Saturday, February 26, 2011

ကစားပွဲ

ကစားပွဲ

ဘာရယ်...မဟုတ်ပဲ
ဘာအကြောင်းမှမရှိပဲ..
တို့ကျင်းပခဲ့တဲ့ “ ကစားပွဲ ” မှာ
ဘယ်သူတွေက ကျေးကျွန်
ဘယ်သူတွေက အရှင်သခင်လဲကွယ်...

လှပပြီး သေနိုင်တဲ့ အကွက်တွေ
တစ်ဦးကိုတစ်ဦး ခုတ်ထစ်
မျက်နှာမှာတော့ အပြုံးတွေကိုယ်စီနဲ့
နောက်ကွယ်က...ဓါးရောင်တွေက တလက်လက်
အစကတည်းက...
(၀င်ပါဖို့ စိတ်ကူးမရှိပေမယ့် )
အချစ်ရယ်...
ငါ....ကစားပွဲရဲ့ ကျေးကျွန်ဖြစ်ခဲ့.
(ခပ်ရှင်းရှင်းပဲပြောရရင်)
ငါက...ထမင်းမစား ဂျိုးမစားကောင်
နိုင်သည်ဖြစ်စေ...ရှုံးသည်ဖြစ်စေ..
ရလဒ်က..
“ နင့်အပြုံးတစ်ပွင့်ကို မြင်ရဖို့ပဲကွယ် ”

စတေးခဲ့တဲ့ အတ္တတွေနဲ့
ငါဖြိုချခဲ့တဲ့ မာနတွေ
နောက်ကွယ်က ဓါးတစ်လက်အစား
နင့်အတွက်...ဆောင်ထားခဲ့တဲ့
နှင်းဆီဖြူတစ်ခက်..
နင်မမြင်နိုင်ပါဘူး....အချစ်ရယ်
ဘယ်အချိန်ပြီးဆုံးမလဲ....မသိတဲ့...
နှလုံးသားကစားပွဲမှာ
ငါ..က ...ပွဲအစမှာပဲ
ဘေးထွက်နောက်ကျန်ရစ်ခဲ့တဲ့
(ခပ်ပေါပေါ)
ငတုံးတစ်ကောင်ပေါ့ကွယ်.....

သက်တန့်ချို
26 Feb 2011

စာဖတ်ပရိတ်သတ်သူငယ်ချင်းများကို အစဉ်လေးစားသောအားဖြင့်.......................

2 comments:

  1. အဖြူရောင်နတ်သမီးFebruary 26, 2011 at 1:42 PM

    “လှပပြီး သေနိုင်တဲ့ အကွက်တွေ
    တစ်ဦးကိုတစ်ဦး ခုတ်ထစ်
    မျက်နှာမှာတော့ အပြုံးတွေကိုယ်စီနဲ့
    နောက်ကွယ်က...ဓါးရောင်တွေက တလက်လက်”
    .....................

    ဓားရောင်လက်လက်
    အမုန်းလက်ကို...
    သံလွင်ခက်နဲ့ ဆီးကြိုမယ်....

    ..........................
    ရန်ညှိုးကဗျာတွေတော့ မဖတ်ချင်ဘူးဗျို့...
    ငြိမ်းချမ်းရေးကဗျာလေးဖြစ်အောင် ကိုယ့်ဖာသာ ပြင်ဖတ်သွားပါတယ်..။

    အစဉ်လေးစားလျှက်...

    ReplyDelete
  2. ကျွန်တော် စာစုတွေ ကဗျာတွေ ကျွန်တော့ page မှာ ပြန် share ထားပါတယ် ခင်ဗျာ ကျွန်တော် ခွင့်တောင်းတာပါ ခင်ဗျာ မကြိုက်ဘူးဆိုရင်တော့ ကျွန်တော် ပြန်ဖျက်ပေးပါမယ် ခင်ဗျာ
    ကြိုက်လွန်းလို့ အားလုံးအတွက် share ပေးတာပါခင်ဗျာ

    ReplyDelete