Thursday, September 27, 2012

ရောင်စုံဘောလုံးလေးတွေ



ရောင်စုံဘောလုံးလေးတွေ

တစ်ခါတုန်းက လူတစ်ယောက်ဟာ ပျော်ပွဲရွှင်ပွဲတွေမှာ ရောင်စုံဘောလုံးလေးတွေရောင်းရင်းအသက်မွေးဝမ်းကြောင်းပြုတယ် ။ သူ့မှာ ဘောလုံးအနီရောင် အ၀ါရောင် အစိမ်းရောင်အပြာရောင် အဖြူရောင် စတဲ့ ရောင်စုံရှိတယ် ။

သူဟာ ဘောလုံးလေးတွေအ၀ယ်ပါးတဲ့နေ့ဆိုတရင်သူ့လက်ထဲက ဘောလုံးတစ်လုံးကို လေထဲကို လွှတ်တင်လိုက်တယ် ။အဲဒီအခါ ပျော်ပွဲရွှင်ပွဲကကလေးတွေက သဘောကျပြီး သူ့ဆီမှာ ဘောလုံးတွေလာဝယ်ကြတဲ့အခါ ရောင်းအားလည်းပြန်တက်လာခဲ့တယ် ။

နေ့စဉ်နေ့တိုင်း သူဟာရောင်းအားကျတဲ့နေ့တွေဆိုရင် သူ့လက်ထဲက ဘောလုံးတွေထဲက တစ်လုံးကို လေထဲ လွှတ်တင်ပြီးကလေးတွေကို ဆွဲဆောင်လေ့ရှိတယ် ။တစ်နေ့ တော့ သူဘောလုံးရောင်းနေရင်း ကလေးတစ်ယောက်က သူ့ကို အနောက်ကနေ လှမ်းဆွဲလိုက်တာသတိထားမိလိုက်တယ် ။

သူလှည့်ကြည့်လိုက်တော့ ကလေးငယ်က သူ့ကိုမေးတယ် ။

“ ဦးဦး.... ဦးဦး လက်ထဲက ဘောလုံး အနက်ရောင်လေးကရော တခြား ရောင်စုံဘောလုံးတွေလို လေပေါ်တက်နိုင်လားဟင် ”

ဘောလုံးရောင်းတဲ့သူက ညှင်သာစွာ ပြုံးပြလိုက်ပြီး ကလေးကိုပြောတယ် ။

“ သားရေ . . လေပေါ်ကို ပျံတက်နိုင်တာဟာ ဘောလုံးတွေရဲ့အရောင်ကြောင့်မဟုတ်ပါဘူး ..ဘောလုံးထဲမှာ ထည့်ထားတဲ့ ဟီလီယံ ဓါတ်ငွေ့တွေကြောင့်ပါ ဒါကြောင့် အနက်ဖြစ်စေ အနီဖြစ်စေ အပြာဖြစ်စေ အထဲမှာ လေပေါ်ပျံတက်နိုင်တဲ့အစွမ်းသတ္တိရှိတဲ့ ဓါတ်ငွေ့တွေထည့်ထားရင် ပျံတက်နိုင်ပါတယ် ”

--------------------------------------

အပြင်ပုံပန်းသဏ္ဍာန်တွေနဲ့ လူတွေကို အကဲဖြတ်လို့မရသလို အစွမ်းအစကိုလည်းဆုံးဖြတ်ပေးလို့မရဘူး ။ အောင်မြင်ခြင်းနဲ့ အမြင့်ပေါ်ပျံတက်နိုင်တဲ့အစွမ်းဟာ ပုံသဏ္ဍန်ပေါ်မူတည်နေတာမဟုတ်ဘူး ။ အတွင်းက ပျံတက်နိုင်တဲ့အစွမ်းသတ္တိ အရည်အချင်းတွေ ကြောင့်သာဖြစ်တယ် ။

သင်ရော . . . အပြင်ပန်းလှအောင်ကြိုးစားနေတဲ့လူတစ်ယောက်လား ...အတွင်းက စိတ်နှလုံးသား မြင့်မြတ်အောင် အစွမ်းသတ္တိရှိအောင် ကြိုးစားနေတဲ့သူတစ်ယောက်လား ?

သက်တန့်ချို
The Man Who Sells Balloons အားခံစားဘာသာပြန်သည် ။ 

 စာဖတ်ပရိတ်သတ်သူငယ်ချင်းများကို အစဉ်လေးစားသောအားဖြင့်.......................

4 comments:

  1. အန်တီလေးမေခင်September 27, 2012 at 8:17 PM

    အပြင်ပုံပန်းသဏ္ဍာန်တွေနဲ့ လူတွေကို အကဲဖြတ်လို့မရသလို အစွမ်းအစကိုလည်းဆုံးဖြတ်ပေးလို့မရဘူး ။ အောင်မြင်ခြင်းနဲ့ အမြင့်ပေါ်ပျံတက်နိုင်တဲ့အစွမ်းဟာ ပုံသဏ္ဍန်ပေါ်မူတည်နေတာမဟုတ်ဘူး ။ အတွင်းက ပျံတက်နိုင်တဲ့အစွမ်းသတ္တိ အရည်အချင်းတွေ ကြောင့်သာဖြစ်တယ်
    အားပေးလျက်ခင်တဲ့အန်တီလေးမေခင်

    ReplyDelete
  2. မြတ်နိုးသူ(MUFL)September 27, 2012 at 8:20 PM

    အောင်မြင်ခြင်းနဲ့ အမြင့်ပေါ်ပျံတက်နိုင်တဲ့အစွမ်းဟာ ပုံသဏ္ဍန်ပေါ်မူတည်နေတာမဟုတ်ဘူး ။ အတွင်းက ပျံတက်နိုင်တဲ့အစွမ်းသတ္တိ အရည်အချင်းတွေ ကြောင့်သာဖြစ်တယ်
    မှတ်သားစရာလေးများအားပေးသွားပါတယ်

    ReplyDelete