Thursday, September 27, 2012
မေမေ . . . သားစာလေးဖတ်ပေးပါ
မေမေ . . . သားစာလေးဖတ်ပေးပါ
မေမေ ... မေမေအခုအချိန်ဆို ဘာတွေများလုပ်နေမလဲဟင် ဘယ်တွေများ ရောက်နေမလဲ မေမေ ငိုနေမလား ဒါမှမဟုတ် မေမေပျော်နေမလားဟင် . . သားကို သတိရ နေလိမ့်မလားလို့တော့ မ၀ံ့မရဲလေး မျှော်လင့်မိခဲ့ပါတယ် ။
မေမေ . .သားမှတ်မိသေးတာပေါ့ မေမေ့ ၀မ်းကြာတိုက်ထဲ သားရှိနေစဉ်တုန်းက မေမေဆရာဝန်ကြီးနဲ့ ဆွေးနွေးနေချိန်တုန်းကပေါ့မေမေ ... “ ခင်ဗျားမှာ HIV ပိုးရှိနေတယ် ” လို့ပြောလိုက်ချိန် မေမေ တုန်လှုပ်သွားလိုက်တာ ..သားမေမေ့ကို အရမ်းသနားလိုက်တာ ...မေမေ မငိုပါနဲ့လို့ သားလှမ်းလှမ်းပြောနေမိတယ်မေမေ .. ဘာဖြစ်လဲ မေမေ မေမေ့မှာလည်း HIV ပိုးရှိတယ် သားမှာလည်း HIV ပိုးကူးချင်ကူးပါစေ သားမကြောက်ပါဘူးမေမေ ..
မေမေ ..သားကြောက်တာ အဲဒီရောဂါ ပိုးကြောင့်သားလူ့လောက ကို မရောက်ရှိလာမှာကိုပဲ အဲဒီရောဂါပိုးကြောင့် မေမေသားကို အချစ်လျော့သွားမှာကိုပဲ အဒီရောဂါပိုးကြောင့် မေမေ သားကို မပွေ့ဖက်တော့မှာကိုပဲလေ . . .ဒါပေမယ့် မေမေရယ် သားတို့က ကံစီမံရာ လှုပ်ရှားရတဲ့ ရုပ်သေးရုပ်လေးတွေပါမေမေ . .
မေမေ ... သားဆုတောင်းတွေမပြည့်ခဲ့ပါဘူး သားအသက် ၆ လအရွယ် မေမေသားကိုစွန့်ပစ်ဖို့ကြိုးစားခဲ့သေးတယ်နော် ..း(( ဒါပေမယ့် သားမေမေ့ကို အချစ်မလျော့ပါဘူးမေမေ ကံတရားက သားကို လူ့လောကထဲရောက်အောင်တွန်းပို့ခဲ့သေးတယ် ။ မေမေသားကိုစွန့်ပစ်ခဲ့တာကို သားဖက်က ( လူ့လောကထဲ ရောဂါဆိုးကြီးနဲ့မရောက်စေချင်တဲ့ စေတနာကြောင့် ) ဖြစ်လိမ့်မယ်လို့ သား ယုံကြည်ခဲ့မိပါတယ် . . .
မေမေ . . . မေမေ့ဝမ်းဗိုက်ထဲကနေ သားလူ့လောကထဲ စစရောက်ခြင်း မေမေသားကို မနမ်းရှံ့ခဲ့ဘူးနော် သားနားလည်ပါတယ်မေမေရယ် မေမေသားကို စိုက်ကြည့်တဲ့မျက်ဝန်းထဲမှာ မေတ္တာတရားတွေပါနေတာကိုပေါ့ ... သားကတော့ မေ့မေ့မျက်ဝန်းတွေစိုက်ကြည့်ရင်း အပျော်ကြီးပျော်နေခဲ့ရတာပေါ့မေမေ ..
မေမေ .... မှတ်မှတ်ရရ သား အသက် ၅ နှစ်သားအရွယ်မှာပေါ့ အဲဒီညနေခင်းဟာ မိုးတွေသည်းသည်းမည်းမည်းရွာနေခဲ့တယ် မေမေသားကို အိမ်ကြီးထဲမှာ ထားပြီးတစ်ယောက်တည်းထွက်သွားလိုက်တာ ပြန်မလာခဲ့တော့ဘူးနော် ...သားချမ်းလိုက်တာမေမေ ..ဖေဖေကလည်း အရက်မူးမူးနဲ့အိပ်ပျော်နေတဲ့အချိန် မိုးခြိမ်းသံတွေကြားတိုင်း သားကြောက်လိုက်တာ မေမေ ..မေမေ ဘယ်မှာလဲ ..မေမေ ..ဘယ်မှာလဲဟင်
မေမေ ... သားအခုဆို အသက်အရွယ်ရောက်လို့ ဆေးဝါးတွေအကူအညီနဲ့လူ့လောကထဲ စာတွေရေးနေပြီပေါ့မေမေ ...သူငယ်ချင်းတွေက သားအနားမကပ်ချင်ကြပေမယ့် သားကတော့ သူတို့ကို နားလည်ပေးပြီး လုံးဝမမုန်းမိပါဘူးမေမေ ရယ်..သားကိုပွေ့ဖက်ယုံနဲ့သူတို့ မှာ ရောဂါမကူးဘူးဆိုတာ သူတို့သိပေမယ့်သားကို ဘယ်သူကမှ မပွေ့ဖက်ချင်ကြပါဘူးမေမေ ..ရပါတယ်မေမေရယ် ...သားမငိုမိပါဘူး...ငိုချင်တဲ့စိတ်ကို ကြိတ်မှိတ်မြိုသိပ်နေမိဆဲပါ . . မေမေသားစာကို များဖတ်နေမလား မေမေ အခု ဘယ်များရောက်နေလဲ သားသိချင်လိုက်တာမေမေရယ် ..မေမေ့ကို ပြန်တွေ့ချင်တာဟာ မေမေ့ဆီက အခွင့်အရေးတစုံတရာ ရချင်လို့မဟုတ်သလို နမ်းရှိုက်ခွင့်ခံရဖို့လည်းမဟုတ်ပါဘူးမေမေ ...သားကို သားလို့ ခေါ်တဲ့အသံလေးကြားရယုံကလေး....
မေမေ ... သား မေမေ့ကို နောက်ဆုံးအနေနဲ့ တစ်ခုတော့ပြောချင်ပါတယ် ...အဲဒီစကားကို အသက်နဲ့ထပ်တူ ယုံကြည်ပေးပါမေမေ ...
“ သား ..မေမေ့ကို ဘယ်တုန်းကမှ မမုန်းခဲ့ပါဘူး မေမေ ....”
သက်တန့်ချို
ခံစားရေးဖွဲ့သည် ။
စာဖတ်ပရိတ်သတ်သူငယ်ချင်းများကို အစဉ်လေးစားသောအားဖြင့်.......................
6 comments:
  1. အန်တီလေးမေခင်September 27, 2012 at 8:13 PM
    မေမေ........သားစာလေးဖတ်ပေးပါ
    ခင်တဲ့အန်တီလေးမေခင်
    ReplyDelete
  2. မြတ်နိုးသူ(MUFL)September 27, 2012 at 8:15 PM
    မေမေ့ကို နောက်ဆုံးအနေနဲ့ တစ်ခုတော့ပြောချင်ပါတယ် ...အဲဒီစကားကို အသက်နဲ့ထပ်တူ ယုံကြည်ပေးပါမေမေ ...
    “ သား ..မေမေ့ကို ဘယ်တုန်းကမှ မမုန်းခဲ့ပါဘူး မေမေ ....”
    ဖတ်ရင်းနဲ့စိတ်မကောင်းဖြစ်မိပါတယ်
    ReplyDelete
  3. ...သားမငိုမိပါဘူး...ငိုချင်တဲ့စိတ်ကို ကြိတ်မှိတ်မြိုသိပ်နေမိဆဲပါ . .
    ReplyDelete
  4. ...သားမငိုမိပါဘူး...ငိုချင်တဲ့စိတ်ကို ကြိတ်မှိတ်မြိုသိပ်နေမိဆဲပါ . .
    ReplyDelete
  5. အန်တီလေးမေခင်October 1, 2012 at 9:21 PM
    သား အ တွက် ဆို ရင် မေ မေ ဟာ ထာ
    ဝ ရ သူ ရဲ့ ကောင်း ကြီး ပါ သား ရယ် မေ မေ မှာ A to Z ရော ဂါ ရှိ ရင် လည်း သား ကို မွေး ဖြစ် အောင် ကို မွေး မှာ ပါ တောင်း ဆိုး ပ လုံး ဆိုး ကို တောင် ရောင်း စား ရင် ၁၅ ကျပ် ရ တယ်။သား က အ ခု မှ လူ လော က ထဲ စ ရောက် ပြီး အ ပြစ် မ ရှိ တဲ့ သား လေး ကို မေ မေ စွန့် မ ပြစ် ရက် ပါ ဘူး ကွယ်။သက် တန့် ရေ အ ရမ်း ကောင်း တဲ့ ပိုစ် လေး ကို အန် တီ လေး မေ ခင် တ ကယ် ခံ စား ခဲ့ ရ ပြီး ခံ စား ချက် များ စွာ နဲ့ ရေး သွား ပါ တယ် ကွယ်။
    သက် တန့် ရဲ့ စာ ဖတ် ပ ရိ သတ်
    အန် တီ လေး မေ ခင်
    ReplyDelete
  6. ရင်ထဲ ထိတယ် ဆရာရေ
    မေမေ ... သား မေမေ့ကို နောက်ဆုံးအနေနဲ့ တစ်ခုတော့ပြောချင်ပါတယ် ...အဲဒီစကားကို အသက်နဲ့ထပ်တူ ယုံကြည်ပေးပါမေမေ ...
    “ သား ..မေမေ့ကို ဘယ်တုန်းကမှ မမုန်းခဲ့ပါဘူး မေမေ ....”
    ReplyDelete