ရုတ်ချည်းဆိုသလိုပင် အနောက်တောင်ဖက်မှ ကောင်းကင်ပြင်မှာ နီရဲလာလေသည် ။ ပင်လယ်ပြင် မှာ ကြောက် မက်ဖွယ်ကောင်းလောက်အောင်ပင် တိတ်ဆိတ်ငြိမ်သက်သွားလေတော့သည် ။ မကြာမီ ရှေ့ တွင်လည်း မရဏ ၀ဲများကို ကျော်ဖြတ်ရပေဦးမည် ။
“ လူရိုင်းငယ်အ လင်းသစ် ဤ ၀ဲသည် မည်သို့သော ၀ဲအမျိုးအစားဖြစ်သနည်း ဤ၀ဲကို ရှောင်လွှဲနိုင်မည့် နည်း လမ်းများ ရှိသလော ”
“ အသင်သူကြီး အရှေ့တွင် ရှိသော ၀ဲဟာ သမုဒ္ဒယာအောက်မှ လွန်စွာပြင်းထန်သော ရေစီးကြောင်း ၄ ခုဆုံရာမှ ဖြစ်ပေါ်လာသော စုပ်ဝဲအမျိုးအစားဖြစ်ပါတယ် တစ်ဖက်ရှိ မြေပြန့်ဒေသများသို့ သွားလိုလျှင် ဤ၀ဲ၃ ခုကို မဖြစ်မနေ ကျော်ဖြတ်သွားရမှာဖြစ်ပါတယ် ဒါ့အပြင်ကောင်းကင်ပြင်လက္ခဏာအရ မကြာခင် လေပြင်း မုန်တိုင်း များ တိုက် ခတ်ဦးမှာဖြစ်တယ် ”
အလင်းသစ်၏ စကားကို ကြားရသောအခါ ရွာသူရွာသားအပေါင်းမှာ လွန်စွာ ထိတ်လန့်သွားကြကုန်၏ ။ ပင်လယ်ပြင် ရုတ်တရက် ငြိမ်သက်သွားသည်မှာလည်း တိတ်ဆိတ်ခြောက်ခြားဖွယ်ရာအတိပင် ။
ကျွန်ုပ်တို့ လှေကြီးကား မရဏ ၀ဲကြီးနှင့်နီးကပ်လာချေပြီ ။
“ ရွာသူရွာသားတွေ စည်အလွတ် ပုံးအလွတ်တွေကို ကိုင်ထားကြပါ ရေအောက်ကို မလွင့်ကျသွားပါစေ နဲ့ သောက်ရေ စည်တွေ အနားမှာနေကြပါ ”
ဘီလူးမှနေ၍ ရွာသူရွာသားများ ပြုလပ်ရမည်များကို မှာကြားကာ သားပြောင်မှလည်း ရွာသူရွာသားများ အနီးသို့သွားကာ အားပေးစကားများပြောကြားနေလေသည် ။ ကျွန်ုပ်တို့ ရွာကလေးတွင် ရပ်ရွာ လူကြီးတစ်ဦး ဖြစ်သော ဦးလှထွန်းကလည်း
“ သူကြီးရေ ဒီအတိုင်းဆိုရင်မုန်တိုင်းမိဖို့ တော့ ကျိန်းသေနေပြီ ကျုပ်တို့ ဒုတိယအကြိမ် ဘာတွေ ဆက်ဖြစ်ကုန် ဦးမလဲမသိဘူးဗျို့ ”
ဟု ပြောလေသည် ။ ၄င်းပြောကြားပြီးမကြာခင်မှာပင် ပင်လယ်အော်သံ ဟု ခေါ်သော လွန်စွာ ထိတ်လန့်ဖွယ်ရာ အသံကြီး ကား ပင်လယ်ရေအောက်ကြမ်းပြင်ပေါ်မှ မြည်ဟီးလာလေတော့သည် ။ မုန်တိုင်းကား စချေပြီ ။ လေပြင်း များ ဆက်တိုက်တိုက်ခတ်လာပြီး ပင်လယ်ပြင်ကား ငြိမ်သက်နေရာမှ ဒေါမာန်တကြီးဖြင့် ထကြွသောင်း ကျန်း လေတော့သည် ။ ကျွန်ုပ်တို့ လှေကလေးကား ဆပ်ပြာခွက်ကလေးပမာပင် လေလှိုင်းများ ပြသမျှ နုနေ ရပေတော့သည် ။ အချိန်ကား တိုက်ဆိုင်စွာပင် ။ ကျွန်ုပ်တို့လှေကလေးကား ပထမ သေမင်းတမန် ၀ဲ ကြီးအား ရှေ့လက်တကမ်းတွင်တွေ့လိုက်ရပေတော့သည် ။ လှေကလေးကား ၀ဲအတွင်းသို့ ထိုးကျ သွားလေသောကြောင့် အော်ဟစ်သံ ဆူညံသံများက ကျွန်ုပ်တို့ လှေကလေးအတွင်း တွင် ဗြောင်း ဆန်နေလေတော့ သည် ။ ရွာကာလသားများ ကား လှေလက်ရမ်း များကို ကျစ်ကျစ်ပါအောင်ဆုပ်ကိုင်ကာ ရွာသူများကို အလယ်မှာနေစေ၍ ပြုတ်မကျစေရန် အားမငယ်စေရန် ကာကွယ်ပေးထားကြလေသည် ။
ကျွန်ုပ်မှာလည်း လှေကလေးကို ၀ဲအတွင်းသို့ ထိုးမကျစေရန်ရေစီးကြောင်းအတွင်း အသင့်မျှောပေး လိုက်ရလေ သည် ။ ကံအားလျှော်စွာပင် ကျွန်ုပ်တို့ လှေကလေးကား မုန်တိုင်းကြားမှာပင် ၀ဲ နှုတ်ခမ်းဝတွင် တစ်ပတ်လည်ပြီး လွတ်ထွက်သွားလေတော့သည် ။
“ ဟေးးး ၀ဲ ကြီးကလွတ်သွားပြီ ကွ ”
စမူ ဆာမှ ထအော်လိုက်သောကြောင့် မကြည့်ရဲ၍ မျက်စိပိတ်ထားသော သူများမှာ ယခုမှပင် မျက်လုံးဖွင့် ကြည့်နိုင်ကြတော့သည် ။ ၀ဲ ကားလှေနှင့် ဟိုးအဝေးအနောက်တွင်ကျန်ခဲ့လေတော့သည် ။ သို့သော်ကျွန်ုပ်တို့ ၏ ၀မ်းသာမှုကားကြာကြာမခံချေ ။ ရှေ့တွင် လွန်စွာ အားကောင်းလှသော ၀ဲ နံပတ် ၂ က အသင့်စောင့် ကြိုနေပြန်၏ ။
“ ဟေးး သူကြီးရေ ဒီဟာကြီးကလည်း စုပ်ဝဲပဲဖြစ်မယ်ဗျ ခုနကထက်တောင်ပိုကြီးသလိုပဲ အားလုံးသတိ ထားကြဟေ့ ”
ဦးနိုးအိမ်ရှင်မှ လှမ်းအော်လိုက်သောကြောင့် အားလုံးမှာ သတိနေအထားဖြင့် ရှိနေကြလေသည် ။ ကျွန်ုပ်လည်း ၀ဲ ကို ရှောင်လွှဲရန်မဖြစ်နိုင်သောကြောင့် လှေဦးအား ၀ဲ နှုတ်ခမ်းရှိ အကြီးဆုံး ရေစီးကြောင်းသို့ တင်ပေး လိုက်လေသည် ။ ဒီတခါတွင်တော့ ကျွန်ုပ်တို့ အား ကံတရားက အသစ်တဖန် စီရင်ပြန်လေသည် ။ ရေစီးကြောင်းနှင့် လွတ်အောင်တက်မကို သတိမလွတ်စေပဲ ကိုင်ထားရက်မှပဲ မုန်တိုင်းအရှိန်ကြောင့် ဖြစ်ပေါ်လာသော ဧ ရာမ လှိုင်းလုံးကြီးတစ်လုံးက ကျွန်ုပ်တို့ လှေကလေးအား သစ်ရွက်ကလေး တစ်ရွက် အား ရေပုံး တစ်ပုံးနှင့်အားအပြည့်လောင်းချလိုက်သကဲ့သို့ တွန်းထုတ် လိုက်လေတော့ သည် ။
လှေကလေးကား ရေစီးကြောင်းမှ လွတ်ခါနီးတွင် အနောက်မှ အရှိန်ပြင်းစွာ ၀င် လာသော ရေလှိုင်း လုံးကြီးကြောင့် ၀ဲကတော့အတွင်းသို့ ထိုးကျသွားလေတော့သည် ။ ကျွန်ုပ်တို့ လှေကား ရေစီးကြောင်းအတွင်း ၀ဲထဲတွင် ပတ်ချာလည်ကား တအောင့်အကြာတွင် လွန်စွာအားကောင်းလှသော သံလိုက်တစ်ခုနှင့် ဆုပ်ယူလိုက် သကဲ့သို့ အောက်မှ စုပ် ယူခြင်းကို ခံလိုက်ရပြီးနောက် ဟိုးအလွန်တရာနက်သော ချောက်ကြီးထဲသို့ ပြုတ်ကျသွားသ ကဲ့သို့ အသဲတယားယားဖြစ်ကာ ကျွန်ုပ်မှာ နောက်ဆုံး အနီအစိမ်းအပြာ စသောအရောင် များသည် မျက်လုံးထဲတွင် လင်းလက်စူးရှစွာမြင်တွေ့ရပြီးနောက် ပိန်းပိတ်အောင် မည်းမှောင် သွားလေတော့ သည် ။
ခါးတစ်ခုလုံးအား တုတ်ကြီးကြီးတစ်ချောင်းနှင့် ရိုက်ထားသကဲ့သို့ နာကျင်လှပြီး ကျွန်ုပ်မှာ မျက်လုံးကို အားယူ၍ ကြည့်လိုက်ရာ အလို... ကျွန်ုပ်တို့ ဘာဖြစ်ကုန်ကြသနည်း ။ ကျွန်ုပ်မှာ အိပ်မက်မည်သည်တော့ မဟုတ်တန်ရာ ။ နောက်ဆုံးမှတ်မိသည်မှာ မုန်တိုင်းမိပြီး ကျွန်ုပ်တို့လှေကလေးမှာ သေမင်းတမန် မရဏ၀ဲ နံပါတ် ၂ ၏ စုပ်ယူခြင်းကို ခံလိုက်ရပြီး နောက်ကျွန်ုပ်မှာ ဘာမှ သတိမရတော့ပေ ။ လှေကြီးကား အကောင်းပကတိပင် ။ ကျွန်ုပ်မှာ ပတ်ဝန်းကျင်ကိုလေ့လာကြည့်လိုက်ရာ မြင်မြင်သမျှ မှာ စိမ်းစိမ်းစိုစိုနှင့် ကျွန်ုပ်တို့မှာ လွန်စွာကြီး မားသော ရေကန်ကြီးတစ်ခု၏အတွင်းသို့ ရောက်ရှိနေလေသည် ။ ရွာသူရွားသားများ၏ မျက်နှာများ မှာ လည်းကြောင်ငေးကား ဟိုဟို ဒီဒီကြည့်နေကြလေသည် ။
“ သူကြီး ကျွန်တော်တို့ ဘာဖြစ်သွားတာလဲဟင် ”
နားနားမှကပ်၍ မေးလိုက်သော ငမိုးကြောင့်ကျွန်ုပ်လည်းသတိပြန်ဝင်လာကား
“ မသိသေးဘူး ငမိုးရေ အခုချိန် တော့ ဘာဘာ..ဘာ မှမသိသေးဘူး ”
ဟုပြန်ဖြေလိုက်လေသည် ။ အလားတူ ကြယ်ဖြူ ၊ အင်ကြင်း ၊ သက်မီ ၊ ပုတု ၊ မီမီအောင်တို့မှာလည်း ယခု ဖြစ်ပေါ်နေသော အခြေအနေကို လက်ခံနိုင်ပုံမရသေးပေ ။ ဆယ်မိနစ်လောက်အကြာတွင် လူရိုင်းသမီး အကြီးဆုံးအဖြူရောင်နတ်သမီးမှနေ၍
“အသင်တို့ စိတ်ထဲမှာ အရမ်းကြီးထူးဆန်းနေပြီထင်တယ် ”
“ ဟုတ်ပါတယ်ကျွန်ုပ်တို့ ဘယ်ကိုရောက်နေတာပါလဲ ”
“ အင်း ငယ်ငယ်တုန်းကတော့ ကျွန်ုပ်တို့ ဖခင်ပြောစကားအရဆိုရင် ဒီနေရာဟာ အလွန်ကို ထူးခြားဆန်းကြယ် မှုတွေ ရှိတဲ့ ကမ္ဘာ့ အနက်ရှိုင်းဆုံး မြေအောက်အလယ်ဗဟိုဖြစ်ပါတယ် ”
“ ဟာ ”
“ ဟင် ”
“ အို ”
ကျွန်ုပ်တို့မှာ အလွန်တရာထူးဆန်းလွန်းလှ၍ အဖြူရောင်နတ်သမီး၏ စကားကို နားထောင်ပြီး အာမေဋိတ် သံများတမိကုန်၏ ။
“ အင်း သင်တို့ အံ့အားသင့်မယ်ဆိုရင်လည်းသင့်စရာပါပဲ ပင်လယ်ထဲမှာ အလွန်တရာ ကျယ်ပြော တဲ့ ဖြေရှင်း လို့မရတဲ့ လှို့ဝှက်နက်နဲမှုတွေရှိနေပါတယ် ။ အသင်တို့ မြင်ဖူးသမျှ ကုန်းပေါ်မှ သတ္တ၀ါ အားလုံး ဟာ ရေထဲမှာ ဆင်တူ အကုန်ရှိပါတယ် ။ ကျွန်ုပ်တို့လူစုဟာ အခုချိန်ကစပြီး ထူးခြားဆန်းကြယ်မှု အမြောက် အမြား ဘ၀မှာ ဘယ်လိုမှ ပြန်ရှာမတွေ့နိုင်တော့တဲ့ အတွေ့အကြုံတွေ ကြုံတွေ့ရပါတော့မယ် ”
“ အင်း ဟုတ်ပါပြီ သင်ပြောလို့သာ သိရတာပါ ကျွန်ုပ်တို့ကတော့ ဘယ်ရောက်လို့ ဘယ်ပေါက်မှန်းတောင် မသိတော့ပါဘူး ”
“ ဟုတ်ပါတယ် ဒီရေကန်ကို ကျွန်ုပ်တို့ ဖခင်ကတော့ နတ်ရေကန်လို့ခေါ်ကြတယ် ဒါဟာလည်း ဟိုးယခင် က ယုံတမ်းစကားတွေ လို့သာထင်ခဲ့ကြတယ် အခုတော့ကျွန်ုပ်တို့ တကယ် ကြုံတွေ့နေရပြီပေါ့ ”
ကျွန်ုပ်ကား အလွန်တရား အံ့သြလွန်းလှ၍ ပတ်ဝန်းကျင်ကို လေ့လာရန် လှေကုန်းပတ်ပေါ်သို့ တက်ခဲ့လေတော့ သည် ။ အလို ... ကျွန်ုပ်မှာ ကိုယ့်မျက်စိကိုယ်ပင်မယုံနိုင်ပေ ။ ဒေါင်းကဲသို့ ငှက်ကြီးများကား ကျွန်ုပ်တို့ လှေ ပတ်ဝန်းကျင်တွင် ဇင်ယော်ငှက်များ ပျံဝဲနေကြသလို့ ပျံဝဲနေကြသည်မှာ ကျွန်ုပ်တို့မှာ ပြဇတ်တစ် ပုဒ်ကို ကြည့်နေရသည်နှင့် တူလှပေသည် ။
ရေကန်ကြီးကား စိမ်းမြနေကာ ဘေးတွင်လည်း စိမ်းစိုပြေသော တောအုပ်များ နှင့် မည်သို့ သော အမည်နာမ ခေါ်ဝေါ်ရန်ခက်ခဲသော သတ္တ၀ါ ဆန်းဆန်းများ မှာ ရေသောက်ဆင်းနေကြ သည်ကိုလည်းတွေ့ ရလေသည် ။ ကောင်းကင်ပြင်ကားကျွန်ုပ်တို့ မြင်ရသလို ကောင်းကင်အပြာမဟုတ်ပဲ စိမ်းစို နေကာ ကျွန်ုပ်တို့မှာ အလွယ်ပြောရလျှင် ပြဇတ်ရုံကြီး တစ်ခုအတွင်းသို့ ရောက်နေကြသည်နှင့် တူလေသည် ။ ထိုအခိုက် ကျွန်ုပ်တို့ လှေကြီး အောက်မှ အရိပ်ဖြူကြီးတစ်ခုဖြတ်သန်းသွားရာ ရေကန်ကြီးမှာ ဖြူဖွေးသွားလေတော့သည် ။ ထိုအရာကြီးသည် ကျွန်ုပ်ကြားဖူးသော ကုန်းမှာ မြွေပွေး ၊ ရေမှာ ငရွေးဆိုသကဲသို့ ရေထဲတွင်အကြီးဆုံးဖြစ်သော ငရွေးကြီးပင်ဖြစ်လေသလော ။ သို့တည်းမဟုတ်....။
ဆက်ရန် ။
www.thettantvillage.com
သက်တန့်ချို
စာဖတ်ပရိတ်သတ်သူငယ်ချင်းများကို အစဉ်လေးစားသောအားဖြင့်.......................

အကိုရေ အဆက်မပြတ် အားပေး စောင့်မျှော်နေပါတယ် လို့...
ReplyDeleteထာဝရအားပေးနေမှာ... အပိုင်း၁၁စောင့်မျှော်လျှက်....
ReplyDelete:)))))))))))))
သဲထိပ်ရင်ဖိုပုံစံကို ဆန်း၂ပြား၂လည်း ရေးတတ်တယ်နော်
ReplyDeleteတော်ပါတယ်။
ဆက်ရန် . . . . :D
ReplyDelete