Monday, April 22, 2019

လူအမျိုးမျိုး စိတ်အထွေထွေ













 အသိဥာဏ်နည်းတဲ့လူက
ကြွားဝါတတ်ခြင်းကို ခုံမင်တယ်

ဥာဏ်ပညာနည်းတဲ့လူက
ဒေါသထွက်ပြီးပေါက်ကွဲလွယ်တယ်

စိတ်ဓါတ်သေးသိမ်သူက
သူတစ်ပါး အတင်းပြောတာဝါသနာပါတယ်

ကြောက်တတ်လွန်းအားကြီးသူက
ကိုယ်ဘယ်လောက်ခွန်အားကြီးကြောင်းပြသတယ်

လူလူချင်း ကိုယ်မှ မြင့်မြတ်တယ်ထင်သူက
အာဏာကိုမက်မောတယ်

အတ္တကြီးသူက
ကိုယ့်အကျိုးပဲ ကိုယ်ကြည့်တယ်

စိတ်မလုံခြုံတဲ့လူက
သူတစ်ပါးကို အကြောင်းမဲ့ရန်ရှာတယ်

ဗဟုသုတနည်းသူက
ငါအတော်ဆုံး ငါအတတ်ဆုံးလို့ထင်တယ်

သက်တန့်ချို
22 April 2019


စာဖတ်ပရိတ်သတ်သူငယ်ချင်းများကို အစဉ်လေးစားသောအားဖြင့်.......................

No comments:

Post a Comment