Monday, September 10, 2012

“ လှို့ဝှက်ဆန်းကြယ်သော သော့လေးများ ” စာအုပ်ထွက်ပြီ

“ လှို့ဝှက်ဆန်းကြယ်သော သော့လေးများ ” စာအုပ်ထွက်ပြီ



ကျွန်တော့်ရဲ့ ပထမဆုံးစာအုပ်ဖြစ်တဲ့ “ လှို့ဝှက်ဆန်းကြယ်သော သော့လေးများ ” (စိတ်ခွန်အားဖြည့်နှင့်ဘ ၀သရုပ်ဖော် ဘာသာပြန် ရသစာစုများ ) စာအုပ် ထွက်ရှိပါပြီ ။ ယနေ့ စက်တင်ဘာ ၁၀ ရက်နေ့တွင် ရန်ကုန်မြို့ တွင်း ရှိ စာအုပ်ဆိုင်များမှာ ရရှိမည်ဖြစ်ပြီး မန္တလေးမြို့နှင့်နယ်များတွင် ၁၂ ရက်နေ့တွင်ရောက် ရှိမည်ဟု သိရ ပါတယ် ။

စုစုပေါင်း ဘာသာပြန် ပုံပြင်နှင့်စာစုပေါင်း အပုဒ် ၄၀ ပါဝင်ပြီး ပထမဆုံးစာအုပ်အဖြစ် သပ်ရပ်သန့်ရှင်း စွာ ပြု လုပ်ထားပါတယ် ။ ဖြန့်ချီရေး “ ရွှေစာပေတိုက် ” မှဖြစ်ပြီး စာအုပ်အရွယ်စားကတော့ 5" x 7 " ဖြစ်ပါတယ် ။

ကျွန်တော့်ရဲ့ ပထမဆုံးစာအုပ်ကလေးကို စိတ်ရှည်သည်းခံပြီး အစစအရာရာ ကူညီပေးခဲ့ကြသော ထုတ်ဝေ သူ ဒေါက်တာစံကျော်ဦး ၊ ဒီဇိုင်နာ ကို သိန်းမင်း နှင့် ကျေးဇူးတင်ထိုက်သူ များအားလုံး အား ကျေးဇူး တင်ရှိ ပါကြောင်း ဒီစာမျက်နှာထက်မှ ပြောကြားလိုက်ပါတယ် ။

ချစ်လှစွာသော စာဖတ်သူများခင်ဗျာ --- ကျွန်တော့်ရဲ့ ပထမဆုံးစာအုပ်ကလေးကို အားပေးကြပါဦးး))

စာဖတ်သူများအား အစဉ်လေးစားသောအားဖြင့် ,

သက်တန့်ချို
10 Sep 2012

စာဖတ်ပရိတ်သတ်သူငယ်ချင်းများကို အစဉ်လေးစားသောအားဖြင့်.......................

3 comments:

  1. ကိုသက်တန့်....
    ပြည်ပမှ စာဖတ်ပရိသတ်များအတွက် အထူးသဖြင့် စင်ကာပူ စာဖတ်ပရိသတ်များအတွက် အစီအစဉ်လေးများ ရှိရင် ပြောကြားပေးပါ။ ၀ယ်ယူဖတ်ရှု အားပေးရန် အဆင်သင့်အနေအထားမှာ ရှိနေပါသည်။

    ခင်မင်စွာဖြင့်
    ကိုမျိုး (အညာမြေ)

    ReplyDelete
  2. ကိုသက်တန့်....
    ပြည်ပမှ စာဖတ်ပရိသတ်များအတွက် အထူးသဖြင့် စင်ကာပူ စာဖတ်ပရိသတ်များအတွက် အစီအစဉ်လေးများ ရှိရင် ပြောကြားပေးပါ။ ၀ယ်ယူဖတ်ရှု အားပေးရန် အဆင်သင့်အနေအထားမှာ ရှိနေပါသည်။

    ခင်မင်စွာဖြင့်
    ကိုမျိုး (အညာမြေ)

    ReplyDelete
  3. ရန်ကုန်က သူငယ်ချင်းကို မှာဝယ်ထားခိုင်းတယ်.. အဖုံးလေးကို က ဆွဲဆောင်မှုရှိနေပီ..း)

    ReplyDelete