Tuesday, September 2, 2014

ကိုယ့်ကိုယ်ကိုတော့အနည်းဆုံးရိုးသားစမ်းပါ


ကိုယ့်ကိုယ်ကိုတော့အနည်းဆုံးရိုးသားစမ်းပါ

ကိုယ်လုပ်နေတဲ့အလုပ်အပေါ်ကို ရိုးသားမှုရှိပါ
ရိုးသားမှုမရှိရင် တစ်သက်လုံးအလုပ်သမားဘ၀မှာပဲနေရလိမ့်မယ်

ကိုယ်ရနေတဲ့လစာငွေ အပေါ်ကို ရိုးသားမှုရှိပါ
ရိုးသားမှုမရှိရင် ကိုယ်ရတဲ့လစာငွေဟာ ဘယ်တော့မှ ဖြူစင်မှာမဟုတ်ဘူး

ကိုယ့်ဘေးနားက အပေါင်းအသင်း သူငယ်ချင်း တွေအပေါ်ရိုးသားမှုရှိပါ
ရိုးသားမှုမရှိရင် ကိုယ့်မှာ အတိုက်အခံရန်သူတွေ များလာလိမ့်မယ်

ကိုယ် ကျင်လည်ဖြတ်သန်းနေတဲ့ဘ၀မှာ ရိုးသားမှုရှိပါ
ရိုးသားမှုမရှိရင်ကိုယ့်ဘ၀ဟာ ကောင်းစားလည်းအချိန်ပိုင်းပဲ ပြန်လည်နိမ့်ကျလာလိမ့်မယ်

တစ်ခါတစ်လေ ဘယ်သူမှ မသိပါဘူးလေဆိုပြီး ကိုယ်လုပ်လိုက်တဲ့မရိုးသားမှုတွေက
အနည်းဆုံးကိုယ်ကိုယ်တိုင်တော့ သိနေသေးတာပဲမဟုတ်လား

ဘယ်သူ့ကိုမှ သင်မရိုးသားခဲ့ဘူးဆိုရင်တောင်
သင့်ကိုယ်သင်တော့ ရိုးသားမှုရှိစမ်းပါ

ထိမ်းသိမ်းရခက်ခဲတဲ့အရာ
ရှားပါးလို့ မမြင်မတွေ့နိုင်တဲ့အရာ
လွယ်လွယ်နဲ့ ၀ယ်ယူလို့မရတဲ့အရာ မှန်သမျှ
တန်ဖိုး မြင့်မားလွန်းပါတယ် ။

သက်တန့်ချို 


စာဖတ်ပရိတ်သတ်သူငယ်ချင်းများကို အစဉ်လေးစားသောအားဖြင့်.......................

2 comments:

  1. တိုတိုတုတ်တုတ်နဲ့ လောကဇာတ်ခုံသားတွေအတွက် ထိမိလှတဲ့ သတိပေးစာ အသိပေးစာလေးကို ဖတ်ခွင့်ရတာလဲ အင်အားတစ်မျိုးပါဘဲ။

    ReplyDelete
  2. သတိပေးစာလေး ဖတ်သွားတယ် မောင်သက်တန့်ရေ...

    ReplyDelete