Thursday, May 24, 2012

လယ်သမားနှင့်ငှက်ကျား

လယ်သမားနှင့်ငှက်ကျား




လယ်သမားတစ်ယောက်က တစ်နေ့မှာ သူ့ပြောင်းခင်းကို ငှက်ဆိုးတွေ ၀င်ရောက်ဖျက် ဆီးသွားတာ ကိုတွေ့လိုက်ရတယ် ။ ဒါကြောင့် သူက နောက်တစ်ရက်မှာ ငှက်ဆိုးတွေကို ဖမ်းဆီးသုတ်သင်ဖို့ အ တွက် ထောင်ချောက်ပိုက်ကွန်တစ်ခုပြုလုပ်ခဲ့တယ် ။

ထောင်ချောက်ဆင်ပြီးနောက်တစ်ရက်မှာ သူထောင်ခဲ့တဲ့ပိုက်ကွန်ထဲမှာ ငှက်ဆိုးတွေနဲ့အတူ ငှက်ကျား တစ်ကောင် ကို ဖမ်းမိနေတာကိုတွေ့လိုက်ရတယ် ။ သူ့ကို တွေ့တဲ့အခါ ငှက်ကျားကပြောတယ် ။

“ ကျွန်တော့်ကိုလွှတ်ပေးပါဗျာ ကျွန်တော်တောင်းပန်ပါတယ် ကျွန်တော်က ရိုးသားတဲ့ငှက်ကျားတစ်ကောင်ပါ ခင်ဗျား ရဲ့ပြောင်းခင်းကိုလည်း မဖျက်ဆီးခဲ့သလို ခင်ဗျားကိုလည်း အန္တရာယ်ဖြစ်စေတာ အကျိုးစီးပွား ပျက်စေတာ ဘာမှမလုပ်ခဲ့ပါဘူး ” ဆိုပြီးသနားစဖွယ်တောင်းပန်တယ် ။

ဒါပေမယ့် လယ်သမားက လွှတ်မပေးပဲ ငှက်တွေအကုန်လုံးနဲ့အတူ ငှက်ကျား ကိုပါ ရောပြီး ချည်နှောင်ပြီးပြော လိုက်တယ် ။

“ မင်းပြောတာတွေအားလုံးက မှန်ကောင်းမှန်ပါလိမ့်မယ် ဒါပေမယ့် မင်းကို ငါ့ပြောင်းခင်းတွေ ဖျက်ဆီးတဲ့ ငှက်ဆိုးတွေနဲ့ အတူ ဖမ်းမိခဲ့တယ် ဒီအတွက်ကြောင့် မင်းဟာ မင်းရောက်ရှိနေတဲ့ အသိုင်းအ၀ိုင်း တစ်ခုမှာ ကြုံတွေ့နေရတဲ့ အကျိုးအပစ်အားလုံးကိုခံစားရလိမ့်မယ် ”

@@@@@@@@@@@@@@@@@@@@@@@@@

မှန်ပါတယ် ။ ကျွန်တော်တို့အားလုံးဟာ ပတ်ဝန်းကျင်ဆိုတဲ့ အသိုင်းအ၀ိုင်း အဖွဲ့အစည်း ဆိုတဲ့ လူမှုပတ် ၀န်းကျင်တစ်ခုထဲမှာ နေထိုင်နေကြရတယ် ။ အဲဒီအတွက် ကျွန်တော်တို့ရောက်ရှိနေတဲ့ လူ့အသိုင်းအ၀ိုင်း လူ့အဖွဲ့အစည်းမှာ ဖြစ်ပေါ်နေတဲ့ အကောင်းအဆိုး အကျိုးအပစ်အားလုံးကို အများနဲ့တန်းတူ ရင်ဆိုင်ရလိမ့်မယ် ။

ကိုယ်တစ်ယောက်တည်းရိုးသားပေမယ့် လူဆိုးတွေကြားထဲမှာ နေရင် ကိုယ့်ကိုလည်းလူဆိုးလို့ အထင်ခံ ရနိုင်တယ်ဆိုတာ သတိပြုရမယ် ။

သက်တန့်ချို
The Farmer and the birds အား ဘာသာပြန်သည် ။

စာဖတ်ပရိတ်သတ်သူငယ်ချင်းများကို အစဉ်လေးစားသောအားဖြင့်.......................

3 comments:

  1. ဖတ်သွားပါတယ် ဆရာ..

    ReplyDelete
  2. ခုတစ်လော အသိတရား မရှိတဲ့ လူတွေရဲ့ အတွေးအခေါ်တွေကို ဖတ်ဖတ် နေရတာ အတော်လေး ဒေါသထွက်ဖို့ ကောင်းတယ်ဗျာ။ ဒါ့ကြောင့် ဖွဘုတ်တောင် တက်မလာတာ။ Doc ပိုစ့်လေး ဖတ်လိုက်ရတော့လည်း စဉ်းစားစရာ တစ်ခု ရသွားတယ်။ ကျေးဇူး

    Doc အဆင်ပြေပါစေ။

    ReplyDelete
  3. မဂ်လာပါ ။
    အရှေ့တောင်ပြည်ထောင်စုဝင် တိုင်းပြည်အသီးသီးတော့တွင် နှလုံးထိုက်စ
    ရာထက်ထုံးကလေးများရှိခဲ့ကြပါတယ် မထင်မှတ်တာတွေလည်းအများကြီးပေါ့နှော် ။ နောင်တခါဆိုတာတွေထက်
    ဟော်တခါကအေကြောင်းတွေထက် ဒီတနေတာကို we can life we
    love Hour's Countrcommand Now we life An, ဒါတွေကိုတွေလူတွေအများထားရှိခဲ့ကြမှာပါ ။
    မဂ်လာပါ ။ Good Morning ။

    ReplyDelete