Monday, March 18, 2019

အားနည်းချက် ဆိုတာ


















တခါတလေ သူများအတွက် ဘာမှ အရေးမကြီးတဲ့ဟာက
ကိုယ့်အတွက်သိပ်အရေးကြီးပြီး ကိုယ်မတတ်နိုင်တဲ့ အားနည်းချက်ဖြစ်နေတတ်တယ်

တခါတလေ ကိုယ့်အတွက် ဘာမှ အရေးမကြီးတဲ့ဟာက
သူတစ်ပါးအတွက်အရေးကြီးပြီး မတတ်နိုင်တဲ့ အားနည်းချက်ဖြစ်နေတတ်တယ်

တခါတလေ သူများ လွယ်လွယ်ရနေတဲ့အရာတွေက
ကိုယ့်အတွက် သိပ်ခက်ခဲနေတဲ့ အားနည်းချက်ဖြစ်နေတတ်တယ်

တခါတလေ ကိုယ့်အတွက် လွယ်လွယ်ရနေတဲ့အရာတွေက
သူတစ်ပါးအတွက် သိပ်ခက်ခဲနေတဲ့အားနည်းချက်ဖြစ်နေတတ်တယ်

လောကကြီးက ပြီးပြည့်စုံမှုကို ရှာဖွေရတာမဟုတ်ဘူး
မပြီးပြည့်စုံမှုတွေကို ဘယ်လို သည်းခံကျော်ဖြတ်မလဲဆိုတာ ရှာဖွေရတာပါ

သက်တန့်ချို
18 March 2019


စာဖတ်ပရိတ်သတ်သူငယ်ချင်းများကို အစဉ်လေးစားသောအားဖြင့်.......................

No comments:

Post a Comment