Tuesday, February 22, 2011

နွေ....အရုပ်

နွေ....အရုပ်

ဥသြဆွဲသံသာကြားရပြီး
ရထားကတော့ ရောက်မလာခဲ့ဘူး....
ရပ်စောင့်ခဲ့ရတာပဲ အဖတ်တင်တယ်...
ရော်ရွက်ဝါတွေကတော့ ကြွေခဲ့ပြီ...
နင်ဘယ်မှာလည်း...နွေရယ်
ကောင်းကင်ပြာပြာမှာ
ငါအရုပ်ရေးဆွဲကြည့်တယ်
နင့် စကားလုံးပေါင်းများစွာ
နင့် ရာစုနှစ်ပေါင်းများစွာ
ရာဇ၀င် တို့ ခမ်းနားလွန်းတယ်....
တကယ်တော့လည်း
တကယ်တမ်းတော့လည်း....
ပီပီပြင်ပြင်
(ဘာမှ) မဟုတ်ခဲ့ပါဘူးကွယ်....

သက်တန့်ချို
22 Feb 2011

စာဖတ်ပရိတ်သတ်သူငယ်ချင်းများကို အစဉ်လေးစားသောအားဖြင့်.......................

3 comments:

  1. အကိုရေ ..ဒီမှာခိုက်ခိုက် တုန်အောင် ချမ်းနေလို့ အရမ်းတမ်းတ တယ် မြန်မာပြည်က နွေကိုလေ...
    ငိုတောင် ငိုချင်လာပြီ လွမ်းလို့...

    ReplyDelete
  2. အဖြူရောင်နတ်သမီးFebruary 24, 2011 at 12:23 AM

    “ဆောင်း” အကုန် “နွေ” အကူး..
    တန်ခူးလေနဲ့ လာခဲ့မယ်...

    ReplyDelete
  3. ချမ်းလင်းနေFebruary 25, 2011 at 8:23 AM

    နွေ..အရုပ် တဲ့ ကဗျာဖွဲ့လေး ကောင်းလိုက်တာဗျာ။ ဖတ်ရတာ ချောမွေ့နေတာပဲ။ အအေးဒဏ်ကြားက နွေသရုပ်ဖော်လေး ဖတ်လိုက်ရတော့ ရင်မှာ နွေးသွားတယ်ဗျာ။

    ReplyDelete