Saturday, February 26, 2011

မျက်တောင်ရှည်တွေနဲ့.......အဆုံးမဲ့အလင်္ကာ



မျက်တောင်ရှည်တွေနဲ့.......အဆုံးမဲ့အလင်္ကာ

ဝါလဲ့လဲ့ကောင်းကင်မှာ
နေခြည်ဖျိုးဖျော့လေး....
ကပိုကယိ ကျဆင်းလို့...
နစ်မျောပျော်ဝင်နေဆဲ
လေညှင်းတချို့က ဖြတ်စီးတိုက်ခတ်
ဝင်းစိုလှပနေတဲ့....
ကောင်မလေးရယ်...

နင်ရွတ်ဆိုတဲ့ ကဗျာလှလှဟာ
လွမ်းမြဆွတ်ရီဖွယ်ကောင်းတယ်
တို့အတူ....
လူငယ်သီချင်းတွေ...အော်ဟစ်ခဲ့ကြ
အဲဒီအခါ...ညနေခင်းကလည်း
အုံ့အုံ့ပျပျလေး မှောင်ရီလို့...
ဝေသီစွာပေးခဲ့ဖူးတဲ့အနမ်းတွေ....
ပြန်တွေးတိုင်း ရင်ဘတ်တစ်ခြမ်းက..
ဆို့လှိုက်နာကျင်နေဆဲကွယ်...

နှောင်တွယ်ခဲ့တဲ့...မျက်ဝန်းလှလှလေးမှာ...
မျက်ရည်စ....တွေ
(မင်း)...မျက်ရည်စတွေ.....
ဝန်းအိုအိတွဲလို့....
နင်မသိခဲ့ဘူးကွယ်...
နင့်ရယ်သံလွင်လွင်လေးတွေက
မြူတစ်ချို့ကို ရွှေရောင်ဝင်းပစေခဲ့တယ်ဆိုတာ...
နှလုံးသားက....တိုးသဲ့စွာ မြည်တမ်းတိုင်း
ရင်တစ်ခုလုံး....အုံ့မှိုင်းတိတ်ဆိတ်...
အလွမ်းတွေလည်း
စိမ့်ယိုပျံ့စီးကျကုန်တယ်...
မြူဝတ်နှင်းခိုးတွေနဲ့...
ရှင်းနတ်တဲ့ကောင်းကင်မှာ
အလင်္ကာတစ်စ....ကဗျာ...တစ်စ...
စိမ့်ယိုပေါက်ကျ (လို့)......
မျှော်လင့်ခြင်းတွေ.....နဲ့
လူးပေနေတဲ့ ညတစ်ညမှာ...
နင်ဟာ...ငါ့ ငှက်စုန်းလှလှလေးလည်းဖြစ်တယ်
ငါမကူးခတ်နိုင်တဲ့ ပင်လယ်တစ်စင်းလည်းဖြစ်တယ်
ငါ....အဆုံးမသတ်နိုင်တဲ့...
ကဗျာရှည်တစ်ပုဒ်လည်းဖြစ်တယ်ကွယ်....။

သက်တန့်ချို
26 Feb 2011

စာဖတ်ပရိတ်သတ်သူငယ်ချင်းများကို အစဉ်လေးစားသောအားဖြင့်.......................

3 comments:

  1. အဖြူရောင်နတ်သမီးFebruary 26, 2011 at 1:31 PM

    “မျှော်လင့်ခြင်းတွေ.....နဲ့
    လူးပေနေတဲ့ ညတစ်ညမှာ...
    နင်ဟာ...ငါ့ ငှက်စုန်းလှလှလေးလည်းဖြစ်တယ်
    ငါမကူးခတ်နိုင်တဲ့ ပင်လယ်တစ်စင်းလည်းဖြစ်တယ်
    ငါ....အဆုံးမသတ်နိုင်တဲ့...
    ကဗျာရှည်တစ်ပုဒ်လည်းဖြစ်တယ်ကွယ်....။ ”

    ကဗျာထဲက စာသားလေးတွေ အရမ်းနူးညံ့လွန်းတယ် သက်တန့်ရေ..
    အစဉ်အားပေးလျှက်..

    ReplyDelete
  2. ဟုတ်တယ်။ အဆုံးမသတ်နိုင်တဲ့ ကဗျာတစ်ပုဒ်ပါဘဲ။ ပြီးတော့ ကူးခတ်ရ ခပ်ခက်ခက်လဲ ဟုတ်တယ်။

    ခင်မင်လျက်
    ကိုကိုမောင်(ပန်းရနံ့)

    ReplyDelete
  3. ကြိုက်နှစ်သက်မိပါတယ်။ တစိမ့်စိမ့် ဖတ်မိပါတယ်။ အလွမ်းအဆွေး ဓာတ်တစ်မျိုး ရှိနေသလို ခံစားမိပါတယ်။

    ခင်မင်လေးစားလျက်

    ReplyDelete