Tuesday, May 8, 2012

အုတ်ခဲကျိုး လာမှန်တာကိုစောင့်နေမလား ?

အုတ်ခဲကျိုး လာမှန်တာကိုစောင့်နေမလား ?




ငယ်ရွယ်ပြီးအောင်မြင်နေတဲ့လူငယ်တစ်ဦးက အိမ်နီးနားချင်းတစ်ဦးနဲ့အတူ ခရီးတစ်ခုကို အတူသွားနေခဲ့တယ် ။ ဒီလိုနဲ့ကားမောင်းလာရင်း လမ်းမှာ slow down တစ်ခုကိုတွေ့လို့အရှိန်ကိုလျော့လိုက်တဲ့အချိန်မှာ လမ်းဘေးသစ် ပင်ဘေးမှာ ကလေးတစ်ယောက်ရဲ့အရိပ်ကိုတွေ့လိုက်ရတယ် ။ အဲဒီကလေးလက်ထဲမှာ တစ်ခုခုကိုင် ထားတာ လည်း သူတွေ့လိုက်ရတယ် ။ ဒီလိုနဲ့ slowdown ကို အရှိန်လျော့ပြီးကျော်လိုက်ချိန်မှာတော့ ကားနောက်ပိုင်း တစုံတ ခုက ပြင်းပြင်းထန်ထန် လာရောက်ထိမှန်သံကြားလိုက်ရတယ် .။

ကားအောက်ကို ဆင်းပြီးကြည့်လိုက်ချိန်မှာတော့ အုတ်ခဲကျိုးတစ်ခုပစ်ထားလို့ ကားမှန်ကွဲသွား တာကိုတွေ့ လိုက်ရတယ် ။ သူလည်းဒေါသထွက်ထွက်နဲ့ ဘေးဘီကိုကြည့်လိုက်တော့ သစ်ပင်ဘေး မှာ ကောင်လေး တစ်ယောက်ရပ်နေတာကိုတွေ့လိုက်ရတယ် ။ ကားမောင်းသမား လူငယ် ဟာ ကောင်လေး ဆီပြေး သွားပြီး ဒေါသတကြီးနဲ့ ဆွဲကိုင် ရမ်းပြီး သူ့ကားဆီ ဆွဲခေါ်လာခဲ့တယ် ။ “ ဟေးး မင်းမျက်စိမမြင်ဘူးလား ဘာလို့ ငါ့ကားကို ဒီလိုဖြစ်အောင်လုပ်ရတာလဲ ဒီကားက အသစ်ကြီးကွ ငွေဘယ်လောက်ကုန်လဲမင်းသိရဲ့လား ” လို့ ဆူပူကြိမ်းမောင်းပြီး ဒေါသထွက်ထွက်နဲ့ ကားတံခါးဆီ ၀ုန်းကနဲဆောင့်တွန်းချလိုက်တယ် ။ ကောင်လေး က ကြောက်လွန်းလို့ မျက်ရည်တွေ စီးကျလာတယ် ။

“ မဟုတ်ရပါဘူး အကိုကြီးရယ် ကျွန် - - ကျွန်တော် တမင်ပစ်တာမဟုတ်ပါဘူး ကျွန်တော့် အစ်ကို ဟိုးရှေ့ မှာလဲကျနေလို့ပါ အဲဒါအကူအညီ တောင်းမလို့ပါ ကားတွေက တစ်စီးမှ ရပ်မပေးလို့ အခုလို အုတ်ခဲ ကျိုးနဲ့ပစ်ပြီးတားလိုက်ရတာပါ ” “ မင်းအစ်ကို ဘာဖြစ်လို့လဲကျနေရတာလဲ ” “ ကျွန်တော့်အကိုက ဒုက္ခိတ ပါ အောက် ပိုင်းသေနေတယ် ၀ှီးချဲတွန်းလာတုန်း လမ်းဘေးမှာ အရှိန်မထိမ်းနိုင်ပဲ ကားလမ်းမပေါ်မှာ လဲကျနေ တယ် သူ့ကိုပွေ့ထူဖို့ကျတော့ကျွန်တော်မနိုင်ပါဘူး ဒီတော့ ကားတွေအရမ်းအရှိန်ပြင်းရင်သူ့ကို ၀င်တိုက် မိမှာစိုးတာရယ် အကူအညီတောင်းပြီး သူ့ကို ၀ှီးချဲပေါ် ပြန်တင်ပေးချင်တာကြောင့်အခုလို လုပ်လိုက်ရတာပါ ” ကောင်လေးက ရှည်လျှားစွာ ရှင်းပြတော့ လူငယ်လေး လည်း စိတ်မကောင်းဖြစ်သွားခဲ့တယ် ။

ချက်ချင်းပဲ ကောင်လေးရဲ့အကိုဆီကို သွားပြီး ၀ှီးချဲပေါ်ပြန်တင်ပေးခဲ့တယ် ။ “ ကျေးဇူးတင်ပါတယ်အကိုရယ် ဘုရား က အကို့ကိုစောင့်ရှောက်မှာပါ ” လို့ကောင်လေးက မျက်ရည်တွေကျရင်းပြောလိုက်တယ် ။ ပြီးတော့ သူ့အကိုရဲ့ဝှီးချဲကိုတွန်းပြီးပြန်သွားပါတော့တယ် ။

##################################

ဘ၀ကို လျှင်လျှင်မြန်မြန်ကြီးမဖြတ်သန်းလိုက်ပါနဲ့ တခါတရံမှာ တစုံတစ်ယောက်က ကိုယ့်ကို ရပ်တန့်စေချင်လို့ အုတ်ခဲကျိုးကိုင်ပြီးစောင့်နေတာလည်းရှိနေနိုင်တာပဲမဟုတ်လား ။

ဘုရားက ကျွန်တော်တို့စိတ်ကို တိုးတိုလေးပြောတယ် ကျွန်တော်တို့ နှလုံးသားကို တိုးတိုးလေး စကားပြောတယ် ဒါပေမယ့် ကျွန်တော်တို့ကတော့ တခါတရံမှာ ဘ၀ကို လျှင်လျှင်မြန်မြန်ကြီးဖြတ်သန်းနေရတဲ့အတွက် ရပ်နားထောင် ဖို့တောင်အချိန်ရှိပါဘူး ။ ဒီတော့ သူက ကျွန်တော်တို့ဆီကို အုတ်ခဲကျိုးနဲ့ပစ်လိုက်မှာပါပဲ ။

အခုရွေးစရာ ၂ ခုရှိပါတယ် ။

၁ ။ စကားသံတိုးတိုးလေးကို ရပ်ပြီးနားထောင်မလား ?
၂ ။ အုတ်ခဲကျိုး လာမှန်တာကိုစောင့်နေမလား ?

သက်တန့်ချို
Wait For The Brick အားဆီလျှော်သလိုဘာသာပြန်သည် ။

စာဖတ်ပရိတ်သတ်သူငယ်ချင်းများကို အစဉ်လေးစားသောအားဖြင့်.......................

6 comments:

  1. စောင့်နိုင်ရင် အကျိုးရှိဆိုတဲ့ စကားပုံကို သတိရမိပါတယ် ...
    ( ချွှင်းချက်တော့ရှိမှာပါ )

    ReplyDelete
  2. ဖတ်သွားပါတယ် ဆရာ ဘ၀ကိုပုံမှန်လျှောက်လှမ်းနေပါတယ် :)

    ReplyDelete
  3. အရမ်းကောင်းတဲ့ ပို့စ်လေးပါ။ ဒါမျိုးအတွေးပါတဲ့ စာသားတွေများများတင်နိုင်ပါစေ။

    ReplyDelete
  4. တစ်ပါးသူအတွက် ထိခိုက်နစ်နာမှု မရှိတဲ့ တစ်ခြားနည်းလမ်းတစ်ခုခုကို သုံးပြီး
    ကားကို ရပ်တန့်အောင် လုပ်နိုင်ရင်တော့ ပိုကောင်းတာပေါ့ မောင်သက်တန့်ရေ။
    စိတ်ဓာတ်အစဉ်ကြည်လင်အေးမြပါစေကွယ်။

    မေတ္တာဖြင့်
    အန်တီတင့်

    ReplyDelete
  5. မှတ်သား သွားပါသည်။
    ဆရာလည်း ဘဝရဲ့ ပဒိတ်အုပ်နိုင်ပါစေ..

    ReplyDelete
  6. အရမ်းကိုကြိုက်လို့ comment ၀င်ပေးလိုက်ပါတယ်။အဲဒီလိုမျိုးလေး များများတင်ပေးပါနော်။

    ReplyDelete