Monday, April 28, 2014

တိရိစ္ဆာန်များကိုBonsai အဖြစ်ပြုလုပ်ခြင်းနှင့် key changeအဖြစ်ရောင်းချခြင်းအား ဆန့်ကျင်ကြပါစို့

တိရိစ္တာန်များကိုBonsai အဖြစ်ပြုလုပ်ခြင်းနှင့် key changeအဖြစ်ရောင်းချခြင်းအား ဆန့်ကျင်ကြပါစို့ 



လူတွေမှာတကယ်ပဲ သနားညှာတာစိတ်မရှိတော့တာလား အသွေးချင်းအသားချင်း စာနာစိတ်မရှိတော့တာလား ဒါမှမဟုတ် ... ရက်စက်ကြမ်းတမ်းတဲ့စိတ်တွေ မွေးဖွားလာခဲ့တာလားဆိုတာ ပြုလုပ်သူကာယကံရှင်တွေပဲသိပါလိမ့်မယ် ။ တစ်ကမ္ဘာလုံးက စာနာထောက်ထားသူတွေက တိရိစ္ဆာန်ညှင်းပမ်းမှုမှ ကာကွယ်စောင့်ရှောက်ရေးကို အားတက်သရော ဆောင်ရွက်နေချိန်မှာ အင်တာနက်မှသတင်း ၂ ပုဒ်ကို ဝေမျှပေးလိုက်ပါတယ် ။



ပထမသတင်းကတော့ အရှင်လတ်လတ် ငါးကလေးတွေ နဲ့လိပ်ကလေးတွေကို ကီးချိန်းအဖြစ်အိတ်ထဲမှာ ထည့်သွင်းရောင်းချခြင်းဖြစ်ပါတယ် ။ ( သတင်းအမှန်ပါ )



တရုတ်ပြည်ရဲ့လမ်းမကြီးတွေမှာ လိပ်ကလေးတွေကို လက်ဆောင်အဖြစ် အိတ်ကလေးတွေထဲထည့်ပြီး ရောင်းချနေကြတာတွေ့ရတယ် ဒီလိပ်ကလေးတွေက အသက်ရှင်နေတုန်းပါပဲ ။ စတိုးဆိုင်ပိုင်ရှင်ကတော့ ဒီလိုကီးချိန်းလေးတွေထဲက လိပ်ကလေးတွေဟာ တစ်လမှ ၃ လအထိအသက်ရှင်တယ်လို့ဆိုတယ် တစ်ကောင်ကို 5RMB ပေးရပါတယ် ။ တော်တော်ရက်စက်ကြမ်းကြုတ်ပြီး လက်ခံနိုင်ဖွယ်ရာမရှိတဲ့လုပ်ရပ်ပါပဲ ။



 ဒီလို အိတ်ထဲ ထည့်သွင်းခံရပြီးရောင်းချခံရတဲ့လိပ်ကလေးတွေငါးကလေးတွေဟာ အသက်ရှုကြပ်ပြီးတစ်ချိန်မှာ မချိမဆန့်ဝေဒနာခံစားရပြီးသေဆုံးကုန်ကြတော့မှာပါ ။ ပြုလုပ်ရောင်းချသူတွေကို ပလပ်စတစ်အိတ်ကြီးထဲထည့်ပြီး လမ်းလယ်ခေါင် ချရောင်းကြရင်ဖြင့် ဘယ်လိုနေကြမှာပါလိမ့် ။



ငွေရှာဖို့အတွက် တခြားနည်းလည်းမရှိဘူးလားလို့မေးစရာရှိပါတယ် ။ တကယ်တော့ ရောင်းတဲ့သူမှာရော ၀ယ်တဲ့သူမှာရော ၂ ဦး ၂ ဖက်စလုံးမှာ အကုသိုလ်များလွန်းလှပါတယ် ။ မီဒီယာတွေကနတဆင့်အစိုးရဟာ ဒီသတင်းကြားပြီး ဒီလိုလုပ်ရပ်တွေကို တရားမ၀င်လုပ်ရပ်အဖြစ် သတ်မှတ်ပြီး အမြန်ဆုံးဖယ်ရှားနိုင်ပါစေလို့ပဲ ဆုတောင်းပေးပါတယ် ။

http://skeptics.stackexchange.com/questions/8743/are-bagged-turtles-and-goldfish-sold-as-keychains-in-china
https://www.youtube.com/watch?v=UU1XGXMELyw
http://inhabitat.com/live-animals-trapped-in-plastic-bags-sold-as-key-chains-in-horrifying-chinese-souvenir-scheme/
====================================

နောက်သတင်းတစ်ခုကတော့ ကြောင်ကလေးတွေကို ဘွန်ဆိုင်းအဖြစ် ပုလင်းတွေထဲမှာ ထည့်သွင်းရောင်းချခြင်းဖြစ်ပါတယ် ။ တရားဝင်လိုလိုပြုလုပ်ရောင်းချနေတဲ့ဆိုက်ကတော့ http://bonsaikitten.com/bnw.html ဖြစ်ပါတယ် ။ တချို့သတင်းဆိုက်တွေမှာ Hoax သတင်းမှားလို့ ဖော်ပြနေကြတာလည်းတွေ့ရပါတယ် ။

http://struckbyenlightning.wordpress.com/2010/03/29/bonsai-kittens-82-hoax/

မှာပြောထားတာကတော့ MIT Grad students အုပ်စုကဒီ Bonsai Kitten ဆိုက်ကို ပြုလုပ်ခဲ့တာလို့ဆိုပါတယ် ။ သတင်းထဲမှာတော့ တော်တော်ကြောက်ခမန်းလိလိပါပဲ ဂျပန်မှာ ပြုလုပ်ရောင်းချတာလို့ဆိုပါတယ် ။



ဒါကတော့ကြောင်ကလေးတွေကို Bonsai လုပ်ဖို့လိုအပ်တဲ့အရာတွေပါ ။ အသေးစိတ်ကိုတော့ စိတ်ဆင်းရဲလွန်းလို့ ချမရေးချင်ပါဘူး ဆေးထိုးတဲ့အဆင့်ဆင့်တွေအများကြီး ဖန်အိမ်ထဲနေနိုင်အောင်လေ့ကျင့်ပေးတဲ့အဆင့်တွေအများကြီးပါပဲ  ။ ကုသိုလ်ကံမကောင်းလို့သတ္တ၀ါ လာဖြစ်ရတဲ့ကြားထဲ ဒီလို လူတွေတွေကြောင့် ဘယ်လောက်များ ဒုက္ခခံစားရမှာပါလိမ့် ။



၁ ။ ပထမဆုံးအဆင့်အနေနဲ့ ကြောင်ကလေးကို အစာအငတ်ခံထားပြီး ၁၂ နာရီကြာတဲ့အခါ Ketamine , Valium 2mg ဆေးထိုးလိုက်ပါတယ် ။ ထည့်သွင်းမယ့် ဖန်ပုလင်းကို အစာစားဖို့အပေါက်ရင် ကျင်ကြီးကျင်ငယ်စွန့်ဖို့အပေါက်ရယ် ဖောက်ထားပါတယ် ။



၂ ။ ကြောင်ကိုပုလင်းထဲသွတ်သွင်းပြီးတဲ့အခါမှာတော့ အစာစားတဲ့ပိုက်ကိုမထည့်ရသေးပါဘူး အသက်ရှုဖို့ကတော့ တစ်လက်မရဲ့လေးပုံတစ်ပုံလောက်ပဲရှိတဲ့အပေါက်ကလေးကနေရှုရပါတယ် ။



၃ ။ အဲဒီနောက်မှာ ကျင်ကြီးကျင်ငယ်စွန့်ချင်ရင် အပေါက်ထဲကနေ စွန့်ရပြီး တော်တော်လေးကို ဒုက္ခဝေဒနာခံစားနေရတဲ့အဖြစ်ကို ခံစားလို့ရနိုင်မှာပါ ။ အဲဒီလိုပြုလုပ်တဲ့ လူတွေကိုလည်း ပုလင်းကြီးထဲ သွတ်သွင်းချင်စိတ်တွေဖြစ်လာမိတာတော့အမှန်ပဲ တော်တော်လေးကို ကိုယ်ချင်းစာစိတ်မရှိတဲ့ လုပ်ရပ်ပါ ။

ဒီတော့ ကျွန်တော့်အနေနဲ့ပြောချင်တာကတော့

ပထမသတင်းသည် သတင်းမှန်ဖြစ်ပြီး ဒီလို ကီးချိန်းပြုလုပ်သူတွေကို ထိထိရောက်ရောက်အရေးယူနိုင်ပါစေ ။ တရုတ်အစိုးရအနေနဲ့လည်းတင်းတင်းကြပ်ကြပ်တားမြစ်နိုင်ပါစေ ။

ဒုတိယသတင်းသည် သတင်းမှားဖြစ်ပါစေ တကယ်ပဲ MIT ကျောင်းသားတွေလက်ဆော့ထားတဲ့ အတုအယောင် ဆိုက်တစ်ခုဖြစ်ပါစေး။ တကယ်သာအစစ်ဆိုရင်တော့ တော်တော်ရက်စက်ယုတ်မာတဲ့လုပ်ရပ်ပါပဲ ။

သက်တန့်ချို
28 April 2014













စာဖတ်ပရိတ်သတ်သူငယ်ချင်းများကို အစဉ်လေးစားသောအားဖြင့်.......................

8 comments:

  1. ကိုယ်​ချင်းစာတရားထားကြပါ သတ္တာဝါအမျိုးအစားထဲမှာ​တောင်​လူပါတယ်​ ကြီးနိုင်​ငယ်​ညှင်း​တော့မလုပ်​ကြပါရန်​​တောင်း
    ပန်​ပါ တယ်

    ReplyDelete
  2. ဆိုးလိုက်တာဗျာ...။
    လူတွေရဲ့ ဖျော်ဖြေမှုအတွက် တိရိစ္ဆာန်က အသက်နဲ့ရင်းရတယ် :(

    ReplyDelete
  3. ၀ဋ်လည်မှာမကြောက်ဘူးလား သနားပါတယ်

    ReplyDelete
  4. ၀ဋ်လည်မှာမကြောက်ကြဘူးလား အကောင်လေးတွေသနားပါတယ်

    ReplyDelete
  5. အ၇မ်းယုတ်မာလွန်းတယ်

    ReplyDelete
  6. သူကြီးမင်းApril 29, 2014 at 11:51 PM

    ပြုလုပ်ဖန်တီးသူ၊ ပျော်ရွှင်စွာ ၀ယ်ယူသုံးစွဲသူ။ အဲဒီလူတွေ တနေ့ကျရင် ထောင်ကျရင်ကျ မကျရင် ပန်းနာရင်ကြပ်နဲ့ ဘ၀နိဂုံးချုပ်မဲ့ သူတွေ ထင်ပါရဲ့။ ဖတ်တာနဲ့တင် အသက်ရှူကြပ်လာပြီ။

    ReplyDelete
  7. it's true and true. I don't agree it. Human being must have ethical.

    ReplyDelete