Tuesday, March 26, 2019

စိတ်တံခါး















လူတစ်ယောက်မှာ ပျော်ရွှင်ခြင်း ၀မ်းနည်းခြင်း ရှိသလို
အေးချမ်းခြင်း နဲ့ ပူလောင်ခြင်းဆိုတာလည်းရှိတယ်

တကယ်တော့ စိတ်တံခါးပေါက်မှာ အရာရာကို ရွေးပြီးဖွင့်ပေးနိုင်တဲ့
ခံစားမှုဆိုတဲ့ ခလုတ်လေးတွေရှိတယ်

ပျော်ရွှင်ခြင်းကို သာလိုချင်ရင် ပျော်ရွှင်ခြင်းတံခါးကို ဖွင့်ပါ
ဒီလိုမှမဟုတ်ပဲ တခြားသူတွေဆီက တဆင့်ကူးစက်တတ်တဲ့
ဝမ်းနည်းပူဆွေး စိတ်ညစ်စရာနဲ့ ပူလောင်မှု မျက်ရည်တွေကို သင်ခွင့်ပြုမိရင်
သင့်မှာပါ ၀မ်းနည်းစိတ်ညစ်စရာတွေဖြစ်လာမှာပေါ့

မပူုလောင်ချင်ဘူးဆိုရင် အပူမီးတွေကိုဝင်စေနိုင်တဲ့နှလုံးသားတံခါးပေါက်ကို
တစ်သက်လုံး ပိတ်ထားလိုက်ပါ ။

တကယ်တော့လောကကြီးမှာ ကိုယ်ကိုယ်တိုင်ကလွဲပြီး
ကိုယ့်ကို ၀မ်းနည်းအောင်ပျော်ရွှင်အောင်လုပ်နိုင်တဲ့သူ မရှိပါဘူး ။

သက်တန့်ချို
26 March 2019

စာဖတ်ပရိတ်သတ်သူငယ်ချင်းများကို အစဉ်လေးစားသောအားဖြင့်.......................

No comments:

Post a Comment