Thursday, April 24, 2014

၁၂ နှစ်အရွယ်မိန်းကလေးက ၇ ပေါင် ကလေးမွေးသတဲ့

 ၁၂ နှစ်အရွယ်မိန်းကလေးက ၇ ပေါင် ကလေးမွေးသတဲ့

16th Apirl 2014 : အသက် ၁၂ နှစ်အရွယ်မိန်းကလေးနဲ့အသက် ၁၃ နှစ်အရွယ် ကောင်လေးတစ်ယောက်တို့ဟာ အခုဆို ဗြိတိန်နိုင်ငံရဲ့ အသက်အငယ်ဆုံးမိဘတွေဖြစ်လာကြပါပြီ ။ အသက် ၁၂ နှစ်အရွယ်မိန်းကလေးဟာ လွန်ခဲ့တဲညကပဲ ၇ ပေါင်ရှိတဲ့ကလေးငယ်တစ်ဦးကိုမွေးဖွားခဲ့တယ် ။ အသက် ၁၁ နှစ်အရွယ်မှာ ကောင်လေးနဲ့စတွေ့ချစ်ကြိုက်ခဲ့ပြီး ကိုယ်ဝန်ဆောင်ခဲ့တာဖြစ်ပြီးကောင်လေးကတော့ သူမအိမ်အနီးမှာနေတဲ့ကောင်လေးဖြစ်ပါတယ် ။


ဗြိတိန်နိုင်ငံက မိဘဖြစ်တည်မှု မှတ်တမ်းတွေမှာ အငယ်ဆုံး စုံတွဲဖြစ်ပြီး သူတို့ စုံတွဲအသက်ပေါင်းလိုက်ရင်တောင် သူမရဲ့မိခင်အသက်ထက်ငယ်နေသေးတာတွေ့ရပါတယ် ။ သူတို့စုံတွဲကိုသိတဲ့လူတွေကတော့ “ တကယ့်ကိုချစ်ကြတဲ့အတွဲ ပါ ” လို့မှတ်ချက်ပေးခဲ့ပြီး ချစ်ကြိုက်ပြီးတစ်နှစ်အကြာမှာ လက်ထပ်ဖို့ ခွင့်တောင်းခဲ့တာဖြစ်ပါတယ် ။ မိန်းကလေးရဲ့အမေဟာ ၂၇ နှစ်အရွယ်ဖြစ်ပြီး အခုဆို UK မှာ အသက်အငယ်ဆုံး အဖွားဖြစ်လို့နေခဲ့တယ် ။ မိန်းကလေးကတော့ကျောင်းပြန်တက်ချင်တယ်လို့ဆိုပါတယ် နှစ်ဖက်စလုံးရဲ့မိဘတွေကလည်းသူတို့ကိုထောက်ပံ့မှုတွေအပြည့်ပေးထားခဲ့ပြီး ဖြစ်နိုင်သမျှ နည်းလမ်းတွေနဲ့ အားပေးခဲ့တယ် ။ ကလေးငယ်လေးရဲ့ဓါတ်ပုံကိုလည်း အွန်လိုင်းပေါ်တင်ခဲ့ပြီး သူတို့ဘယ်လောက်ဂုဏ်ယူရကြောင်းဖော်ပြခဲ့ပါတယ် ။

စုံတွဲကတော့ သူတို့တစ်သက်လုံးမခွဲမခွာအတူနေသွားကြမှာဖြစ်ပြီး သူတို့သမီးငယ်လေးကို အတူတကွ မိသားစုဘ၀တည်ဆောက်မှာဖြစ်ကြောင်းပြောခဲ့တယ် ။

====================

ကဲ ကြားလိုက်မှဖြင့်အထူးအဆန်းတွေချည်းပါပဲ နောက်ဆို ကလေးက ကလေးမွေးပြီး အားလုံးဘယ်တွေဖြစ်ကုန်ကြမယ်မသိတော့ပါဘူး ။

သက်တန့်ချို
http://www.shockingtimes.co.uk/12-year-old-girl-gives-birth-to-7lb-baby/

စာဖတ်ပရိတ်သတ်သူငယ်ချင်းများကို အစဉ်လေးစားသောအားဖြင့်.......................

2 comments:

  1. ဆရာ ကျမ ဒီသတင်းနဲ့ ပတ်သက်တာတော့ သိပ်မသိဘူး။ ဒီပုံ ထဲက ကောင်လေးကတော့  Alfie Patten လို့ ခေါ်ပါတယ်။ သူက ကလေး အဖေအရင်း မဟုတ်ပါဘူး။ ကောင်မလေး က ညာတာပါ။ DNA results တွေအရ သူက အဖေရင်း မဟုတ်ဘူးဆိုတာပေါ်လာတာပါ။

    ReplyDelete
  2. ဖြစ်နိုင် ပါ တယ်
    ကောင်လေး တော့ မိပြီ

    ReplyDelete