Tuesday, September 18, 2012

အခွင့်အရေးကို အခွင့်အရေးမှန်းသိတတ်ပါစေ

အခွင့်အရေးကို အခွင့်အရေးမှန်းသိတတ်ပါစေ




တစ်ခါတုန်းက မြို့ငယ်လေးတစ်မြို့ဟာ ရေလွှမ်းမိုးမှုအခြေအနေနဲ့ကြုံတွေ့နေရတယ် ။ မြို့သူမြို့သားတွေ အားလုံး အဲဒီမြို့လေးကို စွန့်ခွာသွားကြပေမယ့် လူတစ်ယောက်ကတော့ ကျန်နေခဲ့တယ် ။ အဲဒီလူကပြောတယ် “ ဘုရားသ ခင်က ငါ့ကိုကယ်မှာပါ ငါသူ့ကိုယုံကြည်တယ် ”

ဒီလိုနဲ့ မြို့လေးထဲ ကို ရေတွေတဖြည်းဖြည်းမြင့်တက်လာတယ် ။ အဲဒီအချိန်မှာ ကယ် ဆယ်ရေး မော်တော် ယာဉ်တစ်ဦးရောက်လာပြီး အဲဒီလူကို ကယ်ဆယ်ဖို့လုပ်တယ် ။ ဒါပေမယ့် အဲဒီလူက ငြင်း ဆန်လိုက်ပြီး “ ဘုရားသခင်က ငါ့ကို ကယ်လိမ့်မယ် ငါ့သူ့ကိုယုံကြည်တယ် ” လို့ပဲပြောလိုက်တယ် ။ သူဟာ တိုက်ခေါင် မိုးပေါ်အထိတက်သွားလိုက်တယ် ။ ရေတွေကလည်းမြို့ထဲကို မြုပ်လုနီးနီးတက်လာပါပြီ ။

လှေတစ်စီးရောက်လာပြီး အဲဒီလူကိုကယ်ဖို့လုပ်တယ် ။ နောက်တစ်ကြိမ်း သူက ထပ်ငြင်းလိုက်ပြီး “ ငါဘုရားသခင် ကိုယုံတယ် သူငါ့ကိုကယ်လိမ့်မယ် ” လို့ပဲ အထပ်ထပ်ရွတ်နေတော့တယ် ။ ရေတွေက တအား ကိုမြင့်တက်လာပါပြီ သူဟာ အမိုးထိပ်စွန်းလေးကိုရောက်လာခဲ့တယ် ။ အဲဒီအချိန်မှာပဲ ရဟတ်ယာဉ် တစ်စင်းရောက်လာပြီး သူ့ကိုကယ်ဖို့လုပ်ပါတယ် ။ သူက ထပ်ငြင်းလိုက်ပြန်တယ် ။ “ ငါ့ကို ဘုရားသခင် ကယ်မှာ ပါ ငါဘုရားသခင်ကိုယုံကြည်တယ် ”

နောက်ဆုံး သူ ရေနစ်ပြီး သေသွားခဲ့ရတယ် ။ သူဟာ သေပြီးတဲ့နောက် ဘုရားသခင်နဲ့တွေ့တဲ့အခါ ဘုရားသခင်ကို ဒေါသတကြီးမေးခဲ့တယ် ။ “ ကျွန်တော်ခင်ဗျားကို အရမ်းကို ယုံကြည်ခဲ့တယ် ဒါပေမယ့် ဘာကြောင့် ကျွန်တော့်ဆုတောင်းမှုတွေကို လစ်လျှုရှုထားရပါသလဲ ကျွန်တော့်ကို ဘာကြောင့်ရေနစ်သေစေ ရတာလဲ ” အဲဒီအခါ ဘုရားသခင်က ပြန်ဖြေတယ် “ မင်းကို ငါကယ်ဆယ် ဖို့ မော်တော် ယာဉ်တစ်စီးရယ် လှေတစ်စီးရယ် ရဟတ်ယာဉ်တစ်စီးရယ်ကို ငါ ပို့ခဲ့တာပဲ မင်းဘာလို့ ငြင်ဆန်ခဲ့တာလဲ ” တဲ့ ။

----------------------------------------------

စောင့်မျှော်ခြင်း ၊ မျှော်ကိုးခြင်း နဲ့ ဆုတောင်းခြင်းဆိုတဲ့အရာတွေထက် လက်တွေ့လုပ်ဆောင်ခြင်း ၊ ပြင်ဆင်ခြင်းနဲ့ ကြံစည်တွေးတောခြင်းတို့က ပိုပြီး ထိရောက်တယ် ။ ယုံကြည်မှုဆိုတာ အခြေအနေနဲ့အချိန်အခါပေါ်မူတည်ပြီး အကျိုးအကြောင်းတွေကို ဆင်ခြင်သုံးသပ်နိုင်ရမယ် ။ ဘ၀မှာ ဆုတောင်းနေယုံ တစ်ခုတည်းနဲ့ ဘာမှဖြစ်မလာနိုင်ဘူး လက်တွေ့ကျတဲ့လုပ်ဆောင်မှုတွေကမှသာ ကိုယ့်ရဲ့ လွတ်လမ်းကို ဖော်ဆောင်စေတယ် ။

သက်တန့်ချို
LUCK FAVORS THOSE WHO HELP THEMSELVES အားခံစားဘာသာပြန်သည် ။

မှတ်ချက် - ဒီစာလေးကို ရေးဖူးသူအများကြီးရှိမှာပါ အခုလည်းမဖတ်ရသေးသူများအတွက် ဘာသာပြန်ပြီး တင်ပေးလိုက်ပါတယ် ။

စာဖတ်ပရိတ်သတ်သူငယ်ချင်းများကို အစဉ်လေးစားသောအားဖြင့်.......................

6 comments:

  1. အန်တီလေးမေခင်September 18, 2012 at 9:24 PM

    ဘ၀မှာ ဆုတောင်းနေယုံ တစ်ခုတည်းနဲ့ ဘာမှဖြစ်မလာနိုင်ဘူး လက်တွေ့ကျတဲ့လုပ်ဆောင်မှုတွေကမှသာ ကိုယ့်ရဲ့ လွတ်လမ်းကို ဖော်ဆောင်စေတယ်
    မောင်သက်တန့်ရေအားပေးသွားပါတယ်ကွယ်
    ခင်တဲ့အန်တီလေးမေခင်

    ReplyDelete
  2. မြတ်နိုးသူ(MUFL)September 18, 2012 at 9:25 PM

    စောင့်မျှော်ခြင်း ၊ မျှော်ကိုးခြင်း နဲ့ ဆုတောင်းခြင်းဆိုတဲ့အရာတွေထက် လက်တွေ့လုပ်ဆောင်ခြင်း ၊ ပြင်ဆင်ခြင်းနဲ့ ကြံစည်တွေးတောခြင်းတို့က ပိုပြီး ထိရောက်တယ် အားပေးလျက်ပါအကို

    ReplyDelete
  3. အားပေးလျှက်ပါ။

    ReplyDelete
  4. အားပေးလျှက်ပါ။

    ReplyDelete
  5. The guidelines you provided listed below are extremely precious. It been found this type of pleasurable surprise to obtain that expecting me when I woke up today. They're constantly to the issue easy to learn. Thanks a large amount for any valuable ideas you've got shared right here.

    ReplyDelete