Friday, March 22, 2019

လူ့သဘာဝ



လူ့သဘာဝ

ဆင်းရဲနေတဲ့အချိန် အဝေးမှာ နေကြသလောက်
ချမ်းသာလာတဲ့အချိန် သင့်အနားကို ကပ်လာကြမယ်

ရှုံးနိမ့်နေချိန် စွန့်ခွာသွားကြသလောက်
အောင်မြင်လာတဲ့အချိန် သင့်လက်ကို တွဲဖို့ကမ်းလှမ်းကြမယ်

မအံ့သြပါနဲ့မိတ်ဆွေ
ကမ္ဘာပေါ်မှာ အပြောင်းလဲနိုင်ဆုံးက
" လူသား " တွေဖြစ်နေလို့ပါပဲ

လူအများစုက
အတ္တကြီးတယ်
ကိုယ့်ဖက်ကိုယ်ပဲကြည့်တယ်
ကိုယ့်စကားပဲ လူရာဝင်စေချင်တယ်
သူတပါးကို ကိုယ့်ထက်မသာစေချင်ဘူး
သူတပါးချမ်းသာမှာ မလိုလာဘူး
သူတပါး အောင်မြင်မှာ မလိုလားဘူး

သင့်ကိုပြုံးပြလိုက်တဲ့အပြုံးနောက်ကွယ်မှာ
သင့်ရဲ့ချို့ယွင်းချက်က ဘာဖြစ်မလဲ စဉ်းစားနေတတ်ကြတယ်

ဒါကြောင့် " ကိုယ့်အားနည်းချက်ကို ဘယ်သူ့ကိုမှ ထုတ်မပြမိပါစေနဲ့ "

သက်တန့်ချို
22 March 2019

စာဖတ်ပရိတ်သတ်သူငယ်ချင်းများကို အစဉ်လေးစားသောအားဖြင့်.......................

No comments:

Post a Comment