Saturday, January 5, 2013

ကြယ်စင်ဆယ့်တစ်














အွန်လိုင်းကစာရေးသူတွေ စုစည်းထားတဲ့ “ ကြယ်စင်ဆယ့်တစ် ” ဆိုတဲ့စာအုပ်ကလေး မကြာခင်မှာ စာဖတ်သူများ လက်ထဲအရောက်ပို့ပေးနိုင်တော့မှာဖြစ်ပါတယ် ။ ရသနဲ့အက်ဆေး တစ်ဦးချင်းစီ ၂ ပုဒ်စီပါဝင်ပြီး အွန်လိုင်းစာရေးဆရာတွေ ပါဝင်ရေးသားကြတဲ့ ကြယ်စင် ဆယ့်တစ်ဟာ မောင်နှမ ၁၁ ဦး ဖွဲ့စည်း ကြိုးစားထားခြင်းဆိုလည်းမမှားပါဘူး ။

ပါဝင်ရေးသားထားကြတဲ့ စာရေးဆရာတွေကတော့

မြသွေးနီ
ကိုဇော်
အိမ့်ချမ်းမြေ့
ချစ်ကြည်အေး
သတိုး
အိန်ဂျယ်လှိုင်
ရွှေစင်ဦး
နန်းအသင်္ခယာ
နှင်းပွင့်
ကိုကိုးအိမ် (မန္တလေး )
သက်တန့်ချို တို့ဖြစ်ကြပါတယ် ။

စာအုပ်ထွက်မယ့်ရက်ကတော့ ၁၃ သို့မဟုတ် ၁၄ တစ်ရက်ရက်ကိုရွေးထားပါတယ် ။ ၁၅ ရက်နေ့အရှေ့ပိုင်းထွက်နိုင်အောင်ကြိုးစားမှာဖြစ်ပါတယ် ။ ၉၀ % နှုန်းလောက်ပြီးပြီဖြစ်ပေမယ့် အချောသတ်လေးတွေကို စိတ်တိုင်းကျ လေးရှင်းရှင်းလေးရိုးရိုးလေးဖြစ်အောင်ပြင်နေတုန်းဖြစ်ပါတယ် ။ စာအုပ်လေးတစ်အုပ်ဖြစ်မြောက်သွားရင် ဖြစ်ပေါ်လာရတဲ့ပီတိဟာ တကယ့်ကိုကြည်နူးဖို့ကောင်းလှပါတယ် ။

သာမန်ကြယ်ကလေး ၁၁ စင်းပါပဲ ။ သူတို့ကိုယ်ပိုင်အလင်းလေးတွေနဲ့ ကမ္ဘာမြေကို ၀န်းရံထားကြတယ် ။
သာမန်ကြယ်ကလေး ၁၁ စင်းပါပဲ ။ သူတို့ တတ်နိုင်သလောက် အတွေးတွေနဲ့ အနုပညာကို သီကုံးထားပေးကြတယ် ။

မကြာမှီ . . လာမည် ။

သက်တန့်ချို
စာဖတ်ပရိတ်သတ်သူငယ်ချင်းများကို အစဉ်လေးစားသောအားဖြင့်.......................

7 comments:

  1. အားပေးလျှက်ပါ ကိုသက်သက်နဲ့ အားလုံးသော စာရေးသူ ဘလော့ဂါများ :)))

    ReplyDelete
  2. Congratulation !

    Best regards,
    Aunty Tint :)

    ReplyDelete
  3. Congratulation ... will buy it at the city mart book shop if its come out.

    ReplyDelete
  4. မောင်သက်တန်.နှင်..ဘလောဂါအားလုံးအားပေးလျှက်ပါ။
    ခင်တဲ.အန်တီလေးမေခင်

    ReplyDelete
  5. နယ်တွေကို စောစောရောက်ခဲ့ရင်တော့..အားပေးပါ့မယ်
    အားလုံးပဲ..စိတ်တူကိုယ်မျှ ကြယ်စင်ဆယ့်တစ် ခေတ်သစ်လမ်းမှာ..အောင်မြင်ကြပါစေရှင်။

    ReplyDelete
  6. နယ်တွေကို အစောရောက်ခဲ့ရင်ဖြင့်...အားပေးပါ့မယ်ရှင်

    အားလုံးပဲ စိတ်တူကိုယ်မျှ ကြယ်စင်ဆယ့်တစ် ခေတ်သစ်လမ်းမှာ အောင်မြင်ကြပါစေရှင်။

    ReplyDelete
  7. စောင့်နေမယ်နော်

    ReplyDelete