Sunday, October 7, 2012

ချစ်သူဖတ်ဖို့









 

ချစ်သူဖတ်ဖို့

ချစ်သူ့ထံပါး . . တခမ်းတနား ရေးဖြစ်တဲ့ ကဗျာ
ဝေါဟာရ တွေဟာ ခံစားချက်တွေနဲ့အညီ စီးဆင်းခဲ့
ဘယ္လို သခါၤရတရားကမ်ား . . .
သတိရခြင်းတွေကိုငြိမ်သက်စေလိမ့်မလဲ ။

နင်ရော . . နေမှကောင်းရဲ့လား
သွားရတဲ့ခရီးကရှည် . . လေက ကြမ်း . . လှိုင်းကထန်
ပျံသာပျံပါ . . အချစ်ရယ်
ကောင်းကင်ကကျယ်တယ် . . ။

အိပ်မက်တွေထဲမှာ ခဏခဏလည်းကြယ်တွေကြွေတယ်
ငါလည်း ခဏခဏ ဆုတောင်းခဲ့ရ
ဒီဘ၀ မှာ ချစ်သူအတွက် ပေးဆပ်ခြင်းသက်သက်သာ ဖြစ်ရလို
သူမ . . ဘယ်တော့မှ မငိုပါစေနဲ့ ။

အလွမ်းရယ် မြတ်နိုးခြင်းရယ်
တမေ့တမော သတိရခြင်းတွေ ပေါင်းစုဆုံတဲ့အခါ
ချစ်သူအတွက် ...
အသက်ထက်ဆုံး ဆုတောင်း လို
သူမအတွက် ဘယ်တော့မှ ကောင်းကင်မပြိုပါစေနဲ့ ။

သက်တန့်ချို
7 Oct 2012

15 comments:

  1. နင်ရော . . နေမှကောင်းရဲ့လား
    သွားရတဲ့ခရီးကရှည် . . လေက ကြမ်း . . လှိုင်းကထန်
    ပျံသာပျံပါ . . အချစ်ရယ်
    ကောင်းကင်ကကျယ်တယ် . . ။
    ဒီဘ၀ မှာ ချစ်သူအတွက် ပေးဆပ်ခြင်းသက်သက်သာ ဖြစ်ရလို
    သူမ . . ဘယ်တော့မှ မငိုပါစေနဲ့ ။
    ကဗျာလေးခံစားသွားပါတယ်အကို

    ReplyDelete
  2. မောင်သက်တန့်ရေ
    ချစ်သူဖတ်ဖို့ကဗျာလေးအားပေးသွားပါတယ်ကွယ်
    ခင်တဲ့အန်တီလေးမေခင်

    ReplyDelete
  3. မခင်မိုးညိုOctober 8, 2012 at 9:40 AM

    ဖတ်လိုက်ရတဲ့ချစ်သူမှာတော့...နှလုံးသားထဲစူးနစ်ခံစားရှာမယ်..

    ReplyDelete
  4. မခင်မိုးညိုOctober 8, 2012 at 9:44 AM

    အလွမ်းရယ် မြတ်နိုးခြင်းရယ်
    တမေ့တမော သတိရခြင်းတွေ ပေါင်းစုဆုံတဲ့အခါ
    ချစ်သူအတွက် ...
    အသက်ထက်ဆုံး ဆုတောင်း လို
    သူမအတွက် ဘယ်တော့မှ ကောင်းကင်မပြိုပါစေနဲ့ ။
    ....ချစ်သူအတွက်...ထားရှိတဲ့စေတနာလေးကိုး.................။

    ReplyDelete
  5. ဂန်ဂန်တို့အဖွဲOctober 11, 2012 at 9:01 PM

    သက်တန့်လေးကဗျာလေးကတို့ကိုများရည်ရွယ်ထားတာလားလို့သက်တန့်ကိုအရမ်းချစ်သွားပြီ။

    ReplyDelete
  6. ကဗျာလေးကို အရမ်းကြိုက်တယ်ဗျာ ...

    လေးစားပါတယ်

    ဒီထက်မကအောင်မြင်ပါစေ ...

    ReplyDelete
  7. ကောင်းလိုက်တာနော်

    ReplyDelete
  8. ကောင်းပါတယ်

    ReplyDelete
  9. Replies
    1. အဲဒီလိုနားလည်ပေးတဲ့လူ တစ်ယောက်ကို ထားခဲ့မိတဲ့နေ့ကစပြီး ကိုယ့်ဘဝလည်း မျက်ရည်မစဲခဲ့တာ ဒီနေ့ အထိပါပဲ

      Delete
    2. တကယ်မေတ္တာစစ်တဲ့လူကို မျက်ရည်တွေနဲ့ ထားခဲ့ပြီးနောက်ပိုင်း မျက်ရည်မစဲတဲ့ ဘဝကိုပိုင်ဆိုင်ခဲ့ရတာ ဒီနေ့အထိပါပဲ သက်တန့်ရေ တကယ်လို့များ သူသက်တန့်ရဲ့ ဘလော့ထဲဝင်ခဲ့ရင် ဒီစာလေးကိုမြင်ပါစေ ပြီးတော့ကံ့ကော်တွေ ပွင့်တိုင်းလွမ်းနေတဲ့ သူပါလို့လည်းသူသိပါစေ

      Delete
  10. ကိုသက်​တန့်​တစ်​​ယောက်​ချစ်​တဲ့သူနဲ့​ပေါင်းနိုင်​ပါ​စေ

    ReplyDelete
  11. ကိုသက်​တန့်​တစ်​​ယောက်​ချစ်​​သောသူနဲ့​ပေါင်းရပါ​စေ

    ReplyDelete