Saturday, May 18, 2013

မထူးဆန်းတဲ့ ပန်းချီ

မထူးဆန်းတဲ့ ပန်းချီ

နှုတ်ခမ်းပါးကိုစပြီးအဓိပ္ပါယ်ဖွင့်ကြည့်တယ်
ထွက်ကျလာတဲ့နှောင်ကြိုးတွေက အဖြူရောင်မှဟုတ်ရဲ့လား
ရမ္မက်တစ်ခုနဲ့အာသီသဟာလေးညှို့ကိုင်းမှာတွယ်ချိတ်လို့
အနောက်တောင်မှာ မိုးတောင်စွေနေပါရော့လား ... ။

အနီရောင်ဖဲကြိုးက သိပ်သည်းမဲမှောင်လွန်းတယ်
ကာဖီရေတွေအေးစက်ပျံ့ကျဲ ငါ့အခန်းငယ်မှာ
ပေါ့ထရိတ်ပန်းချီတွေ

အကြောင်းပြချက်တော့ရှိပါလိမ့်မယ
ဘယ်လိုတွယ်ငြိချိတ်ဆက်ခဲ့ပုံတွေ စတဲ့ ... ။

မုဒ်က ဘယ်လိုကစပြီးမ၀င်ရတာလဲ
ပြိုကျလာတဲ့ကောင်းကင်မှာ ဆန္ဒတွေက လှောင်တယ်
ငါကလည်းမိုက်မိုက်မဲမဲမှောင်တဲ့ကောင်မို့
ဘာများဆန်းသလဲ

လေယူရာယိမ်းရအောင်လည်း
အိပ်မက်တွေက တာရှည်ခံပစ္စည်းတွေမှမဟုတ်ပဲ ... ။

ကြေသွားပြီဆိုပါတော့
ပွင့်ဖတ်အနွမ်းလေးတစ်ဖတ်မှာ
ရေခိုးရေငွေ့တို့ချိတ်တွဲ . .
အလဲအကွဲ ယစ်မူးနေလိုက်ပုံ .. ။

ထုတ်မကြည့်ဘူးဆုံးဖြတ်ထားခါမှ
ခဏခဏထုတ်ကြည့်ဖြစ်တယ်
ဘ၀ဆိုတာ သာသာယာယာပါပဲ တဲ့
ခဏခဏပြောတဲ့သူ့ နှုတ်ခမ်းပါးမှာ
အာရုံငါးပါးဟာ တိမ်စိုင်တွေ လို ...။

သက်တန့်ချို



စာဖတ်ပရိတ်သတ်သူငယ်ချင်းများကို အစဉ်လေးစားသောအားဖြင့်.......................

1 comment:

  1. ထုတ်မကြည့်ဘူးဆုံးဖြတ်ထားခါမှ
    ခဏခဏထုတ်ကြည့်ဖြစ်တယ်
    ဘ၀ဆိုတာ သာသာယာယာပါပဲ တဲ့
    ခဏခဏပြောတဲ့သူ့ နှုတ်ခမ်းပါးမှာ
    အာရုံငါးပါးဟာ တိမ်စိုင်တွေ လို .....

    ReplyDelete