Saturday, August 24, 2019

သင်ယူခြင်း


 ပျော့ညံ့ခြင်းကရတဲ့ဒါဏ်ရာတွေကပဲ
ကြံ့ခိုင်ခြင်းကိုသင်ပေးတယ်

ရှုံးနိမ့်မှုတွေကရတဲ့သင်ခန်းစာတွေကပဲ
အောင်မြင်တဲ့နည်းကို သင်ပေးတယ်

အယုံလွယ်တတ်ခြင်းကပဲ
နောက်ကျောက ဓါးတွေဘယ်လောက်ထက်ကြောင်း သင်ပေးတယ်

အထီးကျန်ခြင်းကပဲ
ပျော်ရွှင်ခြင်းရဲ့ တန်ဖိုးကို သင်ပေးတယ်

ပြန်ပြင်လို့မရတဲ့ အမှားတွေကပဲ
ရင့်ကျက်ခြင်းကိုသင်ပေးတယ် ။

သက်တန့်ချို
24-August-2019
စာဖတ်ပရိတ်သတ်သူငယ်ချင်းများကို အစဉ်လေးစားသောအားဖြင့်.......................

No comments:

Post a Comment