
တစ်ခါတုန်းက ရွာကလေးတစ်ရွာမှာ သားအဖ နှစ်ယောက်ရှိတယ် ။ ဖခင်ဖြစ်သူက သမီးလေကို မွေးမွေးပြီးကတည်းက အလွန်အမင်းကို ချစ်မြတ်နိုးခဲ့ရတယ် ။ သမီးလေး မွေးပြီးလို့ လသားအရွယ်မှာပဲ မိခင်က ဆုံးပါးရှာတဲ့အတွက် မိတဆိုးသမီးလေးဆိုပြီး လိုလေသေးမရှိ ထားခဲ့တယ် ။
ဒါပေမယ့်လည်း ဘ၀ကံနုံချာလွန်းတဲ့အတွက် ဆင်းဆင်းရဲရဲ့ချို့ချို့တဲ့တဲ့နေခဲ့ရရှာတယ် ။ ဒီလိုနဲ့ သမီးလေး အပျိုပေါက်အရွယ်ရောက်လာခဲ့တယ် ။ “ အဖေ . . သမီး မြို့မှာသွားပြီးကျောင်းတက်ချင်တယ် ” အားတက်သရော ပြောလာတဲ့ သမီးငယ်စကားကြောင့် ဖခင်ဖြစ်သူရဲ့ ရင်ထဲ
ဆို့နင့်သွားခဲ့ရတယ် ။
“ အေးပါသမီးရယ် အဖေပိုင်တဲ့လယ်ကလေးရောင်းပြီး သမီးကို မြို့ကျောင်းထားပေးမှာပေါ့ ” ဆိုပြီးအားပေးစကားပြောဆိုခဲ့တယ် ။ ဒီလိုနဲ့ သမီးလေးတစ်ယောက်မြို့ကျောင်းကို တက်ခဲ့ပါပြီ ။ လယ်ယာ မဲ့ဖြစ်သွားတဲ့ ဖခင်ကတော့ တောရွာမှာပဲ သူများလယ်ကို အငှားသွားလုပ်လိုက် ၊ သူများခိုင်းတာလေးလုပ်လိုက်နဲ့ ချို့တဲ့စွာနေခဲ့ရတယ် ။
လစဉ်လတိုင်း ရသမျှ ပိုက်ဆံလေးကို ခြစ်ခြုတ်စုလို့ သမီးလေးအတွက် ပေးပိုရရှာတယ် ။ တစ်နေ့တော့ သမီးလေးကိုတွေ့ချင်လွန်းအားကြီးတဲ့ဖခင်က မြို့ကို တက်သွားပြီး သမီးလေးကျောင်းကိုလိုက်သွားခဲ့တယ် ။ သမီးဖြစ်သူက ဖခင်ကိုတွေ့တဲ့အခါ မျက်နှာတစ်ချက်ပျက်သွားပြီး မသိချင်ယောင်ဆောင်လို့ မခေါ်မပြောပဲ ထွက်သွားခဲ့တယ် ။ ဖခင်က ၀မ်းနည်းစွာနဲ့ပဲ ရွာကိုပြန်လာခဲ့တယ် ။
နောက်တစ်နေ့မှာ ရွာကိုသမီးဖြစ်သူလိုက်လာပြီး ဖခင်ကိုပြောတယ် ။ “ အဖေရယ် ရှက်စရာကြီး သမီးကျောင်းကိုဘာလို့လိုက်လာရတာလဲ ... သမီးကိုတွေ့ချင်တယ်ဆို စာရေးလိုက်ပေါ့ လာတွေ့မှာပေါ့ အခုတော့ အဖေ့ကို သမီးအဖေမှန်းသာသိသွားရင် သမီးရှက်လွန်းလို့ မျက်နှာဖော်ရဲမှာမဟုတ်ဘူး ” လို့ပြောခဲ့တယ် ။ ဖခင်ဖြစ်သူက မျက်နှာညှိုးနွမ်းစွာနဲ့ မျက်ရည်တွေစီးကျလို့ သမီးဖြစ်သူကို ဘာမှပြန်မပြောပဲ တွေတွေကြီးပဲစိုက်ကြည့်နေခဲ့တယ် ။
အဲဒီလိုနဲ့ . . .
သမီးလေးဖြစ်သူ ဘွဲ့ယူတဲ့နေ့ရောက်လာပါပြီ ။ သမီးဖြစ်သူက ရွာက အဖေလည်း ဘွဲ့ယူတာ ကြည့်ချင်မှာပဲလေ ငါ့အဝေးကနေ ကြည့်ခိုင်းရင်ရတာပဲဆိုပြီး သူ့အဖေကို မြို့ကိုလိုက်လာဖို့ ရွာကိုစာပို့လိုက်တယ် ။ သိပ်မကြာခင်မှာပဲ ရွာက စာပြန်လာတယ် ။
“ သမီးလေး...
သမီးလေး စာပိုတဲ့အချိန် အဖေလူ့လောကမှာ မရှိတော့ဘူးကွယ် သမီး လေးမြို့ကိုခေါ်မယ့်ရက် ဆို..အဖေ ဟာ တမလွန်မှာ ရောက်နေရောပေါ့ ဒါကြောင့်ဒီစာလေးကို ကြိုရေးထားခဲ့တာပါ .. သမီးရေ သမီးငယ်ငယ်တုန်းကပေါ့ သမီး နဲ့အဖေ တခြားရွာကို သွားစဉ်က နေကလည်းပူ လယ်ကွင်းပြင်ပြင်ထဲ မှာ စကားလေးမပီကလာပီကလာနဲ့ သမီး ရေဆာတယ်လို့ ပူဆာခဲ့တယ်နော် ။ အဖေတို့ဆီမှာသောက်ရေကလည်းပါမလာတော့ သမီးကို နေရိပ်ထဲခဏထားပြီး ကွင်းပြင်ကြီးထဲ အဖေပြေးလွှားလို့ တခြားရွာမှာ သောက်ရေ သွားယူခဲ့ဖူးတယ် ။
သမီး နောက်ထပ် ဆယ်နှစ်အရွယ်လောက်မှာပေါ့ ။ သမီးလေး ကျောင်းမှာ မျက်နှာမငယ်ရဖို့ .. အဖေ ဟာ နေ့တိုင်း ထမင်းတစ်နပ်ပဲ စားပြီးခြိုးခြံချွေတာခဲ့ဖူးတယ် ။ သမီးရေ .. သမီးကို ဒါတွေပြန်ပြောနေရတာ သမီးဆီက အဖေ့မေတ္တာကို နားလည်ပေးနိုင်ဖို့တစ်ခုပါပဲ ။
သမီးလေး . . သမီးလေး သတိမထားမိလို့ပါကွယ် သမီးလေး မြို့ကျောင်းကို အဖေ အပတ်စဉ်တိုင်းရောက်ပါတယ် သမီးလေးရှက်မှာစိုးလို့ အဖေ အဝေးကနေပဲ သမီးလေးကို ငေးမောကြည်နူးနေခဲ့ရတယ် ။ သမီးရယ် ...သမီးဆီက အဖေဘာမှမမျှော်လင့်ပါဘူး လူ့ဘ၀ဆိုတာက တိုတိုလေးပါ အဲဒီတိုတိုလေးအတွင်းမှာ သမီးကိုပြည့်ပြည့်စုံစုံမထားနိုင်ခဲ့တဲ့အဖေ့ကိုယ်သာ အဖေယူကြုံးမရဖြစ်ခဲ့တာပါ သမီးရယ် အဖေတို့ မိဘတွေဆိုတာ သားသမီးကိုရွေးချယ်ခွင့်မရှိသလို သားသမီးတွေကလည်းအဖေတို့ကိုရွေးချယ်ခွင့်မရှိခဲ့ပါဘူး ။ ဘ၀အဆက်ဆက်က ဖြည့်ဆည်းလာတဲ့ ပါရမီတွေကြောင့်သာ ဒီဘ၀မှာ မိဘနဲ့သားသမီးဆိုပြီး တော်စပ်လာခဲ့ကြရတာပါ ။
သမီးလေးရေ ..သမီးကို အဖေခွင့်လွှတ်ပါတယ် ။ ကံတရားက မိဘကိုစော်ကားလို့ အပြစ်ပေးမှာကို အဖေက စိုးရိမ်ပူပန်နေခဲ့ရတာပါ ။ သမီးလေး သွားလေရာ ခလုတ်မထိ ဆူးမညိပါစေနဲ့ ။ ဘေးရန်ခပ်သိမ်းကင်းငြိမ်းပါစေ ...
သမီးရေ ...ဖေဖေ သွားနှင့်ပြီ ..ကွယ် လူ့လောကမှာ အကောင်းအဆိုးကို အမှားအမှန်ကို ခွဲခြားနိုင်တဲ့လူတစ်ယောက်ဖြစ်အောင်ကြိုးစားပါလို့ ..မှာရင်း အဖေသွားနှင့်ပြီကွယ် ... ”
--------------------------------------------
သက်တန့်ချို
ဖြစ်ရပ်မှန်ဇတ်လမ်းလေးတစ်ပုဒ်ပါ ကျွန်တော်နေခဲ့တဲ့ရွာကလေးမှာဖြစ်ခဲ့တဲ့ ဇတ်လမ်းလေးတစ်ပုဒ်ပေါ့ ။ အခုတော့ အဲဒီစာဖတ်ပြီး ကတည်းက ဇတ်လမ်းထဲက သမီးလေးဟာ အဲဒီနေ့မှာပဲ ရွာကိုပြန်ပြီး သူ့အဖေ မြေပုံနဲ့မနီးမဝေးက သီလရှင်ကျောင်းလေးမှာ အခုထက်ထိပဲ တရားရိပ်ကို ခိုလှုံနေပါတော့တယ် ။
စာဖတ်ပရိတ်သတ်သူငယ်ချင်းများကို အစဉ်လေးစားသောအားဖြင့်.......................
လူ့လောကမှာ အကောင်းအဆိုးကို အမှားအမှန်ကို ခွဲခြားနိုင်တဲ့လူတစ်ယောက်ဖြစ်အောင်ကြိုးစားပါလို့ ..မှာရင်း....
ReplyDeleteမောင်သက်တန်.
စာပိုစ်.လေးအားပေးသွားပါတယ်။
ခင်တဲ.တီလေးမေခင်
မျက်ရည်တောင်ကျမိပါတယ်။
ReplyDeleteမျက်ရည်တောင်ကျမိပါတယ်။
ReplyDeleteFather should have taught his daughter how to respect and treat the parent in proper way and to realize the actual life since she was young. Because of he failed to do so, he actually lived very sadly and also leave his daughter with full of regrets.
ReplyDeleteအဲ့ဒီလို နောင်တ ဆိုးတွေ ရမှာ သိပ်ကြောက်တယ် အစ်ကို..
ReplyDeleteသမီးလေးသာသနာ့ဘောင်ရောက်သွားတာအမြတ်ပေါ့
ReplyDelete"အဖေတို့ မိဘတွေဆိုတာ သားသမီးကိုရွေးချယ်ခွင့်မရှိသလို သားသမီးတွေကလည်းအဖေတို့ကိုရွေးချယ်ခွင့်မရှိခဲ့ပါဘူး ။ "
ReplyDeleteဟုတ်တာပေါ့အကို... တစ်ခါတလေ ကျွန်တော်လည်း အဖေ့ကို ငြိုငြင်တာမျိုး စိတ်ကွက်တာမျိုး ဖြစ်ဖူးတယ်.... သူထမ်းတင်လို့ ဒီနေရာရောက်လာတဲ့ ကျွန်တော်က ကိုယ်ရောက်နေတဲ့ နေရာနဲ့ ပတ်ဝန်းကျင်ကို အဖေက မဝင်ဆန့်နိုင်တာ စိတ်ကွက်ခဲ့ဖူးတယ်။။ အဖေက ဘယ်လိုပဲ ခွင့်လွှတ်ပေမယ့် ကိုယ့်ကိုကိုယ် ခွင့်မလွှတ်နိုင်တဲ့ နောင်တကြီးတော့ ကြီးကြီးမားမားဖြစ်တည်ခဲ့ရတယ်။။။
သက်တန့်ကိုအရမ်းချစ်တယ်
ReplyDeleteမိဘတွေရဲ့ ကျေးဇူးကို သားသမီးတိုင်း နားလည်ဖို့  ကြိုးစားသင့်တယ် အစ်ကို ညီမကိုယ်တိုင်တောင် အများကြီး ကြိုးစားရဦးမှာပါ
ReplyDeleteသား သမီးတိုင်း မိဘကျေးဇူးကို နားလည်ဖို့  ကြိုးစားရမယ် ဆိုတဲ့ အသိကို ပေးစွမ်းထားတဲ့ အတွက် အရမ်းတန်ဖိုးရှိပါတယ် အစ်ကို နောက်ထပ်လည်း ဒီလို တန်ဖိုးရှိတဲ့ စာကောင်းတွေ ညီမတို့ ကို မျှဝေပေးပါဦးလို့  တောင်းဆိုချင်ပါတယ်
ReplyDeleteကျေးဇူးတင်ပါတယ် စာရေးသူ
ReplyDeleteဘကျေးဇူးသိမြင်နိုင်ပါစေ။
Deleteဒီလိုမျိုးနောင်တတွေမရချင်ဘူး
ReplyDeleteဒီလိုမျိုးနောင်တတွေမရချင်ဘူး
ReplyDeleteဒီလိုမျိုးနောင်တတွေမရချင်ဘူး
ReplyDeleteမိဘမဖြစ်ခင် မိဘတွေရဲ့မေတ္တာသိထားမှဖြစ်မှာပါ
ReplyDeleteမိဘဖြစ်မှကို့သားသမီးကိုမိဘမေတ္တာအကြောင်း
ပြေားရမှာ မတရားရာကျပါတယ်
တကယ်တော့ခွေးတွေတောင်သားသမီးကိုချစ်တာအာ
လုံးသိပါတယ် ဒီတောသားသမီးတွေကို သားတို့သမီးရယ်ရယ် အဖေတို့အမေတို့အတွတ်လိမ္မာကြပါ ဆိုးလဲချစ်မှာ
ပါဘဲ အဖေတို့အမေတို့က မချစ်ဘဲမနေနိုင်လို့ပါ
်
ကြေကွဲနေကြတဲ့ မိဘတွေနဲ့နောင်တရနေကြတဲ့သားသမီးတွေဘယ်လောက်တောင်များနေပြီလဲ
ReplyDeleteမိဘနဲ့သားသမီးအချစ်တူကြပါစေ
ReplyDeleteမျက်ရည်ကျ ...မိတယ်......။
ReplyDeleteတော်တော်....သနားစရာကောင်းပါတယ်...........
ReplyDeletevery good
ReplyDeleteနောက်ကျမှတမ်းတမိတာ နောင်တပဲ
ReplyDeleteနောမှတတာ နောင် တ ပဲ
ReplyDeleteနောင် တရဲ့ အသိ
ReplyDeleteမိဘ တွေကိုနားလည်ပေးနိုင်ကြပါစေ။
ReplyDeleteသူ့လိုသားသမီးမဖြစ်အောင်နေမယ်
ReplyDeleteမိဘတွေရဲ့ သားသမီးအပေါ်ထားတဲ့ (၅၂၈) မေတ္တာက အရမ်းကိုကြီးမား ကျယ်ပြန့် နက်ရှိုင်းပါတယ်။ စုန်ရေတဲ့။
ReplyDeleteဖတဆိုးမို့ အလိုလိုက်ခဲ့တာ အခွင့်အရေးကို အပြည့်အဝယူခဲ့တော့ နောင်တဆိုတာဖြစ်လာခဲ့တယ်။ ဆုံးရှုံးသွားတဲ့အချိန်မှာတော့ မေတ္တာဆိုတဲ့ဆန်ရေကို ပြန်လည်လို့ပေးချင်ပေမယ့် လက်ခံနိုင်သူမရှိတော့ဘူး။ အမေ့ကိုအမြဲသတိရနေပါတယ်။
အားလုံးသော သားသမီးတွေ မိဘများရဲ့အနန္တကျေးဇူး နားလည်ဆပ်ဖူးနိုင်ကြပါစေ။
စာရေးသူကို အထူးကျေးဇူးတင်လျှက်
ကျွန်မအမေကတော့ဒီလိုမရှိပါဘူးကျွနမဘဝငိုမွေတည်းကသူများလက်ထဲ့ထည့်ခဲ့ပြီးခုအဆင်မပြေတော့ကျိန်မအိမ်မှာပါနောင်တမရဘူးကျွန်မကိုမသနားဘူးအမိုးသားအသိုင်းဝန်းမှာလဲအရှက်ရအောင်လုပ်တယ်လောင်းကစားတယ်အချေးငှားတွေလုပ်ပြီးကျွနမကိုစိတ်ဆင်းရဲစေတယ်နေ့တိုင်းငရဲကြီးရတယ်နောင်ဘဝရှိခဲ့ရင်...
ReplyDeleteစိတ်မကောင်းပါဘူး အမှားကိုသိလို့အမှန်တာကောင်းပါတယ်
ReplyDeleteအမှားသိပြီးအမှန်ပြင်ဒါကောင်းပါတယ်
ReplyDeleteပညာပေးစာလေးတွေများများရေးပါ။အားပေးပါတယ်။
ReplyDeleteစိတ်တော့မကောင်းပါဘူးဗျာ။မိဘနှင့်သမီးဆိုတာ မိဘဘက်က အမြဲအရှုံးပေးရစမြဲပါ။နာလည်ပေးပါတယ်။
ReplyDeleteမိဘဆိုတာ ဒီလိုဘဲ အမြဲတန်း အနစ်နာခံစမြဲပါ။ နှစ်ယောက်စလုံးကို သနားပါတယ်။
ReplyDeleteမိဘဆိုတာ အမြဲတန်း အနစ်နာခံရစမြဲပါ။ ဒါလေးကိုဖတ်မိတဲ့ အချိန်မှာ စိတ်ထဲတစ်မျိုးကြီးဖြစ်နေမိတယ်။ ဒို့မိတ်ဆွေ တွေလည်း ဒီစာလေးဖတ်ပြီးရင် သင်ခန်းစာ ရယူနိုင်ကြပါစေလို့။
ReplyDeleteမိဘဆိုတာ အမြဲတန်း အနစ်နာခံရစမြဲပါ။ ဒါလေးကိုဖတ်မိတဲ့ အချိန်မှာ စိတ်ထဲတစ်မျိုးကြီးဖြစ်နေမိတယ်။ ဒို့မိတ်ဆွေ တွေလည်း ဒီစာလေးဖတ်ပြီးရင် သင်ခန်းစာ ရယူနိုင်ကြပါစေလို့။
ReplyDeleteမိဘ ဆိုတာ အမြဲတန်း အနစ်နာခံရစမြဲပါ။ ဒီစာလေးဖတ်လိုက်ရတော့ သားသမီးတွေဟာ ကိုယ့်အတွက်ပဲကြည့်ကြ တယ်။ မိဘကိုဦးစားမပေးဘူး။ဒါတကယ့်အဖြစ်ပျက်ဆိုရင်တော့သူ့သမီးလေး နောင်တရလိုဆုံးမှာမဟုတ် တော့ဘူးပေါ့။
ReplyDeleteအမှားနည်းလေ နောင်တတရားနည်းလေ တကယ်တော့ ဘဝအောင်မြင်မှုဆိုတာနောင်တ အနညိးဆုံးကိုပြောတာပါ
ReplyDeleteကောင်းပါတယ်
ReplyDelete