Tuesday, May 3, 2011

ရွှေရတု မှတ်တမ်းမှသည် ...????


ရွှေရတု မှတ်တမ်းမှသည် ...????

သူ ... ကောင်းကင်ပြင်မှာ
ဟိုဟို ဒီဒီ အတွေးစတွေနဲ့
ရယ်လည်းရယ်ရဲ့
ပြုံးလည်းပြုံးရဲ့
နှလုံးသားချင်းနွေးထွေးအောင်
ပျော်စရာတွေနဲ့ ဆုပ်ကိုင်ခဲ့သူ

သူ....ကလေးတွေကြားထဲမှာ
ဟိုအိမ်ဝင်ဒီအိမ်ထွက်
ရယ်စရာ မှတ်ချက်တွေကြား
အသက်ဝင်အောင် လှုပ်ကိုင်ခဲ့သူ

ရွှေရတုမှသည် နောင်တစ်ခေတ်ဆီသို့တဲ့
အဘကျောက်ရော...
ဘယ်ဆီဘယ်ဝယ်များလဲ ?
စမ်းတွေလည်းစီးဆင်းမြဲ
နှင်းတွေလည်းပွင့်ဝေမြဲ
သင်္ခါရတရားကတော့ ...
အမြဲပဲ အချိန်အတိအကျရောက်လာတတ်သူ

သွားနှင့်ပေဦး...လေလွင့်လူ
ဟိုးအဝေးမှာ ဓမ္မတေးသံတွေက
အတိုင်းအဆမဲ့ ပဲ့တင်ထပ်လို့
အကြွင်းမဲ့ မရှိခြင်းတရားမှာ
ပို့ချခဲ့တဲ့ သုတ ၊ ရသတွေ
နောင်တစ်ခေတ်လူတွေ
ရင်ဝယ်ပိုက်ထွေးအံ့....

အဘကျောက်ရေ...
ကောင်းကင်ပြင်မှ လေလွင့်ရင်း
နှင်းစက်တို့ သွန်းဖြိုးလှဲ့ပါ
ရွှေ ရ တု မှတ်တမ်းမှသည်
နောင်တစ်ခေတ်ဆီသို့ ...
ေ နာ င် တ စ်ေ ခ တ် ဆီ သို့ . . . .

သက်တန့်ချို

အဘကျောက်ရေ သွားနှင့်ပေ ဦးဗျာ ကျနော်တို့လည်း တစ်နေ့နေ့ လိုက်ခဲ့မယ်
ပြန်ဆုံကြမယ် အဲဒီအခါ ကောင်းကင်ပြင်မှာ ဘလော့တွေ ဆက်ရေးကြတာပေါ့ .....:(

စာဖတ်ပရိတ်သတ်သူငယ်ချင်းများကို အစဉ်လေးစားသောအားဖြင့်.......................

13 comments:

  1. သက်တန့်ချိုရေ
    တမလွန်ဘ၀မှာ ဘလော့ဂ်လောက ရှိမယ်ဆိုရင် အန်ကယ်နိုင်တယောက် သူဘ၀အတွေ့အကြုံတွေကို ရယ်စရာတွေနဲ့ ရောပြီး ဘလော့ဂ်ဆက်ရေးနေဦးမှာ သေချာတယ်။
    အဘကျောက်ခေါ် အန်ကယ်နိုင်အတွက် ရေးတဲ့ ကဗျာလေးကို ကြေကြေကွဲကွဲဖတ်ပြီး အန်ကယ်နိုင်တယောက် ကောင်းရာသုဂတိလားပါစေလို့ ဆုတောင်းသွားပါတယ်။

    ReplyDelete
  2. ကိုကိုမောင်(ပန်းရနံ့)May 3, 2011 at 3:55 PM

    ကြွေကွဲထိရှဖွယ်ကောင်းလှတဲ့ ကဗျာလေးပါဘဲ။ ဘကျောက်ကို သတိရရင်းဖတ်၊ ဖတ်ရင်း သတိရ၊ ဝေဒနာတွေ တူမျှစွာ ခံစားသွားပါတယ်။

    ခင်မင်လျက်

    ReplyDelete
  3. အဖြူရောင်နတ်သမီးMay 3, 2011 at 4:06 PM

    ဘကျောက်တယောက် ကောင်းရာသုဂတိလားပါစေရှင်...

    ReplyDelete
  4. တစ်နေ့တော့ လိုက်ခဲ့မှာပါ ဘကျောက်ရာ သွားနှင့်ခဲ့ပေါ့....

    အထက်ဘုံမှာ ရေးတဲ့ ဘကျောက်ရဲ့ ဟာသနှောစာတွေ အကြွေးတွေပုံထား တစ်နေ့နည်းနည်းဖတ်ချင်သေးတာ.....

    ReplyDelete
  5. ဝက်ဝံလေးMay 3, 2011 at 7:44 PM

    အဘကျောက် ဖတ်မိရင် ဝမ်းသာမှာပါ တမလွန်မှာ ဘလော့ဂ်မဂင်းနိုင်ဘူးလို့ ဘလူပြောလဲနော် ....

    ReplyDelete
  6. ရေးတတ်လိုက်တာ ဒကာတော် သက်တန့်ချိုရယ်...ဒကာတော် ကိုဘကျောက်ကြီး ဖတ်မိရင်လည်း သိပ်.........၀မ်းသာမှာပဲ...ကျန်းမာပျော်ရွှင်ပါစေ...ခင်မင်လျက်
    ဘုန်းဘုန်း တောက်ပကြယ်စင်

    ReplyDelete
  7. ကိုသက်တန့် ရေ

    ထပ်တူဝမ်းနည်းမိပါတယ် အေးချမ်းရာရောက်ပါစေ

    ReplyDelete
  8. "သွားနှင့်ပေဦး...လေလွင့်လူ
    ဟိုးအဝေးမှာ ဓမ္မတေးသံတွေက
    အတိုင်းအဆမဲ့ ပဲ့တင်ထပ်လို့
    အကြွင်းမဲ့ မရှိခြင်းတရားမှာ
    ပို့ချခဲ့တဲ့ သုတ ၊ ရသတွေ
    နောင်တစ်ခေတ်လူတွေ
    ရင်ဝယ်ပိုက်ထွေးအံ့...."

    ကဗျာလေးကောင်းတယ် ... ဘကျောက်ဘလော့ ကိုလဲ ရေးသူမရှိမှ စာတွေဝင်ဖတ်မိတယ်၊ထပ်တူဝမ်းနည်းရပါတယ်။

    ReplyDelete
  9. ကျန်ရစ်သူ ဆွေမျိုးသူငယ်ချင်းများ ဘလော့ဂါညီအစ်ကို ညီအစ်မများနှင့်အတူ ဝမ်နည်းကြေကွဲမိပါသည်၊
    ရောဂါကိုခံစားရင်း သစ္စာလေးပါးတရားတော်ကို ကျင့်ကြံနေသူ ကိုကြီးကျောက်တစ်ယောက်
    ကောင်းရာမွန်ရာကို ရောက်ရှိပြီး နောက်ဘဝမှာ ဒီသံသရာကလွတ်မြောက်နိုင်သူဖြစ်ပါစေ။

    ReplyDelete
  10. ကိုကြီးကျောက် ကောင်းရာ မွန်ရာ ဘုံဘဝကို အစွဲကင်းကင်းနဲ့ ရောက်ရှိပါစေဗျာ . . .

    ကိုသက်တန့်ရေ . . .
    All Blogger Posts နေရာလေးက ကုတ်လေးကို ပြောင်းချိတ်ပေးပါဦးဗျာ။ အခုပုံက Log in မှ မြင်ရမှာမို့ ပြင်ထားတယ်ဗျာ။
    http://allbloggerposts.blogspot.com/
    ဒီနေရာလေးက ကုတ်လေးကို ပြောင်းချိတ်ပေးပါ။ ကျေးဇူးးးးးးးးး

    ReplyDelete
  11. စော(အဝါရောင်မြေ)May 6, 2011 at 8:22 AM

    ဟုပ်တယ် သူက သွားနှင့်သူ
    ဒါပေမယ့် ပြန်တွေ့ ချိန်မှာ မှတ်မိကြပါမလား?

    ReplyDelete
  12. ဟုတ်တယ် လူတိုင်း တစ်နေ့ဒီလမ်းသွားကြရမှာပါ. . သွားလေသူကောင်းရာ သုဂတိရောက်ပါစေလို့ ဆုတောင်းပေးပါတယ်ရှင်..

    ReplyDelete
  13. ဘကျောက်ဗျာ.. သူမရှိတော့မှ သူ့စာတွေဖတ်ဖြစ်ပြီး ခင်မင်နေမိတယ်။ နှမြောလိုက်တာ၊ အခုလည်း ဘကျောက်အတွက် ကဗျာလေးမို့ တကူးတက လာဖတ်သွားပါတယ်။ ကဗျာလေးက လွန်ခဲ့တဲ့ ကာလတွေတုန်းက ရေးထားတာပေမယ့် အသက်ဝင် နေဆဲပါပဲလား..
    KT

    ReplyDelete