Friday, July 16, 2010
ပိုက်ဆံပေးမှ ထိုင်လို့ရမယ့် ခုံတန်းလျား
ပိုက်ဆံပေးမှ ထိုင်လို့ရမယ့် ခုံတန်းလျား
ဒီကို့ယို့ကားယား နိုင်တဲ့ ခုံတန်းလျားရဲ့ ဒီဇိုင်းဟာ သင့်ရဲ့ ပိုက်ဆံအိတ်ထဲက ပိုက်ဆံတွေကို ထုတ်ယူမယ့် နောက်ဆုံး ပေါ် ဒီဇိုင်းပဲပေါ့ ။ သင်မြင်တဲ့အတိုင်းပါပဲ ..အကြွေစေ့လေးထည့်လိုက်ပါ ဒါဆိုရင်သင့်အတွက် ထိုင်ခုံက သက်တောင့်သက်သာရှိစေမှာ ဖြစ်ပြီး သင်အနားယူနိုင်ပါပြီ ။ ဒါပေမယ့်လည်း သင်ထိုင် နေတဲ့ အချိန်ပြည့်ပြီဆိုတာနဲ့ သင်နောက်ထပ် အကြွေစေ့ထပ်ထည့်မှာသာ ထပ်ပြီးထိုင်လို့ ရမှာ ဖြစ်ပါတယ် ။
အကယ်၍ သင်ဟာ ပိုက်ဆံမပေးပဲ ထိုင်ချင်တယ်ဆိုပါစို့ ။ ဒါဆိုရင်တော့ သင့် တင်ပါ့းမှာ စူးရာတွေ ခြစ်မိစေမှာ ဖြစ်ပြီး ၀မ်းနည်းစရာကောင်တာက အဲဒီနေရာမှာ တခြား အနားယူစရာ ထိုင်ခုံလည်းမရှိပါဘူး ။ ဒါကြောင့် သင်ထိုင် ချင်တယ်ဆိုရင်တော့ အကြွေစေ့ပေးပြီး ထိုင်တာ အကောင်းဆုံးပဲ ဖြစ်ပါတယ် ။
ကဲဘယ်လို ပေးပြီး ထိုင်ရတယ်ဆိုတာ လေ့လာကြည့်ပါဦး ။
သက်တန့်ချို
16 July 2010
စာဖတ်ပရိတ်သတ်သူငယ်ချင်းများကို အစဉ်လေးစားသောအားဖြင့်.......................
9 comments:
  1. ဘုရားရေ...
    အချိန်မပြည့်ခင် သတိနဲ့ ထိုင်ရမှာပေါ့။
    ဆူးတွေ ပြန်ထွက်လာမှဖြင့်... မတွေးဝံ့စရာ။
    ReplyDelete
  2. အဲ့ဒီ ထိုင်ခုံကိုမြန်မာက ပန်းခြံတွေမှာထားရင်
    ကောင်းဝူးလားကိုသက်တန့်...း)
    မနုငယ်
    ReplyDelete
  3. ပိုက်ဆံအဆင်သင့်ကိုင်ထားရမလားမသိဘူးနော်..။
    တော်ကြာအချိန်ပြည့်သွားရင်ဖြင့်.........
    ခင်မင်စွာ
    သဒ္ဓါ
    ReplyDelete
  4. ခုံပေါ်မှာအိပ်ပျော်သွားရင်ဒုက္ခ.....
    ReplyDelete
  5. ဆောင့်ကြောင့်လေး တက်ထိုင်မယ်လေ အဟီး
    ReplyDelete
  6. ဒီလိုခုံမျိုးတွေ ပန်းခြံတွေထဲမှာ ထားရင် အဆင်ပြေနိုင်တယ် . . ဟီဟီ :P
    ခင်မင်စွာနဲ့ 
    ညီမငယ် ပန်းခင်း
    ReplyDelete
  7. http://www.mandalaygazette.com/?p=16743
    ReplyDelete
  8. ကျေးဇူးတင်ပါတယ် Anonymous ရေ..အဲဒီမှာတင်ထားတာသူရေးတာလိုလို နဲ့ တင်ထားတာဖြစ်ပါတယ် ။ အမှတ်တက်ချင်လို့ဖြစ်မှာပါ ။ ကျနော်လည်း လိုက်ပြီးမပြောချင်တော့ပါဘူး ။ စည်း ဆိုတဲ့အရာကို နားမလည်လို့ပဲလို့ထင်ပါတယ် ။ နာမည်ကြီးချင်တိုင်းလုပ်တာတော့မကောင်းပါဘူး ။ နောက်ပို့စ်တွေမှာ ပုံတွေမှာ ဆိုက်ရဲ့လင့်ပါတခါတည်းတွဲတင်ပါ့မယ် ။ ငြင်းမ၇အောင်ပါ ။
    ReplyDelete
    ReplyDelete