Monday, December 17, 2012

17.12.1984















17.12.1984

အဲဒီနေ့တုန်းက နှင်းတွေ ကျနေတာတဲ့ နှင်းတွေ အေးနေတဲ့ နေ့မှာ မြောက်ဥက္ကလာပ ဆေးရုံကြီးမှာ ကလေးလေးတစ်ယောက် မွေးဖွားခဲ့တယ် ။ အဲဒီကလေးလေးက မွေးတုန်းက ရုပ်အရမ်းဆိုးလွန်းတော့ သူ့မိခင်တောင်လန့်သွားတယ်ဆိုပဲ ။ ဒါပေမယ့်မိခင်မေတ္တာနဲ့ သားငယ်ကို ကျွေးမွေးပြုစုစောင့်ရှောက်ခဲ့တာ အသက် ၂ နှစ်ကျော်တော့ ၀၀ထွားထွားဖြူဖြူဖွေးဖွေး လေးဖြစ်လာလို့ လူတွေအားလုံးက တရုတ်ကြီးလို့ ချစ်စနိုးခေါ်ခဲ့ကြတယ် ။ ဒီလိုနဲ့ကလေးလေးဟာ ကာကွယ်ဆေးတွေထိုးရမယ့်အချိန်ရောက်လာခဲ့တယ် ။

အဲဒီတုန်းက သူ့မိခင်က ကလေးလေးငိုမှာစိုးလို့ဆိုပြီးကာကွယ်ဆေးထိုးခံရမယ့် သားငယ်ကို ရင်မှာပိုက်ပြီး လူတွေနဲ့ ဝေးရာနေရာလေးမှာ သွားပြီးပုန်းရှောင်နေခဲ့တယ် ။ သားငယ်ငိုသံကိုမကြားရက်တဲ့မိခင်မေတ္တာကြောင့်မိုလား ကလေးငယ်ရဲ့ ရောဂါပိုးတွေကို ခုခံကာကွယ်နိုင်တဲ့အစွမ်းကြောင့်လား မသိ အသက်ကြီးတဲအ့ထိ ကြီးကြီးမားမားရောဂါတော့မရှိခဲ့ဘူး ။ ဒါပေမယ့် မွေးကင်းစကနေ အသက် ၇ နှစ်လောက်ထိ ကိုယ်အပူကြီးရင် တက် တက်တဲ့ ရောဂါရှိခဲ့တယ် ။ ဒီတော့ ဆေးရုံကနေ ခါးဆီဖောက်ပြီး ရောဂါရှာရမယ်လို့ပြောတယ် ။ ခါးဆီဖောက်ရင် အောက်ပိုင်းချိတတ်တယ် ခါးဆီဖောက်ရင်အကြောဆွဲတတ်တယ် စတဲ့ ရပ်ကွက်ထဲက လွဲမှားနေတဲ့ ယုံတမ်းစကားတွေကြောင့် ကလေးငယ်မိခင်ရဲ့ အကိုဖြစ်သူက ကလေးကို ပိုက်ပြီး ဆေးရုံကနေ ခိုးဆင်းသွားခဲ့တယ် ။ အဲဒီကစပြီး ကလေးလေး ဘာရောဂါမှမဖြစ်တော့ပြန်ဘူး ။

မှတ်မှတ်ရရ ကလေးလေး ၁၀ နှစ်လောက်မှာပေါ့ ဖခင်ဖြစ်သူ က သူငယ်ချင်းတွေနဲ့စကားပြောနေတုန်း သူက စားချင်တာ မစားရလို့ ဖခင်ကိုသွားပြီး ဂျီကျတယ် ။ ဒီတော့ဖခင်ဖြစ်သူက “ သား . . သွား ဟိုး မှာသွားဆော့ချေ အဖေဒီမှာ စကားပြောနေတယ် ” လို့ သတင်းစာကို လိပ်ပြီးခြောက်လိုက်တာ ကလေးငယ်က အကြောက်လွန်သတိလစ်ပြီးဆေးရုံရောက်သွားပြန်တယ် ။ အဖေဖြစ်သူက အ၇မ်းကို စိတ်ထိခိုက်သွားပြီးကလေးလေးကို အဲဒီတုန်းက ခေတ်စားနေတဲ့ ဗိုလ်အုန်းသီး စက်ဘီးကလေးဝယ်ပေးခဲ့ပြန်တယ် ။ ကလေးလေးဘ၀မှာ အသက်ကြီးတဲ့အထိ တစ်ခါက လွဲလို့ ရန်မဖြစ်ခဲ့ဘူး ။ အဲဒီတစ်ခါက မိုးရာသီကြီးမှာပေါ့ ။ ကလေးတွေ အချင်းချင်း ဂေါ်လီရိုက်ရင်း ဂေါ်လီလုကြရင်းမတော်တဆ ရန်ဖြစ်ကြတယ် ။ ကလေးငယ်လေးက သူ့သူငယ်ချင်းကို အုတ်ခဲနဲ့ ခေါင်းကို ထုလိုက်တာ ငါးချက်လောက်ချုပ်ရတယ်ပြောတယ် ။ အဲဒီတုန်းက သူ့အဖေအမေကလည်း အရမ်းးကို တောင်းပန်ရပြီး ကျေအေးဖို့မနည်းပြောယူခဲ့ရတယ် ။ အဲဒီကတည်းကစလို့ သူ ဘယ်တော့မှ ရန်မဖြစ်ခဲ့တော့ဘူး ။

သူ့ဘ၀က မချမ်းသာဘူး သူတို့စီးပွားလေးတက်လာလိုက် မီးကလောင်သွားလိုက် စီးပွားလေးတက်လာလိုက် မီးကလောင်သွားလိုက်နဲ့အခုတော့ ဒုံရင်းကဒုံရင်း အဲဒီကလေးလေးက ငယ်စဉ်ကတည်းက ဖခင်ဖြစ်သူကစည်းကမ်းတွေနဲ့ထိမ်းချုပ်ထားတယ် ။ အဖေတို့ ပညာမတတ်ခဲ့လို့ သားတို့ဆင်းရဲရတာသားတို့ကိုတော့ အဖေပညာ သင်ပေးမယ်ဆိုပြီးကျောင်းစာကိုသာဖိဖိစီးစီး လိုက်စားစေခဲ့တယ် ။သူများတွေ ဘောလုံးကန်နေတဲ့အချိန် အဲဒီကလေးငယ်ဟာ စာတွေထိုင်ကျက်နေရတယ် ။ သူများတွေ ဂိမ်းဆော့နေချိန် အဲဒီကလေးလေးဟာ သင်္ချာတွေထိုင်တွက်နေရတယ် ။ ဒီလိုနဲ့ . . . .

ကလေးလေး ကိုးတန်းကျောင်းသားကြီါ်ဖြစ်လာတယ် ။ ကျူရှင်ယူဖို့မလွယ်တဲ့သူ့ဘ၀မှာ အတန်းထဲက စာတွေကသာအဓိကဖြစ်လာခဲ့တယ် ။ ဒီလိုနဲ့ ဆယ်တန်းမှာတော့ ဆရာကောင်းသမားတွေ နဲ့ဆုံပြီး သူ့ဘ၀ အလင်းရောင်စရလာတယ် ။ မှတ်မှတ်ရရအဲဒီတုန်းက ၀ူခုံးဇတ်လမ်းတွဲတွေလာတော့သူလည်းအရမ်းကြိုက်တယ် ။ ဒါပေမယ့် ငါးမိနစ်ထက်သူ့မှာ ပိုကြည့်ခွင့်မရခဲ့ဘူး သူ့အတွက်စာကသာ မျှော်လင့်ချက်တစ်ခုမဟုတ်လား ။ အတန်းထဲမှာလည်း သူ့ကို ဘယ်သူကမှ အထင်မကြီးသလို သူ့အတန်းထဲကအဆင့်ကလည်း လူ ၇၅ ယောက်မှာ သူက ၇၀ လောက်ချိတ်နေတာကိုး ထားပါတော့ . . . အဲဒီလိုနဲ့ ဆယ်တန်းစာမေးပွဲအောင်စာရင်းရောက်လာခဲ့တယ် ။

အောင်သွားပါတယ်... ကလေးငယ်ကလေးက အင်္ဂလိပ်စာဂုဏ်ထူးကလွဲလို့ အမှတ်ကောင်းကောင်းနဲ့ ၄ ဘာသာ ပါတော့ မိဘတွေ မျက်ရည်တွေကျရတာပေါ့ ။ ဆေးကျောင်း . . .သူ တက်ခွင့်ရသွားတယ် ဆရာဝန်ဖြစ်သွားတယ် ဆေးတွေကုနေနေတယ် စာတွေရေးနေတယ် . . .။

သူ့ဘ၀မှာ ကောင်းတာတွေကြုံခဲ့ရသလို ဆိုးတာတွေလည်းကြုံခဲ့ရတယ်
သူ့ဘ၀မှာ ပျော်ရွှင်စရာတွေကြုံခဲ့ရသလို စိတ်ညစ်စရာတွေလည်းကြုံခဲ့ရတယ်
သူ့ဘ၀မှာ အောင်မြင်တာတွေကြုံခဲ့ရသလို ဆုံးရှုံးလက်လွှတ်လိုက်ရတာတွေလည်းကြုံခဲ့ရတယ်
သူ့ဘ၀မှာ အထက်တန်းလွှာဆိုတာကိုမသိဘူး အဆင့်အတန်းဆိုတာကိုနားမလည်ဘူး သူက အကုန်လုံးကို လူတွေလို့ပဲမြင်နေတယ်

အခုတော့ သူ . . .သူ့ကိုယ်သူအားပေးနေတယ် အသက် ၂၈ ကဲ မင်းဘာဆက်လုပ်မှာလဲကလေးငယ်ရေ . . . . စာရေးဆရာဘ၀ ငယ်ငယ်က စာစီစာကုံးတွေမှာ အဖြစ်ချင်ဆုံးဘ၀ မှာသူ စာရေးဆရာလို့ထည့်ရေးတိုင်းဆရာမတွေ က သူ့လက်ထိပ်ကလေးတွေကိုခေါက်ခဲ့တယ် ။ ဆရာဝန်ကြီးအင်ဂျင်နီယာကြီးဖြစ်ချင်တယ်လို့မရေးလို့တဲ့ ။ စာရေးဆရာဖြစ်ချင်တာ သူ့အမှားလားလို့ ကလေးငယ် ခဏခဏစဉ်းစားဖူးတယ် ။ အဲဒီလိုနဲ့ သူအခု စာရေးဆရာ ပေါက်စနလေးဖြစ်လာခဲ့တယ် ။ ဒါပါပဲ ဘ၀ဆိုတာ အရှည်ကြီးသွားနေရတဲ့ခရီးမဟုတ်ဘူး တိုတိုလေးပဲမဟုတ်လား ။ ရေလိုက်ငါးလိုက် ပျော်လိုက်ရွှင်လိုက် ငိုလိုက်ရီလိုက် ၀မ်းနည်းလိုက် ၀မ်းသာလိုက် ဘ၀ ဇတ်ဆရာစေညွှန်ရာက ပြ ကြလို့ . . . တဖြည်းဖြည်းမိုင်တိုင်တွေဖြတ်ကျော်လာခဲ့ရတာ အတော်တောင်ကြာခဲ့ပြီပေါ့ ။

ကဲ ကလေးရေ . . . “ ဟက်ပီးဘတ်ဒေး ” ပါ မင်းရဲ့ တနင်္လာ ၂၄နာရီဟာ မင်းအသက်ကြီးသွားတယ်ဆိုတာပြနေတယ် မင်းဘယ်လောက်ရင့်ကျက်နေပြီလဲဆိုတာမေးနေတယ် မင်း ဘာတွေလုပ်နေသလဲဆိုတာ ဆန်းစစ်နေတယ် မင်း . . ရှေ့ဆက်ဖို့ခွန်အားတွေ ရှိရဲ့လားလုံလောက်ရဲ့လား မင်းရဲ့ဘေးမှာတော့ မင်းရဲ့မိတ်ဆွေတွေအများကြီးပဲကွဲ့ ကဲ ကလေးရေခေါင်းမော့ရင်ကော့လို့ လောကကြီးကို ရဲရဲသာကြည့်လိုက်စမ်း ။ ကောင်းကင်ပြင်ကြီးဘယ်လောက်လှလိုက်သလဲ မင်းရဲ့ ဒီတစ်ရက်တာဟာ တခြားနေ့တွေလိုပဲ ဘာမှမထူးခြားဘူး ဒါပေမယ့်မင်းကိုယ်မင်း အသိပေးရမယ် အချိန်တွေ မရှိတော့ဘူး အချိန်တွေပြန်ဝယ်မရတော့ဘူး မင်းကိုယ့်ကိုယ်အားရကျေနပ်မိရဲ့လား ။

“ ဟက်ပီးဘတ်ဒေးပါ ကလေးငယ်ရေ ”

ဒီလိုနဲ့ .. . ဒီတနင်္လာဟာလည်း ဘာမှထူးမခြားနားစွာ သမာရိုးကျ ပဲ တခြားနေ့တွေလို ကုန်ဆုံးကျော်ဖြတ်သွားဦးမှာပါပဲ ။

သက်တန့်ချို
မှတ်ချက် - အထက်ပါစာထဲမှ ကလေးငယ်ဆိုသူမှာ ယခုစာရေးနေသော သက်တန့်ချိုပင်ဖြစ်သည် ။ 

စာဖတ်ပရိတ်သတ်သူငယ်ချင်းများကို အစဉ်လေးစားသောအားဖြင့်.......................

41 comments:

  1. သက်တန့်ရေမွေးနေ့မှာကျန်းမာချမ်းသာပါစေ။
    စာတွေအများကြီးလည်းရေးနိုင်ပါစေ။

    ReplyDelete
  2. ဘ၀ရဲ့အခက်အခဲတွေကိုအောင်မြင်စွာကျော်လွှားရင်းနဲ့ မွေးနေ့မှာပျော်ရွှင်ပါစေနော်....(း@)

    ReplyDelete
  3. Happy Birthday par !

    ReplyDelete
  4. Happy Birthday par...Doctor :)

    ReplyDelete
  5. သက်တန်တစ်စင်း အသက်ဝင်စီးဆင်း
    ရောင်စုံယှက်သွယ် လှပနေတယ်..
    မွေးနေ့မှစ ကျန်းမာပျော်ရွှင်ပါစေ..
    ကံကောင်းခြင်းများနေ့ရက်တိုင်းပိုင်ဆိုင်နိုင်ပါစေ..

    ReplyDelete
  6. HAPPY BIRTHDAY!!!!!!!!!!!!!!!!WISH YOU ALL THE BEST.

    ReplyDelete
  7. ရေးထားတာလေးအရမ်းကောင်းပါတယ်။ Happy Birthday ပါ။

    ReplyDelete
  8. Happy Birthday!
    Wishing all happy returns!
    A Sagittarian Blog Reader of Yours

    ReplyDelete
  9. အော် အော်--သူ.ဘဝက ဒီလိုကိုး။ ခပ်ငယ်ငယ်ပဲရှိသေးတာပါကလား။

    ReplyDelete
  10. "Happy Birthday" ပါ ကိုသက်တန်.....
    မွေးနေ.မှာပျော်ရွှင်ပါစေ.....
    ဘ၀နဲ့ ဆန္ဒ တစ်ထပ်တည်း ကျပါစေလို.ဆုတောင်းလိုက်ပါတယ်..... :) :) :)

    ReplyDelete

  11. မွေးနေ့မှသည် နှောင်နှစ်ပေါင်းများစွာတိုင်အောင် ပျော်ရွှင်အေးချမ်းမှုတွေနဲ့အတူ ပြီးပြည့်စုံတဲ့ဘ၀လေးကို လျှောက်လှမ်းနိုင်ပါစေ

    ReplyDelete
  12. Happy Birthday Brother

    Cheers!!!!

    ReplyDelete
  13. happy birthday ပါ။ ပျော်စရာမွေးနေ့မှာ အကို့ စာကိုဖတ်တော့ စိတ်ထဲတမျိုးခံစားရတယ်။ စိတ်မကောင်းသလို သနားသလို တမျိုးမျိုးပဲ။ ဒီနေ့ကလည်း သာမန် တနင်္လာပါပဲ။မွေးနေ့ဆိုတဲ့ အသိကြောင့် ဆန်းစစ်စရာတွေရှိတယ်ဆိုတာ အကို ပြောမှ အသိဝင်တော့တယ်။ အငိးလေ အသက်တစ်နှစ်ကြီးသွားပီနော်။

    ReplyDelete
  14. ပျော်ရွှင်ဖွယ်မွေးနေ့လေး ဖြစ်ပါစေ။

    ReplyDelete
  15. ပျော်ရွှင်ဖွယ်မွေးနေ့လေး ဖြစ်ပါစေ။

    ReplyDelete
  16. ဟက်ပီဘတ်ဒေးပါ ကလေးရေး)
    ဘဝရဲ့ လှေကားထစ်ပေါင်းများစွာကို
    ကျော်ဖြတ်လာခဲ့ပြီးပြီပဲ သက်တန့်ရေ။
    မိဘဆန္ဒအတိုင်းဆရာဝန်လည်းဖြစ်ပြီ
    ငယ်စဉ်ဘဝထဲက မျှော်လင့်ခဲ့တဲ့ စာရေးဆရာလည်းဖြစ်ပြီ
    ဘာလိုသေးလဲ မောင်ရေခဲလို့ မေးရမလိုဖြစ်နေပြီး)
    စိတ်ဓာတ်အစဉ်ကြည်လင်အေးမြပါစေကွယ်။

    မေတ္တာဖြင့်
    အန်တီတင့်

    ReplyDelete
  17. happy birthday par..long life the doctor..

    ReplyDelete
  18. Happy BD...:) your birth date is the same with me i was born on 17 march.

    ReplyDelete
  19. ဆွေလေးမွန်December 17, 2012 at 5:24 PM

    မွေးနေ့မှာ ပျော်ရွှင်ပါစေ. အစ်ကိုသက်တန့် ရေ။

    ReplyDelete
  20. ''Happy Birthday ''
    On this special day, I wish you continuous good health, more wealth,love and happiness.

    ReplyDelete
  21. မင်းရဲ့ဘေးမှာတော့ မင်းရဲ့မိတ်ဆွေတွေအများကြီးပဲကွဲ့ ကဲ ကလေးရေခေါင်းမော့ရင်ကော့လို့ လောကကြီးကို ရဲရဲသာကြည့်လိုက်စမ်း ။ ကောင်းကင်ပြင်ကြီးဘယ်လောက်လှလိုက်သလဲ မင်းရဲ့ ဒီတစ်ရက်တာဟာ တခြားနေ့တွေလိုပဲ ဘာမှမထူးခြားဘူး ဒါပေမယ့်မင်းကိုယ်မင်း အသိပေးရမယ် အချိန်တွေ မရှိတော့ဘူး အချိန်တွေပြန်ဝယ်မရတော့ဘူး မင်းကိုယ့်ကိုယ်အားရကျေနပ်မိရဲ့လား ။

    “ ဟက်ပီးဘတ်ဒေးပါ မောင်သက်တန်.ရေ
    မွေးနေ.မှစဆန္ဒနှင်.ဘ၀တထပ်တည်းကျလို.ပျော်၇ွှင်မှု.အပေါင်းပြည်.စုံလို.မိဘကိုအလုပ်အ
    လုပ်အကျွေးပြုစုတဲ.သားသမီးရတနာကောင်းဖြစ်ပါစေဆုတောင်းလျက်
    ခင်တဲ.အန်တီလေးမေခင် ”

    ReplyDelete
  22. ကိုသက်တန့်ရေ
    ဇာတ်လမ်းဆင်ထားပုံလေးကောင်းပါတယ်
    မှတ်ချက်လေးမပါရင်ပိုကောင်းမှာ
    ဘာလို့လဲဆိုတော့ I know this boy is you.
    Happy Birthday and wishing you all the best!

    ReplyDelete
  23. Happy Birthday .. Wish you to continuous success.

    ReplyDelete
  24. happy birthday ko thet tant

    ReplyDelete
  25. Happy Birthday par..

    Enjoy your special day..

    :)

    ReplyDelete
  26. Sharing makes Everyone HAPPY.Happy Birthday.

    ReplyDelete
  27. "ထာဝရ ချမ်းမြေ့ ပါစေ...ငြိမ်းအေးသော ဘဝကို ပိုင်ဆိုင်နိုင်ပြီး ရေလို အစဉ်အမြဲ အေးမြနေပါစေ..."ရေ" လို လူသားတစ်ယောက်ဖြစ်နိုင်ပါစေ..လူနာတွေ အပေါ် မေတ္တာ စေတနာထား ကြည့်ရှုပြုစု စောင့်ရှောက်ပြီး ကိုယ်ဝါသနာပါတဲ့ စာပေရေးသားခြင်း ဖြင့် ဘဝမှာ အောင်မြင်နေပါစေ...ချစ်သော မိခင်...ဖခင်...ညီမလေး မိသားစု နှင့် အတူ ပျော်ရွှင်ချမ်းမြေ့စွာ ဘဝမှာ နေထိုင်နိုင်ပါစေ..."

    ReplyDelete
  28. ပျော်ရွှင်သောမွေးနေ့ ကိုတန်ဖိုးရှိစွာဖြတ်သန်းနိုင်ပါစေရှင်

    ReplyDelete
  29. Happy Birthday ပါ ကလေးရေ... အဲလေ.. သက်တန့်ချိုရေ။
    ဒီအသက်အရွယ်နဲ့ ဒီလောက် ဖြစ်နေတာ ဂုဏ်ယူစရာပါ။ ဂုဏ်ယူလိုက်စမ်းပါ။
    ဒီအသက်အရွယ်တွေ အများအပြား သက်တန့်ချိုလို ဖြစ်နေကြမယ်ဆိုရင် ရွှေနိုင်ငံကြီး
    တကယ်တိုးတက်လာမှာ သေချာတယ်။

    ReplyDelete
  30. Happy birthday and many more to come ....

    ReplyDelete
  31. Happy Birthday. One year Older One year Better

    ReplyDelete
  32. ကံကောင်းလိုက်တာ မိဘတ္တာကို အပြည့်အဝရခဲ့ရလို့.. Belated Happy Birthday ko thet tant cho :D

    ReplyDelete
  33. အကိုရေ ၊ဟုတ်ပါဘူးမှားလို့၊ဆရာဝန် စာရေးဆရာ ကိုသက်တန့်ချို ( တလေးတစားနဲ့မို့ ကိုတပ်ခေါ်ပါသည်)
    ဟက်ပီး ဘီလိပ်တပ် ဘက်ဒေးပါလို့။ နောက်ကျသွားတယ်။ ခုမှရောက်လာလို့ခုမှမြင်တယ်။

    ReplyDelete
  34. ယနေ့မှစ နှစ်တစ်ရာတိုင်
    ဘ၀လမ်းတစ်လျှောက်မှာ
    ချမ်းမြေ့ပျော်ရွှင်စွာနဲ့
    လောက ကောင်းကျိုးများကို ဆောင်ရွက်ရင်း
    အောင်မြင်မှုတွေရရှိခံစားနိုင်ပါစေ...လို့
    ဆုမွန်ကောင်းတောင်းပေးလိုက်ပါတယ် သက်တန့်ချိုရေ..။





    ReplyDelete