင့်ဥပဒေ မူကြမ်းကို လက်ခံသလား လက်မခံသလားဟု ကျွန်တော် အဖြေပေးရန်မလို ။ ကျွန်တော့်ထက်ပို၍ တော်သော တတ်သော ရေရှည်တွေးတတ်သော လူတွေက ဖြစ်သင့်သလား မဖြစ်သင့်သလား ဆုံးဖြတ်ကြပါလိမ့်မယ် ။ သာသနာရေးဝန်ကြီးဌာနမှ ကိုင်တွယ်၍ သုံးသပ်ပါလိမ့်မယ် ကျွန်တော်ထင်တာပါ ။ ယခု Time သည် ဦးဇင်းဝီရသူအကြောင်းကို ဘယ်လောက်သိ၍ ဘာကြောင့်ထိုသို့ပြောပါသလဲ ကျွန်တော်မေးခွန်းထုတ်ချင်သည် ။ အနှစ်နှစ်အကာလ မြန်မာနိုင်ငံအတွင်းမှာ ဖြစ်ပေါ်လာခဲ့တဲ့ လူမျိုးခြားစိမ့်ဝင်မှုအန္တရာယ်ကို Time သည် သိမည်မထင် ။ သူတို့လည်း ထိုအန္တရာယ်ကို တိုက်ရိုက်တမျိုးသွယ်ဝှိုက်၍တမျိုးကောင်းကောင်းကြီးခံစားနေရသည်ကိုသူတို့ကိုယ်တိုင်သိမည်ထင်သည် ။
တကယ်တော့ ပြည်တွင်းရေးးဘာသာရေးဖြစ်သည် ။ သံဃာတော်ဘုန်းကြီးတစ်ပါးပုံနှင့် ဗုဒ္ဓဘာသာအကြမ်းဖက်မျက်နှာဟူသော အဓိပ္ပါယ်သက်ရောက်စေသည့်စကားလုံးနှင့်တွဲထားခြင်းသည် Time က ဘာသာရေးပြဿနာများ ပိုမိုဖြစ်ပေါ်လာအောင် ဖန်တီးပေးလိုက်ခြင်းလားဟု ကျွန်တော်စွပ်စွဲချင်သည် ။ မလုပ်သင့် အကယ်၍ အရေးယူလိုလျှင် အစိုးရက ဦးဇင်းဝီရသူကို ထောင်ထဲမှ ပြန်မထွက်နိုင်အောင် လုပ်ထားနိုင်သည် ။ ဦးဇင်းကို ပိတ်ပင်ထားနိုင်သည် ။ အစိုးရကဦးဇင်းအပေါ်ဘယ်လို မြင်သလဲဟူသောအချက်ကို ကျွန်တော်တို့ တွေးမိကြဖို့ကောင်းသည် ။ ကန့်ကွက်ပါသည် Time မှာတင်စရာမျက်နှာဖုံးဒီလောက်ရှားသလားဟုမေးချင်သည် ။ ဦးဇင်း ၀ီရသူ မကောင်းဘူးပဲထား ဗုဒ္ဓဘာသာတစ်ခုလုံးကို သိမ်းကြုံး မစော်ကားသင့် ။
ဗုဒ္ဓဘာသာမှာ ငြိမ်းချမ်းရေးနှင့် ကာကွယ်လိုစိတ် တိုးပွားလိုစိတ်သာရှိသည် တိုက်ခိုက်လိုစိတ်မရှိပါ ။
ဗုဒ္ဓဘာသာမှာ အေချမ်းမှုနှင့် အကျိုးလိုလားခြင်းသာရှိသည် ။
ဗုဒ္ဓဘာသာမှာ ခွင့်လွှတ်သည်းခံခြင်းနှင့် သမာဓိကိုသာ လက်ကိုင်ထားသည် ။
ဗုဒ္ဓဘာသာမှာ တည်မြဲခြင်းဆိုတာ ဘာမှမရှိ မတည်မြဲခြင်းသာရှိသည် ။
ဗုဒ္ဓဘာသာမှာ အိုခြင်း နာခြင်း သေခြင်းကို မီးမောင်းထိုးပြသည် ဆင်ခြင်သုံးသပ်၍ နိဗ္ဗာန်ရောက်ကြောင်းကိုရှေးရှူသည် ။
နောက်ဆုံး .. ဗုဒ္ဓဘာသာသည်အကြမ်းဖက်မဟုတ်ကြောင်း ထို မဂ္ဂဇင်းကိုပြောလိုသည် ။ ထိုမျက်နှာဖုံးနှင့် ဘာသာရေးအသွင်ဆောင်သော မုန်းတီးမှုများ ခေတ်စကားအရပြောလျှင် ( ဖွသည် ) ဟု တည့်တည့်ပြောချင်သည် ။ ပြည်တွင်းရေးကို ပြည်တွင်းရှိ လူများသာအသိဆုံးဖြစ်သလို ပြည်ပက ၀င်ရောက်စွက်ဖက်သည်မှာ အဆန်းတော့မဟုတ် ရှေးယခင်ကတည်းက ရှိသည် ။ ထားပါတော့ တိုင်းပြည်တစ်ပြည်ဆိုတာကလည်း တစ်ခုတည်းရပ်တည်လို့ရတာမှမဟုတ်ပဲ ။ ဒါပေမယ့် ဦးဇင်းဝီရသူရယ် စာတမ်းရယ် မျက်နှာဖုံးရယ်ကိုကြည့်ပြီး ဘ၀င်မကျမိကြောင်း ၀န်ခံသည် ။ ဦးဇင်းကောင်းတာဆိုးတာကို ကျွန်တော့်အနေဖြင့်သာမန်ပုထုဇဉ်အနေဖြင့် မဝေဖန်ပါ ။ ထောက်ပြစရာလည်းမရှိပါ ။
ကျွန်တော်စိတ်မကောင်းဖြစ်တာသည် Terror ဆိုသောစကားလုံးကိုပင်ဖြစ်ပါသည် ။ အမျိုးစောင့်ဥပဒေမူကြမ်းကို လက်ခံသလား ကျွန်တော့်ကိုမေးလျှင် သင့်ကိုလည်းကျွန်တော်က လက်ခံပါသလား ပြန်မေးပါမည် ။ ယေဘူယျအားဖြင့်သုံးသပ်လျှင်
၁ ။ လူ့အခွင့်အရေး အရကြည့်လျှင်ပယ်ချရမည်ဖြစ်သည် ။ အမျိုးသမီးတွေသည် တရားခံများ မဟုတ် မူကြမ်းထုတ်ပြီးတားစရာမလို ဟုပြောရမည် ။ လူမှန်လျှင်ကိုယ်ကြိုက်တာ ကိုယ်လိုက်ကြိုက်တဲ့လူမျိုး ကြိုက်တဲ့ဘာသာနှင့်ယူခွင့်ရှိသည် လိင်တူချင်းလည်းယူနိုင်သည် ယုတ်စအဆုံးလူနှင့် တခြားသတ္တ၀ါများလည်း ယူနိုင်သည် အမျိုးသမီးများကိုမူကြမ်းထုတ်ပြီးအမျိုးသားများကတော့ကြိုက်တာယူခွင့်ရှိတယ်ဆိုတော့ ဒါလူ့အခွင့်အရေးလားဟု မေးကြမည် ။ ဒါကလူ့အခွင့်အရေး သမား များ ပြောလေ့ရှိသော စကားများဖြစ်သည် ။
၂ ။ လူမျိုးခြားစိမ့်ဝင်မှုအန္တရာယ်ကို ထိတ်လန့်တကြား ကာကွယ်လိုက်သော မူကြမ်း သည် အတိုင်းအတာတစ်ခုအထိတော့တပ်လှန့်သွားရာရောက်သည်ဟု တချို့ကပြောကြမည် ။ ကောင်းတယ်ဒါမှ မြန်မာအချင်းချင်းအိမ်ထောင်တွေကျပြီးမြန်မာ မျိုးဆက်သက်ဆိုးရှည်မှာဟု တွက်ကြသူများလည်းရှိမည် ။ ထိုသူတွေကတော့လက်ခံကြမည်ဖြစ်သည် ။
=========================================
အမြင်မတူတာရှိလျှင်မကွဲရဟုမပြောပါ ကွဲကြပါဒါပေမယ့် ရန်သူကြီးတွေဖြစ်ရလောက်တဲ့အထိ ဆိုးဆိုးရွားရွား ရုပ်ပျက်ဆင်းပျက်ကြီးတွေတော့မလုပ်ကြပါနဲ့ ။ အွန်လိုင်းစာမျက်နှာများကို ဆိုလိုယုံသာမကပဲ အပြင်လောကကိုပါ မီးမောင်းထိုးပြလိုသည် ။ လူမှုကွန်ယက်တွေကတော့ တကယ်ကြည့်လျှင် အကောင့်တုတွေ လိမ်နည်းမျိုးစုံတွေနဲ့မို မဆဲပါနှင့်ပြောလျှင် ပြောသည့်သူသာအရူးဖြစ်မည် ။ လှည့်ကွက်တွေကများလွန်းသည် ။
စည်းလုံးကြပါ
စည်းလုံးကြပါ
နောက်ဆုံးစကားတစ်ခွန်းသာပြောချင်သည် ။
ကျွန်တော်စိတ်မကောင်းဖြစ်နေတာသည် Terror ဆိုသောစကားလုံးကု ဗုဒ္ဓဘာသာနှင့်တွဲဖက်သုံးထားခြင်းကိုဖြစ်ပါသည် ။
သက်တန့်ချို
21.6.2012
Photo : http://www.time.com/time/covers/asia/0,16641,20130701,00.html
စာဖတ်ပရိတ်သတ်သူငယ်ချင်းများကို အစဉ်လေးစားသောအားဖြင့်.......................
Tuesday, June 4, 2013
ကမ္ဘာကြီးကို ပြောင်းပြန်မြင်နေရသူအမျိုးသမီး
ကမ္ဘာကြီးကို ပြောင်းပြန်မြင်နေရသူအမျိုးသမီး
အမျိုးသမီးတွေ မြေပုံစာရွက်ကို မဖတ်တတ်ဘူးလို့ ပြောချင်တာလား ဒါဆို ဒီသတင်းလေးဖတ်ကြည့်ပါဦး
တကယ်တော့စာသားတွေကို ပြောင်းပြန်ဖတ်ဖို့ဆိုတာ မလွယ်ကူတဲ့အလုပ်ဖြစ်ကြောင်းသင်သိမှာပါ ဒါပေမယ့် အခု ဆိုက်ဘေးရီးယားက အမျိုးသမီးတစ်ဦးကတော့ စာတွေကိုပြောင်းပြန်ဖတ်နိုင်စွမ်းရှိပါတယ် ။
သူ့နာမည်ကို Bohana Danilovic လို့ခေါ်ပြီးအသက်က ၂၈ နှစ်ဝန်းကျင် ဆိုက်ဘေးရီးးယား ကောင်စီအလုပ်သမားတစ်ဦးဖြစ်တယ် ။ သူ့ဦးနှောက် ဖြစ်စဉ်တွင်းရဲ့ပုံရိပ်ဖော်မှုအပိုင်းမှာ ထူးထူးဆန်းဆန်းတွေဖြစ်ပေါ်နေလျှက်ရှိပါတယ် ။
ကျွန်တော်တို့မြင်နေရတာတွေက အတည့်အတိုင်းဖြစ်ပေမယ့် သူမကတော့ ပြောင်းပြန်တွေပဲမြင်နေခဲ့တယ် ။ သူမအတွက်တော့ တစ်ကမ္ဘာလုံးဟာ ဇောက်ထိုးမိုးမျှော်တွေပါပဲ ။ အမေရိကန် ဟားဗတ်တက္ကသိုလ်မှ Ms Danilovic ကတော့ ဒါဟာ Spatial Orientation Phenomenon လို့ခေါ်တဲ့အခြေအနေတစ်မျိုးခံစားနေရတာလို့ဆိုတယ် ။ ဒန်နီလိုဗစ်လို အခြေအနေမျိုးကြုံတွေ့သူတွေရှိပေမယ့်သူတို့ဟာစာကိုပဲ အပေါ်အောက်ရေးနိုင်ဖတ်နိုင်ကြပေမယ့် ဒန်နီလိုဗစ်လိုတော့ တစ်ကမ္ဘာလုံးပြောင်းပြန်မြင်နေတာတော့မဟုတ်ပါဘူး ။
“ ဘာကြောင့် ဒီလိုဖြစ်တယ်ဆိုတာ ကျမ တိတိကျကျမသိပါဘူး ဒီလိုဖြစ်လာတယ် ကျမဦးနှောက်ထဲကဘယ်နေရာမှာ ဘာတွေဖြစ်နေကြပါလိမ့် ” လို့ လွန်ခဲ့တဲ့အပတ်က ဒန်နီလိုဗစ်ကပြောခဲ့တယ် ။ “ သူတို့ကပြောတယ် ကျမလိုပဲ စာတွေပြောင်းပြန်ရေးနိုင်တဲ့သူတွေ ဖတ်နိုင်တဲ့သူတွေ သမိုင်းမှာ ကြုံခဲ့ဖူးတယ်တဲ့ ဒါပေမယ့် ကျွန်မလို အခြေအနေတစ်ရပ်လုံးတော့မတူညီကြပါဘူး ”
သူမအတွက်ကို ပြောင်းပြန်လှန်ထားတဲ့ကွန်ပြူတာနဲ့ အထူးပြုလုပ်ထားတဲ့ ကီးဘုတ်တစ်ခု မှာယူထားရပါတယ် ။ ခက်ခဲတဲ့တစ်နေ့တာကို ဖြတ်သန်းပြီးအိမ်ပြန်ရောက်ပြီဆိုရင် မိသားစုက တခြားမှာ တီဗွီတစ်လုံးနဲ့ကြည့်တယ် သူမက သပ်သပ်တစ်လုံးနဲ့ကြည့်ပါတယ် ။
Source : News.com.au
သက်တန့်ချို ဘာသာပြန်သည် ။
စာဖတ်ပရိတ်သတ်သူငယ်ချင်းများကို အစဉ်လေးစားသောအားဖြင့်.......................
ကော်ဖီခွက်လေးတစ်ခွက်
ကော်ဖီခွက်လေးတစ်ခွက်
နယ်ပယ်အသီးသီးမှာ အောင်မြင်ကျော်ကြားနေတဲ့ကျောင်းသားတွေနဲ့ ပရော်ဖက်ဆာ တစ်ဦးဟာ ခရီးတစ်ခု ကို ထွက် လာခဲ့ကြတယ် ။ သူတို့ ဦးတည်ချက်က ပရော်ဖက်ဆာရဲ့အိမ်ကလေးဆီကို ပါ ။ ဒီလိုနဲ့ ခရီး လည်း ဆုံးတော့ လှပသေသပ်တဲ့အိမ်ကလေးတစ်လုံး ဆီရောက်လာခဲ့ကြတယ်။
အဲဒီအိမ်ကလေးရှေ့က ခြံဝင်းထဲမှာ ကျောင်းသားတွေဟာ ရယ်ရယ်မောမောနဲ့ စကားစမြည်ပြော ဆိုကြ တယ် ။ ထုံးစံအတိုင်း သူတို့ဘ၀ ဟာ စိတ်ဖိစီးမှု ဘယ်လောက်များကြောင်း ပင်ပန်းဆင်းရဲကြောင်း ခက်ခဲကြမ်းတမ်းကြောင်းစသဖြင့်ေ ပါ့ ။ ပရော်ဖက်ဆာကပြုံးပြီးအိမ်ထဲ ၀င်သွားတယ် ။ ပြန်ထွက်လာတော့ သူ့လက် ထဲမှာ လင်ဗန်းတစ်ခုပါလာတယ် ။
လင်ဗန်းပေါ်မှာ ကော်ဖီအိုးတစ်အိုးရယ် ခွက်ကလေးတွေရယ်ပါလာတယ် ။ ခွက်တွေကအစုံပါပဲ တန်ဖိုးကြီး တဲ့ ခွက်တွေပါသလို တန်ဖိုးနည်းတဲ့ခွက်တွေလည်းပါတယ် ။ စတီးခွက် ကြွေခွက် ပလတ်စ တစ်ခွက်စ သဖြင့်ပေါ့ ။ ပြီးတော့ကျောင်းသားတွေအလယ်မှာ ချပြီး ကိုယ့်ဘာသာ ယူသောက်ကြဖို့ညွှန်ကြားခဲ့တယ် ။ ကျောင်း သားတွေဟာ သူတို့နှစ်သက်ရာခွက်တွေယူပြီးကော်ဖီကို အသီးသီးယူသောက်ကြတယ် ။
အားလုံးကော်ဖီတွေထည့်ပြီးချိန်မှာ ပရော်ဖက်ဆာကပြောတယ် ။
“ အခု ကိုင်ထားတဲ့ခွက်တွေကို သတိထားမိကြလား .အားလုံးဟာ အဖိုးတန်ခွက်တွေအကောင်းစားခွက်တွေ ကိုပဲ ယူသောက်ကြတာတွေ့ တယ်
..တကယ်တော့ ကော်ဖီရဲ့ အ နှစ်သာရဟာ ဒီခွက်တွေပေါ်မှာ မူ တည်နေ တာမဟုတ်ပါဘူး
ဒီလိုပဲ ဘ၀မှာ ကိုယ်ဟာ အကောင်းစားတွေ ကိုလိုချင် တယ်
အောင်မြင်မှု ကိုတပ်မက်တယ်ဆို ရင်တော့
ခက်ခဲကြမ်းတမ်းမှုတွေကို မညည်းညူပါနဲ့ အဲဒါတွေက အပေါ်ယံအခွံတွေပါ
ဘယ်ခွက်နဲ့ပဲသောက်သောက် ကော်ဖီအရသာက ဒီအတိုင်းမပြောင်းလဲပါဘူး ”
========================== =========
ဘ၀ဟာ ကော်ဖီရည်ဆိုပါစို့ ..
အလုပ်အကိုင် ငွေးကြေးနဲ့ ရာထူးဂုဏ်တွေဟာ ကော်ဖီခွက်တွေပါ
အဲဒါတွေဟာ ဘ၀ကို ကိုင်ဆိုင်ဖို့အတွက် သင့်အတွက် အသုံးချခံအရာတွေပါ
“ ဘ၀ရဲ့ အရည်အသွေးကို အပေါ်ယံ ကော်ဖီခွက်တွေက မဆုံးဖြတ်ပေးနိုင်ဘူး အထဲက အနှစ်သာရရှိ တဲ့ ကော်ဖီရည်တွေက ကသာ ဆုံးဖြတ်ပေးနိုင်ပါတယ် ”
သင်ကရော ကော်ဖီရည်ကို တန်ဖိုးထားသူလား ..အပေါ်ယံ ခွက်ကို တန်ဖိုးထားသူလား ?
သက်တန့်ချို ဘာသာပြန်သည် ။
မူရင်း - A cup of tea
အဲဒီအိမ်ကလေးရှေ့က ခြံဝင်းထဲမှာ ကျောင်းသားတွေဟာ ရယ်ရယ်မောမောနဲ့ စကားစမြည်ပြော ဆိုကြ တယ် ။ ထုံးစံအတိုင်း သူတို့ဘ၀ ဟာ စိတ်ဖိစီးမှု ဘယ်လောက်များကြောင်း ပင်ပန်းဆင်းရဲကြောင်း ခက်ခဲကြမ်းတမ်းကြောင်းစသဖြင့်ေ
လင်ဗန်းပေါ်မှာ ကော်ဖီအိုးတစ်အိုးရယ် ခွက်ကလေးတွေရယ်ပါလာတယ် ။ ခွက်တွေကအစုံပါပဲ တန်ဖိုးကြီး တဲ့ ခွက်တွေပါသလို တန်ဖိုးနည်းတဲ့ခွက်တွေလည်းပ
အားလုံးကော်ဖီတွေထည့်ပြီးချ
“ အခု ကိုင်ထားတဲ့ခွက်တွေကို သတိထားမိကြလား .အားလုံးဟာ အဖိုးတန်ခွက်တွေအကောင်းစားခ
==========================
ဘ၀ဟာ ကော်ဖီရည်ဆိုပါစို့ ..
အလုပ်အကိုင် ငွေးကြေးနဲ့ ရာထူးဂုဏ်တွေဟာ ကော်ဖီခွက်တွေပါ
အဲဒါတွေဟာ ဘ၀ကို ကိုင်ဆိုင်ဖို့အတွက် သင့်အတွက် အသုံးချခံအရာတွေပါ
“ ဘ၀ရဲ့ အရည်အသွေးကို အပေါ်ယံ ကော်ဖီခွက်တွေက မဆုံးဖြတ်ပေးနိုင်ဘူး အထဲက အနှစ်သာရရှိ တဲ့ ကော်ဖီရည်တွေက ကသာ ဆုံးဖြတ်ပေးနိုင်ပါတယ် ”
သင်ကရော ကော်ဖီရည်ကို တန်ဖိုးထားသူလား ..အပေါ်ယံ ခွက်ကို တန်ဖိုးထားသူလား ?
သက်တန့်ချို ဘာသာပြန်သည် ။
မူရင်း - A cup of tea
စာဖတ်ပရိတ်သတ်သူငယ်ချင်းများကို အစဉ်လေးစားသောအားဖြင့်.......................
သစ်သားခွက်ကလေး
သစ်သားခွက်ကလေး
တစ်ခါတုန်းက အဖိုးအိုတစ်ဦး ဟာ ရွာမှာ တစ်ယောက်တည်းအထီးကျန်ဆန်စွာနေရတယ် ။ တစ်နေ့ တော့အဖိုး အိုက သူ့ သားနဲ့ သူ့ချွေးမ သူ့မြေးလေးတွေရှိတဲ့နေရာမှာ သွားနေမယ် ဆိုတဲ့ မျှော်လင့်ချက်နဲ့ ရွာကနေထွက်လာခဲ့တယ် ..။ ဒီလိုနဲ့ ခရီးရှည်ကြီးကိုဖြတ်သန်းပြီးတော့ သူ့သား ချွေးမ နဲ့ မြေးကလေးတို့နေတဲ့အိမ်ကိုရောက်လာပါတယ် ။
စစရောက်ခြင်းမှာ သားဖြစ်သူတို့မိသားစုက ၀မ်းပမ်းတသာကြိုဆိုကြတယ် ။ အိမ်ဦးခန်း မှာ နေ ရာပေးကြတယ် ။ ဒီလိုနဲ့ အဖိုးအိုဟာ သူ့သားမိသားစုနဲ့အတူ နေထိုင်ရင်း တစ်ပတ်တိတိ အချိန်ကိုရောက် လာခဲ့တယ် ။ နေ့တိုင်းနေ့တိုင်းမှာ မိသားစုထမင်းဝိုင်းမှာ အားလုံးအတူဝိုင်းစားကြတယ်။ အဖိုးအိုရဲ့ မျက်လုံးတွေဟာ မှုန်ရီနေပါပြီ ။ အဖိုးအိုရဲ့လက်တွေက အသက်အရွယ်ကြောင့် တုန်ယင်နေခဲ့တယ် ။
တခါတခါ ဇွန်းနဲ့ ခက်ရင်းတွေလွတ်ကျသလို ..တခါတခါမှာလည်း ပန်းကန်ထဲက ထမင်းတွေ ဟာ ဘေး နားကိုဖိတ်လို့ဖိတ်ကြမ်းပြင်ပေါ်ကျလို့ကျနဲ့ ပေပွနေခဲ့ရတယ် ။ တစ်ပတ်တိတိရှိလာတဲ့အခါ သားဖြစ်သူ နဲ့ချွေးမတို့က မခံနိုင်တော့ပါဘူး ။ သူတို့တိုင်ပင်ကြတယ် ။
“ အဖေ့ရဲ့ ထမင်းစားတဲ့အခါ ဟိုဖိတ်ဒီဖိတ်ဒါဏ်ကိုမခံနိုင်တော့ဘူး အဖေက ထမင်းစားရင် လည်းအ သံမြည်တယ် ညစ်ပတ်နေတာပဲ ကြမ်းပြင်ပေါ်မှာလဲ ပေပွနေရော ငါတို့တစ်ခုခုလုပ်ရအောင် ” လို့ မိန်းမဖြစ်သူ ကိုတိုင်ပင်တယ် ။ ဒီလိုနဲ့ သူတို့ဟာ အဖိုးအိုကို ထမင်းတစ်ဝိုင်းတည်းအတူစားခွင့်မပေးတော့ပဲ အခန်းထောင့်လေးမှာ စားပွဲခုံသေးသေးလေးနဲ့ ကျွေးပါတော့တယ် ။
အဖိုးအိုဟာ ကြွေပန်းကန်နဲ့စားတဲ့အခါ မှာလည်း ခဏခဏ ပန်းကန်တွေကျကွဲတဲ့အတွက် သားဖြစ်သူက သစ်သားခွက်ကလေးလုပ်ပြီး အဖိုးအိုကိုကျွေးတယ် ။ အဲဒီအချိန်ကစလို့ အဖိုးအိုဟာ တိတ်ဆိတ်စွာပဲ အခန်းထောင့်လေးက ထမင်းစားပွဲလေးမှာ စားရပါတယ် ။ တခါတခါ သားဖြစ်သူနဲ့ ချွေးမဖြစ် သူရဲ့ ဒေါသ တကြီးဆူပူကြိမ်းမောင်းသံတွေကိုလည်းခံရသေးတယ် ။
ဒီလိုနဲ့တစ်နေ့တော့ သူတို့သားကလေးဖြစ်သူဟာ အိမ်ရှေ့မှာ ငြိမ်ငြိမ်ကလေးထိုင်ပြီး တစ်ခုခုကို စိတ်ဝင်တစားလုပ်နေတာတွေ့လိုက်ရတယ် ။ ဒီတော့ သားဖြစ်သူဆီသွားပြီး မိဘတွေကချို သာတဲ့စ ကားနဲ့မေးလိုက်တယ် ။
“ သား ဘာလုပ်နေတာလဲ ဟင် ”
သားဖြစ်သူက သူ့ဖခင်နဲ့မိခင်ကို ပြုံးပြီးကြည့်လိုက်တယ် ပြီးတော့ ပြောလိုက်တယ် ..။
“ သားလည်း အဖေ့တို့အမေတို့လိုပဲ အဖေအမေတို့ကြီးလာရင်ကျွေးဖို့ သစ်သားခွက်ကလေးလုပ်နေတာပါ ”
အဲဒီလိုပြောပြီး သားဖြစ်သူက သူ့အလုပ်သူဆက်လုပ်နေခဲ့တယ် ။မိဘတွေဟာ သားဖြစ်သူစကား ကိုကြားပြီးအလွန်ပဲထိတ်လန့်တုန်လှုပ်သွားခဲ့ရတယ် ။ သူတို့ ဘာစကားတစ်ခွန်းမှ မပြောနိုင်ဘူး တုန် လှုပ်ခြောက်ခြားသွားပြီး ပါးပြင်ပေါ်ကနေ မျက်ရည်တွေ စီးကျလာခဲ့ရတယ် ။ သူတို့အမှားကို သူတို့ ထင်းကနဲ မြင်သွားခဲ့ရတယ် ။ အိမ်ထဲကိုလှမ်းကြည့်လိုက်တော့အဖိုးအိုက တိတ်ဆိတ်စွာ သူတို့ကို ငေးနေ တာတွေ့လိုက်ရပါတော့တယ် ။
===================================
သင်လည်းတစ်နေ့ အဖိုးအိုဖြစ်လာမှာပါပဲ ။ မိဘတွေကို ချစ်ခင်ကြင်နာယု ယပြီး ကိုယ့်မျိုး ဆက်တွေအတွက် မေတ္တာတရားကိုပြသပါ ။ ကလေးတွေဟာ သင်တို့အပြုအမှုတွေကို မြင်တယ် .. ကြား တယ် ..လိုက်မှတ်သားတယ် ..။ သင်တို့ပြုသမျှဟာ သင်တို့ထံပြန်လာပါလိမ့်မယ် ။
တစ်နေ့နေ့မှာ ကိုယ်ဟာ သားတစ်ယောက် ပြီးတော့ ဖခင်တစ်ယောက်ပြီးတော့ အဖိုးအိုတစ်ယောက်ဖြစ် လာဦးမှာပါပဲ ။ မသေခင်လေး ကျွေးရတဲ့ မိဘအတွက် ထမင်းဟာ သူတို့မြိုချလိုက်တိုင်း မနင် ..ပါစေနဲ့ ။ လျောလျောရှူရှုဝင်ပါစေ ..။
“ မိဘကျေးဇူးဆပ်နိုင်ကြပါစေ ”
( သက်တန့်ချို ဘာသာပြန်ရေးဖွဲ့သည် )
မူရင်း - "The Wooden Bowl"
တစ်ခါတုန်းက အဖိုးအိုတစ်ဦး ဟာ ရွာမှာ တစ်ယောက်တည်းအထီးကျန်ဆန်စွာနေရတယ် ။ တစ်နေ့ တော့အဖိုး အိုက သူ့ သားနဲ့ သူ့ချွေးမ သူ့မြေးလေးတွေရှိတဲ့နေရာမှာ သွားနေမယ် ဆိုတဲ့ မျှော်လင့်ချက်နဲ့ ရွာကနေထွက်လာခဲ့တယ် ..။ ဒီလိုနဲ့ ခရီးရှည်ကြီးကိုဖြတ်သန်းပြီးတော့ သူ့သား ချွေးမ နဲ့ မြေးကလေးတို့နေတဲ့အိမ်ကိုရောက်လာပါတယ် ။
စစရောက်ခြင်းမှာ သားဖြစ်သူတို့မိသားစုက ၀မ်းပမ်းတသာကြိုဆိုကြတယ် ။ အိမ်ဦးခန်း မှာ နေ ရာပေးကြတယ် ။ ဒီလိုနဲ့ အဖိုးအိုဟာ သူ့သားမိသားစုနဲ့အတူ နေထိုင်ရင်း တစ်ပတ်တိတိ အချိန်ကိုရောက် လာခဲ့တယ် ။ နေ့တိုင်းနေ့တိုင်းမှာ မိသားစုထမင်းဝိုင်းမှာ အားလုံးအတူဝိုင်းစားကြတယ်။ အဖိုးအိုရဲ့ မျက်လုံးတွေဟာ မှုန်ရီနေပါပြီ ။ အဖိုးအိုရဲ့လက်တွေက အသက်အရွယ်ကြောင့် တုန်ယင်နေခဲ့တယ် ။
တခါတခါ ဇွန်းနဲ့ ခက်ရင်းတွေလွတ်ကျသလို ..တခါတခါမှာလည်း ပန်းကန်ထဲက ထမင်းတွေ ဟာ ဘေး နားကိုဖိတ်လို့ဖိတ်ကြမ်းပြင်ပေါ်ကျလို့ကျနဲ့ ပေပွနေခဲ့ရတယ် ။ တစ်ပတ်တိတိရှိလာတဲ့အခါ သားဖြစ်သူ နဲ့ချွေးမတို့က မခံနိုင်တော့ပါဘူး ။ သူတို့တိုင်ပင်ကြတယ် ။
“ အဖေ့ရဲ့ ထမင်းစားတဲ့အခါ ဟိုဖိတ်ဒီဖိတ်ဒါဏ်ကိုမခံနိုင်တော့ဘူး အဖေက ထမင်းစားရင် လည်းအ သံမြည်တယ် ညစ်ပတ်နေတာပဲ ကြမ်းပြင်ပေါ်မှာလဲ ပေပွနေရော ငါတို့တစ်ခုခုလုပ်ရအောင် ” လို့ မိန်းမဖြစ်သူ ကိုတိုင်ပင်တယ် ။ ဒီလိုနဲ့ သူတို့ဟာ အဖိုးအိုကို ထမင်းတစ်ဝိုင်းတည်းအတူစားခွင့်မပေးတော့ပဲ အခန်းထောင့်လေးမှာ စားပွဲခုံသေးသေးလေးနဲ့ ကျွေးပါတော့တယ် ။
အဖိုးအိုဟာ ကြွေပန်းကန်နဲ့စားတဲ့အခါ မှာလည်း ခဏခဏ ပန်းကန်တွေကျကွဲတဲ့အတွက် သားဖြစ်သူက သစ်သားခွက်ကလေးလုပ်ပြီး အဖိုးအိုကိုကျွေးတယ် ။ အဲဒီအချိန်ကစလို့ အဖိုးအိုဟာ တိတ်ဆိတ်စွာပဲ အခန်းထောင့်လေးက ထမင်းစားပွဲလေးမှာ စားရပါတယ် ။ တခါတခါ သားဖြစ်သူနဲ့ ချွေးမဖြစ် သူရဲ့ ဒေါသ တကြီးဆူပူကြိမ်းမောင်းသံတွေကိုလည်းခံရသေးတယ် ။
ဒီလိုနဲ့တစ်နေ့တော့ သူတို့သားကလေးဖြစ်သူဟာ အိမ်ရှေ့မှာ ငြိမ်ငြိမ်ကလေးထိုင်ပြီး တစ်ခုခုကို စိတ်ဝင်တစားလုပ်နေတာတွေ့လိုက်ရတယ် ။ ဒီတော့ သားဖြစ်သူဆီသွားပြီး မိဘတွေကချို သာတဲ့စ ကားနဲ့မေးလိုက်တယ် ။
“ သား ဘာလုပ်နေတာလဲ ဟင် ”
သားဖြစ်သူက သူ့ဖခင်နဲ့မိခင်ကို ပြုံးပြီးကြည့်လိုက်တယ် ပြီးတော့ ပြောလိုက်တယ် ..။
“ သားလည်း အဖေ့တို့အမေတို့လိုပဲ အဖေအမေတို့ကြီးလာရင်ကျွေးဖို့ သစ်သားခွက်ကလေးလုပ်နေတာပါ ”
အဲဒီလိုပြောပြီး သားဖြစ်သူက သူ့အလုပ်သူဆက်လုပ်နေခဲ့တယ် ။မိဘတွေဟာ သားဖြစ်သူစကား ကိုကြားပြီးအလွန်ပဲထိတ်လန့်တုန်လှုပ်သွားခဲ့ရတယ် ။ သူတို့ ဘာစကားတစ်ခွန်းမှ မပြောနိုင်ဘူး တုန် လှုပ်ခြောက်ခြားသွားပြီး ပါးပြင်ပေါ်ကနေ မျက်ရည်တွေ စီးကျလာခဲ့ရတယ် ။ သူတို့အမှားကို သူတို့ ထင်းကနဲ မြင်သွားခဲ့ရတယ် ။ အိမ်ထဲကိုလှမ်းကြည့်လိုက်တော့အဖိုးအိုက တိတ်ဆိတ်စွာ သူတို့ကို ငေးနေ တာတွေ့လိုက်ရပါတော့တယ် ။
===================================
သင်လည်းတစ်နေ့ အဖိုးအိုဖြစ်လာမှာပါပဲ ။ မိဘတွေကို ချစ်ခင်ကြင်နာယု ယပြီး ကိုယ့်မျိုး ဆက်တွေအတွက် မေတ္တာတရားကိုပြသပါ ။ ကလေးတွေဟာ သင်တို့အပြုအမှုတွေကို မြင်တယ် .. ကြား တယ် ..လိုက်မှတ်သားတယ် ..။ သင်တို့ပြုသမျှဟာ သင်တို့ထံပြန်လာပါလိမ့်မယ် ။
တစ်နေ့နေ့မှာ ကိုယ်ဟာ သားတစ်ယောက် ပြီးတော့ ဖခင်တစ်ယောက်ပြီးတော့ အဖိုးအိုတစ်ယောက်ဖြစ် လာဦးမှာပါပဲ ။ မသေခင်လေး ကျွေးရတဲ့ မိဘအတွက် ထမင်းဟာ သူတို့မြိုချလိုက်တိုင်း မနင် ..ပါစေနဲ့ ။ လျောလျောရှူရှုဝင်ပါစေ ..။
“ မိဘကျေးဇူးဆပ်နိုင်ကြပါစေ ”
( သက်တန့်ချို ဘာသာပြန်ရေးဖွဲ့သည် )
မူရင်း - "The Wooden Bowl"
စာဖတ်ပရိတ်သတ်သူငယ်ချင်းများကို အစဉ်လေးစားသောအားဖြင့်.......................
Tuesday, May 28, 2013
တချို့လူတွေဖတ်ဖို့
တချို့လူတွေက လုပ်ပိုင်ခွင့်နဲ့ အာဏာကိုဗန်းပြပြီး ကိုယ်နဲ့မဆိုင်တဲ့ professional ပိုင်းမှာ ၀င်စွက်ဖက်တာတွေရှိတယ်
တချို့လူတွေက စိန်နားကပ်ရောင်နဲ့ ပါးပြောင်တာကို မက်မောနေကြတာတွေရှိတယ်
တချို့လူတွေက ကိုယ်က ဘာမှမသိ ဘာမှမတတ်ပေမယ့် လူတွင်ကျယ်လုပ်ရတာကို ၀ါသနာပါသူတွေရှိတယ်
တချို့လူတွေက ကိုယ်အောင်မြင်ဖို့အရေးသူတပ
တချို့လူတွေက အိပ်ချင်ယောင်ဆောင်နေလို့ နှိုးရခက်တယ် အသိခေါက်ခက် အ၀င်နက်ကြတယ်
လူကြီး
- အသက်ကြီးလာတိုင်းလူကြီးလို့
- အထက်အမြင့်တစ်နေရာမှာနေတိုင
- လူကြီးဆိုပြီး နေရာတကာ နှိပ်ကွပ် လို့ ကိုယ်ဖြစ်ချင်တာတစ်ခုတည်းရေ
- လူကြီးဆိုပြီး ဘ၀င်လေဟပ် လို့ ငါခိုင်းတာလုပ် ငါ့သဘောအတိုင်းလုပ်ရမယ်လို့
- လူကြီးဆိုပြီး တစ်သွေးတစ်သံတစ်မိန့် လို့ သတ်မှတ်တာဟာ အာဏာရှင်ပဲ ဘက်ပေါင်းစုံကနေ ရှုမြင်သုံးသပ်ပေးနိုင်မှသာ
အခက်အခဲနဲ့ကြုံရတဲ့အခါ ခေါင်းမပူပဲ အေးအေးစဉ်းစားမှသာ အဖြေမှန်ကိုရမယ်
မနက်ဖြန်အတွက်ပဲမကြည့်ပါနဲ့ သဘက်ခါ ကိုပါကြိုတွေးပါ
တခါတလေ လက်လွှတ်လိုက်ရတဲ့အရာတွေက ပိုကောင်းမယ့်အရာတွေရောက်လာစေဖို့ မှတ်ပါ
လူတိုင်းဟာ ကိုယ့်ဘ၀နဲ့ကိုယ်မို့ တခါတလေ မတူညီတဲ့အခြေအနေတွေကြုံလာရင် မှန်တဲ့ဖက်ကိုလိုက်ရမယ်
ဒီနေ့ ၂၄ နာရီကုန်ဆုံးသွားခဲ့ရင် မနက်ဖြန် ၂၄ နာရီမှာ ကိုယ့်အတွက်ကံကောင်းခြင်းတွေမလာဘူးလို့ ဘယ်သူပြောနိုင်လဲ
( သက်တန့်ချို )
စာဖတ်ပရိတ်သတ်သူငယ်ချင်းများကို အစဉ်လေးစားသောအားဖြင့်.......................
Monday, May 27, 2013
ဆရာဝန်ဆိုတာ ...
ဆရာဝန်ဆိုတာ ...
မိုးအေးအေးနဲ့ ဒီနေ့ အကြောင်းအရာအချို့ကိုတွေးမိတယ် ။ ကိုယ့်အလုပ်နဲ့ပတ်သတ်တဲ့အရာတွေကိုပါ ..
အော် .ဖြစ်ချင်လိုက်တာ ..ဆေးကျောင်းဝင်ဖို့အရေး ကြိုးစားလိုက်ကြတာ
လူတွေဘာလို့ ဆရာဝန်ဘ၀ကို ဒီလောက်လိုချင်နေကြလဲ မသိ ..ကျုပ်ကတော့ နည်းနည်းမှ မလိုချင်တာအမှန်ပဲ
ငယ်ဘ၀ကတည်းကဖြစ်ချင်တာက လေယာဉ်ပိုင်းလော့သို့မဟုတ် သင်္ဘောကပ္ပတိန် . .
အခုတော့ ဆရာဝန်တစ်ယောက်ဘ၀ . . ကျုပ်စဉ်းစားကြည့်တယ်
ရုပ်ရှင်တွေ ဗွီဒီယိုဇာတ်လမ်းတွေထဲမှာဆိုရင် မင်းသမီးနဲ့မင်းသား ရှိတယ်ဆိုပါတော့
မင်းသမီးကို အိမ်ကသဘောတူတဲ့လူတွေက များသောအားဖြင့်ဆရာဝန်တွေဖြစ်နေတတ်တယ်
ပြီးတော့ အဲဒီကောင်တွေက ဗီလိန်တွေဖြစ်ဖြစ်သွားရော မင်းသားက နောက်ဆုံး မိဘသဘောတူထားတဲ့ ဗီလိန်ကိုကျော်ဖြတ်ပြီးမင်းသမီးကို ရရသွားတဲ့ ဇာတ်ထုပ်တွေများတယ်
ကဲ ဆရာဝန်ဆို ရွံ့ရှာစရာကြီးဘာများကောင်းလို့တုန်း
နောက်ပြီးကျုပ်နဲ့အတူတူ ဆယ်တန်းကတည်းကကျောင်းတက်လာတဲ့ကျုပ်သူငယ်ချင်းတစ်ယောက်
စင်ကာပူထွက်သွားတာ အခု အိမ်ကိုတစ်လ ၁၅ သိန်း သိန်း ၂၀ လောက်ပြန်ပို့နိုင်သတဲ့
ကျုပ်လား မပြောချင်ပေါင်ဗျာ ဆရာဝန်ဆိုရင် လူတွေကဘာလို့များ တိုက်နဲ့တာနဲ့ ကိုယ်ပိုင်ကားကြီးစီးပြီး ဆေးခန်းကိုလာ
ပြီးတော့ ရှိုးနဲ့စမိုးနဲ့လို့များထင်နေကြသလဲမသိ
ကျုပ်နဲ့သိတဲ့ဆရာဝန်တွေ အများစုကတော့ သူလိုကိုယ်လိုပါပဲ ဘာတိုက်နဲ့တာနဲ့မှမရှိ တချို့ဆိုနယ်ကနေလာတက်ရတာဆိုတော့
ပိုတောင်ချို့တဲ့ရှာသေး . . ကျုပ်တို့လည်းဆေးကျောင်းတက်တုန်းကဘဲဥချဉ်ရည်ဟင်းလေး အသုပ်စုံလေး ထမင်းချိုင့်ထဲထည့်ထည့်သွားရတာပါပဲ
ဘာကြောင့်များ လူတွေကဆရာဝန်ဆိုရင် သိပ်ချမ်းသာပြီး အားလုံးပြည့်စုံတဲ့လူလို့ထင်နေကြသလဲဆိုတာကို အံ့သြမိတာ
ကြည့် ... အကောင်းပြောခံရလား . . ဆိုတော့ ဘယ်ကလာ အကောင်းပြောခံရမှာတုန်း
ဆရာဝန်ဖေ့ဘုတ်သုံးတော့ အတော်အချိန်အားနေတယ်ဟုတ်လား ဖေ့ဘုတ်မှာချည်းပဲဆိုပြီး ပြောတဲ့သူတွေကရှိသေး
ဆေးခန်းထိုင်တယ်ဆိုတာက တချို့က တနေကုန်ထိုင်ပေမယ့် တချို့က ဂျီပီချိန်လို့ခေါ်တဲ့ ညနေမှထိုင်တာတွေလည်းရှိတယ်
ဥပမာ ကျုပ်တို့လိုပေါ့ .. ဒီတော့ကာ . .ကျုပ်တို့က ညနေဆေးခန်းချိန်မတိုင်ခင်မှာ တခြားအလုပ်တွေလည်းလုပ်ရသဗျ
အင်တာနက်ကလည်းဝါသနာပါတော့ သုံးသဗျ စာကလည်းရေးချင်တဲ့ပိုးက ထကြွနေတော့ကာ ဖေ့ဘုတ်မှာလည်း ရေးသဗျ
ဒီတော့လည်းအပြောခံရတာပေါ့ဗျာ ..ကဲ ဘာများ ကောင်းလို့တုန်း ဆရာဝန်ဘ၀က
ဝက်ဖြစ်မှတော့မစင်မကြောက်နဲ့လို့ကျုပ်ဆရာတစ်ယောက်ပြောတာကြားဖူးတယ် . .. ကျုပ်ကတော့ အဲ့စကားကြားပြီးကးတည်းက
ဘာမှကို မရွံ့ရှာတတ် မကြောက်တတ်တော့တာ စဉ်းစားကြည့်ဗျာ ဆရာဝန်ဆိုတာ ဒုတိယနှစ်ကတည်းက လူသေကောင်တွေကိုင်ရတွယ်ရ ..
ပြီးတော့ အော် ချစ်သူနယ်မြေ တက္ကသိုလ်ဆိုတာ ကျုပ်တို့ အဖို့တော့ နေ့စဉ်နေ့တိုင်းစာအုပ်နဲ့ မျက်နှာနဲ့မခွာ .. ကျုတိုရီ့ရယ် test တွေနဲ့ပြည့်နေတဲ့
ထောင်ကြီးသဖွယ်ဖြစ်နေတော့ကာ ..ဘယ်မှာလာပျော်ဖို့ကောင်းမှာတုန်း
ဆရာဝန်ဖြစ်ချင်တာပဲ ဒီလောက်တော့ရင်းရမှာပေါ့ ..လို့ ပြောကြမှာပေါ့ ..အေးဗျာ သဘောပြောပြတာပါ ဒါတွေကလည်းကျုပ်ကျော်ဖြတ်ပြီးပါပြီ
ဆေးရုံဆင်းတော့လည်း ကိုင်လိုက်ရတဲ့ အညစ်အကြေးနဲ့သွေးတွေ OG ဆိုပိုဆိုးသေး ကျုပ်တို့မှာ မရွံနိုင်ရှာ ဒါပေမယ့်ကျုပ်ဝန်ခံချင်တာတစ်ခုတော့ရှိသဗျ
ဆရာဝန်တစ်ယောက်ရဲ့စိတ်ဓါတ်တိတိပပ ပေါ်လာတာ ဟာ ဆေးရုံမှာ အလုပ်သင်ဆင်းမှ ပေါ်လာတာ ..
အရင်ကတော့ ဒီလောက်ကြီး ပြင်းပြင်းပြပြ မဖြစ်ဖူးဘူး ..
လူနာတွေနဲ့ထိတွေ့ရတယ် အော်... သနားဖို့ကောင်းလိုက်တာ .. အဖိုးအိုတွေအဖွားအိုတွေ ညည်းညူနေရှာတာ ..
ကျုပ်တို့ဆေးထိုးပေးလိုက်ရင်သူတို့ခမျာ သက်သာသွားတာ .. ဒီတော့လည်းကျုပ်တို့မှာ နေ့မအား ညမအား လူနာတွေနဲ့ထိတွေ့ဆက်ဆံရသပေါ့ ..
ဆရာဝန်တွေအားလုံးရဲ့အကြောင်းကိုတော့ကျုပ် တိတိကျကျမသိပါဘူးဗျာ ..အဲ ..ကျုပ် ခံယူထားသလောက်တော့ကတော့
ကျုပ်လည်း အရမ်းကြီး ၀ါသနာအပါကြီးမဟုတ်ပေမယ့် ကိုယ်ဟာ ဒီဘွဲ့ကိုယူထားပြီးပြီ ဒီလမ်းကိုလျှောက်နေပြီဆိုမှတော့ smart ကျကျလေး အလုပ်ကို လုပ်ချင်တာပါပဲ
ဒီနေရာမှာ လူနာတွေရဲ့အသက်နဲ့ သက်ဆိုင်နေတော့ကာကျုပ်တို့ဟာ ခေတ်နဲ့အမှီ ဆေးဝါးတွေကိုလည်းအမြဲလေ့လာနေရသေးတယ်
အိုဗျာ ..သူများတွေ ညဖက်ဂစ်တာတီးပြီးသီချင်းဆိုချိန် ဘောလုံးပွဲကြည့်ချိန် ဘီယာဆိုင်ထိုင်ချိန် ကျုပ်တို့လား ... ဂျီပီမှာ လူနာတွေနဲ့ အဲဒါတွေအကုန်လုံးလက်လွှတ်လိုက်ရသဗျာ
ဟင် ..ဆရာဝန်ပဲ ဒါတွေ မက်နေရသလား ..လူနာပဲကုပေါ့ လို့ပြောဦးမယ် ..
အေးဗျ ဆရာဝန်ပါပဲ ဒါပေမယ့် ကျုပ်တို့လည်းတခြားသူတွေလို အသက်၃၀ အောက်လူငယ်တွေပဲဆိုတော့ကာ ..
တခါတခါတော့လည်း လွတ်လပ်ပေါ့ပါးစွာ သာမန်လူငယ်တစ်ယောက်ဘ၀ကို ဖြတ်သန်းချင်တာတော့အမှန်ပဲဗျ ..
ကျုပ်ဆေးခန်းထိုင်ရင်းခဏခဏ စဉ်းစာမိတယ် ..
အော်.. အိမ်ရှေ့က အုတ်ခုံလေးမှာ ဂစ်တာ တီးရင်ကောင်းမှာပဲ ..အခုချိန် သူငယ်ချင်းတွေနဲ့မိုးအေးအေး ညဖက်လက်ဖက်ရည်ဆိုင်လေးမှာ လူငယ်သဘာဝ လွတ်လပ်ပေါ့ပါးစွာနေရရင်ကောင်းမှာပဲ စသဖြင့်ပေါ့လေ ..
ဆိုတော့ကာ ..ကျုပ်တို့ဟာ အားလုံးကို ဆုံးရှုံးနေရတဲ့ ကောင်တွေပါ
ဘာမှ လည်းအထင်ကြီးစရာမရှိ ..ဘာမှလည်းမက်မောစရာမရှိ
လူနာကို လူလို့မြင်တဲ့ ဆရာဝန်တစ်ယောက်ဖြစ်ဖို့တော့ကျုပ်အမြဲကြိုးစားတယ်
လူနာကို ဆေးကုရင် ကိုယ့်မိဘလို့သဘောထားကုလို့ ကျုပ်ဆရာတစ်ယောက်ပြောဖူးတယ် .. သူတို့ကိုပေးမယ့်ဆေး ကို ကိုယ်ဆိုရင်ရောသောက်မှာလားလို့ အမြဲတွေးပါတဲ့ မှန်လိုက်တာ ..
ကျုပ်လား ..အရမ်းကြီးတော့မချမ်းသာချင်ပါဘူးဗျာ ..ဘ၀ဆိုတာကလည်း ချမ်းသာ ကြွယ်ဝ နေလို့ကော စိတ်ချမ်းသာနေရတဲ့အရာမှမဟုတ်တာ ..
ကျုပ်စားဖို့သောက်ဖို့လှူဖို့တန်းဖို့ လောက်လေးရနေရင်ပဲ မဆိုးပါဘူး
လူနာတွေ...ဟာ သိပ်သနားဖို့ကောင်းတယ် .. ဆေးခန်းတစ်ခါပြရဖို့အရေးကို သူတို့ရောဂါကို ကြိတ်မှိတ်ခံစားပြီး ပိုက်ဆံပြည့်တဲ့အချိန်အထိစောင့်
ငွေလေး ထောင့်ငါးရာ နှစ်ထောင်လောက်ရှိမှ ဆေးခန်းကိုရောက်လာကြတယ် .. တကယ်တော့ ဆေးဝါးတွေရဲ့တန်ဖိုးကို သိနေတဲ့ကျုပ်အဖို့တော့
မတန်တဆကြီးယူဖို့ဆိုတာ တော်တော့်ကို မသတီစရာကောင်းတဲ့ကိစ္စပါ ..ကျုပ် အဖို့ တခြား စီးပွားရေးနဲ့သာ ချမ်းသာအောင်လုပ်ချင်လုပ်မယ် ဆရာဝန်အလုပ်နဲ့တော့ တစ်သက်လုံးချမ်းသာအောင်မလုပ်ဘူးလို့ ဆုံးဖြတ်ထားသဗျ
ကျုပ်ဟာ ရည်မှန်းချက်သိပ်ကြီးကြီးမားမားလည်းမရှိပါဘူး အထူးကုဆရာဝန်ကြီးတွေလုပ်ပြီး (ကျုပ်မကြိုးစားချင်တာ အပျင်းကြီးတာလို့စွပ်စွဲချင်လည်းလွတ်လပ်စွာစွပ်စွဲနိုင်ပါတယ်လေ ) လူနာသီးသန့်တွေ့ဆုံကုရတာထက်
အခြေခံလူတန်းစားတွေနဲ့ နဖူးတွေ့ဒူးတွေ့တွေ့ရတဲ့ ဂျီပီ ဘ၀ကိုပဲ ကျုပ်မက်မောသဗျ ..
ကျုပ်ဟာ professional ကြီးလည်းမဟုတ်ပါဘူး .. ဒါပေမယ့်ကျုပ်အမြဲတွေးနေမိတာက ဆရာဝန်ဘ၀ဟာ ကျုပ်တို့ငယ်ငယ်က ကြားနေသလို မြင်နေရသလို ဘာမှ ကြီးကျယ်ခမ်းနားတဲ့ ဘ၀ကြီးလည်းမဟုတ်ပါလားလို့ ..
တခါတခါတော့လည်း ကိုယ်ဟာ ဒီဘွဲ့ကြီးကိုင်ထားပြီးမှ တခြား စီးပွားရေးနယ်ပယ်တွေမှာကိုယ့်ထက်အောင်မြင်ချမ်းသာတာတွေတွေ့ရတော့ အားကျမိတာတော့အမှန်ပါပဲ ..
အော် ...ဆရာဝန်..ဆရာဝန် ...
လူနာတွေဆီကရတဲ့ ပီတိကလွဲလို့
လူနာနဲ့ ရင်းနှီးစွာ အားကိုးယုံကြည်မှုရတဲ့ဘ၀ကလွဲလို့
ဘာများ ကောင်းလို့လည်းဗျာ ..။
မိုးအေးအေးနဲ့ အတွေးများသွားတယ် ။
သက်တန့်ချို
၂၆ မေ ၂၀၁၃
စာဖတ်ပရိတ်သတ်သူငယ်ချင်းများကို အစဉ်လေးစားသောအားဖြင့်.......................
ဘဝ
ဘဝ
များများစားစားရှိစရာမလိုဘူးထင်ပ
ကိုယ်ထင်ရင်ကုတင်ရွှေနန်း
ကဲ . . ဆေးစက်တွေကို ကျဲချင်သလို ကျဲ ချလိုက်စမ်းကွဲ့
ကျရာ ဇာတ်ရုပ်မှာ ပီပြင်အောင်သာ သရုပ်ဆောင်ကြရအောင် . .
လှိုင်းလား လေ လား
ပင်လယ်လား သမုဒ္ဒရာလား
ဓါးတွေ ဖြန့်ခင်းထားသတဲ့လား
လျှောက် . .
လျှောက် . . . ရဲရဲသာ ဆက်လျှောက်ကြရအောင်ကွဲ့
ဘ၀ဆိုတာ ခြေခင်းလက်ခင်းသာတဲ့ ပန်းဥယျာဉ်တော့မဟုတ်ခဲ့
ပျော်စရာကြီးပါ
ရယ်မောတတ်သူတို့မှာ
ခါးသီးမှုမရှိ
နာကျင်မှုမရှိ
မျက်ရည်မရှိ
အားလုံး ထက်မသာရင်တောင် . .
အားလုံးထက် လူပီသရမယ် တဲ့ . .။
နေ့မှာမြင်တယ် ညမှာပျောက်တယ်
ဘ၀ဆိုတာ ဖျက်ကနဲလင်းခွင့်ရတဲ့ မီးစာတစ်ခုများလား
ထူးပြီးကျတဲ့မျက်ရည်တွေ အဓိပ္ပါယ်ရှိပါစေကွဲ့
အားမာန်အသစ်နဲ့သာ ရှေ့ဆက်
အခက်အခဲဆိုတာ လူတိုင်းမှာရှိတယ်
နေတတ်ရင်တော့ ကျေနပ်စရာ
အခင်းအကျင်းနဲ့ ဒီဘ၀မှာ
ပျော်ပျော်သာ နေပါ
ဆင်းရဲချမ်းသာ ဂုဏ်ဓန
အားလုံး မြေကြီးထဲသွားရမှာပ
ဘာများ မက်မောနေရမလဲ
ဘဝ
ဆိုင်ရာပိုင်ရာ အမည်နာမတစ်ခုနဲ့
ဆိုင်ရာပိုင်ရာ
ကောင်းကင်တစ်ခု ..
ကမ္ဘာတစ်ခု ..
အိပ်မက်တစ်ခု ..
အားငယ်ဝမ်းနည်းမှုတွေစွန့်ပစ်လိုက်
ငါတို့ အလိုက်အထိုက် စီးမျောကြရအောင် ..။
( သက်တန့်ချို )
Photo : ဒီဇိုင်နာ နဂါး
စာဖတ်ပရိတ်သတ်သူငယ်ချင်းများကို အစဉ်လေးစားသောအားဖြင့်.......................
Saturday, May 25, 2013
ကိုယ်ပိုင်ဆိုင်ထားတဲ့အရာက တန်ဖိုးမရှိဘူးထင်နေတာလား
တစ်ခါတုန်းက ရွာလေးတစ်ရွာမှာ သစ်ခုတ်သမားတစ်ဦးရှိပါတယ် ။ သူဟာေ န့တိုင်းတောထဲကိုသွားပြီး ထင်းတွေခုတ်လို့ အသက်မွေးဝမ်းကျောင်းပြုတယ် ။ တစ်နေ့တော့ သစ်ခုတ်သမားဟာ တောထဲဝင်လာရင်း မျက်စိလည်လမ်းမှားလို့ အတွင်းပိုင်းကိုရောက်သွားခဲ့တယ် ။ အဲဒီရောက်သွားရင်း သစ်ပင်တစ်ပင်အောက်မှာ ဒါဏ်ရာရပြီး ပြုတ်ကျနေတဲ့ငှက်တစ်ကောင်ကို တွေ့ခဲ့တယ် ။
ငှက်ကလေးဟာ တစ်ကိုယ်လုံး ငွေမှင်ရောင်ဖြစ်နေတဲ့အပြင် တဖိတ်ဖိတ်တောက်ပနေလျှက်ရှိတယ် ။ ထင်းခုတ်သမားက “ တစ်သက်နဲ့တစ်ကိုယ် ဒီလိုလှပတဲ့ငှက်မျိုးမတွေ့ဖူးဘူး အိမ်ကို ဆေးကုဖို့ သယ်ပြီးမွေးထားရမယ် ” လို့တွေးပြီး ငှက်ကလေးကိုအိမ်ကိုယူဆောင်လာခဲ့တယ် ။ အိမ်ရောက်လို့ ငွေရောင်ငှက်ကလေးကို ဆေးကုသပေးနေတဲ့အချိန်မှာ ငှက်ကလေးက နေ့စဉ် သစ်ခုတ်သမားကို သီချင်းဆိုဆိုပြပါတယ် ။ သာယာနာပျော်ဖွယ်ကောင်းလွန်းလှတာကြောင့် သစ်ခုတ်သမားဟာ ပျော်ရွှင်ကြည်နူးနေခဲ့ရတယ် ။
တစ်နေ့တော့ သစ်ခုတ်သမားရဲ့ အိမ်နီးနားချင်းကငွေရောင်ငှက်ကလေးကိုမြင်တော့ပြောတယ် ။
“ ဒီငွေရောင် ငှက်ထက်လှတဲ့ရွှေရောင်ငှက်ကလေးကို တောနက်တစ်နေရာမှာတွေ့ဖူးပါတယ် အသံကလည်းပိုချိုပြီးသာယာနာပျော်ဖွယ်ကောင်းပါတယ် ” သစ်ခုတ်သမားဟာ အိမ်နီးနားချင်းရဲ့ ပြောတာကိုကြားပြီး ရွှေရောင်ငှက်ဆိုတာလည်းရှိပါသေးလားလို့တွေးမိလိုက်တယ် ။ ဒီတော့ အဲဒီရွှေရောင်ငှက်ကလေးကိုမြင်ချင်စိတ်ပြင်းပြလာခဲ့တယ် ။
ငွေရောင်ငှက်ကလေးဆိုပြတဲ့သီချင်းသံတွေကိုလည်းအရင်လို နားမထောင်ဖြစ်တော့ပဲ ရွှေရောင်ငှက်ကလေးကိုတမ်းတရင်းပဲအချိန်ကုန်နေခဲ့ရတယ် ။ နေ့တိုင်းလည်း မျက်နှာမသာမယာနဲ့မပျော်ရွှင်တော့ပါဘူး ။ တစ်နေ့တော့ ညနေခင်းအချိန်မို့ နေ၀င်ဆည်းဆာအချိန်ကလှပနေခဲ့တယ် ။ သစ်ခုတ်သမားက အင်း . . ရွှေရောင်ငှက်ကလေးသာဆို ဒီလို နေ၀င်ချိန် နေရောင်အောက်မှာ အရမ်းလှမှာပဲလို့တွေးနေမိတယ် ။ ဒါဏ်ရာပျောက်ကင်းစပြုနေပြီဖြစ်တဲ့ငွေရောင်ငှက်ကလေးက အိမ်ကနေထွက်ခွာဖို့အတွက် သစ်ခုတ်သမားဆီသွားပြီး နောက်ဆုံးအကြိမ် အဖြစ် သီချင်းဆိုပြခဲ့တယ် ။
သီချင်းသံပြီးတော့သစ်ခုတ်သမားကပြောတယ် “ ငွေရောင်ငှက်ကလေးရဲ့အသံကကောင်းပေမယ့် ရွှေရောင်ငှက်ကိုတော့မှီမှာမဟုတ်ပါဘူး အမွှေးအတောင်တွေကလှပေမယ့်ရွှေရောင်ငှက်လောက်တော့လှမှာမဟုတ်ပါဘူး ” လို့ပြောလိုက်တယ် ။ ငှက်ကလေးက ကျေးဇူးတင်တဲ့အနေနဲ့ သစ်ခုတ်သမားကို ၃ ကြိမ်လှည့်ပတ်ပျံသန်းပြီးနေ၀င်တဲ့အနောက်အရပ်ဆီပျံသန်းသွားပါတယ် ။
ငွေရောင်ငှက်ကလေးပျံသန်းတာကိုကြည့်နေရင်း သစ်ခုတ်သမားဟာ ရုတ်တရတ် သူ တသသဖြစ်နေရတဲ့ အိပ်မက်ထဲကရွှေရောင်ငှက်ကလေးဖြစ်နေတာကို အံ့သြစွာတွေ့လိုက်ရတယ် ။ သူအမြဲတောင့်တနေရတဲ့ရွှေရောင်ငှက်ကလေးဟာ သူ့ဘေးမှာ အစဉ်အမြဲရှိနေခဲ့တာကို သူမသိခဲ့ဘူး ။ ငှက်ကလေးကတော့ အနောက်အရပ်ဆီပျံသန်းပျောက်ကွယ်သွားပါပြီ ။ တကယ်တော့ငွေရောင်ငှက်ကလေးဟာ ဒါဏ်ရာအနာတရဖြစ်နေချိန်မှာ အရောင်ဖျော့ပြီး ငွေရောင်ပြောင်းနေခြင်းဖြစ်ပြီး နေပြန်ကောင်းလာတဲ့အခါ နေရောင်အောက်ထွက်လိုက်တဲ့အခါ မူလ ရွှေရောင်ငှက်ကလေးအဖြစ်ပြန်ပြောင်းသွားတာဖြစ်ပါတယ် ။
-------------------------------------------------------
ကိုယ်ပိုင်ဆိုင်ထားတဲ့အရာက တန်ဖိုးမရှိဘူးထင်နေတာလား
ကိုယ်ရရှိထားတဲ့ဘ၀က အဖိုးမတန်ဘူးထင်နေတာလား
ကိုယ့်အနားမှာရှိတဲ့ အဖိုးတန်တဲ့အရာတွေဟာ တန်ဖိုးမရှိဘူးလို့ထင်နေတာလား
ဒါဆိုသင်ဟာ သစ်ခုတ်သမားလို အတွေးမျိုးဝင်နေတဲ့သူပါပဲ
ကိုယ့်အနားမှာရှိနေတဲ့အရာတစ်ခု အဝေးရောက်သွားမှ နှမျောတသမဖြစ်ပါစေနဲ့
ကိုယ့်အိပ်မက်ထဲက အရာက လက်တွေ့မှာထက်ပိုသာနေတယ်လို့လည်းမတွေးထင်ပါနဲ့
တကယ်တော့ သစ်ခုတ်သမားလို အိပ်မက်ထဲကအရာကဘေးမှာရှိနေတဲ့အရာထက်ပိုသာတယ်လို့ ထင်ကောင်းထင်နေပါလိမ့်မယ်
ကိုယ့်အနားမှာရှိတဲ့ . . .
မိဘ ဆွေမျိုး ၊ ချစ်သူ ၊ လင်ယောက်ျား ၊ မိန်းမ ၊ မိတ်ဆွေကောင်းတို့ကို တန်ဖိုးထားပါ
အမေကျော်ပြီးဒွေးတော်လွမ်းတာဟာ အနားမှာ တန်ဖိုးမရှိတဲ့အရာကို သတိမထားမိပဲ ဆုံးရှုံးသွားမှ နောင်တရတတ်တာမျိုးပါ
လူတိုင်းလူတိုင်း ကိုယ်ပိုင်ဆိုင်တဲ့အနားမှာရှိတဲ့အရာတွေကို တန်ဖိုးထား နိုင်ကြပါစေ ။
သက်တန့်ချို
A Golden Bird အား ဘာသာပြန်သည် ။
စာဖတ်ပရိတ်သတ်သူငယ်ချင်းများကို အစဉ်လေးစားသောအားဖြင့်.......................
Wednesday, May 22, 2013
စိုးကြီး .. သို့ .. ပေးစာ
စိုးကြီး .. သို့ .. ပေးစာ
(၁)
စိုးကြီး
အရှေ့မှာ အညှီတစ်သိုက်ဖြတ်သွားတယ်
အနောက်မှာ မြွေဟောက်တွေလိုက်သွားတယ်
ယုန်မလေးဟာ ကျားမကြီးဖြစ်သွားပြီ
ရောက်နေတဲ့အရပ်ကနေ မင်းဆက်သွားပါ
ငါ့စာကို မြင်ရင်မင်းအကြောင်းပြန်ပါ
စိုးကြီး
ဒီနေ့ခေတ်နဲ့ မနေ့ခေတ်နဲ့မတူတော့ဘူး
မင်းတို့ငါတို့လွတ်လပ်ရေးရပြီးကြပြီ
မင်းတို့ငါတို့ စိတ်တွေသာ မလွတ်လပ်သေးကြတာ
ကျိန်စာမိနေတဲ့ ကျမ်းပုရပိုဒ်ကို ငါတို့အတူရွတ်ဆိုခဲ့ကြ
အခုထိတော့ စစ်ပွဲတွေက မသေကြသေးဘူး
( ၂)
စိုးကြီး
ဦးသိန်းစိန်ကိုဘပြောင်လို့ခေါ်တာသူစိတ်မဆိုးဘူး
ဒေါ်စုကို သမ္မတမဖြစ်ထိုက်ဘူးလို့ပြောတာ သူစိတ်မဆိုးဘူး
လော်ဘီတွေတော်ကီတွေငါမသိဘူး သူငယ်ချင်း
မင်းတို့ငါတို့ဟာ အသားထဲကလောက်တွေမဖြစ်လို့
မင်းတို့ငါတို့ဟာ ကိုယ်စီးတဲ့မြင်းအထီးမှန်းအမမှန်းသိဖို့
မင်းတို့ငါတို့မျက်နှာတွေပေါ်က မျက်နှာဖုံးတွေ ချွတ်ထားလိုက်ကြ ။
စိုးကြီး
လစ်ဘရယ်ဆိုတာ မင်းသိလား
ဆိုရှယ်လစ်ဆိုတာမင်းသိလား
ဒီမိုကရေစီဆိုတာမင်းသိလား
အကြမ်းဖက်တယ်ဆိုတာမင်းသိလား
ငှက်ပျောဖက်နဲ့တစ်နေ့ထမင်းတစ်နပ်ပဲစားရတယ်ဆိုတာမင်းသိလား
ငှက်ဖျားမိလို့ သေသွားတဲ့ စစ်သားတွေမင်းသိလား
မိုင်းနင်းမိလို့ခြေတစ်ဖက်ပျက်သွားတဲ့လူတွေမင်းသိလား
သီတာထွေးကိုမင်းသိလား
မင်းဟာ တကယ်တော့ ဘုတ်အုပ်ကြီးပဲစိုးကြီး
အဲဒါမင်းတို့ငါတို့လို လူတွေ ပဲ
လူတွေ ။
(၃ )
စိုးကြီး
နိုင်ငံခြားက ဒေါ်လာတွေက အပျိုရည်ကို ၀ယ်ယူလို့ရသလားကွ
နိုင်ငံခြားကဒေါ်လာတွေက ဂုဏ်သိက္ခာကို ၀ယ်ယူလို့ရသလားကွ
နိုင်ငံခြားက ဒေါ်လာတွေက မျက်နှာဖုံးတွေ ၀ယ်ယူလို့ရသလားကွ
တို့ဟာ ကိုယ့်လှေကိုယ်ထိုး ပဲခူးရောက်ရောက်
တို့ဟာ ဆင်ကန်းတောတိုး တဇောက်ကန်းကောင်တွေ
ငါတို့ပြည်ပျက်တော့မယ်ပြောတဲ့ ပါးစပ်တွေလိုက်ပိတ်ကွာ စိုးကြီး
ခြဆိုတာ စားလို့ရသမျှ အကုန်စားတယ်စိုးကြီး
စရိုက်ဆိုတာ ခံယူချက်သဘောထားပေါ်မူတည်တယ်စိုးကြီး
မင်းတို့ငါတို့ အရူးလုပ်ခံရတဲ့ သိန်း လေးဆယ်တန်တွေ
အခု ထောင့်ငါးရာဖြစ်သွားပြီစိုးကြီး
မင်းတို့ငါတို့ ပိတ်ပင်ခံထားရတဲ့ဘလော့စပေါ့တွေ
အခု ပွင့်သွားပြီ စိုးကြီး
မင်းတို့ငါတို့ ကျယ်ကျယ်လောင်လောင် မအော်ရဲတဲ့ ဗိုလ်ချုပ်နာမည်
အခု ဂျာနယ်မျက်နှာဖုံးတွေမှာပါလာပြီစိုးကြီး
စစ်မရောက်ခင်မြှားမကုန်ချင်စမ်းပါနဲ့
ငါတို့ဟာ သူခိုးပြေးမှ ထိုးကွင်းပြတဲ့ကောင်တွေမဟုတ်ဘူး
( ၄ )
စိုးကြီး
ရေကြည်ရာမြက်နုရာဆိုတဲ့စကားကို ငါအသည်းနာတယ်
မင်းတို့ငါတို့ တိုင်းပြည်မှာ မီးအချိန်ပြည့်မလာဘူး ( မှန်တယ် )
မင်းတို့ ငါတို့တိုင်းပြည်မှာ မိုးပျံတံတားကြီးတွေမရှိဘူး (မှန်တယ် )
မင်တို့ငါတို့တိုင်းပြည်မှာ မိုးနည်းနည်းရွာတာနဲ့ရေတွေဝပ်တယ် ( မှန်တယ် )
မင်းတို့ငါတို့တိုင်းပြည်မှာ တယ်လီဖုန်းပြောဆိုခတွေဈေးကြီးတယ် ( မှန်တယ် )
စဉ်းစားကြည့်စိုးကြီး
မြန်မာပြည်မှာ ရွှေတိဂုံဘုရားကြီးရှိတယ်
မြန်မာပြည်မှာ အင်းလေးကန်ရှိတယ်
မြန်မာပြည်မှာ ဦးပိန်တံတားရှိတယ်
မြန်မာပြည်မှာ အထင်ကရအဆောက်အအုံတွေရှိတယ်
မြန်မာပြည်မှာ ရိုးသားတဲ့ အပြုံးတွေရှိတယ်
ရေကြည်မှ မြက်နုတာမဟုတ်ပါဘူး
ကိုယ်ထင်ရင်ကုတင်ရွှေနန်းကြီးပဲ စိုးကြီး
( ၅ )
စိုးကြီး
အခုတလော ဆန္ဒတွေခဏခဏပြတယ်
အခုတလော မိုးတွေခဏခဏရွာတယ်
အဇ္ဈတ္တနဲ့ မာနတို့မျဉ်းပြိုင်ထဲ
စတေးခံလူသားတွေကို မြင်မိရဲ့လား
စိုးကြီး
သမ္မတ ခေါင်းထဲမှာ ဘာတွေးနေလဲ မင်းမြင်လား
ဒေါ်စုခေါင်းထဲမှာ ဘာတွေမြင်နေလဲမင်းတွေးမိလား
ငါတို့ . . ငါတို့တွေ ဘာဆက်ဖြစ်ကြမလဲ မင်းသိလား
ခေါင်မလုံရင်တော့ ငါတို့တစ်အိမ်လုံးစိုမယ်
ယိုင်နဲ့နဲ့အိမ်ကလေးတော့
လေပြင်းတွေကြောင့်မပျက်စီးစေချင်ဘူး ကွာ
( သက်တန့်ချို )
စာဖတ်ပရိတ်သတ်သူငယ်ချင်းများကို အစဉ်လေးစားသောအားဖြင့်.......................
Saturday, May 18, 2013
စိတ်တိုတတ်တဲ့မျောက်
တစ်ခါတုန်းက တောအုပ်လေးတစ်အုပ်တွင် မျောက်လေးတစ်ကောင်နေထိုင်သည် ။ ထိုမျောက်လေးသည် စိတ်လည်းအလွန်တိုတက်ကာ ဘယ်အရာကိုမှ ရှည်ရှည်မတွေးတတ်ပဲ ပြီးစလွယ်နေထိုင်သည် ။
တစ်နေ့တွင် မျောက်ကလေးသည် တောအုပ်အစပ်အနီးသို့မယောင်မလည်နှင့်ရောက်ရှိလာပြီးလယ်သမားတစ်ဦး၏ ခြံနားသို့ချဉ်းကပ်လာမိသည် ။ မျောက်ကားဤသို့စဉ်းစား၏ ။
“ အင်း လယ်သမားရဲ့ အိမ်ဘေးက တောင်းထဲက ပဲစေ့တွေဟာ ကြီးမားပြီး စားချင်စဖွယ်ဖြစ်တယ် ငါလယ်သမား ကိုင်းထဲသွားနေတုန်းသွားခိုးယူရင်တော့ လယ်သမားမသိတန်ရာဘူး ” ဆိုပြီး လယ်သမားအိမ်နားကိုချဉ်းကပ်သွားတော့တယ် ။
ပြီးတော့ စဉ်းစားဥာဏ်မရှိတဲ့မျောက်ကလေးဟာ ပဲစေ့တွေကို တစ်ခုခုနဲ့ထည့်ယူဖို့မစဉ်းစားပဲ လက်နှစ်ဖက်နဲ့ဆုပ်ယူလာခဲ့တဲ့အတွက် နည်းနည်းပဲယူလာနိုင်ခဲ့တယ် ။ ဒီလိုနဲ့ပြန်လာတဲ့လမ်းတလျောက်မှာ ပြေးရင်းလွှားရင်းနဲ့လက်ကြားထဲကပဲစေ့တစ်စေ့ကထွက်ကျသွားခဲ့တယ် ။
ဒီတော့ မျောက်ဟာ အဲဒီထွက်ကျသွားတဲ့ ပဲစေ့တစ်စေ့ကိုလိုက်ကောက်ဖို့ကြိုးစားတဲ့အခါ လက်ထဲကပဲစေ့ အစေ့ ၂၀ လောက်ထွက်ကျသွားပြန်တယ် ။ ဒီလိုနဲ့ကျသွားတဲ့ပဲစေ့တွေလိုက်ကောက်ဖို့ကြိုးစားလိုက်လက်ထဲကဆုပ်ထားတဲ့ပဲစေ့တွေထွက်ကျလိုက်နဲ့ ချာချာလည်နေပြီးနောက်ဆုံးမှာတော့ မျောက်ဟာ စိတ်တိုပြီးလက်ထဲရှိသမျှ ပဲစေ့တွေအကုန်ပစ်ချပြီး လက်ဗလာနဲ့ပဲ တောထဲပြန်ဝင်သွားခဲ့ပါတော့တယ် ။
==========================
ကိုယ့်မှာရှိတဲ့အခွင့်အရေးတွေကို အသုံးမချပဲ ဆုံးရှုံးသွားတဲ့အရာတစ်ခုအတွက် နှမျောတသ လိုက်လံဆယ်ယူနေတုန်းလက်ရှိအခွင့်အရေးတွေပါ ထပ်မံဆုံးရှုံးရတတ်ပါတယ် ။
လက်ထဲမှာရှိတဲ့အရာကိုပဲ တန်ဖိုးထားပါ ကိုယ်နဲ့ထိုက်သလောက်တော့ကိုယ်ရမှာပါပဲ
အကုန်လုံးကိုတော့သင်ဖမ်းဆုပ်ထားလို့မရနိုင်ပါဘူး အချို့သောအရာတွေလွတ်ကျပါစေ . . .
ဒါပေမယ့် . . ပိုင်ပိုင်နိုင်နိုင်ဆုပ်ကိုင်ထားနိုင်တဲ့အရာတွေကိုတော့ လွတ်ကျသွားတဲ့တချို့သောအရာတွေအတွက် ထပ်မံအဆုံးရှုံးမခံပါနဲ့ ။
သက်တန့်ချို
A monkey with the peas အား ဆီလျော်သလိုဘာသာပြန်သည် ။
စာဖတ်ပရိတ်သတ်သူငယ်ချင်းများကို အစဉ်လေးစားသောအားဖြင့်.......................
မထူးဆန်းတဲ့ ပန်းချီ
မထူးဆန်းတဲ့ ပန်းချီ
နှုတ်ခမ်းပါးကိုစပြီးအဓိပ္ပါယ်ဖွ င့်ကြည့်တယ်
ထွက်ကျလာတဲ့နှောင်ကြိုးတွေက အဖြူရောင်မှဟုတ်ရဲ့လား
ရမ္မက်တစ်ခုနဲ့အာသီသဟာလေးညှို့ကိုင်းမှာတွယ်ချိတ်လို့
အနောက်တောင်မှာ မိုးတောင်စွေနေပါရော့လား ... ။
အနီရောင်ဖဲကြိုးက သိပ်သည်းမဲမှောင်လွန်းတယ်
ကာဖီရေတွေအေးစက်ပျံ့ကျဲ ငါ့အခန်းငယ်မှာ
ပေါ့ထရိတ်ပန်းချီတွေ
အကြောင်းပြချက်တော့ရှိပါလိမ့်မယ်
ဘယ်လိုတွယ်ငြိချိတ်ဆက်ခဲ့ပုံတွေ စတဲ့ ... ။
မုဒ်က ဘယ်လိုကစပြီးမ၀င်ရတာလဲ
ပြိုကျလာတဲ့ကောင်းကင်မှာ ဆန္ဒတွေက လှောင်တယ်
ငါကလည်းမိုက်မိုက်မဲမဲမှောင်တဲ့ ကောင်မို့
ဘာများဆန်းသလဲ
လေယူရာယိမ်းရအောင်လည်း
အိပ်မက်တွေက တာရှည်ခံပစ္စည်းတွေမှမဟုတ်ပဲ ... ။
ကြေသွားပြီဆိုပါတော့
ပွင့်ဖတ်အနွမ်းလေးတစ်ဖတ်မှာ
ရေခိုးရေငွေ့တို့ချိတ်တွဲ . .
အလဲအကွဲ ယစ်မူးနေလိုက်ပုံ .. ။
ထုတ်မကြည့်ဘူးဆုံးဖြတ်ထားခါမှ
ခဏခဏထုတ်ကြည့်ဖြစ်တယ်
ဘ၀ဆိုတာ သာသာယာယာပါပဲ တဲ့
ခဏခဏပြောတဲ့သူ့ နှုတ်ခမ်းပါးမှာ
အာရုံငါးပါးဟာ တိမ်စိုင်တွေ လို ...။
သက်တန့်ချို
စာဖတ်ပရိတ်သတ်သူငယ်ချင်းများကို အစဉ်လေးစားသောအားဖြင့်.......................
နှုတ်ခမ်းပါးကိုစပြီးအဓိပ္ပါယ်ဖွ
ထွက်ကျလာတဲ့နှောင်ကြိုးတွေက အဖြူရောင်မှဟုတ်ရဲ့လား
ရမ္မက်တစ်ခုနဲ့အာသီသဟာလေးညှို့ကိ
အနောက်တောင်မှာ မိုးတောင်စွေနေပါရော့လား ... ။
အနီရောင်ဖဲကြိုးက သိပ်သည်းမဲမှောင်လွန်းတယ်
ကာဖီရေတွေအေးစက်ပျံ့ကျဲ ငါ့အခန်းငယ်မှာ
ပေါ့ထရိတ်ပန်းချီတွေ
အကြောင်းပြချက်တော့ရှိပါလိမ့်မယ
ဘယ်လိုတွယ်ငြိချိတ်ဆက်ခဲ့ပုံတွေ
မုဒ်က ဘယ်လိုကစပြီးမ၀င်ရတာလဲ
ပြိုကျလာတဲ့ကောင်းကင်မှာ ဆန္ဒတွေက လှောင်တယ်
ငါကလည်းမိုက်မိုက်မဲမဲမှောင်တဲ့
ဘာများဆန်းသလဲ
လေယူရာယိမ်းရအောင်လည်း
အိပ်မက်တွေက တာရှည်ခံပစ္စည်းတွေမှမဟုတ်ပဲ ... ။
ကြေသွားပြီဆိုပါတော့
ပွင့်ဖတ်အနွမ်းလေးတစ်ဖတ်မှာ
ရေခိုးရေငွေ့တို့ချိတ်တွဲ . .
အလဲအကွဲ ယစ်မူးနေလိုက်ပုံ .. ။
ထုတ်မကြည့်ဘူးဆုံးဖြတ်ထားခါမှ
ခဏခဏထုတ်ကြည့်ဖြစ်တယ်
ဘ၀ဆိုတာ သာသာယာယာပါပဲ တဲ့
ခဏခဏပြောတဲ့သူ့ နှုတ်ခမ်းပါးမှာ
အာရုံငါးပါးဟာ တိမ်စိုင်တွေ လို ...။
သက်တန့်ချို
စာဖတ်ပရိတ်သတ်သူငယ်ချင်းများကို အစဉ်လေးစားသောအားဖြင့်.......................
Friday, May 10, 2013
အမျိုးသမီးတစ်ယောက်ရဲ့ တန်ဖိုး
အမျိုးသမီးတစ်ယောက်ရဲ့ တန်ဖိုး
တစ်ခါတုန်းကပေါ့ ဘုရားသခင်က လူသားမိန်းမကို ဖန်ဆင်းနေတဲ့အချိန်ကာလအတွင်း ၆ ရက်မြောက်နေ့မှာ နတ်သမီးတစ်ပါးရောက်လာပါတယ် ။ ပြီးတော့ ဘုရားသခင်ကိုမေးတယ်
“ ဒီတစ်ခုလေးကို ဘုရားသခင်က ဘာလို့အချိန်အများကြီးယူပြီး ဖန်ဆင်းနေရတာလဲ ”
ဘုရားသခင်က နတ်သမီးကိုကြည်ပြီးပြောတယ်
“ အခုဖန်တီးနေတဲ့ လူသားမိန်းမရဲ့ အစိတ်ပိုင်းတွေကို တွေ့လား ”
နတ်သမီးက ဖန်တီးလက်စ လူသားမိန်းမကို သေသေချာချာကြည့်လိုက်တယ်
ဘုရားသခင်ကဆက်ပြောတယ်
သူဖန်တီးပြီးဖြစ်တဲ့ လူသားမိန်းမရဲ့ လက်နှစ်ချေင်းကို ညွှန်ပြလိုက်ပြီး
“ ဒီလက်နှစ်ချောင်းနဲ့ သူမဟာ ခန္ဓာကိုယ်ပေါ်က အ၀တ်တွေကို လျှော်ဖွပ်နိုင်တယ် အိမ်ထဲမှာရှိတဲ့ပစ္စည်း အမျိုး ၂၀၀ လောက်ကိုလည်း ဟိုရွှေ့ဒီရွေ့ပြောင်းနိုင်တယ် အရသာ ထူးကဲတဲ့အစားအသောက်တွေကိုလည်း ချက်ပြုတ်ပြင်ဆင်ပေးနိုင်တယ် ဒါ့အပြင် ကလေးငယ်တွေကိုလည်းချီမပြုစုပေးနိုင်သေးတယ် အဲဒီလက်နှစ်ဖက်နဲ့ပဲ ဒူးနာတာကအစ လူတစ်ဖက်သား အသည်းကွဲတာ အဆုံး သူ ပျောက်ကင်းအောင်စွမ်းဆောင်ပေးနိုင်တယ် နတ်သမီး ”
ဘုရားသခင်ရဲ့စကားကြောင့်နတ်သမီးက လူသားမိန်းမကို အထင်ကြီးသွားတယ် ပြီးတော့ ဘုရားသခင်ကိုထပ်မေးတယ်
“ ဒါဟာ လူသားမိန်းမရဲ့ပုံသဏ္ဍန် အပြည့်အစုံပဲလား ဘုရားသခင် ”
“ ဒီနေ့တော့ သူမကို ဖန်တီး၇တာတွေများနေပြီ မနက်ဖြန် တစ်ချက်ကြည့်ပါဦး အဲဒီအခါ ပြီးပြည့်စုံတဲ့ လူသားမိန်းမပုံစံကိုတွေ့ရပါလိမ့်မယ် ”
နောက်တစ်နေ့ကျတော့ နတ်သမီးက ဘုရားသခင်ဆီရောက်လာပြန်တယ် ဘုရားသခင်ကပြောတယ်
“ ဒီနေ့တော့ လူသားမိန်းမရဲ့ပုံစံဟာပြီးသင့်သလောက်တော့ပြီးနေပါပြီ ဖန်ဆင်းခဲ့ သမျှထဲမှာ လူသားမိန်းမကို ဖန်ဆင်းရတာ အနှစ်သက်ဆုံးပါပဲ ”
“ ဘာလို့ပါလဲ ဘုရားသခင် ” နတ်သမီးကမေးတယ်
“ နေထိုင်မကောင်းဖြစ်တဲ့အချိန်မှာ ဆို လူသားမိန်းမဟာ သူမ ဘာသာသူမ ပြုစုစောင့်ရှောက်တတ်တယ် သူတစ်ပါးနေမကောင်းရင်လည်း ပြုစုစောင့်ရှောက်ပေးတတ်တယ် တစ်နေ့မှာ သူမဟာ ၁၈ နာရီလောက် အလုပ်လုပ်နိုင်စွမ်းရှိတယ် ”
နတ်သမီးက ဘုရားသခင်ရဲ့စကားကို နားထောင်ရင်း လူသားမိန်းမအနီးကို တိုးကပ်သွားတယ် ပြီးတော့ လူသားမိန်းမကို တို့ထိကြည့်လိုက်တယ်
“ နူးညံ့လိုက်တာ ”
“ ဟုတ်တယ် နူးညံတယ် ဒါပေမယ့် စိတ်ထားကိုတော့ သန်မာအောင်လို့ဖန်ဆင်းထားတယ် အခက်အခဲတွေ အတားအဆီးတွေကိုကျော်လွှားနိုင်အောင်လည်း ဖန်ဆင်းထားတယ် ”
“ သူမက တွေးခေါ်တတ်လို့လား ”
နတ်သမီးက ထပ်မေးလိုက်တယ်
“ တွေးတတ်ယုံတင်မကပါဘူး အကျိုးအကြောင်းဆီလျှော်အောင် စဉ်းစားနိုင်ပြီးညှိညှိနှိုင်းနှိုင်းလည်းလုပ်တတ်သေးတယ် ”
နတ်သမီးက ဘုရားသခင်ဖန်တီးလက်စ လူသားမိန်းမ ပါးပြင်ကို လက်နဲ့ထိလိုက်တယ်
“ ဟင် ဒီမှာ အရည်တွေ စိမ့်ကျနေပါလား ဖန်ဆင်းထားတာများလို့များ လူသားမိန်းမမှာ ၀န်ထုပ်ဝန်ပိုးဖြစ်နေတာလား ”
“ အဲဒါကို မျက်ရည်လို့ခေါ်တယ် နတ်သမီး ”
“ ဟင် .. ဘာအတွက်လဲ ”
“ သူမရဲ့ဘ၀မှာ တွေ့ကြုံလာရတဲ့ ကြေကွဲမှု ၀မ်းနည်းမှု အမုန်းတရားနဲ့ ချစ်ခြင်းတရားတွေ အထီးကျန်မှုနဲ့နာကျင်မှုတွေ ဂုဏ်ယူမှုတွေပျော်ရွှင်မှုတွေ စတဲ့စိတ်ခံစားမှုတွေကို ဖော်ပြဖို့အတွက်ပါ ”
နတ်သမီးဟာ လူသားမိန်းမကို အရမ်းအထင်ကြီးသွားတယ် ပြီးတော့လူသားမိန်းမကိုပြောတယ်
“ သင်ဟာ သိပ်ကို ကြီးကျယ်မြင့်မြတ်လှတဲ့လူသားမိန်းမပါပဲ ဘုရားသခင် သင်ဟာအရာရာကို စဉ်းစားချင့်ချိန်ပြီး တွေးတွေးဆဆ စွမ်းဆောင်နိုင်တယ် အခု သင်ဖန်ဆင်းထားတဲ့ လူသားမိန်းမကလည်း ကမ္ဘာလောကကြီးအတွက် ထူးခြားပြီး မရှိမဖြစ် အလိုအပ်ဆုံးဖြစ်လာပါလိမ့်မယ် ” လို့ဆိုလိုက်တယ်
ဘုရားသခင်ကပြုံးပြီးပြန်ပြောတယ်
“ ဟုတ်တယ် လူသားမိန်းမက ကမ္ဘာကြီးအတွက် တကယ့်လိုအပ်မှုတစ်ခုပါ သူမမှာ လူသားယောက်ျားတွေ အံ့သြသွားစေမယ့် ခွန်အားနဲ့သတ္တိတွေရှိတယ် မိသားစုရဲ့ ၀န်ထုပ်ဝန်ပိုးတွေကိုလည်းဖြေရှင်းနိုင်စွမ်းရှိတယ် သူမကြောင့် ပျော်ရွှင်ခြင်းတွေ ချစ်ခြင်းတရားတွေနဲ့အတွေးအခေါ်သစ်တွေ ဖြစ်ပေါ်လာနိုင်တယ် နောက်ဆုံး သူမကြောက်ရွံ့နေတာတောင်မှ သူမမှာ ပြုံးပြနိုင်တဲ့အစွမ်းရှိတယ် ”
“ အဲ့လောက်တောင်ပဲလား ”
“ ဒါတင်မကသေးဘူး ငိုကြွေးရမယ့်ဒုက္ခတွေ ခါးဆီးခံရမယ့်အချိန်မှာ သူမ သီချင်းဆိုနိုင်တယ် ပျော်ရွှင်ရမယ်မောတဲ့အချိန်မှာလည်းသီချင်းဆိုတယ် ကြောက်ရွံ့ထိတ်လန့်နေချိန်မှာလည်း သီချင်းဆိုတယ် ”
“ အိုး ... ”
“ သူမ မိသားစုအတွက် သူမယုံကြည်ရာကို ပြုလုပ်နိုင်သလို မိသားစုအတွက် သူမဟာ အဓိကဇာတ်ကောင်အဖြစ် ခံယူထားပြီး မိသားစု ငြိမ်းချမ်းတည်ငြိမ်အောင်မြင်အောင် သူမအပေါ်မူတည်နေတယ်လို့လည်းခံယူထားတယ် သူမရဲ့နှလုံးသားဟာ ပုံသဏ္ဍန်အမှန်မရှိဘူး ”
“ သူမရဲ့သားသမီးတွေ အောင်မြင်နေတာကြည်ပြီး ကြည်နူးမျက်ရည်တွေလည်းကျနေတတ်တယ် သားသမီးအတွက် ၀မ်းနည်းတာဖြစ်စေ ၀မ်းသာတာဖြစ်စေ မျက်ရည်ကျတတ်သေးတယ် တခါတခါ ပီတိအပြုံးနဲ့ဂုဏ်ယူနေတတ်သေးတယ် ”
နတ်သမီးက ဘုရားသခင်စကားနားထောင်ရင်း လူသားမိန်းမကို သဘောကျနေခဲ့တယ် ဘုရားသခင်က နောက်ထပ်ဆက်ရှင်းပြတယ်
“ သူမ နှလုံးသားဟာ ဆွေမျိုး မိသားစုထဲက တစ်ယောက်ယောက်ဒါမှမဟုတ် သူငယ်ချင်းတစ်ယောက်ယောက်ဆုံးတယ် သတင်းကြားရင် ကြေကွဲထိခိုက်တတ်တယ် ဒါပေမယ့်အဲဒီကြေကွဲမှုတွေကိုပဲ ဘ၀အတွက်လိုအပ်တဲ့ခွန်အားအဖြစ်ပြောင်းလဲယူနိုင်စွမ်းလည်းရှိတယ် ”
“ သူတပါးအတွက် အနမ်းရယ် ယုယနွေးထွေးတဲ့ ဆက်ဆံခြင်းတွေက အသည်းကွဲခြင်းကို ကုစားပေးနိုင်တယ်ဆိုတာလည်း သူမက သိသေးတယ် ”
ဘုရားသခင်က နောက်ဆုံးနတ်သမီးကို စကားတစ်ခွန်းပြောတယ်
“ ဒါပေမယ့် လူသားမိန်းမမှာ ချို့ယွင်းချက်တစ်ခုရှိတယ် ”
“ ဘယ်လို .. ”
“ ဘယ်လိုချို့ယွင်းချက်လဲ ဒီလောက်ပြည့်စုံနေတာကို ”
“ သူမဟာ သူမရဲ့ အဲဒီလို တန်ဖိုးရှိနေမှုတွေကို မေ့နေတတ်တယ် ”
“ ဟင် .. ”
“ နောက်ပြီး ကမ္ဘာပေါ်မှာ သူမဟာ အဖိုးတန်ဆုံးလူသားတစ်ယောက်ပါလားဆိုတာကိုလည်း အမြဲတမ်းမေ့နေတတ်တယ် ”
=================================
ပုံပြင်လေးရဲ့ ဆိုလိုရင်းက အမျိုးသမီးတစ်ယောက်ရဲ့ အနှစ်သာရနဲ့ တန်ဖိုးရှိခြင်းကို ဖော်ကျူးသွားခြင်းပါပဲ
တချို့ အမျိုးသမီးဘ၀ရလို့ စိတ်ညစ်တယ်စိတ်ပျက်တယ် တချို့ ချစ်သူရည်းစားက အသည်းခွဲသွားလို့ စိတ်လေနေတဲ့သူတွေ တချို့ ယောက်ျားကပစ်သွားလို့ လက်မှိုင်ချပြီးကိုယ့်ဘ၀ကိုယ် တန်ဖိုးမရှိဘူးလို့ထင်နေတဲ့သူတွေ အတွက်
ဒီပုံပြင်လေးက ခွန်အားတချို့ကိုပေးစေနိုင်မှာပါ ။
တကယ်တော့ ယောက်ျားဖြစ်စေ မိန်းမဖြစ်စေ သူ့တန်ဖိုးနဲ့သူ ကမ္ဘာလောကကြီးကို အလှဆင်နေတဲ့လူသားတွေချည်းပါပဲ ။ မိန်းမမို့လို့ နိမ့်ကျတာမျိုးမရှိသလို ယောက်ျားမို့လို့ ထူးခြားပြီးမြင့်မြတ်နေတာမျိုးလည်းမရှိပါဘူး ။ ပခုံးနှစ်ဖက်က ခေါင်းပေါက်တာခြင်းအတူတူ လူသားတစ်ယောက်ရဲ့ လူသားဆန်မှု အပြည့်အ၀ရှိနေသူဟာ လူသားပီသတာပါပဲ ။
အမျိုးသမီးတိုင်း မိမိ ရရှိနေတဲ့ဘ၀ကို တန်ဖိုးထားပြီး ဂုဏ်ယူနိုင်ကြပါစေ ။
သက်တန့်ချို
The creatures of women အား ဆီလျှော်သလို ဘာသာပြန်သည်
စာဖတ်ပရိတ်သတ်သူငယ်ချင်းများကို အစဉ်လေးစားသောအားဖြင့်.......................
မေမေ့ကို ပိုချိုတာပေးမယ်
တစ်ခါတုန်းက ငါးနှစ်အရွယ် သားငယ်တစ်ယောက်နဲ့ မိခင်ဖြစ်သူတို့ဟာစကားပြောနေကြတယ် ။ မိခင်ဖြစ်သူက သားဖြစ်သူကိုပြောတယ် ။
“ သား မေမေတို့ မေမေတို့ ဟိုးအဝေးကြီးကို သွားလည်ကြတယ်ဆိုပါစို့ အဲဒီအချိန်မှာ နေကအရမ်းပူပြီး ရေကလည်းအရမ်းငတ်နေတဲ့အချိန်ရေဘူးကလည်းမပါဘူးဆိုပါစို့ .. ဒါပေမယ့် သားရဲ့လွယ်အိတ်လေးထဲမှာ ပန်းသီး နှစ်လုံးပါခဲ့မယ်ဆိုရင်သားဘာလုပ်မလဲ ”
သားဖြစ်သူကတခန ကြာလောက်စဉ်းစားပြီါ်ပြန်ဖြေတယ် ။ “ ပန်းသီး နှစ်လုံးစလုံးကို သားတစ်ကိုက်စီ ကိုက်ပစ်မယ် ” တဲ့ ..။
သားဖြစ်သူရဲ့အဖြေကြောင့် မိခင်ဖြစ်သူက စိတ်မကောင်းဖြစ်သွားတယ် ။ မိခင်က သားဖြစ်သူကို အပြစ်တင်ပြီး ပန်းသီး နှစ်လုံးကို တစ်ယောက်တစ်လုံးစီ စားသင့်ကြောင်း ဆုံးမဖို့ စဉ်းစားတယ် ။ ဒါပေမယ့် သူ ရုတ်တရက်စိတ်ပြောင်းသွားပြီး သားဖြစ်သူကို ရင်ခွင်ထဲမှီစေပြီး ဦးခေါင်းကိုပွတ်သပ်လို့ စကားပြောတယ် ။ ဘာလို့သားကလေး က ဒီလိုစကားပြောရတာလဲ သူသိချင်နေမိတယ် ။
“ သား ..ဘာဖြစ်လို့ အဲဒီလို စဉ်းစားပြီးပြောရတယ်ဆိုတာ မေမေ့ကိုပြောပြပါလား ”
သားဖြစ်သူက မိခင်ကို မျက်လုံးလေး ပုတ်ခတ်ပုတ်ခတ်နဲ့ပြန်ဖြေရှာတယ် ။ “ ဟို ... သားက ပန်းသီးနှစ်လုံးလုံးကို တစ်ကိုက်စီကိုက်ကြည့်ပြီး အချိုဆုံး အလုံးကို မေမေ့ကို ပေးမလို့ပါ ”
မိခင်ရဲ့မျက်လုံးတွေထဲမှာ ၀မ်းသာတဲ့မျက်ရည်တွေ စီးဆင်းလာခဲ့ရတယ် ။
====================
ယုံကြည်ပြီးခွင့်လွှတ်တတ်တဲ့စိတ်နဲ့ဆက်ဆံလိုက်ခြင်းဟာ နှစ်သိမ့်ဖွယ်အဖြေကိုရစေပါတယ် ။ အကယ်၍ သာ တခြားမိဘတွေလို သားငယ်ကို ဆူပူပြီးဆုံးမလို့ကတော့ သားငယ်ဆီကနေ ဒီလိုရိုးသားတဲ့အဖြေကိုရမှာမဟုတ်ပါဘူး ။ တစ်ဖက်လူရဲ့စကားကို ဆုံးအောင်ပြောခွင့်ပေးလိုက်တာဟာ အကောင်းဆုံးယုံကြည်ခွှင့်လွှတ်လိုက်ခြင်းဖြစ်ပြီး ရိုးသားမှုကို ဖော်ထုတ်နိုင်စေပါတယ် ။
သက်တန့်ချို
Thinking Concepts စာစုများထဲမှ A love to give MOM အား ဆီလျော်သလိုဘာသာပြန်သည် ။
Saturday, April 20, 2013
လောဘကြီးပါရစေ
ရပ်ကွက်တွေထဲမှာ ဖုန်းတွေ ( CDMA 800 ) ကို ခွဲတမ်းအရ မဲနှိုက်ရမယ်ဆိုပြီး ဆိုင်းဘုတ်တွေထောင်ထားပါတယ်
မှတ်ပုံတင်သန်းကောင်စာရင်းမိတ္တုတွေလိုပါတယ်
ဖုန်းအလုံးရေပမာဏက ဆယ်ဂဏန်း လိုချင်သူကရာနဲ့ထောင်နဲ့ချီနေပါတယ်
အဆင်မပြေသေးပါဘူး
တကယ်လိုအပ်တဲ့လူတွေလက်ထဲမရောက်ပဲ ကြားထဲက ပွဲစားတွေနဲ့လုပ်စားတွေလက်ထဲမရောက်သွားဘူးလို့
အားမမခံနိုင်ပါဘူး
လိုချင်သူတွေကတော့ပေါက်လိုပေါက်ငြားလျှောက်လွှာဝိုင်းတင်ကြမှာပါ
ဝယ်လိုအားနဲ့ ရောင်းလိုအား မမျှတဲ့အခါ အရင်လိုပဲ လိုအပ်ချက်တွေရှိနေဦးမှာပါပဲ
လောဘလေးနည်းနည်းတက်ပါရစေ
၁ ။ အခြေခံလိုအပ်တဲ့ ပမာဏကိုတွက်ချက်ပြီး Infrastructure တွေ တည်ဆောက်ပြီးတဲ့အခါ ရပ်ကွက် အင်အားအလိုက်
ဝယ်လိုအားပမာဏနဲ့ကိုက်ညီတဲ့ရောင်းလိုအားဖြစ်အောင်လုပ်လို့မရဘူးလား
၂ ။ လျှောက်လွာခတွေနဲ့ မိတ္တူကူးခတွေ သက်သာအောင် လွယ်လွယ်ကူကူ ( နိုင်ငံခြားမှာလို ရော့ပတ္တမြား ရော့နဂါး ) ၀ယ်လို့မရသေးဘူးလား
၃ ။ Internet speed တွေကရော သိန်းလေးဆယ်တန် ၊ ဆယ့်ငါးသိန်းတန် ၊ ငါးသိန်းတန် ၊ နှစ်သိန်းတန်ဖုန်းတို့လို အတူတူပဲလား အတူတူဖြစ်မယ်လို့ထင်ပါတယ်
၎ ။ လျှောက်လွှာတင်တဲ့စနစ်ကြီးနဲ့မဲဖောက်တဲ့စနစ်ကို ပယ်ဖျက်ပြီး တကယ်လိုချင်တဲ့သူတွေ ရဲ့ဝယ်လိုအားကို လိုက်မှီအောင်စစ်ပြီး ရောင်းလိုအားကိုတိုးပေးလို့မရဘူးလား
၅ ။ ကြားပွဲစားတွေနဲ့လုပ်စား တွေကြောင့် တကယ်လိုအပ်တဲ့အခြေခံလူတန်းစား တစ်ရပ်ဆီအရောက်ပို့ပေးနိုင်ပါ့မလားဆိုတာ ဘယ်သူ အာမခံပါသလဲ
တွေးမိတာလေးတွေပါ ။ သူမရလို့ငါမရလို့ ဖြစ်ကြဦးမယ် ။ သူကတော့မဲပေါက်လို့ ဖုန်းနှစ်လုံးဖြစ်သွားပြီ ငါကတော့တစ်လုံးမှမရှိဘူး မဲလည်းမပေါက်ဘူး ဒါလေးစောင့်နေပါတယ် လျှောက်လွှာတင်နှိုက်တော့လည်း မဲမပေါက်ဘူး ဆိုပြီး ဒုံရင်း ဒုံရင်းဘ၀ပဲရှိနေတဲ့သူတွေအတွက်ရော . . ။
ကျုပ်လောဘကြီးနေတာပါ တကယ်တော့ ၀ုန်းကနဲ ရောင်းလိုအားကို ပြည်သူတွေအတွက် ပြည့်မှီအောင်လုပ်ပေးဖို့ဘယ်လွယ်ပါ့မလဲလို့ ဆက်သွယ်ရေး ကဏ္ဍကို ဖေးဖေးဆဆ တွေးမိပေးပါတယ်
ဒါပေမယ့်
အရှိန်နဲ့
အဟုန်နဲ့တော့ . . . လုပ်စေချင်နေမိပြီ
သက်တန့်ချို
စာဖတ်ပရိတ်သတ်သူငယ်ချင်းများကို အစဉ်လေးစားသောအားဖြင့်.......................
Sunday, April 7, 2013
သား . . အားနာလိုက်တာ . .အဖေ
သား . . အားနာလိုက်တာ . .အဖေ
(၁)
၁၉၈၄
သာမန် မထူးခြားတဲ့ နေ့တစ်နေ့
နှင်းတွေ အေးခဲစွာ ပျံ့ကျဲ
ကျနော်ဟာ ဒီဇင်ဘာ ရင်ခွင်နဲ့အတူ
လူ့လောကထဲ . . . ရောက်ရှိခဲ့
ဒီလိုနဲ့ . .
မျက်စိသူငယ်နားသူငယ်ကောင်လေးရဲ့အစပါကွယ်
အဆင်မပြေမှုနဲ့ အိပ်မက်ဆိုးတွေကို အချိုးချ
နေသား မကျလိုက်တာ . .အဖေ
ချွေးသံရွဲရွဲ့ နဲ့ အိပ်မက်တိုင်းမှာ မိသားစုအတွက်
ရက်ဆက်မပြတ် ကြိုးစားမှုတွေထက်
ဘာတွေကများ တန်ဖိုးရှိဦးမလဲ
( ၂ )
သား . .သွား . .ဝေးဝေးမှာ သွားဆော့စမ်း
ဂရုဏာတရားနဲ့ အဖေ့ ခြိမ်းခြောက်မှုအောက်
ကျနော်ကျပျောက်ခဲ့သော . . . အသိတရားမှာ
အရာရာ . . မိုးနဲ့မြေ
တရားနဲ့ မဖြေနိုင်သေး
မမေ့နိုင်တဲ့အတိတ်ခါးခါးထဲ
ကျနော်ခွေယိုင်လုဆဲ . .
အဖေ့ကမ်းလက် . ..
ရက်ဆက်မပြတ်သတိရတယ်အဖေ
ငါ့သားကြီးအတွက် . . ဘိုအုန်းသီးစက်ဘီးတဲ့
အဖေက တည်ငြိမ်တယ်
အဖေက ရင့်ကျက်တယ်
အဖေက သားဆိုးကိုခွင့်လွှတ်တယ်
ကျနော်ကတော့ ကိုယ့်ကိုယ်ကိုယ်ခွှင့်လွှတ်သင့်လား
ဖြေပါ အဖေ
(၃)
ဟေ့ . .ငါ့သား ၄ ဘာသာနဲ့ ဂုဏ်ထူးကွ
ဂုဏ်ယူဝင့်ကြွား
အေ့ဖကို သား . .အားနာလိုက္တာ အေဖ
သားပြောသမျှကို နာခံ
သားလိုသမျှကို ဖြည့်ဆည်း
အခုတော့ . .
သံသရာမှာ ခရီးရှည်ကြီးထွက်သွားခဲ့ပေါ့ . . .
ညှိုးနွမ်းမှုနဲ့အဖေ့မျက်နှာမှာ စကြ၀ဌာလောက် အားမာန်တွေရှိတယ်
ငြိမ်းအေးမှုနဲ့အဖေ့သွင်ပြင်မှာ ပင်လယ်ကြီးလောက် မေတ္တာတရားတွေရှိတယ်
ရင့်ကျက်မှုနဲ့ အဖေ့စကားသံတွေမှာ ကောင်းကင်ကြီးလောက် ကျယ်ပြန့််နက်ရှိုင်းတယ်
ဘာတွေနဲ့ ဖြည်ဆည်ရဦးမလဲ အဖေ . . .
(၄)
အဖေလိုသမျှ သား . .ဖြည့်ဆည်းပေးနိုင်ခဲ့ရဲ့လား
အဖေ မှန်သမျှသား . . လိုက်မှန်နိုင်ခဲ့ရဲ့လား
အဖေ့လို တရားနဲ့ ဓမ္မ ချိန်ခွင်အောက်
သား. . လျှောက်လှမ်းနိုင်ရဲ့လား
အခုတော့အဖေ . .
နေရိပ်ထဲက နေပူရောက်သွားသလိုမျိုး
လေပြည်ထဲက မုန်တိုင်းတိုက်သွားသလိုမျိုး
အရုပ်ကြိုးပျက်
သား ညတွေ . .နက်သထက် နက်လာပြီပေါ့ အဖေ
အဖေက သွေးအေးတယ်
သားကို ချစ်လိုက်တာလို့ ယုယမှုမရှိဘူး
ကျနော်က လည်းသွေးအေးတယ်
အဖေ့ကို ချစ်လိုက်တာလို့ ထွေးပွေ့ မှုမရှိဘူး
အဖေနဲ့သားကြား ဘယ်လိုစကားတွေကများ
ချစ်ခြင်းမေတ္တာကို ဖော်ကြူးနိုင်မတဲ့လဲ
အလိုပါဘူးအဖေ . .
သံသရာအဆက်ဆက် ကျနော်တို့ပြန်တွေ့ကြဦးမှာပေါ့
(၅ )
ငါ့သားကြီးလာရင်ဘာဖြစ်ရမယ်ဆိုတာထက်
ငါ့သားကြီးလာရင် လူပီသရမယ်ဆိုတာပဲအဖေသင်ပေးခဲ့
လောဘ ဒေါသမောဟကိုပယ်
သားအတွက်ဆို ပီတိကိုစားသုံး
အခုတော့ အဖေ လူလုံးမှ လှခဲ့ရဲ့လား
သား . .
အားနာလိုက်တာ အဖေ
အဖေက သစ္စာဒီပက ယောဂီ
ဝိပဿနာကိုပွားများ
တရားကိုမြင်ရင် ခန္ဓာကိုစွန့်ရသတဲ့
မြင့်သထက်မြင့်တဲ့ဘုံဘ၀ကိုရောက်ဖို့များ
အဖေ ဒီခရီးကိုသွားခဲ့သလား
သား . . . မှားနေခဲ့တာလား အဖေ
(၆ )
ကျနော့်ဆီမှာ ၂ ပေမီးချောင်းလေးရှိတယ်
၎ ပေ မီးချောင်းလေးပြောင်းတပ်တော့အဖေကပြောတယ်
အခန်းက လင်းလွန်းတယ်ကွာတဲ့ . .
ကျနော့်ဆီမှာ ရိုးရိုးစက်ဘီးလေးတစ်စီးရှိတယ်
ဂီယာနဲ့ဘီးလေး ပြောင်းလိုက်တဲ့အခါအဖေကပြောတယ်
ငါက ရိုးရှင်းတာပဲကြိုက်တာကွာ . .တဲ့
ကျနော့်ကြမ်းခင်းပြောင်သလင်းမှာ
ကော်ဇောလေးထပ်ခင်းမိတဲ့အခါ အဖေကပြောတယ်
ငါက အေးမြတဲ့ သင်ဖြူးဖျာလေးပဲကြိုက်သတဲ့
ကျနော့်ဆီမှာ ချစ်ခြင်းတရားတွေရှိတယ်
အဖေ့ကို ထုတ်ဖော်မပြ
အဖေက . . .သူမြင်နိုင်ပါတယ်တဲ့
လောကကြီးကလည်း မတရားလိုက်တာအဖေ
(၇)
သေသူကို ရှင်သူတို့ မျက်ရည်ခတဲ့ပွဲ
သွားသူကို ကျန်သူတို့ နှုတ်ဆက်တဲ့ပွဲ
ထားသူကို နေခဲ့သူတို့ လက်ပြသူတို့ပွဲ
ပကတိ ဆိတ်ငြိမ်မှုနဲ့ကျနော့်ရင်ထဲ
အဖေနဲ့အတူ တစ်ခရီးတည်းသွားချင်လိုက်တာ . .
တရားရှာ ကိုယ်မှာ သိသတဲ့
အမှားရှာရင် အမှန်မှာတွေ့သတဲ့
အဖေချပြသွားတဲ့ မြေပုံလမ်းညွှန်မှာ
သား . . အယောင်ယောင်အမှားမှား
ဆူးနဲ့ခလုတ်ကို နင်းချ
ဒီဘ၀ဟာ ဒါဏ်ရာတွေ ပရပွနဲ့
အဆင်သင့်မဖြစ်သေးခင် နိဂုံးချုပ်ရ
အို . .ခါးလိုက်တာ . . အဖေ
(၆)
သွားပါတော့လို့မနှင်ရက်
ထားပါတော့လို့မပြောရက်
ဒီရက်နဲ့ဒီမနက်တိုင်းမှာ
နေ့တာကလည်းရှည်တယ်
ပြဿဒါးဟာ နတ်ဆိုးဆန်တယ်
နာရီတိုင်းဟာ သုဿန်ဆန်တယ်
မီးခိုးခေါင်းတိုင်ဖြူဖြူမှာ
သင်္ခါရတရား ဟာ လှပစွာပဲ
ကျနော့်ကို ငြိမ်သက်ဆွံ့အသွားစေတယ်
တစ်နေ့တော့ပြန်ဆုံကြရမှာပေါ့အဖေ
သံသရာဆိုတာရှည်ပါတယ်
လူ့လောကီ ဘုံဘ၀မှာ
ကျနော်တို့ကြုံရသမျှဟာ
အခွံချည်းသက်သက်
အငှား ခန္ဓာ တွေနဲ့
အငှား အယောင်အဆောင်တွေဟာ
တစ်နေ့တော့ ထားခဲ့ရမှာ ပ . .
ကျနော် နားလည်ပါတယ်အဖေ . .
(၇)
သေခြင်းဆိုတာ အဆုံးသတ်မဟုတ်
အစ တစ်ခုရဲ့ နိဂုံး ပိုင်းသာဖြစ်တယ်
သေခြင်းဆိုတာ အမှောင် ထု မဟုတ်
အလင်းတစ်ခုရဲ့ အာရုဏ် ဦးသာဖြစ်တယ်
သေခြင်းဆိုတာ ငိုကြွေးခြင်းမဟုတ်
ပြီးဆုံးခြင်းအတွက် ငြိမ်သက် တိတ်ဆိတ်ခြင်းသာဖြစ်တယ်
အဖေသေသွားတဲ့ ဘာများပါသွားသလဲ
ကျနော်သေသွားလည်း ဘာများ ပါလာမလဲ
ရှင်စဉ်ဘ၀က ပြုခဲ့သမျှ
အကောင်းအဆိုး ကုသိုလ်အကုသိုလ်သာ
အရိပ်မကွာ ထပ်ချပ်လိုက်
အသိဥာဏ်ကို အမိုက်မှောင်တော့ မဖုံးပါဘူး အဖေ
(၈)
အဲဒီနေ့လည်ခင်းဟာ ကောင်းကင်ဖြူဖြူမှာ တိမ်ဖုံးသွားတဲ့အခိုက်
ကျနော့်ကမ္ဘာမှာ တိတ်တိတ်ဆိတ်ဆိတ်ပဲမိုးတွေရွာတယ်
မငိုပါဘူးအ ဖေ . . ကျနော် မငိုပါဘူး
ရင့်ကျက်တည်ငြိမ်မှုကို လိုချင်တဲ့အဖေ့အတွက်
ကျနော်မငိုပါဘူးအဖေ
ဆင်ခြင်သုံးသပ် လို့ အမှန်တရားကိုလက်ခံဖို့အတွက်
ကျနော်မငိုပါဘူးအဖေ
ဘ၀ဆိုတာ တိုတိုလေးနဲ့ကပြရတဲ့ဇာတ်
ကျနော်တို့အားလုံး မကြာခင် တစ်ခန်းရပ်ကြရမယ်
သား တွေသမီးတွေ မြေးတွေ အားလုံးထားခဲ့
တစ်ယောက်တည်းခရီးဆက်ကြမယ်
သုဿန်တစပြင်မှာ အငှားခန္ဓာတွေထားခဲ့
ပြာပုံဘ၀နဲ့ အဆုံးသတ်ကြရမယ်
ဒါဟာ . . ဘ၀ ပါပဲကွယ်
(၉)
သွားနှင့်တော့အဖေ
နောင်ဘ၀ဆိုတာရှိခဲ့ရင်သာ အဖေ့သားပြန်လုပ်ခွင့်ပေး
ကျနော် လိမ္မာပါ့မယ်အဖေ
နောင်ဘ၀ဆိုတာသာရှိခဲ့ရင် အဖေ့သားပြန်လုပ်ခွင့်ပေး
ကျနော့်အတွက် ဂုဏ်ယူရပါစေမယ်အဖေ
နောင်ဘ၀ဆိုတာသာရှိခဲ့ရင် အဖေ့သားပြန်လုပ်ခွင့်ပေး
ိကျနော် မြေ၀ယ်မကျ နားထောင်ပါ့မယ်အဖေ
နာရီတွေက အချိန်မှန်ပါပဲ
မနက်နေ့ညလည်း အချိန်မှန်ပါပဲ
နွေမိုးဆောင်းကလည်း အချိန်မှန်ပါပဲ
လူတွေကလည်း သေဆုံးနေကြဆဲ
လူတွေကလည်း မွေးဖွားနေကြဆဲ
လူတွေကလည်း ရှင်သန်နေကြဆဲ
စောလည်းမစော နောက်လည်းမကျ
ဒီခရီးက သွားတော့သွားရမှာပါပဲ
လစ်ဟာသွားတဲ့ကွက်လပ်တစ်ခုအတွက်
အဖေ နှစ်သက်တဲ့ . . တရား ဓမ္မ တွေနဲ့
သား ဆက်လက်ရှင်သန်နေဦးမှာပါအဖေ . . ။
သက်တန့်ချို
အဖေ့အတွက် နောက်ဆုံးခရီးလိုက်ပါပို့ဆောင်တုန်းက ကျွန်တော့်စိတ်ထဲမှာ ရွတ်ဖြစ်ခဲ့တဲ့ ရေးဖြစ်ခဲ့တဲ့ကဗျာလေးပါ ။
(အဖေ ဆုံးရှုံးသွားတဲ့ သားသမီးများ အားလုံးကိုယ်စား ရေးဖွဲ့ခဲ့ပါတယ် )
စာဖတ်ပရိတ်သတ်သူငယ်ချင်းများကို အစဉ်လေးစားသောအားဖြင့်.......................
Wednesday, March 27, 2013
နွယ် . . . နှင့် . . ရင်
နွယ် . . . နှင့် . . ရင်
ကြယ်ရောင်လင်းနေတဲ့ ညချမ်းက
အချိန်အခါမဟုတ် အိပ်မက်တွေကို ၀ုန်းကနဲ ဖန်ဆင်းပစ်လိုက်တယ်
နေ့ရယ် ညရယ် အတိတ်ရယ် အိပ်မက်ရယ်
ထိပ်ထားရယ် . .
ငါ့ကို . . . နွယ်ပါ . .
အသိခေါက်ခက်အ၀င်နက်ခဲ့တာပ
အိပ်မက်ကောင်းကင်မှာသာ . . .
နင့်အတွက် မျှော်လင့်ခြင်းတွေ တပွေ့တပိုက်
ခက်တာပဲ . .
ငါကလည်း ညနေခင်းတစ်ခုတောင် ရူးသွပ်ခုံမင်နေရသူ
တခဏတာ လင်းလက်ခွင့်ပေမယ့်
တစ်ဘ၀စာ ပျော်ရွှင်ခြင်းတွေအတွက်
နင်က ဘုရားပေးတဲ့ ဆုလာဘ်ပါ
နီးနီးလေးမှာလား
ဟိုးအဝေးကြီးမှာလား
သံသရာအဆက်ဆက်
အမှောင်က ဘယ်လောက်ပဲနက်ပါစေ . . .
ထိပ်ထားနဲ့ပတ်သတ်သမျှ နေမ၀င်သရွှေ့
ငါတို့ အိပ်မက်တွေမမေ့ကြေး
မဝေးပါရစေနဲ့
တွေးဆမှုလေးတစ်ခုနဲ့တင် ရင်မှာပူတယ်
ဒီလူက . . . အရာရာ နတ္ထိ
ဘ၀ဆိုတာ ဘာဆိုဘာမှ မသိချင်တဲ့ကောင်
အမှောင် ထုထဲ . . နင်းကာဆင်း . .
တစ်ခါမှလည်း မလင်းခဲ့ရ . .
ထိပ်ထားရေ . .
ထိပ်ထားရေ . .
နွယ် . . တဲ့ . .ရင်မှာ
မလွယ်တဲ့ . . . အသိ. .
ငြိငြိ. .သော . . .မိုး . . .
တိုး. . .တိုး. . .ရွာ စေ . . ကွယ်
သက်တန့်ချို
၂၇.၃.၂၀၁၃
စာဖတ်ပရိတ်သတ်သူငယ်ချင်းများကို အစဉ်လေးစားသောအားဖြင့်.......................
Tuesday, March 5, 2013
သူက . . ဖခင်ကောင်း . . စနစ်ဟောင်းကိုတော်လှန်နေသူ
စာဖတ်ပရိတ်သတ်သူငယ်ချင်းများကို
သူက . . ဖခင်ကောင်း . . စနစ်ဟောင်းကိုတော်လှန်နေသူ
သူက သာမန်ရိုးရိုးကြီးပဲ
သူက သာမန်ဦးလေးကြီးပဲ
သူက သာမန်နဲ့မတူတဲ့ စိတ်ထားတော့ရှိတယ်
ခေတ်ပြောင်းတော်လှန်ရေးကို ဦးဆောင်လို့
စနစ်ကောင်းတွေကို စတင်ခဲ့
မြေစမ်းခရမ်းပျိုးကာလပါ
အနည်းဆုံးတော့ တိုင်းပြည်ကိုစေတနာရှိတာ
သူ့မျက်လုံးတွေမှာပေါ်တယ်
သူ့အပြုံးတွေမှာပေါ်တယ်
သူ့လုပ်ရပ်တွေမှာပေါ်တယ်
သူ့မှာ အခက်အခဲတွေရှိတယ်
သူ့မှာအားနည်းချက်တွေရှိတယ်
သူက အသက်ကြီးနေပြီ
သူက ပါးရေနားရေတွန့်နေပြီ
သူ့မှာ မသန်စွမ်းတဲ့နှလုံးသားကို
ဘက်ထရီအကူအညီနဲ့ခုန်စေလို့
သူ့စိတ်ဖိစီးမှုကိုဘယ်သူကများ
စာနာနားလည်ပေးမလဲ
သူက လူလိမ်လို့အပြောခံရတယ်
သူက ရွှေပန်းနဲ့အကြိုခံရတယ်
သူက မျက်ရည်အကြိမ်ကြိမ်ကျတယ်
သူ့မိသားစုမှာ သူက ဖခင်ကောင်း
သူ့တိုင်းပြည်မှာ သူက ခေါင်းဆောင်ကောင်း
စနစ်ဟောင်းကို သူရဲဝံ့စွာတော်လှန်တယ်
သူက သာမန်လူသားတစ်ယောက်ပဲ
သူ့မှာ အစွမ်းထက်တန်ခိုးတွေမရှိဘူး
စေလိုရာစေ ဖြစ်စေရာဖြစ်
စနစ်ကို ချက်ချင်း ပြောင်းဖို့မလွယ်ဘူး
အရာရာကို အသိနဲ့သတိကို စုံတွဲလို့
ဒီမိုကရေစီကိုသူဖော်ဆောင်နေတယ်
သူ့မှာ တိုင်းပြည်အတွက်လက်တွဲမယ့် ဒေါ်စုရှိတယ်
သူ့မှာ တိုင်းပြည်အတွက်လက်တွဲမယ့် ကိုမင်းကိုနိုင်ရှိတယ်
သူ့မှာ တိုင်းပြည်အတွက်လက်တွဲမယ့် ပြည်သူတွေရှိတယ်
သူ့မှာ မြန်မာပြည်ကိုချစ်စိတ်ရှိတယ်
သူ့ရင်ခုန်သံဟာ တိုင်းပြည်အတွက် သွေးတစ်စက်
အဖက်ဖက်ကနေ သူကြည့်ရှာတယ်
မောနေပါပြီ
သူသွားနေတဲ့ခရီးတိုင်းမှာ တိုင်းပြည်အတွက်
မျက်နှာလည်းငုံ့ခဲ့ရ မျက်ရည်လည်းကျခဲ့ရ
ကလင်တန်ကို ရိုသေခဲ့ရ
အိုဘားမားကိုရိုသေခဲ့ရ
ယင်လတ်ကိုရိုသေခဲ့ရ
ဘယ်သူကများ ဒီအဖိုးအခကိုသိနိုင်မလဲ
သူ . . မောနေပါပြီ
အနာဂါတ်က မှောင်ပြပြ
တတ်စွမ်းသမျှ အလင်းပေးချင်တဲ့သူ
သူ့ပုံစံက လှောင်စရာကောင်းနေလို့လား
သူ့ မျက်ဝန်းတွေက မသမာမှုတွေလုပ်နေလို့လား
သူ့အပြုံးတွေက အရေခြုံတွေမို့လို့လား
သူ့မှာ သူမတတ်နိုင်တဲ့ တွန်းအားတချို့
သူ့မှာ သူကယ်ဆယ်နေရတဲ့ ဒုက္ခတချို့
သူ့မှာ သူ ထမ်းတင်နေရတဲ့ အနာဂါတ်တချို့
နံနက်ခင်းတိုင်းမှာ ခင်ဗျားတို့ ကျွန်တော်တို့လို
ပျော်ရွှင်စွာ နေနိုင်ကြရဲ့လား
သူ . . လင်းစေချင်တယ်
အမှောင်တွေကို . . . ဖယ်ခွာချလို့
တိုင်းပြည်အတွက်ချစ်စိတ်
သူ့ နေ့ရက်တိုင်းအတွက် ထိပ်မှာ ရှိတယ်
သူ့လက်တစ်စုံဟာ တိုင်းပြည်အတွက်
သူ့ ခြေထောက်တစ်စုံဟာ တိုင်းပြည်အတွက်
အဖက်ဖက်ကနေ လေးစား
အကြွေးများနဲ့တိုင်းပြည်ကိုကယ်တင်
မြန်မာပြည်ရဲ့ အရှင်ပါ
သူဘယ်လောက်ထိ ဆက်လုပ်ခွင့်ရမလဲ
တစ်နှစ်. . .နှစ်နှစ်. . .သုံးနှစ် . . .
ဇရာက လုပ်နိုင်ခွင့်ကိုတားဆီးတယ်
ဖိအားက လုပ်ပိုင်ခွင့်ကို နှောင့်နှေးစေတယ်
ဘယ်တော့မှ စိတ်မပျက်ဘူး
ဘယ်တော့မှ လက်မှိုင်မချဘူး
သူချစ်တဲ့ပြည်အတွက်
စနစ်ဟောင်းကို ဦးဆောင်တော်လှန်နေတဲ့သူ ။
သက်တန့်ချို
အစဉ်လေးစားသောအားဖြင့်.......................
Thursday, February 28, 2013
နော်ဝေးမှာ ဆန္ဒပြတာ နဲ့မတူဘူး သမ္မတကို စော်ကားတာနဲ့တူတယ် ( သိက္ခာမဲ့သော စကားလုံးတွေ သုံးသွားခြင်း )
နော်ဝေးမှာ ဆန္ဒပြတာ နဲ့မတူဘူး သမ္မတကို စော်ကားတာနဲ့တူတယ် ( သိက္ခာမဲ့သော စကားလုံးတွေ သုံးသွားခြင်း )
ဒီနေ့ သတင်းတွေအများကြီးပဲ ပျော်စရာတစ်ခုမှမပါဘူး ၀မ်းနည်းစရာတွေ ကြေကွဲစရာတွေ စိတ်မကောင်းစရာတွေချည်းပဲ
၁ ။ သမ္မတကြီးအဖွဲ့ကိုနော်ဝေမှာ ဆန္ဒပြတာ ကို ဘာမှမပြောလိုဘူး ဒါပေမယ့် ပြပုံပြနည်းကို ဘ၀င်မကျဘူး ။ ရွှေပန်းဖြင့်ကြိုဆိုပါ၏ ဆိုတာ . . Liar Thein Sein ဆိုတာဘာသဘောလဲလူတိုင်းသိတယ် ။ လူလိမ်လို့ပြောရအောင် သူပြုပြင်ပြောင်းလဲနေလို့ ကျွန်တော်တို့သိန်း ၄၀ တန်ဖုန်းတွေကနေ အနည်းဆုံးတော့ ၂ သိန်းလောက်အထိ ကိုင်လာနိုင်ကြတယ် ။ လက်လှမ်းမမှီတဲ့ကားတွေကို မော်ဒယ်မြင့်တွေ စီးလာနိုင်ကြတယ် ။ ဂျာနယ်လွတ်လပ်ခွင့်တွေ အနည်းငယ်ပဲဖြစ်စေရလာကြတယ် ။ ဒေါ်စုဆိုပြီး ကျယ်ကျယ်လောင်လောင်အော်ရဲလာတယ် ။ အရင်ကအဲဒါတွေရှိခဲ့လို့လား ။ ဒါဟာ သူမပြောင်းလို့ဘယ်သူပြောင်းတာလဲ ။ သူ့အခြေအနေနဲ့သူ့လုပ်ပိုင်ခွင့်နဲ့ အကောင်းဖက်ကလည်းနည်းနည်းကြည့်စေချင်တယ် ။ လိုချင်တာကိုတောင်းပါ ဒါပေမယ့် စကားလုံးတွေကတော့သိက္ခာမမဲ့စေချင်ဘူး ။ ဒါဟာ သမ္မတကို စော်ကားခြင်းပဲ ဆန္ဒပြတာနဲ့မတူဘူး ။ သမ္မတက ဆန္ဒပြနေတဲ့သူကို လစ်လျှုမပြုဘူး ဆွေးနွေးခိုင်းတယ် သိရတယ် ။ အဆင့်အတန်းမြင့်မြင့် ဆန္ဒပြစေချင်တယ် ။ ပြည်တွင်းကိုပြန်လာပါ ဒိုးတူဘောင်ဖက်လုပ်ကိုင်ပါ ဆင်းရဲဒုက္ခကို အတူခံစားပြီး ဆန္ဒပြပါ ။ သမ္မတလည်း နှလုံးခုန်စက်လေး ဘက်ထရီအားပြည့်ရဲ့လားမသိ ။
၂ ။ ဒေါ်စုက မြန်မာနိုင်ငံသို့ရောက်ရှိနေသော တောင်အာဖရိကမှ ငြိမ်းချမ်းရေးနိုဗယ်ဆုရှင် ဘုန်းတော်ကြီး ဒတ်စမွန်တူးတူးကို ဂါရ၀ပြုနေပုံကို အမျိုးမျိုးအဖုံဖုံပြောဆိုကြတယ် ဒီနေရာမှာ ဒေါ်စုအနေနဲ့လုပ်သင့်လုပ်ထိုက်လို့ ဂါရပြုတာ ဘာမှမထူးဆန်းဘူး အဲဒါကို ပုံကြီးချဲ့ပြီး ဒေါ်စုကို သိက္ခာ ချနေတာ စိတ်မကောင်းစရာပဲ ။ အရိုအသေပေးတာက ရိုသေထိုက်လို့အရိုအသေပေးတာပဲ ။ ဘာလို့ တခြား မဆိုင်တဲ့ အတွေးတွေနဲ့ ရှုပ်ထွေးအောင်လုပ်ချင်နေကြတာလဲ ။
၃ ။ နိုင်ငံတိုင်းမှာ ဆန္ဒပြသူတွေနဲ့ ရဲဆိုတာရှိတယ် ။ ပြည်သူတွေက ပြည့်သူ့အသံ ပြောခွင့်ရှိသလို ရဲကလည်း တားဆီးခွင့်ရှိတယ်ဆိုပေမယ့် သွေးထွက်သံယို ဖြစ်ရလောက်အောင်အသက်ဆုံးရလောက်အောင်နှိမ်နှင်းဖြိုခွဲတာတွေကိုရှံ့ချတယ် ။ မြန်မာအချင်းချင်း ပြည်သူတွေ မှားသည်ဖြစ်စေ မှန်သည်ဖြစ်စေ သွေးထွက်သံယိုဖြစ်အောင်နှိမ်နှင်းတာကိုတော့ စိတ်မကောင်းဘူး ။ အထင်သေးတယ် ။ ကန့်ကွက်တယ် ။ ဆွေးနွေးညှိနိုင်းခြင်းလမ်းစဉ်ကိုလိုက်နေတဲ့ အစိုးရအဖွဲ့အနေနဲ့ အခြေအနေတွေမဆိုးအောင်တားဆီးတာကိုလက်ခံတယ် သွေးတော့မထွက်စေနဲ့ ဒါဏ်ရာနဲ့ အသက်အန္တရာယ်တွေကိုတော့ ရန်မရှာစေချင်ဘူး ။ အခုတော့ လယ်သမားတွေနဲ့ဆန္ဒပြသူတွေလည်း ဒါဏ်ရာတွေနဲ့သွေးတွေနဲ့ ဆေးရုံတွေရောက် ရဲတစ်ယောက်လည်းအသက်ဆုံးရတယ်သတင်းကြား တကယ့်ကို ဆိုးလိုက်တာ ။ ဒီလိုဆိုပြည်သူတွေ တဖြည်းဖြည်းကြောက်လာကြလိမ့်မယ် ။ ဆွေးနွေးညှိနှိုင်းအဖြေရှာ တဲ့လမ်းစဉ်ကိုပဲအားပေးပါတယ် ။
သက်တန့်ချို
Photo Credit : Original Photographer
စာဖတ်ပရိတ်သတ်သူငယ်ချင်းများကို အစဉ်လေးစားသောအားဖြင့်.......................
Wednesday, February 13, 2013
နေ၀င်ချိန်
လူနာတစ်ယောက်က အာခံတွင်းထဲ အရိုးစူးလို့လာတယ်
ကျွန်တော်ကြည့်တယ် မတွေ့ဘူး ငါးရိုးမို့အချိန်တန်ရင် ပျော်ကျလာမှာပါ
အန္တရာယ်မရှိလောက်တဲ့နေရာမို့ အနာသက်သာတဲ့ဆေးထိုးပေးလိုက်တယ်
အခု ဒီစာရိုက်နေချိန်မှာပဲ လူနာတစ်ယောက်လာပင့်လိုက်လိုက်သွားတယ်
အခု ဒီစာကို ပြန်ရောက်လာလို့ဆက်ရိုက်နေတာပါ
အသက် ၉၀ လောက်ရှိတဲ့အဖွားအိုတစ်ဦး . .ကိုယ်လက်တွေနာလို့တဲ့
မှိန်ပျပျမီးရောင်အခန်းထဲမှာ သေးနံ့တွေက မွှန်ထူလို့နေတယ်
သူ့မြေးတွေသူ့သားသမီးတွေက အခန်းထဲ ၀င်ချင်ပုံမပေါ်ဘူး
ထမီတွေလည်း လဲပေးထားပုံမပေါ်ပါဘူး
သက်ကြီးရွယ်အိုတွေရဲ့နေ၀င်ချိန် က ဘာလို့ ဒီလောက်အရုပ်ဆိုးရတာလဲ
အဖွားအိုအတွက် သက်သာအောင်ဆေးတစ်လုံးထိုးပေးခဲ့ တယ်
ကျွန်တော် ပြောစရာရှိတာပြောပြီးပြန်ထွက်လာ မယ်လုပ်တော့ အဖွားက ကျွန်တော့်ပုဆိုးစကိုဆွဲထားတယ်
တစ်ခုခုပြောချင်နေပုံပါပဲ . . အသံကထွက်မလာဘူး ပုဆိုးစလေးကို တင်းနေအောင်ဆွဲဆုပ်ထားတယ်
သူ ကျွန်တော့်ကို မပြန်စေချင်ပါဘူး . . လူနာရှင်တွေက အဆင်းရဲကြီးမဟုတ်ဘူး စားနိုင်သောက်နိုင်နဲ့ပျဉ်ထောင် အိမ်လေးပါ
ဈေးအရမ်းကြီးတဲ့ခွေးကြီးတစ်ကော င်ရှိတယ် အဲဒီခွေးကြီးကို စီးတီးမတ်က အကောင်းစားခွေးစာတွေကျွေးနေတယ်
အဖွားအိုရဲ့ကျောမှာ ဘတ်ဆိုး လို့ခေါ်တဲ့ အိပ်ယာနာတွေရှိနေတယ်
ကျွန်တော်က . . အိပ်ယာနာသက်သာအောင် မွှေ့ရာ အိပ်ရာခင်းရှိကြောင်း ၀ယ်ပြီးအဖွားကိုခင်းပေးဖို့ ပြောတယ်
အဖွားအိုရဲ့ ချွေးမ အဒေါ်ကြီးကပြောတယ် . .သူက လှမ့်နေတာပါ မခင်းတော့ပါဘူးဆရာတဲ့ ခင်းလည်း မထူးပါဘူးတဲ့
အဖွားအိုကို တစ်အိမ်လုံးက မကြည်ကြဘူး ဘာလို့လည်းဆိုတော့ညဖက်တွေအော်နေ လို့တဲ့
အဖွားအိုရဲ့မျက်လုံးက မျက်ရည်တွေကျနေတာသူတို့ မမြင်ကြဘူးလားဟင်
သူလား . . အင်းလေ . .အထီးကျန်နေမှာပေါ့ . အထီးကျန်တယ်ဆိုတာအားငယ်တာ . . ခြောက်ခြားတာ
အနားမှာ လူမရှိတဲ့အချိန်မှိန်ပြပြမီးရော င်အောက်က အခန်းငယ်လေးထဲမှာ ထုပ်တန်းတွေအပေါ် ကြွက်တွေပြေးနေတာ ကျွန်တော်တွေ့လိုက်ရတယ်
အဲဒီကြွက်တွေများ လာကိုက်ရင် . .အဖွားနာနေမှာပဲ
ခြင်ထောင်လည်းမရှိပါဘူး . . . ဘာလို့ ပစ်ထားရတာလဲဟင်ကျွန်တော်ကမ နေနိုင်စွာ စပ်စုကြည့်တယ်
အဖွား ကြီးက ဆိုးတယ် ဆရာတဲ့ . . . ညညဆို အိမ်မှာက သမီးတွေက ရုံးသွားရတယ်လေ အဲဒါအိပ်လို့မရဘူး
အဖွားကြီးအော်နေတော့ အကုန်လုံးအိပ်ရေးပျက်တယ် ကျွန်မတို့လည်း ၀ဋ်ကျွတ်ချင်ပြီဆရာတဲ့ . . .
ဝဋ်တဲ့. . .အဲဒါဝဋ်တဲ့လား . . ကျွန်တော်ဆက်မပြောချင်တော့ပါဘူး . . .
အဖွားကို ထမီမှန်မှန်လဲပေးဖို့ . . ဆီးဝမ်းကို ဂရုစိုက်ဖို့မှာခဲ့တယ် ကျွန်တော်ထွက်မယ်လုပ်တော့ ကျွန်တော့်ကိုအားကိုးတကြီးကြည့် နေတဲ့အဖွားရဲ့မျက်ဝန်းတွေမှာ
မျက်ရည်စတွေ တွဲခိုနေတယ် . . .
ဟုတ်ကဲ့ . .ညဖက်လည်း လာနှိုးနိုင်ပါတယ် အဒေါ် ကျွန်တော်လိုက်ကြည့်ပေးပါ့မယ် တစ်ခုခုဆို ကျွန်တော့်ဖုန်းနံပတ်လည်းယူထားပါ ဆက်နိုင်ပါတယ်
ကျွန်တော့်စိတ်တွေလည်းမကောင်းလှ ဘူး ဆေးခန်းပြန်ရောက်တော့လည်း မကောင်းလှဘူး
ဒီညက ခြင်တွေ နည်းနည်းကိုက်တယ်
ဆေးခန်းရှေ့မှာ ကြွက်ကြီးတစ်ကောင် ဖြတ်ပြေးသွားတယ် . . . .
အဖွားအိမ်ဖက်ကို များသွားနေတာလား ကျွန်တော်လည်းဘာတွေတွေးနေမိပါလိ မ့်
မီးကပျက်နေလို့ နေရာတကာမှာ မှောင်မိုက်နေတယ် . .
ကျွန်တော်လား . . မငိုချင်ပါဘူး . . ဒါပေမယ့် ရင်ထဲမှာတော့ တစ်ခုခုက ဆုပ်ဆွဲထားသလို စို့နေတာတော့အမှန်ပဲ
လည်ပင်းထက်က နားကြပ်ကလေးကို ကျွန်တော်ငုံ့ကြည့်လိုက်တယ်
ဟူး . . . ဘာမှ ဆက်မရေးချင်တော့ပါဘူး ။
သက်တန့်ချို
ကျွန်တော်ကြည့်တယ် မတွေ့ဘူး ငါးရိုးမို့အချိန်တန်ရင် ပျော်ကျလာမှာပါ
အန္တရာယ်မရှိလောက်တဲ့နေရာမို့ အနာသက်သာတဲ့ဆေးထိုးပေးလိုက်တယ်
အခု ဒီစာရိုက်နေချိန်မှာပဲ လူနာတစ်ယောက်လာပင့်လိုက်လိုက်သွ
အခု ဒီစာကို ပြန်ရောက်လာလို့ဆက်ရိုက်နေတာပါ
အသက် ၉၀ လောက်ရှိတဲ့အဖွားအိုတစ်ဦး . .ကိုယ်လက်တွေနာလို့တဲ့
မှိန်ပျပျမီးရောင်အခန်းထဲမှာ သေးနံ့တွေက မွှန်ထူလို့နေတယ်
သူ့မြေးတွေသူ့သားသမီးတွေက အခန်းထဲ ၀င်ချင်ပုံမပေါ်ဘူး
ထမီတွေလည်း လဲပေးထားပုံမပေါ်ပါဘူး
သက်ကြီးရွယ်အိုတွေရဲ့နေ၀င်ချိန်
အဖွားအိုအတွက် သက်သာအောင်ဆေးတစ်လုံးထိုးပေးခဲ့
ကျွန်တော် ပြောစရာရှိတာပြောပြီးပြန်ထွက်လာ
တစ်ခုခုပြောချင်နေပုံပါပဲ . . အသံကထွက်မလာဘူး ပုဆိုးစလေးကို တင်းနေအောင်ဆွဲဆုပ်ထားတယ်
သူ ကျွန်တော့်ကို မပြန်စေချင်ပါဘူး . . လူနာရှင်တွေက အဆင်းရဲကြီးမဟုတ်ဘူး စားနိုင်သောက်နိုင်နဲ့ပျဉ်ထောင်
ဈေးအရမ်းကြီးတဲ့ခွေးကြီးတစ်ကော
အဖွားအိုရဲ့ကျောမှာ ဘတ်ဆိုး လို့ခေါ်တဲ့ အိပ်ယာနာတွေရှိနေတယ်
ကျွန်တော်က . . အိပ်ယာနာသက်သာအောင် မွှေ့ရာ အိပ်ရာခင်းရှိကြောင်း ၀ယ်ပြီးအဖွားကိုခင်းပေးဖို့ ပြောတယ်
အဖွားအိုရဲ့ ချွေးမ အဒေါ်ကြီးကပြောတယ် . .သူက လှမ့်နေတာပါ မခင်းတော့ပါဘူးဆရာတဲ့ ခင်းလည်း မထူးပါဘူးတဲ့
အဖွားအိုကို တစ်အိမ်လုံးက မကြည်ကြဘူး ဘာလို့လည်းဆိုတော့ညဖက်တွေအော်နေ
အဖွားအိုရဲ့မျက်လုံးက မျက်ရည်တွေကျနေတာသူတို့ မမြင်ကြဘူးလားဟင်
သူလား . . အင်းလေ . .အထီးကျန်နေမှာပေါ့ . အထီးကျန်တယ်ဆိုတာအားငယ်တာ . . ခြောက်ခြားတာ
အနားမှာ လူမရှိတဲ့အချိန်မှိန်ပြပြမီးရော
အဲဒီကြွက်တွေများ လာကိုက်ရင် . .အဖွားနာနေမှာပဲ
ခြင်ထောင်လည်းမရှိပါဘူး . . . ဘာလို့ ပစ်ထားရတာလဲဟင်ကျွန်တော်ကမ နေနိုင်စွာ စပ်စုကြည့်တယ်
အဖွား ကြီးက ဆိုးတယ် ဆရာတဲ့ . . . ညညဆို အိမ်မှာက သမီးတွေက ရုံးသွားရတယ်လေ အဲဒါအိပ်လို့မရဘူး
အဖွားကြီးအော်နေတော့ အကုန်လုံးအိပ်ရေးပျက်တယ် ကျွန်မတို့လည်း ၀ဋ်ကျွတ်ချင်ပြီဆရာတဲ့ . . .
ဝဋ်တဲ့. . .အဲဒါဝဋ်တဲ့လား . . ကျွန်တော်ဆက်မပြောချင်တော့ပါဘူး
အဖွားကို ထမီမှန်မှန်လဲပေးဖို့ . . ဆီးဝမ်းကို ဂရုစိုက်ဖို့မှာခဲ့တယ် ကျွန်တော်ထွက်မယ်လုပ်တော့ ကျွန်တော့်ကိုအားကိုးတကြီးကြည့်
မျက်ရည်စတွေ တွဲခိုနေတယ် . . .
ဟုတ်ကဲ့ . .ညဖက်လည်း လာနှိုးနိုင်ပါတယ် အဒေါ် ကျွန်တော်လိုက်ကြည့်ပေးပါ့မယ် တစ်ခုခုဆို ကျွန်တော့်ဖုန်းနံပတ်လည်းယူထားပ
ကျွန်တော့်စိတ်တွေလည်းမကောင်းလှ
ဒီညက ခြင်တွေ နည်းနည်းကိုက်တယ်
ဆေးခန်းရှေ့မှာ ကြွက်ကြီးတစ်ကောင် ဖြတ်ပြေးသွားတယ် . . . .
အဖွားအိမ်ဖက်ကို များသွားနေတာလား ကျွန်တော်လည်းဘာတွေတွေးနေမိပါလိ
မီးကပျက်နေလို့ နေရာတကာမှာ မှောင်မိုက်နေတယ် . .
ကျွန်တော်လား . . မငိုချင်ပါဘူး . . ဒါပေမယ့် ရင်ထဲမှာတော့ တစ်ခုခုက ဆုပ်ဆွဲထားသလို စို့နေတာတော့အမှန်ပဲ
လည်ပင်းထက်က နားကြပ်ကလေးကို ကျွန်တော်ငုံ့ကြည့်လိုက်တယ်
ဟူး . . . ဘာမှ ဆက်မရေးချင်တော့ပါဘူး ။
သက်တန့်ချို
စာဖတ်ပရိတ်သတ်သူငယ်ချင်းများကို အစဉ်လေးစားသောအားဖြင့်.......................
Saturday, February 9, 2013
ဆေးကျောင်းသားကြီးတွေနဲ့ ဆေးကျောင်းသင်ဆရာဝန်ကြီးတွေ ၊ ပြင်ညာရေးစနစ်နှင့် Professional ဟုခေါ်သော . .
ဆေးကျောင်းသားကြီးတွေနဲ့ ဆေးကျောင်းသင်ဆရာဝန်ကြီးတွေ ၊ ပြင်ညာရေးစနစ်နှင့် Professional ဟုခေါ်သော . .
တပည့်ကိုးဆယ့်ကိုးယောက်ကို ကျောင်းကထွက်ခွင့်ပြုပြီး ဆိုးတဲ့တစ်ပည့်တစ်ယောက် ကိုလက်ခံ လိုက်တဲ့ဆ ရာအကြောင်း ပုံပြင်လေးတစ်ပုဒ်မနေ့က Renew ပြန်လုပ်လိုက်တော့ ကျွန်တော့်အတွက်ရေး စရာ ဆောင်းပါးတစ်ပုဒ်က ထပ်ရလာပြန်ပါတယ် ။ ကျွန်တော်တို့ သူငယ်ချင်းကိုဇော်ကတော့ပြောတယ် ။ သူဆောင်းပါးတွေမရေးချင်ဘူးတဲ့ ဆောင်းပါးဆိုတာ . . လူတွေကို စောင်းမြောင်းပြီးပါးရိုက်တာ တဲ့ ။ ကျွန်တော်ကတော့ ဆရာလူထုစိန်ဝင်းတို့ ဆရာဇော်ဇော်အောင်တို့ ဆောင်းပါးတွေ ဖတ်ပြီး အဲဒီလိုပုံစံလေးတွေပဲ ရေးချင်နေလို့ ဆောင်းပါးကို နည်းနည်းတော့အားသန်မိတယ်ဆိုတာ ၀န်ခံပါတယ် ။ သူများကို ပါးရိုက်တာလားဘာလားတော့မသိဘူး ကျွန်တော်ကတော့ ပါးအရိုက်ခံရကိန်းမြင်မိတယ် ကိုဇော်ရေ ။ လက်ရှိ ကျွန်တော်ခေါင်းစဉ်ပေးထားတဲ့ အတိုင်း ဆေးလောက မှာရှိတဲ့ တပည့်နဲ့စာသင်ဆ ရာဝန်ကြီးတွေ ၊ Professional လို့ခံယူထားတဲ့ Medical ဆေးလော ကအကြောင်း နဲ့ ပြင်လိုက်ညာလိုက်ဖြစ်နေတယ်ဆိုတဲ့ ပြင်ညာရေးစနစ်ကို အနည်းငယ် ချရေးကြည့်ပါဦးမယ် ။ တကယ်တော့ မနေ့က ပြန်လည်ဖော်ပြထားတဲ့ ဆိုးတဲ့ကျောင်းသားတစ်ယောက်ကို လက်ခံပြီး တော် တဲ့ကျောင်းသား ကိုးဆယ့်ကိုးယောက်ကို လက်ခံလိုက်တဲ့ ပုံပြင်လေးရဲ့ ဆိုလိုရင်းကို တော်တော်များများ မဆွဲထုတ်မိကြဘူး ။ တကယ်ဆိုလိုရင်းက " ဆရာတို့မည်သည် ပညာရည်ပြည့်ဝပြီ လောကကြီးအပေါ် ကိုယ့်ခြေထောက်နှင့်ကိုယ်ရပ်တည်နိုင်ပြီဟု ယူဆသော ကျောင်းသားများကို သာ ကျောင်းက ထွက်ခွာခွင့်ပြုသည် ဆိုးသွမ်းသော တပည့်အား လမ်းမှန်ရောက်အောင်ပြုပြင်ပေးရန် ဆရာ့တွင်တာဝန်ရှိ သည်ဟူသော ဆရာ၏ စေတနာကို ပေါ်လွင်စေချင်သော မူရင်းစာရေးသူ၏ ရည်ရွယ်ချက်ပင်ဖြစ်သည် ။ ထပ်ပြောရလျှင် မိဘတို့သည် တောင်းစုတ်ပလုံးစုတ်ကိုသာ စွန့်ပစ်ရိုးရှိသည် သားသမီးဆိုးကို မစွန့်ပစ် ယူသော မိဘမေတ္တာအတိုင်း ၊ ဆရာဝန်သည် လူနာအသက်ကို နောက်ဆုံးအချိန်ထိ လက်မလွှတ် ဟူသော စေတနာအတိုင်း ဆရာသည်လည်း တပည့်တစ်ယောက်ကို နောက်ဆုံးအချိန်ထိ ပဲ့ပြင်ဆုံးမပေး သည်ဟူသော စေတနာကို ထင်ဟပ်စေတဲ့ အရမ်းကို ကောင်းတဲ့ပုံပြင်လေးတစ်ပုဒ်ပါ ။ ဒါပေမယ့် . . . ရည်ရွယ် ချက် ကို ဖတ်လို့ လွဲသွားတဲ့အခါ မထင်မှတ်ပဲ
- တပည့်၁၀၀ မှာ ဆိုးတဲ့ လူကိုကျတော့ ဆက်ထားပီး လိမ္မာ တဲ့ သူကျတော့ ကျောင်းကထွက်တဲ့  ဟားးး ဆရာက ဥပမာပေးထားတယ်ထင်ပါတယ် ဆရာဆိုတာ အဲလိုလူမျိုး ပေါ့ (ဒါသည် ပုံပြင်ကျောရိုးကိုဖတ်ပြီး ဘာလဲဆိုတဲ့ဦးတည်ချက်ကို ဆက်ပြီးမတွေးတော့တဲ့သဘောပါ ဘာကိုပေးချင်တာလဲ တကယ်ကပုံပြင် တစ်ပုဒ်ပါ ပုံပြင်ဆိုတဲ့အတိုင်းအပြင်မှာတော့ဘယ်ရှိပါ့မလဲ သူ့ဆိုလိုရင်းက ကျွန်တော်အပေါ် မှာပြောထား ခဲ့တဲ့အတိုင်း ပြန်ဖတ်ကြည့်ကြပါ )
- တခါတရံ ဒီလိုပုံပြင်တွေဟာ နားထောင်လို့ ကောင်းရုံသတ်သတ်ပါပဲ။ တကယ့် လက်တွေ့ နဲ့  သွားနှိုင်း လို့ မရပါဘူး။ စာရေးကောင်းတယ်ဆိုပြီး လျှောက်ဝါဒမဖြန့် ပါနဲ့ ။ ဆရာဆရာမတွေ ကို စော်ကားနေ တယ်လို့ ခံစားရလို့ ပါ။ (ဒီနေရာလေးမှာ ၀ါဒဆိုတာလေးလည်း ပြောချင်သေးတယ် ၀ါဒဆိုတာ ကိုယ်သန်ရာသန်ရာ မှန်မှန်မှားမှား . . . ဒါယုံကိုယုံရ့မယ်ဆိုပြီးလုပ်တဲ့ အရာမျိုးပါ ကျွန်တော်က စာရေး တယ် မှန်တယ် မှားတယ် ဘာတွေ ယူရမယ် ဘာတွေမယူရဘူးဆိုတာက စာဖတ်တဲ့သူတစ်ယောက် တာဝန် ပါ ကျွန်တော်ရေးတဲ့ရည်ရွယ်ချက်က ဆရာတွေစေတနာကိုပေါ်လွင်စေချင်မှန်းရေးတဲ့စာ တချို့ တလေ အဲဒီ ဆိုလိုရင်းကိုနားလည်လိမ့်မယ် ဒါပေမယ့် အခုမှတ်ချက်ထဲကလို ဆရာဆရာမတွေ ကို စော်ကားနေခြင်းရှိမရှိ သေချာလေးပြန်စဉ်းစားချင်တယ် ။ သူငယ်ချင်းတစ်ယောက်ပြောသလိုပေါ့ သင့်မှတ်ချက်ဟာ သင့်ကိုယ်သင် စာဖတ်အား ဘယ်လောက်ကောင်းလဲ ဘာတွေ absorption လုပ်နိုင်လဲ ဖော်ပြနေ တာပဲတဲ့ ဒါကြောင့် မှတ်ချက်တစ်ခုရေးတဲ့အခါ သေချာ ရှုထောင့်ပေါင်းစုံ ကစဉ်းစားစေချင်တယ် ။ စာရေးသူတစ်ယောက်ရေးတဲ့စာ အကုန်လုံးလက်ခံရမယ်လို့မဆိုလိုပါဘူး ။ အကုန်လုံးမှန်တယ် လို့လည်း မဆိုလိုပါဘူး ။ ဒါပေမယ့် Thinking Concept ကို တော့ ကျွန်တော် တို့အတော်မွေးမြူကြရလိမ့်ဦးမယ် )
ဆေးကျောင်းသားကြီးတွေ
မြန်မာနိုင်ငံမှာ ဆေးတက္ကသိုလ်တွေအနေနဲ့ ဆေး ၁ ၊ ဆေး ၂ ၊ ဆေးမန်း ၊ မကွေးဆေး ဆိုပြီးရှိကြတယ် ။ ဆေးတက္ကသိုလ် ကို ၀င်ရတဲ့ အမှတ်ချင်းကလည်း ယောက်ျားလေးနဲ့ မိန်းကလေး အတော့်ကို ကွာခဲ့တာ ခေတ်အဆက်ဆက်ကတည်းကပါ ။ ဘာလို့လည်း ကျွန်တော်တွေးမိပါတယ် ။ စာတော် တဲ့မိန်းကလေး ဦးရေကပိုများလို့လား စာတော်တဲ့ယောက်ျားလေးဦးရေကပိုနည်းနေလို့လား ဒါမှမ ဟုတ် ယောက်ျားလေးတွေ ကို အမှတ်လျော့ပေးထားတာ ယောက်ျားလေးတွေက မိန်း ကလေးတွေလောက်အ ရည်အချင်းမမှီဘူးလို့ ဆိုလိုတာလား ။ ထားပါတော့ တကယ်တော့ ယောက်ျားလေး ဦးရေကို ပိုပြီး ဆေးလောကထဲ ပါစေချင်လို့ လို့ပဲ တွေးယူလိုက်ပါတယ် ။ တနိုင်ငံလုံးမှာ ဂုဏ်ထူးတွေရပြီး စာတော်တယ်လို့သတ်မှတ်ခံရတဲ့ကျောင်းသားတွေထဲက အချို့ဟာ ဆေးကျောင်းကို ၀င်လာကြတယ် ။ တချို့ကတကယ့်ကို ဆယ်တန်းတုန်းကတော်ကြပါတယ် ။ ဒါပေမယ့်ဆေးကျောင်း ပထမနှစ်ရောက်ပြီးက တည်းက ဂိမ်းလေးဆော့လိုက် ၊ ဖဲလေးရိုက်လိုက် ၊ ဆေးလိပ်လေးသောက်လိုက် နဲ့ပျက်ဆီးနေကြတော့ တာပါပဲ ။ ကျွန်တော်လား . . ကျွန်တော်လည်းကျောင်းသားတစ်ယောက် သူများတွေလို တက္ကသိုလ်ကျောင်း သား တွေရဲ့ လွတ်လပ်တဲ့ဘ၀ဆိုလား အဲဒါကြီးကိုခံစားကြည့်ချင်လို့ ဒါတွေနဲ့မ လွတ်ကင်း ခဲ့တာဝန်ခံပါတယ် ။ ဆေးတက္ကသိုလ်ကြီးဆိုတာ ဒေါက်တာစိုးလွင်ပြောသလိုပဲ ပန်းခင်းလမ်းမ ဟုတ်သော မြေ ပါပဲ ။
ကျွန်တော်က ဆေး ၂ ဆိုတော့ဆေး၂အကြောင်းပဲပြောပြမယ် ။ ဆေး ၂က ကျဉ်းကျဥ်းလေးပါး Theater တွေ ကျပ်ညပ်နေပြီး လေးထပ်ဆောင်တွေအခုတော့တိုးချဲ့နေပါပြီ ။ ကန်တင်းလို့ခေါ် တဲ့စားသောက် ဆိုင်လေး ဆယ်ခုလောက်ကို ဆေးကျောင်းအနောက်မှာ တန်းစီထားတယ် ။ ဆေးကျောင်းအရှေ့ မှာ နေပူထဲကရေပန်းလေး ရှိတယ် ။ ဘေးမှာ ကလူနေရပ်ကွက်တွေ ။ ဂိမ်းဆိုင်တွေပေါတယ် အရက်ဆိုင်တွေပေါတယ် ။ ရဲစခန်းက မနီးမဝေးမှာရှိတယ် ။ အများစုပေါ့ အထူး သဖြင့်ကျောင်းသားတွေ လက်ချာမှန်မှန်မတက်ကြဘူး ။ ဘာလို့လည်းဆိုတော့ စာကိုစိတ်မ၀င်စားလို့ ။ ဘာလို့စိတ်မ၀င်စားတလဲဆိုတော့အိမ်က အတင်းတက်ခိုင်းလို့ ၀ါသနာမပါလို့ ။ ကျောင်းသူတွေ ကတော့စာကြိုးစားကြတာများတယ် ။ ကျောင်းသားတွေက လက်ချာလစ်တယ် Theater လစ်တုန်း အနောက်မှာ ဖဲဝိုင်းထောင်တယ် ပါချုပ်က ခဏခဏမိတယ် ။ warning တွေအပေးခံရတယ် ။ ဂိမ်းဆိုင်ခဏခဏ သွားတယ် ။ ပိုက်ဆံ တက်နိုင်တဲ့ကျောင်းသားတွေက First year ကစပြီး ကျူရှင်ယူကြတယ် ။ တကယ်တော့ ဆေးကျောင်းကစာတွေဆိုတာ Self learning မှန်း ကျွန်တော်လည်း အတန်းကြီးလာမှ တဖြည်းဖြည်းသိလာရတာပါ ။ ဆေးကျောင်းနဲ့ကျူရှင် ဆိုတာ ဟာသပါလား လို့ ပြောစရာရှိတယ် ။ ဒါပေမယ့်ကျူရှင်ကတကယ်ရှိတာပါပဲ နောက်ဆုံး M.Med.Sc ကလည်း ကျူရှင်ရှိတာ ပါပဲ ။ ထားပါတော့ . . Roll Call မမှန်လို့ ဒီဘား ထိတဲ့ကျောင်းသားတွေ ၇န်ဖြစ်လို့ ကျောင်း ထုတ်ခံရတဲ့ကျောင်းသားတွေ အို . .စုံလို့ပါပဲ ။
ကျွန်တော်ပထမနှစ်တက်တုန်းက သင်္ချာသင်တဲ့ဆရာကပြောတယ် ။ "တပည့်တို့ ဆေးကျောင်းတက်တိုင်း ဆရာဝန်ဖြစ်တာမဟုတ်ဘူး ဆေးကျောင်းခရီးရှည်ကြီးဟာ တကယ်တော့ စိတ်ညစ်မှုတွေ ရွံ့တွေနွံ့တွေ ဆူးတွေ ခလုတ်ကန်သင်းတွေနဲ့ပြည့်နေတဲ့ လမ်းပဲ လျှောက်ရင်းနဲ့ နွံနစ်သွားတဲ့သူတွေ ဆူးမိလို့ အနာဖြစ်သွားတဲ့သူတွေ ဒုနဲ့ဒေးပဲ ဒီတော့ . . . ဆေးကုချင်တယ်ဆိုတဲ့ စိတ်ကလေးကို သာ ပီပြင်အောင်မွေးမြူကြပါ နောက်ပိုင်းဆေးကျောင်းတက်ရတာပျော်လာပါလိမ့်မယ် သေချာတာ
ကတော့ဆေးကျောင်းတက် တိုင်း ဆရာဝန်ဖြစ်လိမ့်မှာမဟုတ်ဘူး " တဲ့ ။ သိပ်မှန်တာပါပဲ ။ ပထမနှစ်ကနေ နောက် ဆုံးနှစ်အထိလူတွေ တဖြည်းဖြည်းပြုတ်ကျလာလိုက်တာ နောက်ဆုံးအောင်တော့ လူက အနည်းငယ်ပဲကျန်တော့တယ် ။ ဒီတော့ ဆေးကျောင်းမှာ ဆိုးတဲ့ကျောင်း သားရော တော်တဲ့ကျောင်း သားရောရှိတယ်ဆိုကြပါစို့ ။
ဘယ်လို ကျောင်းသားတွေကိုကျောင်းထုတ်မှာလဲ
- အတန်းချိန်မပြည့်လို့ Roll call မပြည့်တဲ့ကျောင်းသားတွေ ( ကျောင်းမထုတ်ခင် သူ့ history ကို လိုက်ရမယ် သူဘာလို့ကျောင်းပျက်တာလဲ ဆေးကျောင်းအပြင်မှာ စာကိုစိတ်မ၀င်စားပဲ ဝေလေလေ လုပ်နေပြီး ကျောင်း ပျက်နေတာလား ဒါမှမဟုတ် မိသားစုအရေး ငွေ အတွက် တကယ်ဆင်းရဲလို့ သူအလုပ်လုပ်နေရလို့ ကျောင်းတက်ချိန်မမှန်တာလား )
- သတ်မှတ်ထားတဲ့ ကျောင်းစည်းကမ်းအရ စာမေးပွဲ အကြိမ်ကြိမ်ကျရှုံးနေသူတွေ ( ခွင့်လွှတ်စရာမရှိပါဘူး ထုတ်ကိုထုတ်ဖို့ လက်ခံပါတယ် ဆေးကျောင်းမှာ Moderation ဆိုတာရှိတယ် စာမေးပွဲမကျဖူး တဲ့သူမရှိပါဘူး ဒါပေမယ့် Moderation တွေကနေပြန်ပြန် ကယ်ရတာပါ ဆေးကျောင်းအောင်အမှတ်က တစ်ရာမှာ ငါးဆယ် ပါ ။ ၃ ဘာသာရှိရင် ၂ ဘာသာကျခွင့်ရှိတယ် ။ မော်ဒရေးရှင်းနဲ့တစ်လပြန် တက်ပြန်ဖြေရ တယ် ။ ၃ ဘာသာလုံးကျရင် တစ်နှစ်လုံးပြန်တက် ။ အဲဒီမှာ Failure လို့ခေါ်တဲ့ F တွေ သတ်မှတ်အကြိမ်ပြည့်သွားရင်ဆေးကျောင်းကထုတ်ပယ်ပါတယ် ။
- ရန်ဖြစ်ဆိုးသွမ်းတဲ့ မင်းမဲ့စရိုက်တွေ ( နောင်တချိန်မှာ လူ့အသက်ကယ်မဲ့လူတွေ မင်းမဲ့စရိုက်ပုံစံမျိုး အတန်းထဲကမှန်တွေရိုက်ခွဲတာ ထိုင်ခုံတွေဖျက်ဆီးအရက်တွေမူးပြီးရန်တွေဖြစ် ဒီအပြူအ မူတွေဟာ ဆေးကျောင်း သား တစ်ယောက်ရဲ့ Attitude နဲ့မကိုက်ညီလို့ ထိုက်ပယ်သင့်ပါတယ် )
ဆေးကျောင်းကနေ စည်းကမ်းနဲ့မညီလို့ ကျောင်းထုတ်လိုက်ပါပြီတဲ့ ။ ဆေးကျောင်းနဲ့မဆိုင်တော့ ဘူး ရောက် ချင်တာရောက်ဖြစ်ချင်ရာဖြစ်ဆိုလို့လည်းမဟုတ်သေးပါဘူး ။ သူတို့ရဲ့စာရိတ္တနဲ့ Attitude ကို ကျွန်တော်တို့တကယ်ပဲမပြောင်းလဲပေးနိုင်တော့ဘူးလား ။ Warning တွေထပ်ခါထပ် ခါပေးလို့မရလို့ ထုတ်တာသဘာဝကျပါတယ် ။ ဒါပေမယ့် ချက်ချင်း ပဲ ရန်တစ်ခါဖြစ်လို့ တစ်အုပ်စုလုံးထုတ် လိုက်တယ်ဆိုတာကတော့ နည်းနည်းပြန်စဉ်းစားကြည့်ရအောင် ။ ပဲလှော်ကြားဆား ညှပ်တဲ့ ကျောင်း သားတွေလည်း ပါသွားနိုင်သလို . . . သူတို့ရန်မဖြစ်ရအောင် သူတို့အတန်းချိန်မှန်အောင် စာမေး ပွဲအောင်အောင် ကျွန်တော်တို့ ဘာတွေ ဆက်လုပ်သင့်သလဲဆိုတဲ့ နည်းလမ်းကို ရှာကြည့်ရမှာဖြစ်ပါတယ် ။
ပြုပြင်လို့ရသေးတဲ့ကျောင်းသားကို ပြုပြင်ပေးပြီးလမ်းမှန်ကို တည့်တည့်ရောက်အောင် ဘယ်လိုလုပ်ရ မလဲဆို တာ အားလုံးဝိုင်းအဖြေရှာရမှာဖြစ်ပါတယ် ။ တကယ့်ကိုဆေးစာတွေမမှီတော့လို့ စာမ ကျက်နိုင်တော့ လို့ စိတ်မ၀င်စားတော့ လို့ ကျောင်းကနေထုတ်ပယ် လိုက်ရတဲ့ ကျောင်းသားတွေ က ခြွင်းချက်ပါ ။ စာလည်းတော်တယ် လိုက်နိုင်တယ် ဒါပေမယ့်အကျင့်ဆိုးလေးတွေရှိနေတယ် ဒါဆို အဲဒီအကျင့်တွေကို ပယ်ဖျက်ဖို့ ဘာသာရေ့းဆိုင်ရာအချိန်လေးတွေ စာရိတ္တမြှင့်တင်ရေးဆိုင်ရာ အချိန်လေးတွေ ကျောင်း မှာ စည်းလုံးမှု နဲ့ လုပ်တဲ့ Gathering ပွဲကလေးတွေ ဆေးတက္ကသိုလ်ကြီးကို တက်နေရတဲ့ကျောင်းသားကျောင်းသူတွေ ပျော်ဝင်လာအောင် နည်းလမ်းရှာကြဖို့ကျွန်တော် ကတိုက်တွန်း လိုပါတယ် ။
ဆေးကျောင်းသင်တဲ့ဆရာဝန်ကြီးတွေ
စာသင်တာ အားလုံးကောင်းကြတယ် ။ တချို့တလေကလွဲလို့ တပည့်တွေအပေါ် တော်စေ တတ်စေချင်ကြတဲ့ ဆရာတွေရဲစေတနာတွေကတော့ထပ်တူပါပဲ ။ နောက်ဆုံးတစ်မှတ်လေး ပဲ ဖြစ်ဖြစ် Moderation လေးပါရအောင် အောင်မှတ်လေးရအောင်သူတို့ Board ထိုင်နေတဲ့အချိန်မှာ ကြိုး စားပေးကြတယ် ။ ပြန်တွေးမိရင် ဆရာတွေကို ကျွန်တော်အခုထို မျက်ရည်ဝဲနေတုန်းပဲ ။ တကယ့်ကိုတော်တဲ့ ဆရာဝန်ကြီးတွေပါ ။ ကျွန်တော်တို့ ပါချုပ်ကအစ ဆရာတွေအားလုံးဟာ နာသုံးနာနဲ့ပြည့် ၀ကြသူတွေချည်းပါ ။ ဒါပေမယ့် အရှေ့မှာ စကားထောက်ခဲ့သလို တချို့သော ဆရာကြီးတွေ ကတော့ နည်းနည်လေး ခွဲခြားဆက်ဆံတာ ရှိခဲ့ပါတယ် ။ တော်တဲ့ကျောင်း သား မြေတောင်မြှောက်တယ် ဆိုးတဲ့ကျောင်းသားလက်တွဲမခေါ်ဘူး ။ အတန်းထဲပေးမ၀င် ဘူး ။ အချိန်ကို အရမ်းလေးစားတဲ့ဆရာကြီးတစ်ယောက်က တော့ လူ့အသက်ကယ်ရမယ့်ဆရာဝန်တွေဟာ အချိန်ကို တိကျလေးစားရမယ်ဆိုပြီး အတန်းထဲပေးမ၀င်လို့ အတန်းပြင်ကနေ တပည့်တွေက ငုတ်တုတ်စောင့် ရတယ်လို့ ကြားမိတယ် ။ ဆရာကြီးရေ . . . အချိန်ဟာ အရေးကြီးတာမှန်ပါတယ် ။ ဒါပေမယ့် နောက် ကွယ်မှာ အချိန်နောက်ကျရခြင်းရဲ့အကြောင်းတွေ ဆရာကြီးရော ကျွန်တော်ရောမသိနိုင် တာတွေအ များကြီးရှိနိုင်ပါတယ် ။ ဆရာကြီး ပေးမ၀င်လို့ရပ်စောင့်ခဲ့၇တဲ့ တပည့်တွေထဲမှာ ကျွန်တော့် သူငယ်ချင်း တစ်ယောက်လည်းပါပါတယ် ။ သူ့ က ဆေးကျောင်း တက်ရဖို့ အလုပ်စုံလုပ်ပါတယ် ။
မနက်ဆို အစောကြီး Guide သင်တယ် မုန့်ရောင်းတယ် တိုလီမိုလီအစုံလုပ်တယ် ။ သူ့အမေက အကြော်ရောင်း တယ် ။ အဲဒီနေ့က သူ့အမေ အကြော်ဆီအပူလောင်လို့ သူ ဆေးခန်းလိုက် ပို့နေရလို့သူအ ရမ်းတ က်ချင်နေတဲ့ဆရာကြီးရဲ့ လက်ချာကို နောက်ကျသွားပါတယ် ။ အတန်းထဲကို တံခါးပိတ်ပြီးသူ ၀င်ခွင့် မရဘူးလို့ဆိုပါတယ် ။ ဆရာ့အစီအစဉ်က ကောင်းပါတယ်ဆရာ ဒါပေမယ့် တချို့သော အကြောင်းကြောင်းကြောင့် ခွင့်လွှတ်ပေးနိုင်စရာရှိတဲ့ကျောင်း သားတွေကိုတော့ခွှင့်လွှတ်ပေး ပါလားလို့ ကျွန်တော် က မေတ္တာ ရပ်ခံကြည်ချင်ပါတယ် ။ ဆရာတို့ ပညာတွေသင်ပေးခဲ့ကြလို့ ကျွန်တော်တို့အခု လို လူလိုသူလိုရပ်တည်နိုင်ခဲ့ကြတာပါ ။
ပြင်ညာရေးစနစ်နှင့် Professional ဟုခေါ်သော
လက်ရှိပညာရေးစနစ်ကို လူတွေက ပြင်ညာရေးစနစ်လို့မြင်လာကြတယ် ။ ကိုးဘာသာဖြစ်သွား လိုက် ခြောက် ဘာ သာဖြစ်သွားလိုက်နဲ့ နောက်ပြီး သင်ရိုးညွှန်းတမ်းတွေက လည်း ခေတ်နဲ့ အမှီ လိုက်ပြောင်းနေကြလို့ မိဘတွေက လက်ရှိပညာရေးစနစ်ကို မယုံရဲကြတော့ဘူး ။ နိုင်ငံခြားကျောင်းတွေ အားကိုးလာကြတယ် ဆယ်တန်းအောင်ရင်ဘာလုပ်မှာလဲဆိုတဲ့အတွေး ၀င်လာကြတယ် ။ နိုင်ငံခြားလွှတ်ဖို့ ကိုပဲစိုင်းပြင်းလာကြတယ် ။ တက္ကသိုလ်ပညာရေးစနစ်ကလည်းဒီအတိုင်းပါပဲ ။ အဝေးသင်တွေအနီး သင်တွေ စာမေးပွဲကြီးကျမှ ကျူရှင်တက် အနီးကပ်နဲ့ အောင်သွားကြတယ် ။ ဒီတော့ဘ၀အတွက် အသုံးဝင်စရာ ဘာတွေများပါသွားသလဲ ။ အသိပညာ အတတ်ပညာတမျိုးမျိုး ဘာတွေပါသွားသလဲဆိုတာ စဉ်းစားစရာဖြစ်လာ ခဲ့တယ် ။ မြင်းကောင်းခွာလိပ် ဖြစ် သလိုဖြစ်ကြရတဲ့ ဆယ်တန်း အတန်းတင်ကိုလည်း ကျွန်တော်က ( ကျွန်တော့် အတွေးအရ ) စာမေးပွဲစနစ်ကိုလည်းပြောင်းကြည့်ချင်ပါတယ် ။ တစ်နှစ်လုံးစာမ ကျက်ကြဘူး အတန်းတင်နီးလာမှ Final နီးလာမှ စာကျက် ပြီး spot လိုက်ကြတယ် ။ တိုးတဲ့သူက အောင်မတိုးတဲ့သူကကျသွားကြတယ် ။ တကယ်ဆို ကျွန်တော်တို့တက္ကသိုလ်ပညာရေးလို့ပဲ Final ကို ၃၀ %ပဲယူပြီးကျန်တဲ့တစ်နှစ်အတွင်းမှာ Pre test တွေ Tutorial တွေနဲ့ အမှတ်တွေကို စာတွေလက်တွေ့ နဲ့ ၆၀% ယူစေချင်ပါတယ် ။ ကျန်တဲ့ ၁၀% ကျတော့ကျောင်းတက်ချိန်ပါ ။အ ခုတော့ ကျူရှင်ပဲထားကြတယ် ကျောင်းကြီးတွေမသွားကြတော့ဘူး ။ စာမသင်လို့တဲ့ ။
စာမေးပွဲနီးလာပြီဆို အတန်းထဲလူမရှိတော့ဘူး ခြောက်ကပ်ကပ်ကျူရှင်တွေဝိုင်းတွေ မှာ လူတွေအပြည့် ။ ကျွန်တော့်ရင်ထဲမှာတော့ တစ်ခုခုလစ်ဟာ ဆုံးရှုံးနေရသလိုပါပဲ ။ Professional ဆိုတဲ့ စကားလုံးကို ကျွန်တော်တို့ဆက်ရအောင် ။ ဆရာဝန်ဆိုတာ ပျော်စရာဘ၀ကြီးတော့မဟုတ်ပါဘူး ။ သူများ တွေအားနေ တဲ့အချိန်ကိုယ်စာဖတ်ရတယ် သူများ ပျော်နေတဲ့အချိန်ကိုယ်စာဖတ်ရတယ် ရပ်သွားတယ်မရှိဘူးရှေ့ ကိုအမြဲသွားနေရတယ် ။ လူနာတွေနဲ့ထိတွေ့တဲ့အခါ ဆီး သွေး မစင်ကအစ ထိတွေ့ရတယ်အ နာတြွေုပည် ပုပ်တွေ နဲ့ လက်ပွန်းတတီးနေရတယ် ။ အိုဂျီမှာဆိုပိုဆိုးသေးတယ် ။ ဒီတော့ ဒီလိုဘ၀ ဟာ ပျော်စရာကောင်း တယ်လို့ ဘယ်သူကပြောသလဲ ။ တကယ်တော့ ပျော်စရာကောင်း တယ်ဆိုတာ လူတစ်ယောက်ရဲ့အသက်ကို ကိုယ်ကယ်လိုက်နိုင်တဲ့ အချိန်မှသာ စပြီးသိလာနိုင်တာပါ ။ ကုသိုလ်လည်းရ ၀မ်းလည်းဝဆိုတဲ့စကားအတိုင်း ကိုယ်ဟာ Professional လို့လူတွေပြောနေကြတဲ့ ကျွမ်းကျင် ပြည့်ဝသော ဆရာဝန်ဘ၀ကို ဖြတ်သန်းတော့မယ်ဆိုရင် အရာရာကို ရင်ဆိုင်နိုင်ရတော့မှာပါ ။ နောက်တစ်ခု ဆရာဝန်နဲ့နိုင်ငံရေး ကိုလည်းနည်းနည်းပြောချင်သေးတယ် ။ နိုင်ငံရေးဆိုတာ နိုင်ငံထဲမှာ နေတဲ့နိုင်ငံ သူနိုင်ငံသားတွေလုပ်နေတဲ့အရေးပါ ။ ဆရာဝန်ကဆေးကုတယ် အင်ဂျင်နီယာက တိုက်ဆောက်တယ် ရုံးသမားက ရုံးအလုပ်လုပ်တယ် စစ်သားကစစ်တိုက် တယ်ရဲကလူဆိုးဖမ်းတယ် ဒါတွေအားလုံးနိုင်ငံရေးတွေချည်းပဲ ။ ကိုယ်နဲ့ဆိုင်ရာဆိုင်ရာလုပ်နေကြတာ အကုန်လုံးနိုင်ငံရေးတွေချည်း ပဲလို့ ကျွန်တော် ထင်ပါတယ် ။ ဒါပေမယ့် နိုင်ငံတစ်ခု တည်ဆောက်ရေးမှာ ဆရာဝန်ဆိုတာ ကဏ္ဍတစ်ခုအနေနဲ့ပဲပါပါလိမ့်မယ် ။ ကျန်းမာရေးဝန်ဆောင်မှုကဏ္ဍပေါ့ ။
ကဏ္ဍ အမျိုးမျိုးရှိတဲ့ နိုင်ငံရေး နယ်ပယ်မှာ ဆရာဝန်သက်ဆိုင်တာကျန်းမာရေူးကဏ္ဍ ဖြစ်ပါတယ် ။ Policy Making တွေ Rules and regualtion တွေ တကယ့်ကို တခြားလိုင်းတွေကတော့ ဆရာဝန်တွေနဲ့သိပ်တော့မ သက်ဆိုင်ပါဘူး ။ ဒါပေမယ့် Impact တော့ရှိတာပေါ့ ။ ဆရာဝန်တစ်ယောက်ကို နယ်မှာ ဘယ်နှစ်နှစ်ထားရမယ် ဟိုပို့ဒီပို့လုပ်တဲ့ Strike လုပ်တဲ့ ဒါဏ်ကိုတော့ဆရာဝန်တွေ ခံနိုင်ရပါလိမ့်မယ် ။ နောက်ဆုံးပြောချင်တာကတော့ ကျန်းမာရေးစောင့်ရှောက်မှုအပိုင်းမှာ ဆရာဝန်တွေအများကြီးလိုနေပါတယ် ။ ဒါဆို ဘာလို့ လက်ထောက်ဆရာဝန်တွေမခေါ်တာလဲ ။ ခေါ်ပါတယ် တစ်နှစ်တစ်နှစ်ကိုသတ်မှတ်ထားသလောက်ခေါ်ပါတယ် ။ မလောက်ပါဘူး ။ အပြင်မှာ နေနေကြတဲ့ PSC မအောင်လို့ တခြားနယ်ပယ်တွေရောက်နေကြတဲ့ဆရာဝန်တွေတပုံကြီးရှိနေကြသေးတယ် ။ ကျွန်တော် PSC ဖြေတုန်းကအမှတ်တရလေးပြောချင်သေးတယ် ။ ကျွန်တော့်ကို ရှေ့မှာ ထိုင်နေတဲ့ဆရာကေ မး ပါတယ် ။ " ရန်ကုန်နဲ့ နေပြည်တော်အကွာအဝေး " ဖြေနိုင်ပါတယ် ။ " တံတားဘယ်နှစ်စင်းဖြတ်ခဲ့ရသလဲ " ဖြေနိုင်ပါတယ် ။ " အဲဒီတံတား တွေရဲနာမည် တွေပြောပြပါ " ဖြေနိုင်ပါသေးတယ်။ စိတ်ထဲလည်း လက်ထောက်ဆရာဝန်လုပ်ရမှာ လူနာတွေဆေးကုရမှာ ဒါတွေက တကယ့်ကိုလုပ်အပ်လို့မေးနေ တာလား တွေးမိတယ် ။ ဥပမာ ငှက်ဖျားဘာလို့ဖြစ်တယ် သွေးလွန်တုပ်ကွေးအကြောင်းတွေမေးပါ ကျွန်တော်တို့ မဖြေနိုင်ရင် လက်ထောက်ဆရာဝန်လုပ်ခွင့်မပေးပါနဲ့လက်ခံပါတယ် ။
ဆက်မေးပါတယ် " အဲဒီတံတားတစ်စင်းစီရဲ့အရှည်ကို ရွတ်ပြပါ " မဖြေနိုင်တော့ပါဘူး ။ ဆက်ပြီးစဉ်းစား ရင်တော့ကျက်ထားတာလေးတွေပေါ်လာနိုင်တယ် ။ အရည်အချင်းပြည့်မှီပါတယ်ဆိုပြီး ဆမ လက်မှတ်ပေး ထားပြီးပြီး ဆေးပညာဘွဲ့ပေးထားပြီးမှ PSC ကမေးခွန်းတွေမဖြေနိုင်လို့ လက်ထောက်ဆရာဝန် မဖြစ်လိုက်ရတဲ့ဆရာဝန်တွေအတွက်လည်း ၀န်ကြီးအနေနဲ့ တစ်ခုခုတော့စဉ်းစားပေးစေချင်ပါတယ် ။ အထူးသဖြင့် M.Med.Sc အတွက် ၀င်ခွင့်တံခါးပေါက်ဖြစ်တဲ့ လက်ထောက်ဆရာဝန်ဖြစ်ခွင့်ဟာ ဆရာဝန်အများ စုအတွက်ခက်ခဲနေတုန်းပါပဲ ။
အစအဆုံးဖတ်ပေးကြတဲ့စာဖတ်သူများကို လေးစားစွာ ကျေးဇူးတင်ရှိပါတယ် ။ ရေလိုအေးလို့ ပန်းလို မွှေးနိုင်ကြ ပါစေခင်ဗျာ ။
သက်တန့်ချို
10:57 AM
စာဖတ်ပရိတ်သတ်သူငယ်ချင်းများကို အစဉ်လေးစားသောအားဖြင့်.......................
Subscribe to:
Posts (Atom)