Friday, September 7, 2012

“ ကျေးဇူးပြုပြီး ငါတို့ကိုနမ်းရမှာ မရှက်ပါနဲ့”

“ ကျေးဇူးပြုပြီး ငါတို့ကိုနမ်းရမှာ မရှက်ပါနဲ့”



ငါတို့အိုမင်းသွားတဲ့အခါ “ ကူညီထောက်ပံ့ ” တယ်ဆိုတဲ့စကားကိုမသုံးပါနဲ့ မင်းတို့ငယ်ငယ်တုန်းက ငါတို့သုံးနှုန်း ခဲ့တာ “ ကျွေးမွေးပြုစု ” တယ်ဆိုတဲ့စကားလုံးပါ ။ ငါတို့ဟာ သားသမီးတွေ ရဲ့ ထောက်ပံ့မှုနဲ့ရပ် တည်ချင် တဲ့သူတွေမဟုတ် ၊ သားမီးတွေကိုသာ လိုအပ်တဲ့အရာမှန် သမျှ ထောက်ပံ ကူညီပေးချင်နေသူတွေပါ ။

ငါတို့ လိုအပ်တာတွေရှိတဲ့အခါ မငြူစူကြပါနဲ့ ။ မင်းတို့ လိုအပ်တာတွေရှိနေတဲ့အခါတိုင်း ငါတို့က “ လိုအပ်ချက် ” လို့ မမြင် ပဲ “ အကောင်းအတိုင်း ” မြင်ပြီး လက်ခံခဲ့ယုံသာမက အရာ ရာချောမွေ့အောင်ဖြည့် ဆည်းပေးခဲ့ကြတာပါ ။

ငါတို့ ဆီး ၊ ၀မ်းတွေမထိမ်းနိုင်လို့ မင်းတို့ သုတ်သင်ရတဲ့အခါ ငါတို့ကို မရွံ့ရှာပါနဲ့ မင်းတို့ ငယ်ငယ်တုန်း ကတည်းက မင်းတို့ ဆီး ၀မ်းတွေကို ဖေဖေရော မေမေရော အိပ်ရေးပျက်ခံလို့ ချစ်ခင်ယုယစွာ သုတ် သင်ပေးခဲ့ကြတာပါ ။

ငါတို့ ချီတုံချတုံနဲ့ တုန်တုန်ရီရီဖြစ်နေတဲ့အခါ မင်းတို့ စိတ်မရှည်မဖြစ်ပါနဲ့။ မင်းတို့ လမ်းမလျှောက် တတ်ခင်ကတည်းက လမ်းလျှောက်တုန်အောင် ခြေမခိုင်သေးတဲ့ကလေးကိုခြေခိုင်အောင် ငါတို့ ပြုစု ထိမ်းကျောင်းခဲ့ကြတာပါ ။

ငါတို့ ဆင်းရဲလို့ မင်းတို့ အပစ်မတင်ပါနဲ့ ။ မိဘတွေက သားသမီးတွေကို ရွေးချယ်ခဲ့တာမဟုတ်သလို သားသ မီးတွေကလည်း မိဘတွေကို ရွေးချယ်ခဲ့ကြတာမဟုတ်ဘူး ။ အတိတ်ဘ၀က ပြုလုပ်ခဲ့တဲ့ ပါရမီတွေ ရေ စက်တွေကြောင့်သာ ငါတို့အခုဘ၀မှာ နွေးထွေးတဲ့ မိဘနဲ့သားသမီးဘ၀ကိုရနေရခြင်းဖြစ်တယ် ။

ငါတို့ ခေတ်ပေါ် အသုံးအဆောင်တွေမသုံးတတ်လို့ မင်းတို့ မကဲ့ရဲ့ပါနဲ့ ။ မင်းတို့ကို သင်ပေးခဲ့တဲ့ လူ့ဘ၀ သင်ခန်းစာတွေ က ခေတ်ပေါ်အသုံးအဆောင်တွေထက် ပို ခေတ်မှီပါတယ် ။ အဲဒါကို “ လောကနီတိ ” လို့ခေါ်တယ် ။

ငါတို့ စကားများတဲ့အခါ နားငြီးတယ်ဆိုပြီး မင်းတို့ မငြူစူပါနဲ့ ။ မင်းတို့ တွတ်တီးတွတ်တာ စကားလုံးတွေကို ငါတို့ က ကြည့်ပြီး တစ်နေ့တာ မောပန်းတာတွေပြေပျောက်ခဲ့ရတယ် ။

ငါတို့ကို ခြေဆုပ်လက်နယ်ပြုစုရတဲ့အခါ “ ငယ်ငယ်က ပြုစုခဲ့ပေးလို့ အခုပြန်ပြီး ပြုစုပေးရတယ် ” ဆိုတဲ့ အတွေးမျိုးမ၀င် ပါနဲ့ ။ မိဘနဲ့သားသမီးကြားချည်နှောင်ထားတဲ့ မေတ္တာတရားဟာ အပြန်အလှန် သဘော မျိုးမဟုတ်ဘူး ။

ငါတို့ကို ဘာလိုအပ်သလဲလို့ ခဏခဏမမေးပါနဲ့ ။ မင်းတို့ အဆင်ပြေပြေ စိတ်ချမ်းချမ်းသာသာ နဲ့ ဘ၀ကို ဖြတ်သန်းနေ ရတယ်ဆိုရင် ငါတို့ရဲကအကြီးကျယ်ဆုံးချမ်းမြေ့မှုပါပဲ ။

ငါတို့ကို နမ်း ရမှာ မင်းတို့ မရှက်ပါနဲ့ ။ မင်းတို့ငယ်ငယ်တုန်းက ခဏခဏ နမ်းရှိုက်ခဲ့ရတာ ငါတို့ပါ ။ မင်းတို့ အိပ်ပျော်နေ တဲ့အချိန်လေးမှာ ခိုးခိုးနမ်းရတာလည်း ငါတို့ မိဘတွေရဲ့ အကြည်နူးရ ဆုံးအချိန်အ ခိုက်အတန့် လေးတွေပါပဲ ။

သက်တန့်ချို
(မိဘ များကိုယ်စားခံစားရေးဖွဲ့သည် )

12 comments:

  1. အရမ်းကောင်းတဲ့ စာသားလေးပါ အရမ်းကောင်းတယ်။

    ReplyDelete
  2.့ မြတ်နိုးသူ(MUFL)September 7, 2012 at 9:25 PM

    ငါတို့ ဆင်းရဲလို့ မင်းတို့ အပစ်မတင်ပါနဲ့ ။ မိဘတွေက သားသမီးတွေကို ရွေးချယ်ခဲ့တာမဟုတ်သလို သားသ မီးတွေကလည်း မိဘတွေကို ရွေးချယ်ခဲ့ကြတာမဟုတ်ဘူး ။ အတိတ်ဘ၀က ပြုလုပ်ခဲ့တဲ့ ပါရမီတွေ ရေ စက်တွေကြောင့်သာ ငါတို့အခုဘ၀မှာ နွေးထွေးတဲ့ မိဘနဲ့သားသမီးဘ၀ကိုရနေရခြင်းဖြစ်တယ်အားပေးသွားပါတယ်

    ReplyDelete
  3. အန်တီလေးမေခင်September 7, 2012 at 9:33 PM

    မိဘများကိုယ်စားခံစားရေးဖွဲ.တင်ပေးတဲ.ပိုစ်.လေး
    အားပေးသွားပါတယ်။ကျေးဇူးလည်းတင်ပါတယ်ကွယ်။
    ခင်တဲ.အန်တီလေးမေခင်

    ReplyDelete
  4. မိဘနေရာရောက်နေတဲ့သူမို့ ဖတ်ရတာကြည်နူးစရာပါ မောင်သက်တန့်ရေ။
    တစ်နေ့နေ့တစ်ချိန်ချိန် မိဘနေရာရောက်လာမဲ့ သားသမီးတွေ ဖတ်သင့်တယ်။
    စိတ်ဓာတ်အစဉ်ကြည်လင်အေးမြပါစေကွယ်။

    မေတ္တာဖြင့်
    အန်တီတင့်

    ReplyDelete
  5. အန်တီလေးမေခင်September 8, 2012 at 11:02 AM

    မိဘများကိုယ်စားခံစားရေးဖွဲ.ထားတဲ.ပိုစ်.ကောင်းလေးတပုဒ်
    ဝေမျှခံစားအားပေးသွားပါတယ်ကွယ်။
    ခင်တဲ.အန်တီလေးမေခင်

    ReplyDelete
  6.့ မြတ်နိုးသူ(MUFL)September 9, 2012 at 7:23 PM

    မိဘနဲ့သားသမီးကြားချည်နှောင်ထားတဲ့ မေတ္တာတရားဟာ အပြန်အလှန် သဘော မျိုးမဟုတ်ဘူး ။မှတ်သားသွားပါတယ်အကိုအရမ်းကောင်းပါတယ်ရေးထားတာလေးတွေ

    ReplyDelete
  7. အန်တီလေးမေခင်September 9, 2012 at 7:28 PM

    မိဘများကိုယ်စားခံစားရေးဖွဲ.ထားတဲ.ပိုစ်.လေး
    အားပေးသွားပါတယ်ကွယ်။ကျေးဇူးပါမောင်သက်တန်.
    ခင်တဲ.အန်တီလေးမေခင်

    ReplyDelete
  8. သိပ်ဟုတ်ပါပေတယ်ဂျာ...

    ReplyDelete
  9. အစ်ကိုသက်တန့်ချိုခင်ဗျာ..
    အစ်ကို့ဘလော့လေး မှာ www.aungkyaw.com ဆိုဒ်လေးကိုကြေငြာ
    ပေးပါလားခင်ဗျာ.. ကျွန်တော့်ဆိုဒ်လေးပါ.. ဆော့ဝဲမြို့တော်လေးပါ
    ဆော့ဝဲပေါင်း ၇၀၀ ကျော်ရှိပါတယ်ဗျာ..
    လေးစားလျှက် အောင်ကျော်(ပုသိမ်)

    ReplyDelete
  10. စိုးသူရ(ရွှေမန်းသား)September 10, 2012 at 2:01 PM

    အ ရမ်း ကောင်း တယ် ဗျာ ။

    ReplyDelete
  11. ရင်ထဲကို တိုက်ရိုက်ထိမှန်သွားတဲ့
    စကားလုံးတွေပါ
    ကျေးဇူးတင်စွာဖြင့်....

    ReplyDelete
  12. ကျွန်တော်ပြောမယ့်စကားတွေအားလုံးပြောသူတို့ပြောသွားတယ် . . . . :)
    အားပေးဖတ်ရှူ့သွားပါတယ် . . .

    ReplyDelete