Tuesday, September 4, 2012

လမ်းခွဲလိုက်လို့ အသဲကွဲသွားတာ ရှက်စရာလား ?

လမ်းခွဲလိုက်လို့ အသဲကွဲသွားတာ ရှက်စရာလား ?



ရည်းစားက ကိုယ့်ကို အဆက်ဖြတ်သွားလို့ ၊ လမ်းခွဲသွားလို့ စိတ်ညစ်နေသူများအတွက် နဲ့ ကိုယ့် ချစ်သူက တစ်ဖတ် သတ်လမ်းခွဲသွားလို့ လူပုံအလယ်မှာ ရှက်နေရတယ်ဆိုတဲ့သူတွေအတွက်

> သမီးရည်းစားလမ်းခွဲတာ ရှက်စရာမဟုတ်ပါဘူး ။ ကြေကွဲစရာလည်းမဟုတ်ပါဘူး ။ အသဲကွဲလို့ အလုပ်ပျက် အကိုင်ပျက် ကိုယ့်တန်ဖိုးတွေ ပျက်နေမှသာ ရှက်စရာပါ ။

> ကိုယ်နဲ့မထိုက်တန်လို့ ကိုယ့် အချစ်ကိုသူလိုက်မမှီလို့ သူ့အချစ်ကအရမ်းနည်းနေလို့ နောက်မှာ ကျန်ခဲ့တယ်လို့ မှတ်ယူလိုက်ပါ ။

> သူက ကိုယ့်ကို စိတ်ကုန်လို့အဆက်ဖြတ်တယ်ဆိုရင်တော့သူ့ကို စွန့်လွှတ်လိုက်ပါ ။ အချိန်ကုန်ခံပြီး ခံစား မနေပါနဲ့

> ကိုယ့်ဘ၀တိုးတက်ဖို့အတွက်အချစ်ထက်အရေးတကြီးလုပ်စရာတွေအများကြီးရှိပါသေးတယ် ။

> သံယောဇဉ်ဆိုတာ တကယ်တော့ လမ်းခွဲလိုက်တဲ့အခါ မှာ ပူလောင်တဲ့ မီးတစ်စနဲ့တူတယ်။ အဲဒီသံယောဇဉ်ကို အကောင်းဆုံးကုစားနိုင်ဖို့က စိတ်ကို တည်ငြိမ်အောင်ထားပြီး အရှိကို အရှိအတိုင်းလက်ခံဖို့က အရေးကြီးပါတယ် ။

> ကိုယ့်ကို စွန့်လွှတ်သွားတဲ့သူကို တမ်းတနေဖို့မလိုသလို မုန်းနေဖို့လည်းမလိုပါဘူး ။ အပေါစားဆန် တဲ့အ ချစ်ကြောင့် ကိုယ့်ကိုယ်ကို (သူ့ကိုမုန်းနေတယ်ဆိုတဲ့ ) အမုန်းမီးတွေနဲ့မလောင်မြိုက်ပါစေနဲ့ ။

> သတိရတာ လွမ်းတာ တမ်းတတာတွေအားလုံးကို နာကျည်းမှုနဲ့ဖြေဖျောက်ပြီး မေ့နိုင်အောင်ကြိုးစားပါ ။

> ကိုယ့်အချစ်နဲ့ တန်းတူညီမျှ သူမလိုက်နိုင်တာ သူ့အချစ်က အရမ်းနိမ့်ကျနေတဲ့အတွက်ဖြစ်တယ် ။ ထားခဲ့ လိုက် ပါ ။ နေ၀င်သွားတဲ့ ညနေခင်းတိုင်းအတွက် နေ့သစ်တွေလာမယ့် မနက်ခင်းဆိုတာ ရှိတယ် ။

> အချိန်တိုင်းမှာ အချစ်အကြောင်း အလွမ်းအကြောင်း စဉ်းစားနေတဲ့ စိတ်ကို စွန့်ပယ်လို့ အသည်းကွဲဝေဒနာကို အကျိုးရှိတဲ့အလုပ်တွေ ကိုယ့်ဘ၀ တိုးတက်ရေးအတွက် လူသားအကျိုး ဘာသာ သာသနာအ ကျိုးကိုဆောင် ရွက်ဖို့အတွက်ကိုယ့်ရဲ့အဖိုးတန် အချိန်တွေကို အသုံးချရမယ်

> လုပ်ယူလို့ရတဲ့အထဲမှာ အချစ်ရယ် ဖူးစာရယ်မပါဘူး ။ ဘ၀ အဆက်ဆက်က ဖြည့်ဆည်းလာတဲ့ ပါရမီတွေရင့် သန်မှသာ ဖူးစာစစ်ကိုရှာတွေ့နိုင်မယ် ။

> ကိုယ့်ကိုထားသွားလို့ ကျမယ့်မျက်ရည်တွေကို သုတ်လိုက်ပါ ။ ကောင်းကင်မှာ ကြယ်စင်တွေအများကြီး သင့် ကို စောင့်ကြိုနေတယ် ။ နံနက်ခင်းရဲ့ လေပြည်ကို ရှုရှိုက်ပြီး ဘ၀အတွက် ခွန်အားတွေမွေးဖွားပါ ။

သက်တန့်ချို

စာဖတ်ပရိတ်သတ်သူငယ်ချင်းများကို အစဉ်လေးစားသောအားဖြင့်.......................

13 comments:

  1. အမယ် သူက အချစ်အကြောင်း ကို ထုံးလိုချေ ရေလိုနောက်
    ထားသလားထင်ရတယ် အသဲကွဲဖူးလို့ လား
    တကယ်ချစ်ပြီး တကယ်အသဲကွဲဖူးမှ သိမှာ
    တခါလောက်တော့အသဲကွဲပါစေ
    ဒါမှ မှန်မှန်ကန်ကန် တွေးနိုင်မှာ

    ReplyDelete
  2. ခွန်အားတွေအများကြီးရရှိစေပါတယ်။

    ReplyDelete
  3. ကိုသက်တန့်ရဲ့ စာတွေက ဗဟုသုတ တခုခုပေးခဲ့တာချည်းပါပဲ
    ကျေးဇူးအများကြီးတင်တယ်

    ReplyDelete
  4. သူကြီးရေ အသည်းကွဲနေလို့ ရေးတဲ့ပိုစ်မဟုတ်ပါဘူးနော် :)

    ReplyDelete
  5.့ မြတ်နိုးသူ(MUFL)September 7, 2012 at 9:18 PM

    ကိုယ်နဲ့မထိုက်တန်လို့ ကိုယ့် အချစ်ကိုသူလိုက်မမှီလို့ သူ့အချစ်ကအရမ်းနည်းနေလို့ နောက်မှာ ကျန်ခဲ့တယ်လို့ မှတ်ယူလိုက်ပါ ကိုယ့်ဘ၀တိုးတက်ဖို့အတွက်အချစ်ထက်အရေးတကြီးလုပ်စရာတွေအများကြီးရှိပါသေးတယ် ။အားပေးသွားတယ်အကိုမှတ်သားစ၇ာလေးတွေပါ

    ReplyDelete
  6. အန်တီလေးမေခင်September 7, 2012 at 9:42 PM

    လူငယ်တွေအတွက်ဗဟုသုတ(သို.)ရသတခုခုတော.မှတ်သားစရာပိုစ်.
    တွေကျန်အောင်ရေးပေးလို.လူငယ်များကိုယ်စားကျေးဇူးပါကွယ်
    ခင်တဲ.အန်တီလေးမေခင်

    ReplyDelete
  7. စာသားတွေကတော့ လန်းပါ့ မောင်သက်တန့်ရေး)
    စိတ်ဓာတ်အစဉ်ကြည်လင်အေးမြပါစေကွယ်။

    မေတ္တာဖြင့်
    အန်တီတင့်

    ReplyDelete
  8. အန်တီလေးမေခင်September 8, 2012 at 5:44 PM

    ကိုယ့်ကိုထားသွားလို့ ကျမယ့်မျက်ရည်တွေကို သုတ်လိုက်ပါ ။ ကောင်းကင်မှာ ကြယ်စင်တွေအများကြီး သင့် ကို စောင့်ကြိုနေတယ် ။
    နံနက်ခင်းရဲ့ လေပြည်ကို ရှုရှိုက်ပြီး ဘ၀အတွက် ခွန်အားတွေမွေးဖွားပါ ။
    ကောင်းသောစာပိုစ်.လေးပါအားပေးလျှက်
    ခင်တဲ.အန်တီလေးမေခင်

    ReplyDelete
  9. အန်တီလေးမေခင်September 9, 2012 at 3:50 PM

    ကိုယ့်ကိုထားသွားလို့ ကျမယ့်မျက်ရည်တွေကို သုတ်လိုက်ပါ ။ ကောင်းကင်မှာ ကြယ်စင်တွေအများကြီး သင့် ကို စောင့်ကြိုနေတယ် ။ နံနက်ခင်းရဲ့ လေပြည်ကို ရှုရှိုက်ပြီး ဘ၀အတွက် ခွန်အားတွေမွေးဖွားပါ ။
    ကောင်းသောပိုစ့်လေးအားပေးသွားပါတယ်ခင်တဲ့အန်တီလေးမေခင်

    ReplyDelete
  10. သက်တန့်ချို
    အရေးသားက လေးစားစရာ
    အလေးထား စဉ်းစားတာက
    ဆရာတင်ဖို့
    မိုးစက်မှုန်လေးတွေရဲ့ အလှကို မီးမောင်ထိုးပြတဲ့ နေမင်းကြီးရဲ့ ရောင်ခြည်ကြောင့် ထွက်ပေါ်လာတဲ့အရာ
    လူတွေရဲ့ ယုံကြည်မှုနဲ့ ပျော်ရွှင်မှုကို ပေးစွမ်းနိုင်တဲ့ အရာ
    ချိုမြိန်တဲ့ အရသာတခုပေါင်းလိုက်တော့ လောကကြီးကို ပြီးပြည့်စုံစေတဲ့အရာက
    သက်တန့်ချို…
    အစဉ်လေးစားအားပေးလျှက်ပါ

    ReplyDelete
  11. အချစ်ကလုပ်ယူလို့ မရသလို လူတစ်ယောက်ကို မုန်းမေ့ဖို့က ပိုခက်မယ်နော်

    ReplyDelete
  12. အရမ်းကောင်းတာပဲ

    ReplyDelete
  13. နာကြည်းချက်​​တွေနဲ့​ဖြေ​ဖျောက်​လို့မရရင်​​ကော အကိုသက်​တန့်

    ReplyDelete