Tuesday, October 2, 2012

ကျုပ်တို့ဟာ သိပ်သနားဖို့ကောင်းတဲ့ကောင်တွေ



ကျုပ်တို့ဟာ သိပ်သနားဖို့ကောင်းတဲ့ကောင်တွေ

ခင်ဗျားတို့သိလား . . ကျုပ်တို့ဟာ သိပ်သနားဖို့ကောင်းတဲ့ကောင်တွေ
ဒေါ်လာ ၂၀၀၀ တန်လောက်ကားတစ်စီးကို ဒေါ်လာ တစ်သောင်းကျော်ပေးဝယ်ရ
တူးသောင်ဇင်န် ဆဲဗန်း အထက် -- ကညန/ CIF / ( ခေါင်းတွေ မူး )
ဒီကြားထဲ ဖြတ်သန်းရတဲ့အဆင့်ကများ---လှော်သင့်တာလှော် --ကြော်သင့်တာကြော်
ကျုပ်တို့ဟာသိပ်သနားဖို့ကောင်းတဲ့ကောင်တွေ

ဒေါ်လာ ငါးကျပ်တန် ဆင်းန်ကဒ်တွေကို ဒေါ်လာ ၂၀၀ ကျော်ပေးဝယ်ရ
ပုရွှက်ဆိတ်တွေအစာငတ်လို့ တန်းစီနေကြသလိုမျိုး -- အဆူအငေါက်ခံခဲ့ရ
ကျုပ်တို့ဟာ သိပ်သနားဖို့ကောင်းတဲ့ကောင်တွေ
ခင်ဗျားတို့သိလား ....

ရန်ကုန်ဟာ Crisis ဖြစ်နေပြီ -- ကမ္ဘာအေးလမ်းကြောဟာ Crisis ဖြစ်နေပြီ
ကျုပ်တို့ ဟာ သိပ်သနားဖို့ကောင်းတဲ့ကောင်တွေ -- ကိုယ့်အားကိုယ်ကိုး
တိုးတိုးပြီး တန်းစီ --- ရှေ့ကမထွက်နိုင်သေး နောက်မှာ စုပုံပေး
ကျုပ်တို့ဟာ သိပ်သနားဖို့ကောင်းတဲ့ကောင်တွေ

လှည်းတန်းဟာ Crisis ဖြစ်နေပြီ ဂုံးကျော်တံတားတွေ Crisis ဖြစ်နေပြီ
ပြွတ်သိပ်ကြပ်ညပ်သော ရထားတွဲတွေဟာ ရန်ကုန်ထဲမှာ ဟုတ်ရဲ့လား
ဘယ်ကို ခရီးဆက်နေကြ -- ဘယ်ဘူတာမှာ အဆုံးသတ်ရပါ့
ကျုပ်တို့ဟာ သိပ်သနားဖို့ကောင်းတဲ့ကောင်တွေ

ဆယ်မိနစ်စာ အကွာအဝေးကို မိနစ်လေးဆယ်လောက် Crisis ဖြစ်တယ်
ရန်ကုန်မှာ Action မရှိတော့ဘူး ရန်ကုန်မှာ Plan မရှိတော့ဘူး
ကျုပ်တို့ဟာ Crisis တွေကို သယ်ပိုက်ထားရတဲ့ကောင်တွေ
အေးဂျင့်တွေက အမြဲတမ်းအားဂျန့် --အလျှင်လိုလို --
ဘယိလိုခေတ်ကြီးထဲများ ရောက်နေရသလဲ

ခင်ဗျားတို့သိလား ..ကျုပ်တို့လည်းသိပ်အားကျတယ်
ဒီကထွက်သွားသူတွေကို အပစ်မဆိုနဲ့ ဒီကိုပြန်မလာကြသူတွေကို အပစ်မဆိုနဲ့
ခင်ဗျားတို့သိလား ကျုပ်တို့လည်း သိပ်လိုချင်တပ်မက်ကြတယ်
ဒေါ်လာ ၂၀၀၀ တန်ကား -- ဒေါ်လာ ၅ ကျပ်တန် ဆင်းန်ကဒ်
ဒေါ်လာ ၅၀၀ တန် အကြွေးဝယ်ကဒ် -- အိုင်ဖုန်းဖိုက် နဲ့စက်ရုပ်နံပတ် သရီး
ကျုပ်တို့ဟာ သိပ်သနားဖို့ကောင်းတဲ့ကောင်တွေ ...

Down Payment တွေ ခေတ်စားလာ --- HP တွေခေတ်စားလာ
ဘဏ်တွေခေတ်စားလာ --- သံသရာဟာ ထဲထဲဝင်ဝင်မလွတ်ကင်းသေး
သံသရာဟာ ဖြူဖြူစင်စင် မလည်ပတ်နိုင်သေး
ကျုပ်တို့ဟာ ကိုယ့်အမိုးအကာလေးထဲ မျက်စိသူငယ်နားသူငယ်
ခင်ဗျားတို့သိလား
ကျုပ်တို့ဟာ သိပ်သနားဖို့ကောင်းတဲ့ကောင်တွေ ...။

သက်တန့်ချို

(Crisis - သေရေးရှင်ရေးကာလ ၊ ဘေးကျပ်နံကျပ်ကာလ ၊ အရေးအခင်း ကပ်ဆိုက်ကာလ
အေးဂျင့် - Agent
အားဂျန့် - Urgent) 
စာဖတ်ပရိတ်သတ်သူငယ်ချင်းများကို အစဉ်လေးစားသောအားဖြင့်.......................

8 comments:

  1. အန်တီလေးမေခင်October 2, 2012 at 3:25 PM

    ကား တစ် စီး ကိုေ ဒါ် လာ ၂၀၀၀၀ ပေး ဝ ယ် စီး လည်း ဘာ ဖြစ် လဲ ကွယ် အန် တီ တို့ မြန် မာ ပြည် က ကိုယ် ပိုင် ငွေ နဲ့ ဝယ် တာ ကွယ် တိုင်း တစ် ပါး လို အ ရစ် ကျ ငွေ နဲ့ ဝ ယ် တာ မ ဟုတ် ဘူး ကွဲ့။ဖုန်း ကျ တော လည်း g တွေ စ ပေါ် က တည်း က အန် တီ တို့ က ကိုင် တာ လေ။အ ခု ပေါ် တဲ့ ၂ သိန်း တန် ဆို တာ အန် တီ ရဲ့ နိုင် ငံ ခြား နှုတ် ခမ်း နီ ထောင့် ရဲ့ အ ခွန် ဖိုး လောက် ရှိ တာ ပါ ။

    ကောင်း လိုက် တဲ့ ပိုစ် လေး ပါ ကွယ် ။ သက် တန့် ကို အား ပေး နေ တဲ့




    Aunty lay may khin(အီသီယိုပီယားခေတ္တ)

    ReplyDelete
  2. မြတ်နိုးသူ(MUFL)October 2, 2012 at 3:31 PM

    dollor 2000တန်ကို20000ဝယ် ဆီရတာ ဘယ်လိုအရသာလဲမသိဘူးနော်သက်တန့်ရေ။

    ReplyDelete
  3. ရန်ကုန်ဟာတကယ်သနားစရာကောင်းတဲ့မြို့ဖြစ်နေပါပြီ။
    ကားတွေကများ၊ လမ်းတွေက မချဲ့၊ ခရီးကမတွင်။
    လှည်းတန်းက ဂုံးကျော်တံတားကလဲ ဘယ်တော့ပြီးမလဲ မသိနိုင်။

    ReplyDelete
  4. မှန်လိုက်တာနော် ပြောကိုမပြောချင်တော့ပါဘူး တခါလမ်းထွက်ဖို့အရေးတော်တော်စဉ်းစားရတယ် မထွက်မဖြစ်ထွက်ရရင်ကားကကျပ် လမ်းကဆိုး အပေါက်အပြဲကများ ရွာမှာလှည်းစီးနေသလိုဘဲ ကယ်ဘဲ

    ReplyDelete
  5. all are not right. see from positive view!!!

    ReplyDelete
  6. ကောင်းလိုက်တာ အမှန်ကို ကဗျာနဲ့ ပြသွားတာ

    ReplyDelete