အရယ်ရဆုံးအချိန်တစ်ခုကို ကျော်ဖြတ်ပြီးသွားရင်
သိပ်ပြီးရယ်စရာမကောင်းတော့ဘူး
အငိုရဆုံးအချိန်တစ်ခုကိုကျော်ဖြတ်ပြီးသွားရင်
သိပ်ပြီး မငိုရတော့ဘူး
ဝမ်းအနည်းရဆုံးအချိန်တစ်ခုကိုကျော်ဖြတ်ပြီးသွားရင်
သိပ်ပြီးဝမ်းမနည်းရတော့ဘူး
အနာကျင်ရဆုံးအချိန်တစ်ခုကို ကျော်ဖြတ်ပြီးသွားရင်
သိပ်ပြီး မနာကျင်ရတော့ပါဘူး
လူတွေမှာ ခံနိုင်ရည်ဆိုတဲ့ threshold ကိုယ်စီရှိကြတယ်
ဘ၀ရဲ့ လောကဓံတွေကြုံလာတိုင်း
ရိုက်ခတ်မှု threshold ကို သတ္တိရှိရှိ ကျော်ဖြတ်နိုင်ဖို့ပဲလိုပါတယ်
သက်တန့်ချို
5-August-2019
စာဖတ်ပရိတ်သတ်သူငယ်ချင်းများကို အစဉ်လေးစားသောအားဖြင့်.......................
No comments:
Post a Comment