Friday, February 26, 2021

သင်ရွေးတဲ့လမ်းဟာ... သင့်သမိုင်းပါပဲ


ယုတ်မာမှုကို ယုတ်မာမှုလို့ မမြင်တာဟာ
သင်ကိုယ်တိုင် လူယုတ်မာ ဖြစ်နေလို့ပါ ။

မတရားမှုကို တရားတယ်လို့မြင်နေတာ
သင်ကိုယ်တိုင် မတရားတဲ့သူဖြစ်နေလို့ပါ ။

ကောက်ကျစ်မှုကို ဖြောင့်မတ်မှုလို့မြင်နေတာ
သင်ကိုယ်တိုင် ကောက်ကျစ်သူဖြစ်နေလို့ပါ ။

သင်ရွေးတဲ့ လမ်းဟာ
နောင်တချိန်မှာ .. သင့်သမိုင်းဖြစ်လာမှာပဲ ။

သက်တန့်ချို
26 Feb 2021

No comments:

Post a Comment