Thursday, April 11, 2019

သင့်အတွက် ကံကောင်းခြင်းကို လက်မလွှတ်မိပါစေနဲ့













 အလှောင်ခံရလို့ မတုန်လှုပ်ပါနဲ့
ကိုယ့်မနက်ဖြန်ကို ကိုယ်ကိုယ်တိုင်ဖန်တီးရတာပါ

အနှိမ်ခံရလို့ စိတ်ဓါတ်မကျပါနဲ့
ကိုယ့်ခြေထောက်ပေါ် ကိုယ်ရပ်တည်မှ ရှင်သန်နိုင်တာမို့ပါ

ဟားတိုက်ရယ်မောခံရလို့ မငိုပါနဲ့
ကိုယ့်အနာဂါတ်ကို ကိုယ်ကိုယ်တိုင်ပဲ ပိုင်ဆိုင်တာမို့ပါ

လောကကြီးမှာ ကံ မကောင်းတဲ့လူဆိုတာမရှိပါဘူး
ဘယ်အရာက ကံကောင်းခြင်း ဘယ်အရာက ကံဆိုးခြင်း ဆိုတာ မသိကြတာပါ

သင့်ရဲ့ ကံကောင်းခြင်းကို သင်ကိုယ်တိုင်လက်မလွှတ်မိပါစေနဲ့

မနက်ဖြန်တိုင်းရဲ့ ၂၄ နာရီတိုင်းဟာ
လူတိုင်းအတွက် သာတူညီမျှ ရှိနေပါတယ်

သက်တန့်ချို
11.4.2019


စာဖတ်ပရိတ်သတ်သူငယ်ချင်းများကို အစဉ်လေးစားသောအားဖြင့်.......................

No comments:

Post a Comment