Saturday, March 16, 2019

အခက်အခဲနဲ့ဒုက္ခကိုဘယ်လိုရင်ဆိုင်မလဲ



ဖိအားဒါဏ်ကို အခံနိုင်ဆုံးဟာ
အမာကျောဆုံးဆိုတဲ့ " စိန် " ဖြစ်လာတယ်

အခက်အခဲကို ကြံ့ကြံ့ခံပြီးတွန်းလှန်နိုင်သူဟာ
အောင်မြင်မှုဆိုတဲ့ ပန်းတိုင်ကိုရောက်တယ်

အပူဒါဏ်ကိုကြံ့ကြံ့ခံနိုင်တဲ့ သတ္တုဟာ
တန်ဖိုးအရှိဆုံးဆိုတဲ့ " ရွှေ " ဖြစ်လာတယ်

ဒုက္ခနဲ့ လောကဓံကို အရှုံးမပေးပဲ ကျော်ဖြတ်နိုင်သူမှသာ
သုခနဲ့ချမ်းသာခြင်းဆိုတဲ့ ပန်းတိုင်ကိုရောက်မယ်

ကိုယ်ဟာ အခက်အခဲနဲ့ကြုံတိုင်းပျော့ညံ့တတ်သူတစ်ယောက်လား ?
ပျော့ညံ့အရှုံးပေးတတ်သူဆိုရင် အခြားသူပုံသွင်းတဲ့အတိုင်းရှင်သန်ရလိမ့်မယ်

ကိုယ်ဟာအခက်အခဲနဲ့ကြုံတိုင်း ရင်ဆိုင်ကျော်ဖြတ်ရဲသူတစ်ယောက်ဆိုရင်
ကိုယ်လိုချင်တဲ့ကိုယ့်ပုံစံအတိုင်း လွတ်လပ်ရှင်သန်ရလိမ့်မယ်

သက်တန့်ချို
16 March 2019
စာဖတ်ပရိတ်သတ်သူငယ်ချင်းများကို အစဉ်လေးစားသောအားဖြင့်.......................

No comments:

Post a Comment