Thursday, September 11, 2014

တစ်ခါတစ်လေ ကိုယ့်ကိုယ်ကိုပြန်လေးစားနိုင်ဖို့





လူတချို့က ကိုယ် အနိုင်ရဖို့အတွက် ကိုယ့်သိက္ခာကိုရောင်းစားတတ်တယ်
လူတချို့က ကိုယ် ပျော်ရွှင်အဆင်ပြေဖို့အတွက် ကိုယ့်သိက္ခာကိုရောင်းစားတတ်တယ်

လူတချို့က ကိုယ် အသာစီးရဖို့အတွက် သူတစ်ပါးအားနည်းချက်ကိုဖော်ထုတ်တတ်တယ်
လူတချို့က ကိုယ် အာသီသပြေဖို့အတွက် သူတစ်ပါးမကောင်းကြောင်း ပြောတတ်ကြတယ်

အားသာချက်အားနည်းချက်ကိုယ်စီရှိနေကြတဲ့ လူ့ဘ၀မှာ
ဘယ်သူကမှ ထူးပြီးမြင့်မြတ်မနေသလို
ဘယ်သူကမှ ထူးပြီး နိမ့်ကျမနေပါဘူး

ကိုယ်သွားရာလမ်းတလျှောက်ထင်ကျန်ခဲ့တဲ့ခြေရာတွေကို
ကိုယ်ပြန်လှည့်ကြည့်ရဲတဲ့ သတ္တိ သင့်မှာရှိပါစေ

ကိုယ်တက်ခဲ့တဲ့လှေကားတစ်လျှောက် ကိုယ်နင်းခဲ့တဲ့ လှေကားထစ်တွေကို
ပြန်လည်ငုံ့ကြည့်ရဲတဲ့ သတ္တိသင့်မှာရှိပါစေ

ကိုယ်လုပ်ခဲ့သမျှ ကိုယ်ပြန်မကြည့်ရဲ ကိုယ်ပြန်မတွေးရဲ ကိုယ်ပြန်တာဝန်မယူရဲဘူးဆိုရင်
သင်ဟာ တရားမျှတမှုမရှိ တဲ့ လူ့အမှိုက်ပင်ပါပဲ ။

တစ်ခါတစ်လေ ကိုယ့်ကိုယ်ကိုပြန်လေးစားနိုင်ဖို့
ကိုယ့်သိက္ခာကိုယ်ပြန်ဦးညွှတ်နိုင်ဖို့
ကိုယ့်ဆန္ဒတွေကို ချိုးနှိမ်ပါ
ကိုယ့်လုပ်ရပ်တွေကို ဖြူစင်ပါစေ ။

သက်တန့်ချို 
စာဖတ်ပရိတ်သတ်သူငယ်ချင်းများကို အစဉ်လေးစားသောအားဖြင့်.......................

2 comments: