Monday, September 24, 2012

လူ့သဘာဝ



လူ့သဘာဝ

တစ်ခါတုန်းက ဆရာဝန်တစ်ဦးဟာ ဟောပြောပွဲတစ်ခုမှာ ဟောပြောသူအဖြစ် ဖိတ်ကြားခြင်းခံရတယ် ။ ဟောပြောပွဲဟာ အရက်သောက်သူတွေအတွက် အသိပညာပေး ဟောပြောပွဲဖြစ်တယ် ။ ဆရာဝန်က သရုပ်ဖော်လေးနဲ့ အရက်ဟာ လူတွေရဲ့ကျန်းမာရေး ကိုဘယ်လောက် ထိဆိုးရွားစေနိုင် သလဲ ဆိုတာ ပြဖို့အတွက် ဆုံးဖြတ်လိုက်တယ် ။ သူ့ဟာခွက်ကလေးနှစ်ခွက်ယူလာခဲ့တယ် ။

တစ်ခွက်ထဲမှာ ရိုးရိုးရေ ထည့်ထားပြီး နောက်တစ်ခွက်ထဲမှာ အရက်တွေထည့်ထားခဲ့တယ် ။ ပြီးတော့ သူဟာ တီကောင်တွေကို ရေခွက်ထဲထည့်လိုက်တယ် ။ တီကောင်လေးတွေ လှပစွာရေထဲမှာ ကူးခတ်နေ တာ ကိုလူတိုင်းတွေ့လိုက်ကြတယ် ။ ပြီးတော့ရေမျက်နှာပြင်ပေါ် တက်လာကြတယ် ။

ဆရာဝန်က တီကောင်တွေကို အရက်ခွက်ထဲထည့်လိုက်ပြန်တယ် ။ လူတွေရဲ့မျက်စိရှေ့မှာတင် တီကောင်တွေ တွန့် လိမ်ကြေပျက်သွားတာကိုတွေ့လိုက်ရတယ် ။

ဆရာဝန်က အရက်ဟာလူတွေရဲ့ခန္ဓာကိုယ်ထဲမှာ ဘယ်လို ပြုမှုသလဲဆိုတာ သက်သေပြချင်လို့ ဒီ သရုပ်ဖော်လေးကိုလုပ်ဆောင်ခဲ့တာဖြစ်တယ် ။ သူဟာ နားထောင်နေတဲ့ အရက်သောက် သူတွေ ကို မေးလိုက်တယ် ။

“ အခု လုပ်ပြသွားတဲ့ အထဲကနေ ဘာတွေ သင်ယူမိပါသလဲ ” အနောက်ဆုံးနားက လူတစ်ယောက်က ထပြော တယ် ။

“ အကယ်၍ သင်ဟာ အရက်သောက်မယ်ဆိုရင် သင့်အစာအိမ်ထဲမှာ တုပ်ကောင် သံကောင်တွေ ရှိမှာမဟုတ်တော့ပါဘူး အရက်က ခြေဖျက်လိုက်ပါလိမ့်မယ် ” တဲ့ ။

--------------------------------------------

တကယ်တော့ ဒီသရုပ်ဖော်လေးက ပေးချင်တဲ့ မက်ဆေ့က အဲဒီလိုမဟုတ်ပါဘူး ။ အရက်ရဲ့ ဆိုးကျိုးကိုပြ ချင်တာပါ ။

ဒါပေမယ့် လူတွေဟာ သူတို့ မြင်ချင်တဲ့အရာကိုပဲမြင်ကြတာများတယ်သူတို့ကြားချင်တဲ့အရာကိုပဲ နားထောင် ချင်ကြတာများတယ် ။

သက်တန့်ချို
Selective Listening အားခံစားဘာသာပြန်သည် ။

3 comments:

  1. အန်တီလေးမေခင်September 25, 2012 at 8:31 PM

    လူတွေဟာ သူတို့ မြင်ချင်တဲ့အရာကိုပဲမြင်ကြတာများတယ်သူတို့ကြားချင်တဲ့အရာကိုပဲ နားထောင် ချင်ကြတာများတယ် ပိုစ့်လေးအားပေးသွားပါတယ်ကွယ်
    ခင်တဲ့အန်တီလေးမေခင်

    ReplyDelete
  2. မြတ်နိုးသူ(MUFL)September 25, 2012 at 8:32 PM

    ပိုစ့်ကောင်းလေးအားပေးသွားပါတယ်အကို

    ReplyDelete
  3. လုပ်သင့်တာထက် လုပ်ချင်တာကို ဦးစားပေးတာ လူ့သဘာဝပဲ မောင်သက်တန့်ရေ။
    စိတ်ဓာတ်အစဉ်ကြည်လင်အေးမြပါစေကွယ်။

    မေတ္တာဖြင့်
    အန်တီတင့်

    ReplyDelete