Wednesday, August 7, 2019









သက်တန့်ချို
7-August-2019
---------------------

Unicode

ဘဝမှာ ဒါတွေကို လက်မလွှတ်ပါနဲ့

သင့်ကိုဆူပူနေတတ်ပေမယ့်
ရင်ထဲက နှစ်နှစ်ကာကာ ချစ်တဲ့လူ

သင့်ကို အလုပ်မအားဘူး အမြဲပြောပေမယ့်
သင်အားမယ့်အချိန်တိုင်း အမြဲ အသင့်ရှိနေတတ်သူ

သင့်ကို ဂရုမစိုက်သလိုနေပေမယ့်
သင်မျက်နှာ တစ်ချက်ပျက်တာနဲ့ ပြာယာခတ်နေတတ်သူ

သူကိုယ်တိုင်  ဝမ်းနည်းနေပေမယ့်
သင့်ကို အမြဲ ပြုံးပြနေတတ်သူ

သူကိုယ်တိုင် ပူလောင်နေပေမယ့်
သင့်ကို အေးချမ်းစေချင်တဲ့သူ

နောက်ဆုံး .. သင့်အတွက်နဲ့ အသက်ရှင်သန်နေတဲ့သူ ။

သက်တန့်ချို
7-August-2019


စာဖတ်ပရိတ်သတ်သူငယ်ချင်းများကို အစဉ်လေးစားသောအားဖြင့်.......................

No comments:

Post a Comment