Tuesday, May 28, 2013

တချို့လူတွေဖတ်ဖို့















တချို့လူတွေက လုပ်ပိုင်ခွင့်နဲ့ အာဏာကိုဗန်းပြပြီး ကိုယ်နဲ့မဆိုင်တဲ့ professional ပိုင်းမှာ ၀င်စွက်ဖက်တာတွေရှိတယ်

တချို့လူတွေက စိန်နားကပ်ရောင်နဲ့ ပါးပြောင်တာကို မက်မောနေကြတာတွေရှိတယ်

တချို့လူတွေက ကိုယ်က ဘာမှမသိ ဘာမှမတတ်ပေမယ့် လူတွင်ကျယ်လုပ်ရတာကို ၀ါသနာပါသူတွေရှိတယ်

တချို့လူတွေက ကိုယ်အောင်မြင်ဖို့အရေးသူတပါးကို နင်းတက်ရတာလည်း ၀န်မလေးတတ်ကြဘူး

တချို့လူတွေက အိပ်ချင်ယောင်ဆောင်နေလို့ နှိုးရခက်တယ် အသိခေါက်ခက် အ၀င်နက်ကြတယ်  
















လူကြီး

- အသက်ကြီးလာတိုင်းလူကြီးလို့ သတ်မှတ်လို့မရဘူး လက်အောက်ငယ်သားအပေါ် ရင်နဲ့မခြားစောင့်ရှောက်နိုင်မှ လူကြီးလို့ခေါ်တယ်

- အထက်အမြင့်တစ်နေရာမှာနေတိုင်းလူကြီးလို့ သတ်မှတ်လို့မရဘူး တာဝန်ယူနိုင်မှုအပိုင်းနဲ့ ကျောသားရင်သားမခွဲခြားပဲ ကလေးကလားအပြုအမူတွေမလုပ်မှ လူကြီးလို့ခေါ်တယ်

- လူကြီးဆိုပြီး နေရာတကာ နှိပ်ကွပ် လို့ ကိုယ်ဖြစ်ချင်တာတစ်ခုတည်းရှေ့တန်းတင်နေတာ လူကြီးလို့မခေါ်ဘူး လူငယ်လို့ခေါ်တဲ့လက်အောက်ငယ်သားတွေစကား ကို လေးလေးစားစားနားထောင်ပေးနိုင်မှ လူကြီးလို့ခေါ်တယ်

- လူကြီးဆိုပြီး ဘ၀င်လေဟပ် လို့ ငါခိုင်းတာလုပ် ငါ့သဘောအတိုင်းလုပ်ရမယ်လို့ ထင်နေတဲ့သူတွေကိုလူကြီးလို့မခေါ်ဘူး လူကြီးပီသစွာနဲ့ လူငယ်တွေနဲ့ နွေးထွေးတဲ့ ဆက်ဆံမှုရှိမှသာ လူကြီးလို့ခေါ်တယ်

- လူကြီးဆိုပြီး တစ်သွေးတစ်သံတစ်မိန့် လို့ သတ်မှတ်တာဟာ အာဏာရှင်ပဲ ဘက်ပေါင်းစုံကနေ ရှုမြင်သုံးသပ်ပေးနိုင်မှသာ လူကြီးလို့ခေါ်တယ် ။  
















အခက်အခဲနဲ့ကြုံရတဲ့အခါ ခေါင်းမပူပဲ အေးအေးစဉ်းစားမှသာ အဖြေမှန်ကိုရမယ်

မနက်ဖြန်အတွက်ပဲမကြည့်ပါနဲ့ သဘက်ခါ ကိုပါကြိုတွေးပါ

တခါတလေ လက်လွှတ်လိုက်ရတဲ့အရာတွေက ပိုကောင်းမယ့်အရာတွေရောက်လာစေဖို့ မှတ်ပါ

လူတိုင်းဟာ ကိုယ့်ဘ၀နဲ့ကိုယ်မို့ တခါတလေ မတူညီတဲ့အခြေအနေတွေကြုံလာရင် မှန်တဲ့ဖက်ကိုလိုက်ရမယ်

ဒီနေ့ ၂၄ နာရီကုန်ဆုံးသွားခဲ့ရင် မနက်ဖြန် ၂၄ နာရီမှာ ကိုယ့်အတွက်ကံကောင်းခြင်းတွေမလာဘူးလို့ ဘယ်သူပြောနိုင်လဲ

( သက်တန့်ချို ) 

စာဖတ်ပရိတ်သတ်သူငယ်ချင်းများကို အစဉ်လေးစားသောအားဖြင့်.......................

10 comments:

  1. မှန်ပါတယ်။ လှံထမ်းလာတာ မြင်ရပေမဲ့...ကံထမ်းလာတာ မမြင်ရပါဘူး ဆိုတဲ့ စကားပုံတောင်ရှိသေးတာပဲ။
    အမြဲတမ်းကံကောင်းနေနိုင်မှာမဟုတ်သလို အမြဲတမ်းကံဆိုးနေနိုင်မှာ မဟုတ်ပါဘူး။

    ReplyDelete
  2. ဟုတ်တယ်နော်..။ တစ်ချို့ လူတွေ ဖက်မိ ဖို့ ဆုတောင်းရမှာပဲ နော်..။

    ReplyDelete
  3. ကျေးဇူးတင်ပါတယ်။

    ReplyDelete
  4. အရမ်းမှန်​တာဘဲ

    ReplyDelete
  5. မှန်​တာ​ပေါ့ရှင်

    ReplyDelete