Thursday, July 8, 2010

နာမည်ကြီးနေတဲ့ ရေဘ၀ဲရဲ့ ဘောလုံးအဖြေ ခန့်မှန်းမှု

နာမည်ကြီးနေတဲ့ ရေဘ၀ဲရဲ့ ဘောလုံးအဖြေ ခန့်မှန်းမှု

အခုတလော သတင်းဂျာနယ်တွေမှာ နာမည်ကြီးနေတဲ့ ရေဘ၀ဲကောင်လေးရဲ့ ဘောလုံး ခန့်မှန်းမှုဟာ ဒီတခါ လည်း ပဲ အမှန်ဖြစ်သွားပါတယ်တဲ့ ။ ၂ နှစ်သားအရွယ်ရှိတဲ့ ဒီ ရေဘ၀ဲကို Cotopus Oracle လို့ခေါ်ပါတယ် ။ ၂၀၁၀ ကမ္ဘာ့ဖလားဆီမီးဖိုင်နယ် ဘောလုံး ပွဲစဉ်မှာ ဂျာမဏီအသင်း ကိုဆန့်ကျင်ပြီး စပိန် အသင်းရဲ့ အောင်မြင်မှုကို ဖန် နဲ့လုပ်ထားတဲ့ သေတ္တာလေးထဲကနေ စပိန်အလံကို ရွေးပေးပြီး ရှာဖွေပေးခဲ့သူပေါ့ ။ ရေဘ၀ဲ ကောင် လေး က ဂျာမန်အလံကိုတော့ရွေးချယ်ပေးခြင်းမရှိခဲ့ပါဘူး ။ ဒီရေဘ၀ဲကောင်လေးကတော့ အနောက် ဂျာမ ဏီ မြို့တော်ဖြစ်တဲ့ Oberhausen မှ Sea Life Aquarium မှာ ရှိပြီး ၂၀၁၀ ခုနှစ် ဂျူလိုင် ၆ ရက်နေ့က ပုံတွေဖြစ် ပါတယ် ။



ကွာတားဖိုင်နယ်ပွဲစဉ်မှာ အာဂျင်တီးနားကိုပယ်ပြီး ဂျာမနီကိုရွေးပေးခဲ့တဲ့ အံ့ဖွယ် ရေဘ၀ဲလေးပေါ့ ။


ကမ္ဘာ့ဖလား Group D ပွဲစဉ်မှာ ဂွာနာကို ပယ်ပြီး သူက ဂျာမနီကိုပဲ ရွေးပေးခဲ့တယ်လေ ။

ကမ္ဘာ့ဖလား Group D ပွဲစဉ်မှာ ဆားဗီးယားကို ဆန့်ကျင်ပြီး ဂျာမဏီအလံကို အံ့ဖွယ်ရွေးပေးခဲ့ပြန်တယ် ။

ဂျွန် ၂၅ ရက်နေ့မှာ အင်္ဂလန်ကို မြေခစေပြီး ဂျာမန်ကိုပဲ အထိုင်ချမယ်လို့ သူက ရေဘ၀ဲလေးက ဆိုပြန်သတဲ့ ။


ရေဘ၀ဲလေးရဲ့ပုံပေါ့ ချစ်စရာမကောင်းပေဘူးလား ။

www.thettantcho.com

သက်တန့်ချို
8 July 2010

စာဖတ်ပရိတ်သတ်သူငယ်ချင်းများကို အစဉ်လေးစားသောအားဖြင့်.......................

5 comments:

  1. ဆားဗီးယားနဲ့ပုံရဲ့အောက်ကစာမှားနေပါတယ်။ဘယ်လို
    မှမထင်ပါနဲ့နော်။ရေဘ၀ဲလေးကfinalပွဲကိုလဲမှန်း
    ရင်ကောင်းမယ်နော်။ဂျာမနီမပါတော့ပေမယ့်လေ။

    ReplyDelete
  2. ;) ယုံချင်သွားပြီ သူ့ကိုး)

    ReplyDelete
  3. ထူးဆန်းပါပေ့... စာကလေးဗေဒင်ကနေ ရေဘဝဲ ဗေဒင်တွေဘာတွေ ပေါ်လာတော့မယ်....:)

    ReplyDelete
  4. ဂျာမဏီရှုံးတာ စပိန်ရဲ့ ခြေစွမ်းကို မမှီလို့ပေါ့နော် ဘာဖြစ်လို့ ဂျာမဏီဘက်အားပေးတဲ့သူတွေက ရေဘဝဲလေးကို ဟင်းလျာအဖြစ် ချက်စားချင်ကြလဲ မသိဘူး 'ကုလားမနိုင် ရခိုင်မဲ' ဆိုတာမျိုးဖြစ်မယ်း)

    ReplyDelete
  5. ကိုသာစိုးJuly 10, 2010 at 11:57 PM

    ရေဘ၀ဲလေးက ဖိုင်နယ် ပွဲကိုလည်းမှန်းထားပါသေးတယ်..စပိန်က နယ်သာလန်ကိုအနိုင်ရပါမယ်တဲ့..တတိယနေရာလုပွဲမှာ ဂျာမနီ ရပါမယ်တဲ့ဗျာ..

    ReplyDelete