Monday, February 21, 2011

အဖြူရောင်...နတ်သမီး

အဖြူရောင်...နတ်သမီး


နတ်သမီး...
ရင်ထဲက မီးတစ်ချို့ကိုငြှိမ်းလှဲ့ပါ
သံလျှက်တစ်ဖက် နှင်းဆီတစ်ခက်နဲ့
ဒီတေလေကို...စီရင်ချက်ချပါ ...

တခါတခါ ကောင်းကင်ကိုမော့ကြည့်တယ်
တခါတခါ ကြယ်တွေကိုရှာဖွေတယ်
နင်ဘယ်မှာလဲ နတ်သမီးရယ်
အဝေးရောက် အိမ်လွမ်းသူအတွက်
နတ်သမီး......တေးသံ
နတ်သမီး......ကဗျာ
နတ်သမီး......ရုပ်ပုံလွှာ
အို.......ဟိုး.....အ ေ ၀ း မွ ာ .........

မျက်လုံးမှိတ်ရင်
အလင်္ကာတစ်ချို့ ခုန်ထွက်တယ်
အဝေးကိုကြည့်ရင်
အရောင်တစ်ချို့ ပျယ်လွင့်ကုန်တယ်...
အို...နတ်သမီးရယ်.....
လွမ်းတယ်...လွ မ်း တ ယ် ..လွ မ်း တ ယ် . . . ။

နတ်သမီး
လူတစ်ချို့ အချစ်ကို ရှာဖွေတယ်...
လူတစ်ချို့ သံယောဇဉ်ကို ရှာဖွေတယ်...
လူတစ်ချို့ လူတစ်ချို့ဆီက ရနိုင်သမျှ ရှာဖွေကြတယ်
ငါကတော့....ခင်မင်မှုတရားပဲရှာချင်တယ်ကွယ်...

ဟိုး......မှာကြည့်
တို့တွေ့ရမဲ့အနာဂါတ်တွေ
ရိုးသားမှုအပြည့်နဲ့ မာန်မာနဆူးတောတွေရှင်းထားတယ်
ငါ့လက်ကိုဆွဲ
ခပ်ရဲရဲသာ ၀င်ခဲ့ကွယ်
နင်ကြိုက်တဲ့ နှင်းဆီတချို့နဲ့ ၀ိုင်တစ်ခွက်
ဂစ်တာတစ်လက်နဲ့ ငါကြိုနေမယ် .....။

သက်တန့်ချို


ဘလော့မှာ ပေါ်လိုက်ပျောက်လိုက်နဲ့ လူလည်းရေငုပ်နေရသလိုပါပဲ ။ ဟိုး....အရင်ဘလော့တွေ စစချင်းခေတ် စားတုန်းကပေါ့ ။ လွန်ခဲ့တဲ့ တစ်နှစ်ကျော်လောက်က ။ အမှန်တော့ဘလော့ ပေါ်နေတာကြာပါပြီ ဒီမှာ လူသိပ်မသိသေးတာပါ ။ အဲဒီတုန်းကဘလော့မှာ စာရေးကောင်းသူတွေ လည်းရှိသလို ပေါက်ကရတွေလည်းရှိရဲ့ ။ အရမ်းသွေးစည်းခဲ့တဲ့ မောင်နှမတွေလည်းတွေ့ခဲ့ပါတယ် ။ အဖြူရောင်နတ်သမီး ၊ မေလေး ၊ ရန်ကုန်သား ၊ နိုင်းနိုင်းစနေ ၊ သားကြီး ၊ ကိုလူထွေး ၊ မိုးငွေ့ ၊ ၀က်ဝံလေး ၊ အိန်ဂျုယ်ရှားပါး ၊ ကိုပီတာ အို..အစုံပါပဲ ။ ဒီလိုနဲ့
ဘလော့တွေ အပြိုင်ရေးခဲ့ကြတယ် ။ ရင်ခုန်သံချင်းဖလှယ်ခဲ့ကြတယ် ။ အချင်းချင်းရိုင်းပင်းကူညီခဲ့ကြတယ် ။ ကျနော်ဒီဘလော့လေးမလုပ်ခင်တုန်းက Ning မှာလည်းသက်တန့်ချိုဆိုပြီးလုပ်ဖူးပါတယ် ။ အဲဒီတုန်းက အဖြူရောင်နတ်သမီးတို့ မေလေးတို့ ၀က်ဝံလေးတို့ မန်ဘာ လာဝင်ပြီး အားပေးခဲ့ကြတယ် ။ နောက်ပြီး ဘလော့စပေါ့ကို ရောက်လာတော့လည်း သူတို့က ဆက်ပြီးအားပေးမြဲပါပဲ ။

ပထမဆုံးစသိတဲ့ ဘလော့ ပိုင်ရှင်ကတော့ အဖြူရောင်နတ်သမီးတဲ့ ။ ပထမတော့ ကျနော်သူ့ကို ၁၈ နှစ်လောက် ပဲထင်ခဲ့တာ ။နောက်မှ အစ်မကြီးမှန်းသိလာခဲ့တာ ။ အစ်မအဖြူရောင်နတ်သမီးကို မလိုသူတွေရော တိုက်ခိုက်သူတွေရော အများကြီးရှိခဲ့တယ် ။ အဲဒီတုန်းကပေါ့ ။ ဒီတော့မခံနိုင်သူတွေက အစ်မဖက်က ရပ်တည်ပြီး ဘလော့တွေတင်ပြီး အမှန်တရားကိုရှာဖွေခဲ့ကြတယ် ။ (ကျွန်တော်လည်းအပါအ၀င်ပေါ့) ။

နောက်ပိုင်း.. .နောက်ပိုင်းကျနော် အလုပ်တွေ..အလုပ်တွေပိ နောက်ကွန်နက်ရှင်မရ ပရောက်ဆီတွေကျိုး ဘာမှအဆင်မပြေတော့ကျနော် social network ဖက်ကို ရောက်သွားတယ် ။ ဘလော့ ဖက်ကိုအားနည်းသွားတယ် ။ ကိုယ့်ဘလော့လာလည်တဲ့သူဆီကို နှုတ်ဆက်စကားတောင် ပြန်သွား မပြောနိုင်တော့ ဘူး ။ Freedom က အရမ်းနှေးတော့သုံးရအဆင်မပြေဘူး ။ Ultrasurf ကလည်း တစ်အိမ်ချင်းစီလိုက်လည်ဖို့ အဆင်မပြေပြန်ဘူး ။ Freegate ကတော့ ဘလော့လည်တာ အရမ်းမြန်တယ် ။ အားနည်းချက်ကတော့ .com နဲ့ cboxတွေဖွင့်မရပြန်ဘူး ။ အဲဒလိုတွေ ။ ထားပါတော့ ကျနော် အဖြူရောင်နတ်သမီးဆိုတဲ့ အစ်မကြီးဆီသူလာလည်လည်းပြန်မလည်ဖြစ် ဘယ်သူ့ဆီမှ လည်းမလည်ဖြစ်နဲ့ပေါ်လိုက်ပျောက်လိုက်ဖြစ်နေမိတယ် ။

ဟိုတစ်နေ့ကကွန်းမန့်မှာ အစ်မကကျနော့်ကိုစိတ်ဆိုးနေတယ် ဟီး ။ သူ့ကို ပစ်ထားလို့ သူကလည်းခပ်စိမ်းစိမ်း ပဲနေမယ်တဲ့ ။ ၀မ်းနည်းလိုက်တာဗျာအ ရမ်းပဲ သိလား ။ ကျနော် အစ်မကို အရမ်းခင်ပါတယ် ။ သူများတွေသူ့ကို တိုက်ခိုက်တော့ကျနော်ဆတ်ဆတ်ထိမခံနိုင်ခဲ့ဘူး ။ အခုနောက်ပိုင်း ကျနော်ပစ်ထားသလို ဖြစ်သွားမိသလားတော့မသိဘူး ။ ဒါကြောင့်အစ်မနဲ့တကွ သူငယ်ချင်းအားလုံးကို အနူး အညွတ်ပဲတောင်း ပန်ပါတယ် ။ ကျနော့်ကိုခွှင့်လွှတ်ပေးပါ ။ မြန်မာပြည်ကမို့ စိတ်သွားတိုင်းကိုယ်မပါဘူး ။ အလုပ်ထဲကမို့ စိတ်ရောက်ပေ မယ့်လိုင်းပေါ်မရောက်ဘူး ။ အစ်မရေ စကားနဲ့ပြောရင် အရာမထင်မှာစိုးလို့ ကဗျာတစ်ပုဒ်နဲ့ တောင်းပန်လိုက်တယ် ။

(ဒါနဲ့စကားမစပ် မင်္ဂလာဆောင်ရင်ဖိတ်စာပို့ဦး အစ်မနဲ့တကွ သူငယ်ချင်းများခင်ဗျာ )

(အစ်မက သူဘယ်လောက်ခံစားရသလဲဆိုတာပြောသွားတာကျနော် ...ပြန်မပြောတတ်လောက်အောင်ပါပဲ .... အစ်မနဲ့သူငယ်ချင်းများ နေကောင်းကျန်းမာပါစေနော် ကျနော့်စိတ်ထဲမှာ ဘလော့ကိုမြဲချစ်လျှက်ပါပဲ ဘလော့နဲ့ပါတ်သတ်သမျှ အရာအားလုံးကို သတိရလျှက်ပါပဲ )

မောင်ငယ်
သက်တန့်ချို
21st Feb 2011

စာဖတ်ပရိတ်သတ်သူငယ်ချင်းများကို အစဉ်လေးစားသောအားဖြင့်.......................

2 comments:

  1. နတ်သမီးကိုယ်စား မိုးငွေ့လာဖတ်ပါတယ်...။
    ဒီလို ကဗျာလေးနဲ့ တောင်းပန်တတ်ရင် အစကတည်း စိတ်ကောက်ပြပါတယ် ဒေါက်တာရယ်....း)
    နတ်သမီးမြန်မာပြည်ပြန်လာတုန်းကတော့ လာမတွေ့ဘဲနဲ့များ.....ဟွန်းးးး


    ခင်တဲ့
    မိုးငွေ့

    ReplyDelete
  2. အဖြူရောင်နတ်သမီးFebruary 22, 2011 at 2:59 PM

    ကဗျာလေးကြောင့် စိတ်ကောက်ပြေသွားပြီ...။
    “နတ်သမီး
    လူတစ်ချို့ အချစ်ကို ရှာဖွေတယ်...
    လူတစ်ချို့ သံယောဇဉ်ကို ရှာဖွေတယ်...
    လူတစ်ချို့ လူတစ်ချို့ဆီက ရနိုင်သမျှ ရှာဖွေကြတယ်
    ငါကတော့....ခင်မင်မှုတရားပဲရှာချင်တယ်ကွယ်”

    ဟုတ်ပါတယ်...
    ဖြူစင်တဲ့ ခင်မင်မှုတရားဆိုတာ ဘယ်တော့မှ ပျောက်ပျက်မသွားပါဘူး..။

    ReplyDelete